Wednesday, December 7, 2011

ဘယ်သူက တကယ် ကိုယ်စားပြုနေသူ အစစ်အမှန်တွေလဲ။

ဘယ်သူက တကယ် ကိုယ်စားပြုနေသူ အစစ်အမှန်တွေလဲ။

by Udp Myanmar on Wednesday, December 7, 2011 at 6:59pm
ဘယ်သူက တကယ် ကိုယ်စားပြုနေသူ အစစ်အမှန်တွေလဲ။

အရင်ကတော့ အစိုးရကို ကန်.ကွက်တာ၊ ဆန်.ကျင်တာတို. ဆိုတော့ ပြသာနာမရှိဘူး။ ဘယ် သူကပဲ လူ ဘယ်နှစ်ရောက်နဲ.ပဲ ဘာ နာမည်ခံ ထုတ်ထုတ် ဘာအဖွဲ.အမည်နဲ. ထုတ် ထုတ် ကိစ္စမရှိပါ။ အစိုးရကို ဆန်.ကျင်တာမို. သဘောမတူလဲ ငြိမ်နေလိုက်တာပါ။

အခုတော့ ပြသာနာတွေ စပြီး။ ဒီလူကလဲ ၈၈ ကျောင်းသားအဖွဲ. ဆိုပြီး ကြေညာချက်ထုတ်ပြီး။ ရွေးကောက်ပွဲ ၀င်တာကို မထောက်ခံဖူးဆိုပြီး ကန်.ကွက်ပါသည်။ ဟိုလူကလဲ ၈၈ မျိုးဆက် အဖွဲ.ဆိုပြီး တန်ပြန် ကြေညာချက် ထုတ်ပြန်ပြီး အရင် ၈၈မျိုးဆက်သစ် အဖွဲ.၏ သဘောထား သည် ၈၈ မျိုးဆက်ကျောင်းသားများ အားလုံး၏ သဘောထား မဟုတ်ဖူးလို. ခြေပလိုက်ပါသည်။

 ဒီတော့ ပြည်သူတွေက မေးတော့မည် ဘယ်သူတွေက ၈၈ မျိုးဆက်သစ်အဖွဲ.ကို တကယ် ကိုယ်းစားပြုတဲ့သူ အစစ်အမှန်တွေလဲ။ မေးစရာ ဖြစ်လာပါသည်။ အရင်ကဆိုရင် ကြေညာ ချက်တွေ ခဏခဏ ထုတ်ပြီး အဲဒီ ကြေညာချက်ပေါ်မှာလဲ တပ်ထားတဲ့ အဖွဲ.က အများကြီး ပါ။ လူဘယ်နှစ်ယောက်နဲ. ဖွဲ.ထားတဲ့ အဖွဲ.တွေလဲဆိုတာလဲ မသိနိုင်ပါ။ ဘယ်လောက်အထိကိုယ် စားပြုမှု ရှိသလဲဆိုတာလဲ မပြောနိုင်ပါ။ အစိုးရ ဆန်.ကျင်တာဖြစ်တော့ ပြသာနာက မကြီးပါ။ ကြေညာချက် နိုင်ငံရေး-Statement Politics နဲ. အစိုးရဆန်.ကျင်ရေးလုပ်တာ ပြသာနာမရှိပေမည့် အချင်းချင်းကို ကြေညာချက်နိုင်ငံရေးတွေ လုပ်လာတဲ့အခါ ညှိကုန်ကြတဲ့သဘောပါ။ 

အခုတော့ အချင်းချင်းကို ပြန်ပြီး ဦးတည်တာမျိုး ဖြစ်လာတော့ ပြသာနာတွေက ပေါ်ပြီ။ အရင် ကလဲ ဒီလိုပဲ ဖြစ်မည် လူတစုလောက်ကပဲ နာမည် အမျိုးမျိုး အဖွဲ.အမျိုးမျိုးနဲ. မြန်မာနိုင်ငံဆိုင်
ရာ ဆိုတဲ့ စကားလုံးတွေနဲ. ကြေညာချက်တွေ ထုတ်ခဲ့တာ ဖြစ်နိုင်ခြေ ရှိပါသည်။ အားလုံးကို ကိုယ်စားပြုပြီး အားလုံးနဲ. ညှိနီုင်းပြီး အများသဘောနဲ. ကြေညာချက်တွေ ထုတ်တာ မဟုတ်ပဲ နိုင်ငံရေးအရ ကြေညာချက်ထုတ်ပြီး ပြည်ပ သတင်းဌာနတွေပို.နိုင်ဖို.က အရေးကြီးတယ် မဟုတ်လား။ ပြည်ပ သတင်းဌာနတွေကလဲ ဘယ်လောက်အထိ ခိုင်မာတယ် ကိုယ်စားပြု တယ် ဆိုတာထက် အစိုးရကို ဆန်.ကျင်တဲ့ ဆဲတဲ့အရာ ဖြစ်တာနဲ. ဖုန်းဆက်ပြီး ကြေညာချက်နိုင်ငံရေးဆရာတွေနဲ. မေးမြန်းခန်းတွေ လုပ်ပြီး အသံလွှင့်လိုက်တာပါ။ ဒါဆိုပွဲက ပြီးသွားပါသည်။

အခုတော့ မြွေ မြွေချင်း ခြေမြင်သူတွေဆိုတော့ အရင်လိုမဟုတ်တော့ပဲ ကျန်တဲ့အုပ်စုကလဲ မင်းတို.လုပ်တာ လောက်တော့ ရယ်တာပေါ့ တို.လဲ ကြေညာချက် ထုတ်ပြီး နိုင်ငံရေး လုပ်တတ်ပါသည်လို. အစွယ်ပြန်ပြလိုက်သလိုပါ။ ကြေညာချက်နဲ. တုန်.ပြန်ရင် ပြည်ပ သတင်းဌာန တွေကလဲ ထုံးစံအတိုင်း အခြေအမြစ် ရှိမရှိထက် မေးမြန်းခန်းလုပ်ပြီး အသံလွင့်မှာပဲ ဆိုတာ သိနေကြသည် မဟုတ်ပါလား။

၈၈ မျိုးဆက်သစ်အဖွဲ.ဆိုတဲ့ အုပ်စုတခုကတော့ ရွေးကောက်ပွဲကို မထောက်ခံဖူး မ၀င်ဖူးလို. ပြောနေပြီး နောက်တစ်စုကတော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်အဖွဲ.၀င်တွေ ရွေးကောက်ပွဲ ၀င် မည်။ အရင်တအုပ်စု၏ ကြေညာချက်သည် ၈၈ မျိုးဆက်သစ် အားလုံးကို ကိုယ်စားမပြုဟု သဘောထား ထုတ်ပြန်သည်။  အမျိုးသားလူငယ်ကွန်ယက်မှာ လုပ်နေတဲ့ လူငယ်တချို.ကတော့ ၈၈ ကျောင်းသားတွေအတွက် အမတ်နေရာ ၅ နေရာ ပေးဖို. ဒေါ်စုက ပြောတယ်လို. ဆိုပြီး ရွေးကောက်ပွဲမှာ အမတ် ၀င်မည့် သူတွေအဖြစ် စာရင်းတွေ နာမည်တွေ အတိအကျနဲ.အတူ ရွေးကောက်ပွဲ ၀င်ဖို.ဆိုတာတွေကို မီဒီယာတွေမှာ ပြောင်ပြောလာပါသည်။ အဲဒါကို NLD အဖွဲ.ကတော့ ဘယ်သူကိုမှာ နာမည်အတိအကျနဲ. အမတ်နေရာကိစ္စ ထုတ်ပြောတာ ရွေးချယ်ထား မရှိသေးပါဘူးလို. မီဒီယာတွေက ပြန်ရှင်းပြန်ပါသည်။ ရှုပ်ကိုနေတာပဲ။ တဦးဦးကတော့ အမှန်အတိုင်းမပြောတာတော့ သေခြာနေပါသည်။ ဒါမျိုး ပြည်သူတွေကို မလိမ့်တပတ် လုပ်ရင်တော့ လူထုက ပညာပေးတာ ခံရပါလိမ့်မည်။ အဖွဲ.အစည်းတွေ၏ Credibility ကို ထိခိုက်နိုင်ပါသည်။ သတိထား ဆင်ခြင်ဖို. လိုပါသည်။

နောင်ဆိုရင် အရင်က ဖဆပလ အဖွဲ.တွေလိုပဲ ဖဆပလ မူလအဖွဲ.တို. ဖဆပလဌာနချုပ်အဖွဲ. တို. ဖဆပလဗဟို ဘာညာတွေလိုပဲ ဖဆပလ နာမည် အမျိုးမျိုး ဖြစ်ခဲ့သလိုမျိုး ကြုံရဦးမည် ထင်ပါသည်။ ဒီတော့ ငါတို.က အစစ် သူတို.က အစစ်မဟုတ်ဖူး ကိုယ်စားမပြုဖူးဆိုပြီး ငြင်းခုံမှုတွေ စပြီး ဖြစ်လာနေပါသည်။ ၈၈ မျိုးဆက်သစ်တောင် ဥရောပ မှုံ.ပြားသလက်=Pizza လို အစိတ်စိတ် ပိုင်းပြီး ခွဲပေးရတော့မည့် အဖြစ်မျိုးလား။ စဉ်းစား ချဉ်.ချိန်ပြီးလဲ လူထု လေးစားမှု မပျက်အောင် သတိတရားနဲ. လုပ်ကိုင် ပြောဆိုဖို. သင့်ပါသည်။
 ...............................................................................................


 

ကြံ့ဖွတ်လူလိမ်အစိုးရ အလွန်ကံကောင်းနေပါသည်။...
Zaw Win 5:05pm Dec 7
ကြံ့ဖွတ်လူလိမ်အစိုးရ အလွန်ကံကောင်းနေပါသည်။ တောထဲက ကချင်ကိုအပစ်ရပ် ရင် အခြားအဖွဲ့တွေကိုတိုက်၊ အခုတခါ ကချင် တိုက်ဖို့ အခြားအဖွဲ့တွေကို အပစ်ရပ်၊ မြို့ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းထားချိန်မှာ ကိုမင်းကိုနိုင် တို့ကိုလွှတ်၊ ကိုမင်းကိုနိုင် တို့ကိုဖမ်းထားရင် ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်။ အကွက်တွေက ရှင်းရှင်းလေးပါ မရှုတ်ပါဘူး။ လိမ်သူတွေ လည်လို့မဟုတ် တော်လွန်းလို့မဟုတ် အလိမ်ခံသူ တွေသာ အလွန် ညံ့ကြခြင်းသာဖြစ်ပါတယ်။
  ...............................................................................................

တယောက်တည်းဖွက်စားတယ် ဖြစ်မှာစိုးလို့ အားလုံးဝိုင်းတွယ် .. အဲ အဲ… အားလုံး … ၀ိုင်းစားကြရအောင် ဒါနပြုပါတယ်။

by Thar Swe on Wednesday, December 7, 2011 at 2:31pm
ပြည်တွင်းကပေးပို့လာတဲ့ အင်မတန်မှ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ စာတစောင် လက်ခံရရှိထားပါတယ်။
အဲဒီစာကို ဒိုင်ရှိုလေးထားလိုက်ရင် တယောက်တည်းဖွက်စားတယ် ဖြစ်မှာစိုးလို့ အားလုံးဝိုင်းတွယ် .. အဲ … အားလုံး … ၀ိုင်းစားကြရအောင် ဒါနပြုပါတယ်။

း)

သားဆွေ
-----------------------------------------------


ဖြိုးမင်းသိန်း 

၈၈ မျိုးဆက်ကျောင်းသားအမည်ခံကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးရွှေအုံး၏ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ပလက်ဖောင်းခင်း တက်လာသည်။ အတွင်းရေးမှူးအဖြစ် သိန်းတင်အောင် ကို ခန့်ထားသည်။

ပါတီမဟာမိတ်ဖွဲ့စည်းစဉ် ရှမ်းနာမည်ပျက်စာရင်းဝင် စိုင်းအိုက်ပေါင်းနှင့်တွေ့ဆုံကြစဉ် ယခု ရွေးကောက်ပွဲ ပထမ သက်တမ်းတွက် တပ်ချုပ်ကြီး(ဗိုလ်သန်းရွှေ) ကို သမ္မတ ရွေးချယ်ရန် အဆိုပြုခဲ့သည်။ အဖွဲ့၏ဆုံးဖြတ်ချက်မဟုတ်ဘဲ အသားလွတ်ပြောဆိုမှုကြောင့် ပါတီတွင်း ၀ိုင်းဆဲဆိုခြင်းခံရသည်။

ပါတီဥက္ကဌတာဝန်ယူစဉ် ဆွေးနွေးပွဲများ၊ စည်းဝေးပွဲများပြီးဆုံးသည့်အခါ မီဒီယာနှင့်ဆက်သွယ် ပြောဆိုပြီး မီဒီယာကိုနင်းကာ နာမည်ယူလာသည်။ အဖွဲ့၏ထုတ်ပြန်ချက်များ စာသားရိုက်နေဆဲပင် မီဒီယာကို ဆက်သွယ်ဖောက်သည်ချခဲ့သည်။

ရွေးကောက်ပွဲနီးလာချိန်တွင် အတွင်းရေးမှူးသိန်းတင်အောင်နှင့် စည်းဝါးကိုက်ကာ ပါတီမှ ထွက်ဟန်ပြခဲ့သည်။ ရုံးငှားခ၊ ဖုန်းခများကိုပါ သိန်းတင်အောင်အမည်ခံကာ ကူညီပံ့ပိုးခဲ့သည်။ ပါတီမှထွက်ပြီး ရွေးကောက်ပွဲကို ရှုတ်ချဟန်များ ပြောဆိုခဲ့သည်။ ရွေးကောက်ကော်မရှင်လည်း လွတ်ပေးခဲ့သည်။ ဟ ကြောင်းပေးခဲ့သည်။

ယင်းနောက်လက်ရှိ ဒီမိုကရေစီအင်အားစုများထံ ချဉ်းကပ်ပြန်သည်။ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ ညီမကိုယူပြီ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပြန်သည်။ ကား၊ ငွေကြေးဖြင့် လူကြီးများကို ကြိုပို့တာဝန်ယူခြင်း၊ သတင်းပေးများကိုမွေးမြူခြင်းများကို ကိုဌေးကြွယ်မိခင် ဆုံးချိန်မှစပြီး ပေါ်ပေါ်တင်တင် ပြုလုပ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသောအခါ သူကဘဲ ဒုတိယပင်လုံညီလာခံခေါ်ယူရေးကို ပရိုဂျူဆာ လုပ်ခဲ့သလိုလိုဖြင့် ချဉ်းကပ်ခဲ့ရာ ယခုအချိန်ထိပင်ဖြစ်သည်။ တဖက်မှလည်း မျိုးရန်နောင်သိမ်းကို အားပေးအားမြှောက်လုပ်ကာ ဗေဒါကျောင်းကို ဖွင့်ပေးခဲ့သည်။ ဟန်ပြကတော့ လူမှု အကျိုးပြု စေတနာကျောင်းလိုလို၊ လူငယ်ကွန်ယက်စုစည်းသလိုလို လူမှုအကျိုးပြုလုပ်ဟန်လိုလို သရုပ်ဆောင်ခဲ့သည်။
နအဖ ကဖမ်းမည်ဆိုလျှင် ရွေးကောက်ပွဲအယုံအကြည်မရှိ ပါတီမှ  နှုတ်ထွက်ကတည်းက ဖမ်းဆီးနိုင်ပါသည်။ ဘာကြောင့်မဖမ်းသနည်း။ သိန်းတင်အောင် ရှိနေပါသည်။ သိန်းတင်အောင် ကာရံပေးထားပါသည်။ ဦးရွှေအုံး ပါတီထောင်သောအခါ သိန်းတင်အောင် ကို အတွင်းရေးမှူးနေရာရအောင် ဖန်တီးပေးခဲ့သည်။

သိန်းတင်အောင် ဆိုသည်မှာ မည်သူနည်း။ မဆလခေတ် ဗိုလ်မှူးကြီးဟောင်း၏သားဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုကို တန်ပြန်ရာတွင် အေးလွင်သည် ဥက္ကဌဖြစ်ပြီး၊ သိန်းတင်အောင် သည် အတွင်းရေးမှူးဖြစ်သည်။  ပိတ်ဆို့မှုတရားခံသည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း (ဒီပဲယင်း ဒါရိုက်တာ) နှင့် စည်းဝါးရိုက် ဖန်တီးခဲ့သည်။

ပိုမိုရှင်းရပါလျှင် အစ်မရင်းယောက်ကျားဆိုသူမှာ ဗိုလ်ချုပ်သိန်းဌေးဖြစ်သည်။ စစ်တပ်ကို ရာထူးလျှော့ချိန်တွင် ဗိုလ်ချုပ်ကြီးများ အနားယူခြင်းခံရသလို ခပ်များများ အရပ်ဘက်လဲကာ ကြံ့ဖွတ်လုပ်စေခြင်းခံရသည်။ ယောက်ဖ ဗိုလ်ချုပ်သိန်းဌေးမှာ တပ်မတော်၏ နံပါတ် ၇ မြောက် ထိပ်တန်းခေါင်းဆောင်ဖြစ်လာသည်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး တာဝန်ခံဖြစ်လာသည်။ ယခင် ဦးပိုင်လီမီတက် ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးတင်အေးနေရာဖြစ်သည်။ ယခုအခါ နယ်စပ်စည်ပင်ဝန်ကြီးဖြစ်သည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သည်။ မြန်မာ့စစ်တပ်တွင် ဆွေမျိုးထဲမှာ နိုင်ငံရေးလုပ်မိပါက ရာထူးတက်လှမ်းဖို့ရာ မဖြစ်နိုင်တော့ပါ။ ယင်းအခြေအနေအရ သိန်းတင်အောင် မှာ ပါတီမှာ ၈၈ မျိုးဆက်ကျောင်းသားလိုလို ဒီမိုကရေစီ ဘက်တော်သားလိုလို ပါဝင်နေခြင်းကြောင့် ဗိုလ်ချုပ်သိန်းဌေး ရာထူးမကျဘဲ တက်လာခြင်းမှာ ယောက်ဖနှင့် ဦးအောင်သောင်းကောင်းမှုကြောင့်ဖြစ်ပါသည်။

ယခုလည်း ပြည်ထောင်စုဒီမိုကရေစီပါတီ ခေါင်းဆောင်များ အားလုံးလိုလို နှုတ်ထွက်ချိန်တွင် အီးဂယက် အထောက်အပံ့ယူကာ ပါတီအခွံကို တိုက်ခန်းဖြင့် ကျောက်မြောင်းဈေးအနီးတွင် ဇိမ်ကျကျဖွင့်လှစ်ဆဲဖြစ်သည်။ ဦးအောင်သောင်း၏ အဖွဲ့အချုပ်အပေါ် ပူးသတ်ရေး စီမံကိန်း သင်တန်းကို တက်ရောက်ထားပြီးဖြစ်သည်။ တဖက်မှ ဖြိုးမင်းသိန်းကို အဖွဲ့ချုပ်နှင့် ပူးကပ်စေကာ သတင်းအချက်အလက်ကို ရယူခြင်းဖြင့် ဆရာကြီးအောင်သောင်းနှင့် ယောက်ဖ ဗိုလ်ချုပ်သိန်းဌေးတို့ကို အမြဲ အစီရင်ခံစာ ပို့နေသည်။

အဖွဲ့ချုပ်ရုံးလူငယ်နှင့် ဒေါ်စုခြံဝင်း လူငယ်များကြားတွင် သဘောထားကွဲလွဲအောင် ခြေထိုး လုပ်နေသည်ကို ခပ်များများ ရိပ်စားမိချိန်တွင် ဖြိုးမင်းသိန်းကတော့ ဒေါ်စု၏ အနီးကပ် အရေးပေးခြင်းကို စိတ်မကောင်းစွာ မြင်နေရပါသည်။


----
ပြည်တွင်းကပေးပို့လာတဲ့ အင်မတန်မှ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ စာတစောင် လက်ခံရရှိထားပါတယ်။

ကိုသားဆွေ
လိုသလိုဆက်လုပ်လို့ရပါတယ် ။
ဖတ်ကြည့်ပါ။ အခက်အလက်တွေကအမှန်ပါ။
ဆိုတဲ့ ရာနှုန်းပြည့်ခွင့်ပြုချက်နဲ့ထောက်ခံချက်ပါ တပါတည်း ရထားပြီးဖြစ်တာမို့ မကြာခင်မှာ အားလုံးဖတ်ရှူလေ့လာနိုင်ဖို့ တင်ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား။
· · Share

  • Zaw Myo Lwin and 19 others like this.
  • 40 shares
    • Nge Lay အဖွဲ့ချုပ်ရုံးလူငယ်နှင့် ဒေါ်စုခြံဝင်း လူငယ်များကြားတွင် သဘောထားကွဲလွဲအောင် ခြေထိုး လုပ်နေသည်ကို ခပ်များများ ရိပ်စားမိချိန်တွင် ဖြိုးမင်းသိန်းကတော့ ဒေါ်စု၏ အနီးကပ် အရေးပေးခြင်းကို စိတ်မကောင်းစွာ မြင်နေရပါသည်။
      9 hours ago · · 4
    • Zarni Maung ဖတ်သွားပါတယ် မှတ်သင့်တာတွေကိုလည်းမှတ်သွားပါတယ်။
      8 hours ago ·
    • Mg Tharmyar ဖြိုးကြီး၊မျိုးကြီး၊တိုးကြီး၊တို့အားလုံးဒေါ်စုနားအနားမှာထာဝရ၀န်းရံပြီးစစ်မှန်သောဒီမိုကရေစီရအောင်ဆောင်ရွက်နိုင်ပါစေလို့.......ဆန္ဒပြုလျှက်.......။
      8 hours ago · · 1
    • Kyar Ni Kan ကျွန်တော်တို့ လို သာမာန်ပြည်သူတွေ မသိနိုင်တာ သိလိုက်ရလို့  ကျေးဇူးပါ ကို Thar Swe ...ပြန်ရှယ်လိုက်ပါတယ်။
      7 hours ago · · 1
    • Sai Thein Win ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းဆိုသူမှာလည်း သိန်းတင်အောင်၏ ဇနီးဖြစ်သူ ဒေါက်တာနန်းညိုညိုဝင်း၏ မောင်အရင်းဖြစ်ပြီး ပြည်ပမှ နိုင်ငံရေးလှုပ်ရှားသူများအကြား သပ်လျှိုသွေးခွဲရန် ဗိုလ်ချုပ်သိန်းဌေးမှ အကွက်ဆင် စေလွှတ်လိုက်သူဖြစ်သည်။ (ဖြည့်ရေးပေးတာ..)
      7 hours ago · · 8
    • Thar Swe တကယ်ပြောတာလား ဗိုလ်မှူးး) မနောက်နဲ့လေ
      7 hours ago · · 3
    • Sai Thein Win ဟုတ်တယ်လေ.. မသိဖူးလား..း)
      7 hours ago · · 1
    • Sai Thein Win ကျနော်ထွက်ပြေးလာလို့ ဗိုလ်ချုပ်သိန်းဌေးက သူတို့ လင်မယားနှစ်ယောက်လုံးကို အိမ်ပေါ်က နှင်ချလိုက်တာ.. ပုံစံ တစ်ဆယ်ထဲ ပါနေလို့တဲ့..
      7 hours ago · · 7
    • Thar Swe မျက်လုံးတော့ နည်းနည်းလည်ပြီး နည်းနည်းကျယ်သွားပြီ ဗိုလ်မှူး
      7 hours ago · · 1
    • Sai Thein Win
      ကိုသိန်းတင်အောင်ကို ဗိုလ်ချုပ်သိန်းဌေးက အင်းစိန်ထောင်ထဲကနေ ထုတ်လာတာ မှန်တယ်။ သွားတွေတော့ ပြန်ပါမလာဘူး။ လက်ချောင်းလေးနှစ်ချောင်းလဲ လိမ်ချိုးခံထားရတယ်ဗျ။ ဗိုလ်ချုပ်သိန်းဌေး က ဗိုလ်ကြီး အဆင့်ပဲရှိသေးတယ်။ မပြုတ်တာ၊ ရာထူးဆက်တိုးတာ သူက အဲဒီတုန်းက က.ပ.စ ညွှန်မှူး/Colonel GS ဗိုလ်မှူးချုပ်ခင်မောင်ဝင်းရဲ့ မရှိမဖြစ်လူ ဖြစ်နေလို့ပါ။ ဗခ ခင်မောင်ဝင်းကနေ ပစားပေးရင်းပေးရင်းနဲ့ နဂိုရ်ကလည်း smart ဖြစ်တော့ ဦးသန်းရွှေကိုယ်တိုင်က သဘောကျပြီး ရာထူးဆက်တိုးပေးလိုက်တာပါ။ ဗခ ခင်မောင်ဝင်းက ဦးသန်းရွှေရဲ့ တပ်ရေးဗိုလ်ကြီး လူယုံ ဖြစ်ခဲ့ဖူးတယ်။ ဗခသိန်းဌေး ရာထူးတိုးတာ ကိုသိန်းတင်အောင်နဲ့ မဆိုင်ပါဘူးဗျာ။
      6 hours ago · · 6
    • Thar Swe ကိုသိန်းတင်အောင်က ဒေါ်စုကို ပေါ်တင်ကြီး စာထုတ်ပြီးတိုက်ခိုက်ခဲ့ဖူးတယ်လို့ ကျနော် မှတ်သားထားဖူးတယ် ဗိုလ်မှူး
      6 hours ago · · 1
    • Thar Swe ဗိုလ်မှူးနဲ့ ကိုသိန်းတင်အောင် တော်စပ်မှုကို ကျနော် တကယ်မသိတာ
      6 hours ago · · 1
    • Thar Swe ခင်ညွန့်နဲ့ဒေါက်တာသန်းငြိမ်း ပဲသိတယ်း)
      6 hours ago ·
    • Sai Thein Win အဲဒါလဲမှန်တယ်။ သူတို့က နိုင်ငံရေး တအားလုပ်ချင်နေတာကိုး။ အဲဒီတုန်းက ရွေးကောက်ပွဲ ထောက်ခံပါတယ်ဆိုတဲ့ လူတွေ(သူတို့တွေ)တောင် လှုပ်ရရှားရခက်နေတာဗျ။ နောက်မှ ဦးအောင်သောင်းနဲ့တွေ့တယ်။ ဦးအောင်သောင်းကလည်း အခွင့်အရေးကို အရအမိယူပြီး မင်းတို့ လုပ်မယ်ဆိုရင် ဒေါ်စုကို ဆန့်ကျင်ကြောင်းအတိအလင်း စာထုတ်ဆိုပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်ခိုင်းတယ်လို့ သုံးသပ်ရပါတယ်။
      6 hours ago · · 2
    • Sai Thein Win ရွေးကောက်ပွဲကို ထောက်ခံတယ်။ လွှတ်တော်ထဲ ဝင်လုပ်မယ်ဆိုတဲ့ လူတွေထဲမှာ ကိုအေးလွင်၊ ကိုနေမျိုးဝေ၊ ကိုသိန်းတင်အောင်တို့ အရမ်းကို တက်ကြွခဲ့ကြတယ်။ အတက်ကြွလွန်လွန်းလို့ အမြင်ကပ်လဲ ခံရတယ်။ အဲလို တက်ကြွလွန်လွန်းလို့ပဲ ဦးသန်းရွှေက မယုံတော့တာနဲ့ လွှတ်တော်ထဲ အဝင်မခံတာလို့ထင်ပါတယ်။ နောက်ဆုံးတော့ မိအေး နှစ်ခါနာ ဖြစ်သွားတာပေါ့။ အမတ်လဲမဖြစ်၊ ဒေါ်စုနဲ့ ထောက်ခံသူတွေ မုန်းတာပဲ အဖတ်တင်နဲ့။ ဦးအောင်သောင်းကိုက အခွင့်အရေးကို အရအမိယူတတ်တာပါ။
      6 hours ago · · 3
    • Thar Sweး) နောက်ဆုံး ကိုနေမျိုးဝေ ရေဒီယိုမှာ ပြောသွားခဲ့တာ သဘောကျတယ်။ ၅ သိန်း ကုန်သွားတဲ့ကိစ္စး)
      6 hours ago · · 1
    • Thar Swe ဒါနဲ့ ဗိုလ်မှူးနဲ့ဗိုလ်ချုပ်သိန်းဌေးကျတော့ ဘယ်လိုဆွေမျိုးတော်စပ်မလဲး) ကျနော် ခုနက ပြောတဲ့ မျက်လုံးလည်ပြီ ဆိုတာ အဲဒါ
      6 hours ago ·
    • Sai Thein Win
      ကိုသိန်းတင်အောင် နိုင်ငံရေးလုပ်တာ ဘယ်က ငွေနဲ့လုပ်မှန်းတော့ မသိဖူးဗျ။ လေနဲ့ လုပ်တာပဲ ဖြစ်ဖို့များတယ်။ တမိသားစုလုံးမှာ ကျနော့် အစ်မ တစ်ယောက်တည်း ဝင်ငွေရှိတာ။ အဲန်ဂျီအိုမှာ လုပ်နေလို့ တစ်လ ၅ သိန်းရတယ်။ အဲဒါပဲ။ ကျနော့် ကိစ္စဖြစ်တော့ အစ်မက သူ့ကိုပါ ပြဿနာရှာပြီး ထောင်ချမှာ သိပ်ကြောက်နေတယ်။ သူထောင်ကျရင် တအိမ်လုံးငတ်ပြီ။ နေတော့ ကျနော့် အမေ တိုက်ခန်းလေးမှာ အတူတူနေကြတယ်။ ကိုသိန်းတင်အောင်လည်း သိပ်ကြာကြာနေရတော့မှာ မဟုတ်ပါဘူးဗျာ။ ကင်ဆာရောဂါသည်ပါ။
      6 hours ago · · 1
    • Thar Swe သားသမီးတွေ ရှိလား ဗိုလ်မှူး
      6 hours ago ·
    • Sai Thein Win ဗိုလ်ချုပ်သိန်းဌေးရဲ့ ဇနီး ဒေါ်မြင့်မြင့်ခိုင်က ကိုသိန်းတင်အောင်ရဲ့ အစ်မအရင်း။ ကိုသိန်းတင်အောင်ရဲ့ ဇနီး မနန်းညိုညိုဝင်းက ကျနော့် အစ်မအရင်း။ ယောက်ဖရဲ့ ယောက်ဖကြီးပေါ့ဗျာ။ ကျနော်ကတော့ ဗိုလ်ချုပ်ပဲ ခေါ်ပါတယ်။
      6 hours ago · · 1
    • Thar Swe သူတို့ဘ၀အကြောင်းကြားရတာလည်း စိတ်မကောင်းစရာပဲ။ ၂၀၁၀ မှာ သူတို့က အလံရှူးနီးပါးဖြစ်ကုန်ကြတာပဲ။ နောက်တော့ စစ်အစိုးရ ချောင်ထိုးတာ ခံသွားရတယ်။ တကယ့် ဘုရားပြီးငြမ်းဖျက်ခံလိုက်ရတဲ့သဘောပဲ။ သံဝေဂ ယူစရာပဲဗျာ။
      6 hours ago ·
    • Sai Thein Win ကျနော့်ကို ပြောတာလား .. သားသမီးလား.. အဆင်ပြေရင် ကိုးလ ပေါ့ဗျာ..း)
      6 hours ago · · 1
    • Thar Swe ကိုသိန်းတင်အောင် မှာ သားသမီးရှိလားလို့မေးတာပါ
      6 hours ago ·
    • Sai Thein Win ရှိပါတယ်ဗျာ.. ကျနော့် တူမ အငယ်ဆုံးလေးပေါ့.. အင်ကြင်းဖြူဖြူတဲ့.. လေးတန်းရောက်ပီနဲ့ တူပါတယ်။
      6 hours ago ·
    • Thar Swe နာမည် လှလိုက်တာ လူလည်းချစ်ဖို့ကောင်းမယ့်ကလေးပဲဖြစ်ရမယ်
      6 hours ago · · 1
    • Sai Thein Win စကားသိပ်တတ်တာ.. အဖေကို ရှမ်းလို ပေါ့ပေါ့လို့ခေါ်ပြီး အမေကိုကျတော့ ဗမာလို မေမေလို့ ခေါ်တယ်..
      6 hours ago · · 4
    • Kyaw Soe Win pls.let me share
      3 hours ago ·

 ...............................................................................................
ယောကျာ်းပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …. ။

ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မဝှက် ဖွင့်ပြောတတ်တာဆိုရင် … ။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …. ။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …. ။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
ရာသက်ပန် ဖျက်သိမ်း ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။

မင်းလူ
 
 ...............................................................................................
 

နိုင်ငံရေးလုပ်တယ်ဆိုတာပေးဆပ်ဖို့ .ရယူဘို့ မဟုတ်ပါ(မောင်မောင်ဝမ်း)



ကျနော်ပြည်ပကိုထွက်မလာခင်….ဇာတိမြို့ရေနံချောင်းကနေ….ရန်ကုန်ကိုဆင်းလာဖြစ်တယ်….ကိစ္စတခုနဲ့ပါ…အဲဒီတုန်းကအခြေနေက…ပြည်တွင်းမှာရပ်တည်လို့မရလောက်အောင်…ဦးတည်နေပြီ……ထောင်ထဲကိုနောက်တခေါက်ထပ်ဝင်ဘို့ရာကလည်း….မျက်စက ခပ်ပစ်ပစ်……

ရန်ကုန်ရောက်လို့…သိပ်မကြာဘူး….ပြသနာကစတက်တော့တယ်…ဘယ်နေရာမှတည်းလို့မရဘူး..ကျနော်တည်းခိုရာအိမ်တိုင်းကိုလိုက်ပြီး….ထောက်လှမ်းရေးများက…ဒုက္ခလိုက်ပေးတယ်…ဘယ်လိုလုပ်သလည်းဆိုတော့….ညဘက်သန်းခေါင်ကျော်လောက်…ရဲတွေ…ရ၀တတွေနဲ့ဧည့်စာရင်းအမြဲလာစစ်တယ်….ဖမ်းတာ လည်းမဟုတ်ပြန်ဘူး…အဲဒီ့အိမ်ကမခွာမခြင်းညတိုင်းဧည့်စာရင်းလာစစ်တာ….ကြာတော့…အိမ်ရှင်တွေက ကြောက်လာတယ်…..အလိုက်သိသိပဲ…ခွာပေးပါတယ်…တည်းခိုအိမ်တလုံးပြီးတလုံးပြောင်းလာလိုက်တာ… နောက်ဆုံးတည်းစရာနေစရာမရှိတော့လို့…တည်းခိုခမ်းမှာသွားတည်းတယ်…..နှစ်ရက်ပဲတည်းရသေးတယ်… တည်းခိုခမ်းကမန်နေဂျာက…ဆက်တည်းခိုခွင့်မပေးတော့လို့…တော်တော်ကိုရွာလည်တာ….ဒါနဲ့အဲဒီ့အကြောင်း…ကျနော်က..ယခုထောင်ထဲရောက်နေတဲ့…၈၈ကျောင်းသားခေါင်းဆောင်..ကိုကိုကြီးဆီလှမ်းအကြောင်းကြားတော့…ကိုကိုကြီးက….သတင်းတပ်ဖွဲ့ကအရာရှိတချို့နဲ့အချေအတင်ဖြစ်ပါလေရော…နောက်တော့…ဘယ်လိုဖြစ်သွားတယ်မသိပါဘူး…ကျနော်က…ဟန်းဘက်အိတ်ဆွဲတည်းခိုခမ်းကဆင်းမယ်အလုပ်ရောက်မှ…တည်းခိုခန်း..မန်နေဂျာက…ဆက်တည်းလို့ရပါပြီ..အကို..ကျနော်တို့ကိုစိတ်မဆိုးပါနဲ့…နားလည်ပေးပါဗျာဆိုအခါခါတောင်းပန်ရှာတယ်…..။ကျနော်ကတော့သဘောပေါက်ပြီးသားမို့…ဘယ်သူကိုမှအပြစ်မတင်ရက်ပါဘူး……ဒီလိုနဲ့ဖြစ်ချင်တော့…နောက်နေ့လည်းရောက်ရော….ဗြုန်းဆို…အရင်ထောင်ထဲနဲ့စစ်ကြောရေးစခန်းမှာတုန်းကရထားတဲ့…ဒဏ်ရာ(အာရုံကြောညှပ်တဲ့ရောဂါ)ကပြန်ထလာပြီး…လုံးဝလမ်းလျှောက်လို့မရ…ထလို့လည်းမရဖြစ်တယ်လေ…နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ရဲဘော်တွေရောက်လာပြီး…ဘားလမ်းကကုသိုလ်ဖြစ်မွတ်စလင်..ဆေးရုံကိုပို့လိုက်တယ်……အဲဒီ့ဆေးရုံမှာက…ဒေါက်တာတင်မျိုးဝင်း(ဒေါ်အောင်ဆန်းစုကြည်မိသားစုဆရာဝန်ကြီး)ရှိတယ်…..သူကနိုင်ငံရေးလောကသားများဆို…လာသမျှအကုန်ဆေးဒိုင်ခံကုပေးနေတာ…

ဒီလိုနဲ့တနေ့…ကိုပေါ်(မင်းကိုနိုင်)၊ရယ်ကိုကိုကြီးရယ်၊ကိုသန်းတင်ရယ်ရောက်လာတယ်…..(အရင်ရက်က ကိုဌေးကြွယ်နဲ့ကိုမင်းဇေယျာရောက်လာပြီး…ငွေတွေလာပေးသွားတယ်)…..ကျနော် တို့ရဲဘော်တွေဝေးသွားတာတော်တော်ကြာသွားပြီလေ…..ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြတယ်……ထောင်ထဲကအကြောင်းတွေ….စုံလို့ပေါ့….ကိုပေါ်နဲ့ကျနော်နဲ့ကအခုမှဆုံဖြစ်တာ….သူကကျနော့်ကိုဆေးရုံကဆင်းရင်…ကျန်းမာရေးအထူးဂရုစိုက်ဖို့ပြောတယ်…..ကျနော်တို့လုပ်စရာတွေရှိသေးတယ်တဲ့…..ကိုကိုကြီးကတော့ရီစရာတွေပြော ရင်း ဖြေသိမ့်လို့…..ကျနော်က ကုတင်ပေါ်က မထနိုင်ဘူး…ကိုပေါ်က ကုတင်ဘေးနားမှာ………..

ကျနော်တို့အားလုံးအရာရာဖိအားတွေနဲ့ရင်ဆိုင်နေရတာကို..သူက…အားမာန်တွေနဲ့ရင်ဆိုင်ဘို့ပြော တယ်…..အမှန်ပြောရရင်အဲဒီအချိန်မှာ…စိတ်အားငယ်နေမိတာအမှန်ပဲ….ပထမတကြိမ်…အဲဒီရောဂါဖြစ်တာ…အောက်ပိုင်းသေမလိုဖြစ်သွားတယ်…..အားလုံးကမစိုးရိမ်ဘို့အကြောင်းဝိုင်းအားပေးကြတယ်……အဲဒီအချိန်မှာ…..ကိုပေါ်ကတခုခုကိုတွေတွေကြီးစဉ်းစားရင်းက…“ကျနော်တို့ပေးရတဲ့အရင်းနှီးတွေကများတယ်ဗျာ……ဆိုင်းမဆင့်ဗုံမဆင့်ပြောချလိုက်တဲ့စကားကြောင့် အားလုံးက သူ့ဆီကို အာရုံရောက်သွားကြတယ်.။

“….ဘယ်တတ်နိုင်မလည်းလေ…ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ်ရွေးချယ်ခဲ့တာပဲ……ကျနော်တို့ အားလုံးမှာလူငယ်ဘ၀မကြုံဘူးကြဘူးနော်..သူပြောလိုက်တဲ့စကားကကျနော်ရင်ကိုတုန်ခါသွားတယ်……ကျနော်တို့အားလုံးမှာလူငယ်ဘ၀မရှိဘူးတဲ့……သိပ်မှန်တာပေါ့ဗျာ…..ကျနော်တို့ရဲ့လူငယ်ဘ၀တွေဟာ…အုတ်ရိုးအတွင်းမှာကုန်ဆုံးသွားကြတာကိုး……လူငယ်ဘ၀အရသာကိုကျနော်တို့မခံစားဘူးဘူး………လူငယ်တွေရဲ့ပျော်ရွင်ခံစားကြတဲ့စိတ်ခံစားမှု့တွေကို…..ကျနော်တို့သိပ်မသိဘူး……..ကျနော့်ရင်တွေမွမ်းကြပ်သွားတယ်……..ဘ၀ဆိုတာဘာလည်း….မေးခွန်း တွေက ခေါင်းထဲမှာ အစီအရီ……..ပြီးတော့…သူက ဆက်ပြောတယ်….

“ကျနော်ယုံကြည်တာကတော့…..နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဘို့သက်သက်ပဲဗျ….ရယူဘို့မဟုတ်ဘူး”


………………..သူပြောခဲ့တဲ့စကားတွေက…ခုထိကျနော့်ရင်ထဲမှာကပ်တွယ်ငြိနေဆဲ……..နောက်ဆုံးကျနော့် ရောဂါသက်သာလာတော့….ကျနော် ဆုံးဖြတ်လိုက်ပြီ…တိုင်းပြည်ကခွာတော့မယ်…..( လိပ်ပြာက မသန့်ဘူး ) ကိုပေါ်ပြောခဲ့တဲ့စကားက…ကျနော့်အတွေးကိုလာရိုက်ခပ်ပြန်တယ်…..နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဘို့သက်သက်ပဲ…ရယူဘို့မဟုတ်ဘူးတဲ့…သေချာတာတခုကတော့….ကျနော်ခင်ဗျားတို့လောက်မပေးဆပ်ရဲတော့တာ..အမှန်ပါပဲဗျာ……

နောက်ဆုံးရောဂါတော်တော်ရှင်းရှင်းဖြစ်သွားပြီးလမ်းလည်းကောင်းကောင်းလျှောက်လို့ရသွားတော့… ဆေးရုံကဆင်းခွင့်ရပြီ….အဲဒီနေ့မှာ….သူတို့တော်တော်များများရောက်လာကြတယ်……ကိုပေါ်..ကိုကိုကြီး…ကိုမင်းဇေယျာ ၊ ကိုဌေးကြွယ် အဲဒီနေ့ကတော်တော်စုံတယ်….ကျနော်တို့အားလုံး…ဘားလမ်း မွတ်စလင်ဆေးရုံအောက်ခြေက…လမ်းဘေးလဘက်ရည်ဆိုင်က…ခုံပုစားပွဲလေးမှာ..၀ိုင်းထိုင်ရင်း…စကားတွေဖောင်ဖွဲ့ခဲ့ကြတယ်…….ပတ်ပတ်လည်မှာလည်း…ထောက်လှမ်းရေးတွေကအပြည့်……..ကျနော်စိတ်ထဲမှာမကောင်းဘူး…မှိုင်နေ တယ်….ကိုမင်းဇေယျာက ကျနော့်ကိုကြည့်ပြီးမေးတယ်…….

“ မင်း…ပြန်နေမကောင်းဖြစ်နေလား…………”

“ ကောင်းပါတယ်….ကျနော် တခုခုအတွက် စဉ်းစားနေတာပါ….”

အမှန်တကယ်က….ကျနော်ညနေ၅နာရီမှာ….အမိမြေကစွန့်ခွာတော့မယ်….သူတို့ကိုအသိမပေးခဲ့ဘူး…ဘာလို့လည်းဆိုတော့…တခုခုဖြစ်လာရင်…သွားငြိနေမှာဆိုးလို့…..လက်မှတ်ပါဖြတ်ပြီးသွားပြီ……အားလုံးပျော်ပျော်ပါးပါးနဲ့ လမ်းခွဲခဲ့ကြတယ်…..ကျနော်သူတို့ရဲ့ကျောပြင်ကိုကြည့်ရင်း ၀မ်းနည်းသလိုခံစားလိုက်ရတယ်…..

“ ကျနော်တို့တတွေ…ဒီလိုဘယ်တော့များမှ….ပြန်ဆုံနိုင်မှာပါလိမ့်….”…..ကျနော်တို့ တတွေဟာပျော်စရာကောင်းလှတဲ့…လူငယ်ဘ၀တွေကိုအစတေးခံရင်း…ပျော်စရာမကောင်းတဲ့..နိုင်ငံရေးလောကကြီးကို ကျေကျေနပ်နပ်ကြီး ဖြတ်ကျော်ခဲ့ကြတယ်။ လုံခြုံအေးချမ်းပျော်ရွင်စရာဘ၀တွေဘယ်တော့ ရနိုင်မလည်းဟင်။

ဒါပေမဲ့…အခုနေ အခုချိန်အခါမတော့…..လိပ်ပြာ သိပ်မလုံလှဘူးဗျ……….ကျနော်က ကမ္ဘာ့ဟိုက်ပါပါဝါ…အမေရိကန်မြေပေါ်မှာ…အန္တယာယ်ကင်းကင်းနဲ့….မွေ့ရာပေါ်မှာအိပ်နေတဲ့အချိန်….ခင်ဗျားတို့တတွေက…အေးစက်လှတဲ့….သံမံတလင်း..အခင်းပေါ်မှာ..အကာကွယ်မဲ့..သံတိုင်ကြားက…လေထုကိုကာကွယ်ရင်း…..အနာဂါတ်မြန်မာပြည်ကို ပုံဖော်နေမယ်ဆိုတာ…ပြောနိုင်ပါတယ်လေ….။

ကိုပေါ်…ရေ…ခင်ဗျားအပါဝင်….နိုင်ငံရေးအကျဉ်းသားတွေ…ဒေါ်စုခြံဝန်းထဲက…ကုလားထိုင်တွေပေါ်မှာထိုင်ရင်း…..ရုပ်ရှင်ဂီတ က..အနုပညာရှင်တွေနဲ့…ပြုံပျော်..ကြည်နူးနေကြတဲ့ မြင်ကွင်းတွေလို….facebook အပါဝင် မီဒီယာလောကကြီးတခုလုံးကို သမိုင်းတွင်စေမဲ့….ဓါတ်ပုံတွေ…ဗွီဒီယိုတွေကြည့်ချင်လိုက်တာဗျာ…..

“ နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဖို့…ရယူဘို့မဟုတ်ဘူးတဲ့..”

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )
 
 

No comments: