Sunday, December 4, 2011

မြန်မာ့ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်း

နိုင်ငံတကာ လေယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်ကျော်ပျံသန်းနိုင်ရန် ရန်ကုန်၊မန္တလေးနှင့် မြိတ်မြို့များမှ ရေဒါစခန်းသုံးခုဖြင့် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် PDF Print
Monday, 05 December 2011 10:15
AddThis Social Bookmark Button
7109
ဒီဇင်ဘာလ ၁ ရက်နေ့ စင်းလုံးငှား ဂျက်လေယာဉ်တစ်စင်း ပုဂံညောင်ဦးလေဆိပ်သို့ ဆိုက်ရောက်လာစဉ်

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ လေကြောင်းဆက်သွယ်ရေး လမ်းညွှန်မှု ကွပ်ကဲရေးဌာနခွဲမှ မြန်မာနိုင်ငံပေါ်သို့ ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်ကျော်ပျံသန်းနိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် မြိတ်မြို့များမှ ရေဒါ စခန်းသုံးခုဖြင့် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များအရ သိရှိရပါသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ပြင်သစ်နိုင်ငံ Theles Co မှ ထုတ်လုပ်သည့် လေကြောင်းထိန်းသိမ်းလမ်းညွှန် လုပ်ငန်းသုံး 970S ရေဒါစခန်းအား ၂၀၀၉ခုနှစ်၊ စက်တင်ဘာလမှ စတင် အသုံးပြုခဲ့သည်ဟု သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့လေပိုင်နက် အတွင်း ဖြတ်ကျော်ပျံသန်းကြသည့် နိုင်ငံတကာမှ လေယာဉ်များအား စောင့်ကြည့်၍ ဖြတ်သန်းခ (နိုင်ငံခြားငွေ) ကောက်ယူရရှိရန် ဆောင်ရွက်ခြင်း၊ လေယာဉ်ကွင်း သစ်များ ဖောက်လုပ်ခြင်းနှင့် လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိရသည်။
“လေကြောင်းဆက်သွယ်ရေး လမ်းညွှန်မှု ကွပ်ကဲရေးဌာနခွဲ အနေနဲ့ နှစ်စဉ်လေယာဉ်စင်းရေ ၁ ဒသမ ၅ သိန်းကျော်ကို ရန်ကုန်၊ မန္တလေးနှင့် မြိတ်မြို့တွေမှာရှိတဲ့ ရေဒါစခန်း သုံးခုကနေ အီလက်ထရောနစ် ပညာရှင်တွေနဲ့ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ယင်းရေဒါကို အသုံးပြုရခြင်း၏ အားသာချက်များမှာ လေကြောင်း ထိန်းသိမ်းသူများသို့ လေကြောင်းထိန်းသိမ်း လမ်းညွှန်မှု ပိုမို အန္တရာယ် ကင်းရှင်းစေရန် တိကျသော သတင်းအချက်အလက်များ ပေးပို့နိုင်ခြင်း၊ လေကြောင်းသွားလာမှု ရှုပ်ထွေးသော ဧရိယာများတွင် စံသတ်မှတ်ချက်ကွာခြားမှုကို လျှော့ချနိုင်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ လေယာဉ်ဆီသို့ သီးသန့်မေးမြန်းနိုင်ခြင်း၊ Aircraft Identicfication Code ၁၆ သန်းကျော် အသုံးပြုနိုင်ခြင်း၊ ရေဒါ၏ဖမ်းယူနိုင်မှု စွမ်းရည် ပေးပို့သော အချက်အလက်များ တိကျ မှန်ကန်မှုရှိခြင်း၊ လေယာဉ်ကို Nautical Mile 250 အထိ မြင်တွေ့ နိုင်ခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။
 

Comments 

 
0 #1 U Mar Ga 2011-12-05 12:32
အရှေ့ အနောက် လေယာဉ်တွေ ဆီဖြည့်ဖို့ ခရီးတစ်ထောက်နားဖို့
မန္တလေးကွင်းကို အခုထက်ပိုပြီး ၀န်ဆောင်မှုတွေ လုပ်ပေးနိုင်ရင်
ဒွန်မောင်းရော၊ သုဝဏ္ဏဘူမိရော ကျီးကန်းတောင်ရှိမှာမဟုတ်ဘူး၊
နောက်ပြီး ပုဂံရော၊ မန္တလေးရော ခရီးသည် ပိုဝင်လာနိုင်မယ်။
Direct Charter တွေ ပိုဆင်းလာနိုင်တယ်။
ဒေါ်လာတွေ ထားစရာနေရာတောင်ရှိမှာ မဟုတ်ဘူး။
 

No comments: