နိုင်ငံတစ်ခုရဲ့
အရေးအပါဆုံး အာဏာ သုံးရပ်ဖြစ်ပြီး .... နိုင်ငံ့ မဏ္ဍိုင်တွေလို တင်စား
ခေါ်ဝေါ်ကြတဲ့ "အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး" ဆိုတဲ့
အာဏာသုံးရပ်ဟာ တစ်ခုနဲ့ တစ်ခု သက်ရောက်လွှမ်းမိုးမှု၊ ဝင်ရောက် စွက်ဖက်မှု
ကင်းအောင် လုပ်ဆောင်ဖို့ နိုင်ငံရေး သီအိုရီတွေမှာ တွေးခေါ် သုံးသပ်ကြတယ်။
လက်တွေ့မှာတော့ လုံးဝ အပြီးတိုင် ကင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါကိုလည်း
နိုင်ငံရေး သိပ္ပံ ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒီမိုကရေစီ
နိုင်ငံတွေထဲမှာ .... နိုင်ငံကို အုပ်ချုပ်တဲ့ ပုံစံတွေ နည်းနည်း
ကွဲကြပါတယ်။ သမ္မတ စနစ်၊ ဝန်ကြီးချုပ် စနစ်၊ နှစ်ခု ဖက်ဆက်ဖြစ်တဲ့
တစ်စိတ်တပိုင်း သမ္မတ စနစ် (Semi-presidential system) ဆိုပြီး ရှိကြပါတယ်။
အဓိက စနစ် ၂ ခုကတော့ သမ္မတ စနစ် နဲ့ ပါလီမာန် စနစ် ဖြစ်ပြီး ....
နာမည်ခေါ်ဝေါ်ရတာကတော့.... အုပ်ချုပ်ရေး မဏ္ဍိုင်ကို ကြည့်ပြီး ခေါ်ကြတာ
ဖြစ်ပါတယ်။
သမ္မတက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အဓိက
အာဏာရှိတာကို သမ္မတ စနစ်၊ ပါလီမန်ထဲက ဝန်ကြီးချုပ်ကနေ အုပ်ချုပ်ရေး အာဏာကို
ယူထားတာကို ပါလီမန်စနစ်လို့ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။
ဒီ
စနစ် နှစ်ခုမှာ နိုင်ငံရဲ့ အာဏာ သုံးရပ်ကို တိတိကျကျ ခွဲခြားထားနိုင်ဖို့
ရည်ရွယ်တဲ့ စနစ်ဟာ သမ္မတ စနစ်ဖြစ်ပါတယ်။ ပါလီမန် စနစ်ကတော့ ဥပဒေပြုရေး
အာဏာနဲ့ အုပ်ချုပ်ရေး အာဏာ ၂ ခုဟာ သီးခြား မဖြစ်ဘဲ ထပ်နေတာမျိုး
ဖြစ်နေပါတယ်။ ဒီလို အခြေအနေတွေမှာ အဆင်ပြေစေဖို့ နိုင်ငံ တစ်ခုနဲ့ တစ်ခု
မတူညီတဲ့ ထိန်းကြောင်းမှု ပုံစံတွေကို တည်ဆောက်ကြပါတယ်။ အခုက ဒါတွေကို
အသေးစိပ် ပြောလိုတာတော့ မဟုတ်ပါ။ ဒီအတွက် ချန်လှပ်ထားလိုက်ပါတယ်။
အဓိက ပြောချင်တာကတော့ ... ဘယ်လိုပဲ ထိန်းကြောင်းမှုတွေ တည်ဆောက် တည်ဆောက်
.... သမ္မတ စနစ်မှာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာကတော့ နိုင်ငံရေးမှာ
ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကြား ရှေ့တိုး နောက်ဆုတ်လို့ မရတဲ့ အားပြိုင်မှု
အကြပ်အတည်းတွေပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ ဆိုရင် .... ပြီးခဲ့တဲ့ နှစ်က
အမေရိကန် နိုင်ငံရဲ့ အစိုးရက စနစ် ပိတ်ဆို့ခံရမှု (Government Shutdown)
ဖြစ်ခဲ့တာက အထင်ရှားဆုံး သက်သေပါပဲ။ ဒီလို ပြဿနာမျိုး ပါလီမန် စနစ်မှာ
မရှိပါဘူး။
မြန်မာနိုင်ငံမှာလည်း သမ္မတ စနစ်ကျင့်သုံးတာ သက်တမ်း ၎
နှစ်တောင် မပြည့်သေးပေမယ့် .... ဒီလို အကြပ်အတည် ၃ ကြိမ်
ကြုံတွေ့နေရပါတယ်။ အကြီးဆုံး အကြိမ်ကတော့ .... အခြေခံ ဥပဒေ ခုံရုံးက
လူတွေပါ အနားယူသွားခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အခုလည်း လွှတ်တော်က
ပြဌာန်းမယ့် ဥပဒေကို သမ္မတက မကျေနပ်လို့ .... လက်မှတ်မထိုးဘဲနေပါတယ်။ အခြေခံ
ဥပဒေအရ သမ္မတ လက်မှတ် မထိုးလည်း ဥပဒေဖြစ်လာတာကို သမ္မတက မကျေနပ်ဘဲ ...
ဒီကိစ္စကို အခြေခံ ဥပဒေ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်မယ် ဆိုတာကို
သတင်းစာတွေထဲ ထည့်ကြေငြာတဲ့ အထိ ဖြစ်လာပါတယ်။ (လွှတ်တော်က ဆိတ်ရှာတဲ့
ပြဿနာဟာလည်း အဆိုပါ လွှတ်တော် နဲ့ အစိုးရကြားက မကျေနပ်မှုရဲ့ ဘေးထွက်
ဆိုးကျိုး တစ်ခုပါပဲ။)
ဒီတော့ .... သမ္မတ သက်တမ်း ၃ နှစ်ကျော် ၎
နှစ် ဝန်းကျင်မှာ အခုလို အကြပ်အတည်း ခဏ ခဏ တွေ့ပြီး ပြဿနာ ဖြစ်နေရင် ....
နောင်ကာလတွေမှာ ဘယ်လို လုပ်မလဲ။ ....
ကျွန်တော့် ပုဂ္ဂိုလ်ရေး
သဘောကတော့ ... ဒီလို ပြဿနာတွေကို ပြေလည်ဖို့လည်း ပါသလို .... အုပ်ချုပ်ရေး
အာဏာကို လူတစ်ယောက် လက်ထဲမှာထည့်ထားတဲ့ သမ္မတ ပုံစံထက် .... ကိုယ်စားလှယ်တွေ
စုပေါင်း အစိုးရဖွဲ့ပြီး လွှတ်တော် တစ်ခုလုံးက အာမခံရတဲ့ အစိုးရမျိုး ...
အစိုးရ လုပ်တာမှားရင်းလည်း အချိန်မရွေး အစိုးရက ဖျက်သိမ်းလို့ ရတဲ့ ...
ပါလီမန် စနစ်ကို ပြောင်းလဲနိုင်ဖို့သာ ဆန္ဒရှိမိပါတယ်။
(ကိုထိုက်)
(မှတ်ချက် ... တချို့နေရာတွေမှာ အသေးစိပ် ရေးလိုသော်လည်း FB ထုံးစံအရ
စာရှည်ရင် မဖတ်ကြသလို .... technical term တွေ ဖြစ်တဲ့ အခါ ပိုပြီး
ပျင်းစေမှာမို့ .... တချို့နေရာတွေရဲ့ အသေးစိပ် ဆက်သွယ်ချက်တွေမှာ
ချန်လှပ်ထားခဲ့ပါတယ်။ ... အသေးစိပ် ဆွေးနွေးလိုသူများ ရှိလျှင် သီးခြား
ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။)
ဒီမိုကရေစီ နိုင်ငံတွေထဲမှာ .... နိုင်ငံကို အုပ်ချုပ်တဲ့ ပုံစံတွေ နည်းနည်း ကွဲကြပါတယ်။ သမ္မတ စနစ်၊ ဝန်ကြီးချုပ် စနစ်၊ နှစ်ခု ဖက်ဆက်ဖြစ်တဲ့ တစ်စိတ်တပိုင်း သမ္မတ စနစ် (Semi-presidential system) ဆိုပြီး ရှိကြပါတယ်။ အဓိက စနစ် ၂ ခုကတော့ သမ္မတ စနစ် နဲ့ ပါလီမာန် စနစ် ဖြစ်ပြီး .... နာမည်ခေါ်ဝေါ်ရတာကတော့.... အုပ်ချုပ်ရေး မဏ္ဍိုင်ကို ကြည့်ပြီး ခေါ်ကြတာ ဖြစ်ပါတယ်။
သမ္မတက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အဓိက အာဏာရှိတာကို သမ္မတ စနစ်၊ ပါလီမန်ထဲက ဝန်ကြီးချုပ်ကနေ အုပ်ချုပ်ရေး အာဏာကို ယူထားတာကို ပါလီမန်စနစ်လို့ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။
ဒီ စနစ် နှစ်ခုမှာ နိုင်ငံရဲ့ အာဏာ သုံးရပ်ကို တိတိကျကျ ခွဲခြားထားနိုင်ဖို့ ရည်ရွယ်တဲ့ စနစ်ဟာ သမ္မတ စနစ်ဖြစ်ပါတယ်။ ပါလီမန် စနစ်ကတော့ ဥပဒေပြုရေး အာဏာနဲ့ အုပ်ချုပ်ရေး အာဏာ ၂ ခုဟာ သီးခြား မဖြစ်ဘဲ ထပ်နေတာမျိုး ဖြစ်နေပါတယ်။ ဒီလို အခြေအနေတွေမှာ အဆင်ပြေစေဖို့ နိုင်ငံ တစ်ခုနဲ့ တစ်ခု မတူညီတဲ့ ထိန်းကြောင်းမှု ပုံစံတွေကို တည်ဆောက်ကြပါတယ်။ အခုက ဒါတွေကို အသေးစိပ် ပြောလိုတာတော့ မဟုတ်ပါ။ ဒီအတွက် ချန်လှပ်ထားလိုက်ပါတယ်။
အဓိက ပြောချင်တာကတော့ ... ဘယ်လိုပဲ ထိန်းကြောင်းမှုတွေ တည်ဆောက် တည်ဆောက် .... သမ္မတ စနစ်မှာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာကတော့ နိုင်ငံရေးမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကြား ရှေ့တိုး နောက်ဆုတ်လို့ မရတဲ့ အားပြိုင်မှု အကြပ်အတည်းတွေပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ ဆိုရင် .... ပြီးခဲ့တဲ့ နှစ်က အမေရိကန် နိုင်ငံရဲ့ အစိုးရက စနစ် ပိတ်ဆို့ခံရမှု (Government Shutdown) ဖြစ်ခဲ့တာက အထင်ရှားဆုံး သက်သေပါပဲ။ ဒီလို ပြဿနာမျိုး ပါလီမန် စနစ်မှာ မရှိပါဘူး။
မြန်မာနိုင်ငံမှာလည်း သမ္မတ စနစ်ကျင့်သုံးတာ သက်တမ်း ၄ နှစ်တောင် မပြည့်သေးပေမယ့် .... ဒီလို အကြပ်အတည် ၃ ကြိမ် ကြုံတွေ့နေရပါတယ်။ အကြီးဆုံး အကြိမ်ကတော့ .... အခြေခံ ဥပဒေ ခုံရုံးက လူတွေပါ အနားယူသွားခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အခုလည်း လွှတ်တော်က ပြဌာန်းမယ့် ဥပဒေကို သမ္မတက မကျေနပ်လို့ .... လက်မှတ်မထိုးဘဲနေပါတယ်။ အခြေခံ ဥပဒေအရ သမ္မတ လက်မှတ် မထိုးလည်း ဥပဒေဖြစ်လာတာကို သမ္မတက မကျေနပ်ဘဲ ... ဒီကိစ္စကို အခြေခံ ဥပဒေ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်မယ် ဆိုတာကို သတင်းစာတွေထဲ ထည့်ကြေငြာတဲ့ အထိ ဖြစ်လာပါတယ်။ (လွှတ်တော်က ဆိတ်ရှာတဲ့ ပြဿနာဟာလည်း အဆိုပါ လွှတ်တော် နဲ့ အစိုးရကြားက မကျေနပ်မှုရဲ့ ဘေးထွက် ဆိုးကျိုး တစ်ခုပါပဲ။)
ဒီတော့ .... သမ္မတ သက်တမ်း ၃ နှစ်ကျော် ၄ နှစ် ဝန်းကျင်မှာ အခုလို အကြပ်အတည်း ခဏ ခဏ တွေ့ပြီး ပြဿနာ ဖြစ်နေရင် .... နောင်ကာလတွေမှာ ဘယ်လို လုပ်မလဲ။ ....
ကျွန်တော့် ပုဂ္ဂိုလ်ရေး သဘောကတော့ ... ဒီလို ပြဿနာတွေကို ပြေလည်ဖို့လည်း ပါသလို .... အုပ်ချုပ်ရေး အာဏာကို လူတစ်ယောက် လက်ထဲမှာထည့်ထားတဲ့ သမ္မတ ပုံစံထက် .... ကိုယ်စားလှယ်တွေ စုပေါင်း အစိုးရဖွဲ့ပြီး လွှတ်တော် တစ်ခုလုံးက အာမခံရတဲ့ အစိုးရမျိုး ... အစိုးရ လုပ်တာမှားရင်းလည်း အချိန်မရွေး အစိုးရက ဖျက်သိမ်းလို့ ရတဲ့ ... ပါလီမန် စနစ်ကို ပြောင်းလဲနိုင်ဖို့သာ ဆန္ဒရှိမိပါတယ်။
(ကိုထိုက်)
(မှတ်ချက် ... တချို့နေရာတွေမှာ အသေးစိပ် ရေးလိုသော်လည်း FB ထုံးစံအရ စာရှည်ရင် မဖတ်ကြသလို .... technical term တွေ ဖြစ်တဲ့ အခါ ပိုပြီး ပျင်းစေမှာမို့ .... တချို့နေရာတွေရဲ့ အသေးစိပ် ဆက်သွယ်ချက်တွေမှာ ချန်လှပ်ထားခဲ့ပါတယ်။ ... အသေးစိပ် ဆွေးနွေးလိုသူများ ရှိလျှင် သီးခြား ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။)
No comments:
Post a Comment