Tuesday, January 21, 2014
"ဒါလားဟဲ့... အပြောင်းအလဲ"
"ဒါလားဟဲ့...
အပြောင်းအလဲ"
လွန်ခဲ့သောအစိုးရလက်ထက်မှာပေါ့ဗျာ..။မင်္ဂလာတောင်ညွန့် ဘက်မှာ
ဆရာတော်ကြီးတစ်ပါး တရားပွဲလုပ်တယ်။ ဆရာတော်ကြီးက
အခုဒီတရားပွဲကရလာတဲ့အလှူငွေတွေကို
နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုလှူချင်လို့ တရားပွဲကိုလာပြီးအလှူခံဖို့
အကြောင်းကြားတဲ့အတွက်ကျွန်တော်တို့ သွားခဲ့ပါတယ်။ဒါပေမယ့်
လမ်းခုလတ်မှာတယ်လီဖုန်းဝင်လာပြီး
"ဦးကျော်သူရေ..စိတ်မကောင်းပါဘူးဗျာ၊နာရေးကူညီမှုအသင်း(ရန်ကုန်)
ကိုဆရာတော်ကြီးလှူမယ့်အလှူငွေကိုအစိုးရအဖွဲ
့အစည်းတစ်ခုကမလှူရဘူး၊လှူခြင်းလှူသူတို့ အဖွဲ့ ကိုဘဲလှူရမယ်"လို့ အမိန်
့လာပေးတဲ့အတွက် ငွေလှူဒါန်းခြင်း
အစီအစဉ်ကိုဆရာတော်ကြီးမှစိတ်မကောင်းစွာဖြင့်ဖျက်လိုက်ရပါပြီတဲ့ဗျာ။
အော်..အလှူငွေကိုတောင်ဓါးပြတိုက်ချင်တဲ့ခေတ်ဆိုးကြီးပါလားဟုတွေးမိယုံမှတစ်ပါး...။
ဒါက အရင်ခေတ်။
အခုလာပြန်ပါပြီ...ယခု ပြောင်းလဲပြီလို့ ပြောပြောနေတဲ့ခေတ်။
တစ်နေ့ ကပေါ့ဗျာ။ပြည်ပနိုင်ငံကြီးတစ်ခုကပါမောက္ခကြီးတွေ၊ဆရာဝန်ကြီးတွေ
ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေးချို့ တဲ့နေသောကျေးလက်ဒေသများ
ကို မေတ္တာရှေ့ ထားပြီးအပင်ပန်းခံကာဆေးဝါး(အခမဲ့)လာရောက်ကုသပေးခဲ့တာ
လူနာပေါင်း(၄၀၀၀)နီးပါးလောက်ကုသပေးနိုင်ခဲ့တယ်။တစ်နေ့ ကသူတို့ အဖွဲ
့မပြန်ခင် သူတို့ နဲ
့ပါလာတဲ့ပိုလျှံနေသောဆေးဝါးသေတ္တာ(၃)လုံးကိုပြည်သူလူထုတွေ
အတွက်ဆေးဝါးကုသပေးဖို့ ကျွန်တော်တို့ အသင်းရှိ"သုခကုသိုလ်ဖြစ်ဆေးခန်း"
ကိုလာရောက်လှူဒါန်းသွားတယ်။ အဲဒီမှာတင်...သူတို့ နောက်ကို
တစ်ကောက်ကောက်လိုက်နေတဲ့သက်ဆိုင်ရာကအထက်ကို
သတင်းပေးလိုက်တဲ့အတွက် အဲဒီအထက်ကဆိုတဲ့သူက "ခင်ဗျားတို့  ကျော်သူ
့အသင်းကိုဆေးသွားလှူလား၊မလှူနဲ
့နော်....လှူရင်နောက်တစ်ခေါက်မြန်မာပြည်ကိုလာခွင့်မရှိဘူး"တဲ့ဗျာ။ကိုယ့်ပစ္စည်း
ကိုယ်ဘယ်ကိုလှူလှူ ..လှူခွင့်မရှိတဲ့နိုင်ငံ။ ပြည်ပ
ပညာရှင်များစိတ်ကုန်သွားမည့်နိုင်ငံ၊ မစ္ဆရိယစိတ်တွေများလွန်းတဲ့နိုင်ငံ၊
ဗြဟ္မစိုရ်စိတ်တွေခေါင်းပါးတဲ့နိုင်ငံ၊
ပရဟိတသမားတွေစိတ်ကုန်သွားမည့်နိုင်ငံ၊လူမှုရေးအလုပ်တွေကိုဟန်
့တားပိတ်ပင်မှုများနဲ့ လုပ်ကိုင်ပေးနေရတဲ့နိုင်ငံ...စတဲ့ နိုင်ငံအဖြစ်တော့
အဖြစ်မခံလိုပါ။ ပြည်ပနိုင်ငံများရဲ့  အထင်အမြင်သေးခံရမည်ကိုမလိုလားပါ။
ဒါကြောင့်မြန်မာပြည်သူလူထုအတွက် စစ်အာဏာရှင် ခေတ်ဆိုးကြီးမှ ကယ်တင်ပေးဖို
့မေတ္တာ၊စေတနာထားပြီးပြောင်းလဲမှုလုပ်ပေးမည်ဆိုပါက" ပြောင်းလဲမှုဟူသည်
ယူနီဖေါင်းပြောင်းကြယုံနှင့်တော့မရ။ စိတ်ဓါတ်၊
ခံယူချက်၊ဦးတည်ချက်၊ရည်ရွယ်ချက်များပါ ပြည်သူ့ အတွက်ဟု မှတ်ကျောက်တင်ကာ
သစ္စာဆိုရဲသောပြောင်းလဲမှုလုပ်နိုင်ဖို့ လိုအပ်ကြောင်းဗြဟ္မစိုရ်တရား(လေးပါး)
ကိုလက်ကိုင်ပြုကာမေတ္တာစကားပါးလိုက်ရပါသည်။
သို့ မှသာ " ဒါမှ...တကယ့်အပြောင်းအလဲ " ဖြစ်ပေတော့မည်။
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment