Tuesday, January 14, 2014
ထူးဆန်းပါ့
အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဌာာန်ရှိငှက်တစ်ကောင် မန္တလေးမြို့တွင် တွေ့ရှိ
မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၂၇x၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာပလာဇာ ၂၅
ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ်ကောင်ကို ဇန်န၀ါရီ ၁၁ ရက် ညနေ
၃ နာရီက မန္တလေး ပြည်ကြီးရန်လုံရပ်ကွက်နေ အဆောက်အအုံကန်ထရိုက်
ဦးဇော်ဝင်း(ဆေးဆရာ) မှ တွေ့ရှိခဲ့သည်။
အဆိုပါ ထူးခြားသောအသွင်သဏ္ဌာန်ရှိ အမျိုးအမည်မသိငှက်
သည် ကြောင်ခေါင်းသဏ္ဌာာန်ရှိပြီး လည်ပင်းတွင်အဖြူရောင်ပါရှိသည်။
အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့်အတောင်တို့
တွင် ဒေါင်းမြီးများကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြားသည့်
ဆောင်းခိုငှက်တစ်ကောင်ဖြစ်မည်ဟု ယူဆရသည်။
၎င်းငှက်ကိုစိတ်ပါဝင်စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်အတွက်
ဇန်န၀ါရီ ၁၂ ရက် နံနက် ၉ နာရီတွင် မန္တလေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ
ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
The Mirror Daily
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment