။
==============
ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော်သူ၊ ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံသာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦး ဖြစ်ပါသည်။
ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရောမဥပဒေဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေးဟောင်းထုံးတမ်းစဉ်လာဘာသာရပ်
ဝိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်ခံရသော မောင်ချန်ထွန်းကို ဘုရင်မကြီးက လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်
ခံခဲ့သည်။ ၀ိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီးဘု
ဝင်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး
ဝင်ထွက်သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်းစာအုပ်သည်အလွန်လူကြိုက်များ
ကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)
ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီကို ယခုနေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိသျှအရာရှိများ တင်ပြချက်တွင် နောက်အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကသည် ကမ္ဘာ့အ
ဆင့်မီ မြို့တော်ကြီးတစ်မြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက်ရှိသော မိုးထိမြင့်မားသည့် တိုက်တာ အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု အကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်
မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။
ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက်ပါတော့သည်။
အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်သည်
ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါသည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့်
မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်းစကား လုံးဝ
အရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း
ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ပါသည်။
အလားတူ အင်္ဂလန်ကို ခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကို
ရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် “ဘာကြောင့်ချန်ထားခဲ့သလဲ” လို့ အရေးဆိုခဲ့ပါသေး
သည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေ
စေတီကို ဖျက်ပါတော့သည်။ ဦးချန်ထွန်းက အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိ
သည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ်ဆု ပေးထား
သော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်
လည်း ဘုရင်မထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်ပါသည်။
ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေ
စေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်း၏ ကျေးဇူးကား
အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်း
ကို သတိရသင့်ပါသည်။
{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။
No comments:
Post a Comment