Wednesday, November 28, 2012

မြန်မာသည် အာရှဧ။် ထွက်ရပ်လမ်း


by Thanda Win on Wednesday, November 28, 2012 at 10:12pm ·

( ၂၁.၃.၁၂ နေ့မှာ Stratfor ---- Global Affairs မှာ ဖော်ပြခဲ့သော ဆောင်းပါးရှင် Robert Kaplan ရဲ့ အာဘော်ဖြစ်ပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ သွားရည်ကျတတ်ရင် လက်ကိုင်ပုဝါလေး ဆောင်ပြီးဖတ်နော်။ )









မြန်မာနိုင်ငံဧ။်လက်ရှိဖြစ်ပေါ်နေသော ပွင့်လင်းလွတ်မြောက်ရေး လှုပ်ရှားမှု၊ ပြင်ပကမ္ဘာနှင့် ပုံမှန်ပြန်လည်ဆက်သွယ်ရန် ကြိုးပမ်းမှုများသည် အာရှဒေသဧ။် ပထ၀ီနိုင်ငံရေးကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲလာစေနိုင်ကြောင်း တွေ့ရသည်။

မြန်မာသည် တရုတ်နှင့် အိန္ဒိယ တို့ဧ။် လွှမ်းမိုးမှုဆုံချက်ဖြစ်သော ဘင်္ဂလားပင်လယ်အော်တွင် ကျယ်ပြန့်စွာ တည်ရှိသည်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး၊ ကြေးနီ၊ ကျောက်မျက်ရတနာ၊ ကျွန်းသစ်နှင့် ရေအားလျှပ်စစ် တို့ ပေါများကြွယ်ဝသည့်အပြင် ယူရေနီယံသတ္တုလည်းရှိသည်။



အင်ဒိုပစ္စိဖစ် ဒေသဧ။် လက်ဆောင်မွန်ဖြစ်သော မြန်မာသည် အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်များစွာ ပိတ်လှောင်ခံခဲ့ရသည်။ ထိုကာလတလျှောက်လုံး တရုတ်တို့သည် မြန်မာတို့ဧ။် သဘာဝသယံဇာတများကို တဖြည်းဖြည်းထုတ်ယူလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့ပင် ဒေသတခုလုံးကို ပြောင်းလဲနိုင်ရန် အချက်အချာကျသည်။ မြန်မာတို့သာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်လာလျှင် ကုန်သွယ်မှုလမ်းကြောင်းအားလုံး အဖက်ဖက်တွင် ပွင့်ထွက်သွားမည်။

တရုတ်ပြည်မှ မွန်ဂိုလူမျိုးတို့သည် မြန်မာနိုင်ငံကို ၁၃ ရာစုတွင်ကျုးကျော်ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်တို့အကြားတွင် သဘာဝ ပထ၀ီအနေအထားအရလည်းကောင်း၊ လူသားတို့ တည်ဆောက်ထားသော ဂရိတ်ဝေါကဲ့သို့လည်းကောင်း အတားအဆီးများ လုံးဝမရှိပဲ ဟူးကောင်းချိုင့်ဝှမ်း တလျှောက် ဆက်စပ်လျှက်ရှိကြသည်။ တချိန်တည်းမှာပင် သမိုင်းတလျှောက် မြန်မာသည် အိန္ဒိယစီးပွားရေး အသိုက်အ၀န်းဧ။် ကျက်စားရာဒေသလည်း ဖြစ်သောကြောင့် ဗြိတိသျှတို့သည် အိန္ဒိယနှင့်အတူ မြန်မာကိုပါ သိမ်းပိုက်ခဲ့သည်။

အကယ်၍ မြန်မာသည် တရုတ်ဧ။် သယံဇာတသိုက်ကြီးအဖြစ် ဆက်လက်ရှင်သန်နေမည့်အစား အမေရိကန်နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပြန်လည်အသက်သွင်းနိုင်ပါက စွမ်းအင်နှင့် သယံဇာတပေါများသော ဆုံချက် နိုင်ငံအဖြစ် မိမိကိုယ်ပိုင် ရပ်တည်နိုင်မည်။ ထို့အပြင် အိန္ဒိယနယ်စပ်၊ တရုတ် နှင့် အရှေ့တောင်အာရှတခုလုံး ကိုလည်း တစုတဝေးတည်း ပေါင်းစပ်စုစည်းပေးနိုင်မည်



တရုတ်ဧ။် သြဇာလွှမ်းမိုးမှုမှ အတန်အသင့် လွတ်မြောက်သွားမည်ဖြစ်သော်လည်း တရုတ်သည် မြန်မာထံမှ မြောက်များလှစွာသော အကျိုးကျေးဇူးများကို ဆက်လက်ခံစားနိုင်ဦးမည်ဖြစ်သည်။ အမှန်စင်စစ် တရုတ်ပြည် တောင်ပိုင်းယူနန်ပြည်နယ်ရှိ ကူမင်းမြို့သည် အရှေ့တောင်အာရှဒေသဧ။် စီးပွားရေးမြို့တော်ဖြစ်လာနိုင်၍ မြန်မာ၊လာအို နှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းလာသည့် ရေလမ်း ကုန်းလမ်းတို့သည် ကူမင်းသို့ ဆက်သွယ်နိုင်သည်။

အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်းသည် တည်ဆောက်လျက်ရှိသည်။ မြန်မာအနောက်မြောက်ပိုင်း ရခိုင်ကမ်းလွန်ဒေသရှိ ရမ်းဗြဲကျွန်းတွင် တရုတ်သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်လျက်ရှိသည်။ ထိုပိုက်လိုင်းများသည် အာဖရိက၊ ပါရှန်းပင်လယ်ကွေ့နှင့် ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့တို့ကို သယ်ဆောင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဖြတ်သန်း၍ ကူမင်းသို့ရောက်ရှိမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ တရုတ်သည် မလ္လကာရေလက်ကြားအပေါ် လက်ရှိပြည်ပရေနံတင်သွင်းမှုအတွက် မှီခိုမှုကင်းစေရန်ဖြစ်သည်။ ၂၀၁၅ တွင် ကူမင်း-ကျောက်ဖြူ အမြန်ရထားပြေးလမ်းကိုလည်း အပြီးတည်ဆောက်ကြလိမ့်မည်။



အိန္ဒိယသည်လည်း ရမ်းဗြဲကျွန်းမြောက်ပိုင်းရှိ စစ်တွေမြို့တွင် စွမ်းအင်ပိုက်လိုင်းကို တည်ဆောက်လျက်ရှိသည်။ ထိုပိုက်လိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်လျက် သဘ၀ဓါတ်ငွေ့များကို အနောက်ဘင်္ဂလားဒေသရှိ အိန္ဒိယပြည်နယ်သို့သယ်ဆောင်မည်။ ထိုပိုက်လိုင်းသည် နှစ်ပိုင်းကွဲသွားပြီး တခုမှာ ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းသို့ ဦးတည်သည်။ စီးပွားရေးကုန်သွယ်မှုများသည်လည်း အဝေးပြေးလမ်းမကြီးကို ဖြတ်၍ အိန္ဒိယ၊ ချစ်တကောင်းနှင့် ရန်ကုန်မြို့တို့သို့ ရောက်ရှိမည်။ ထိုမြို့သုံးမြို့တို့သည် နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာဒေသကြီးဧ။် အစိတ်အပိုင်းကြီးအဖြစ် ပေါင်းစည်းသွားလိမ့်မည်။

ထင်ရှားသောအချက်မှာ မြန်မာနိုင်ငံပွင့်လင်းလာသည်နှင့်အမျှ အိန္ဒိအရှေ့မြောက်ပိုင်းတွင် ချောင်ပိတ်မိနေသော ဟစ်ဟာတိုဒေသသည်လည်း ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်လာမည်။ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသသည် သွားလာရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေပြီး လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တော်လှန်ပုန်ကန်မှုများ ၁၂ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ တောတောင်များဖုံးလွှမ်းနေသော ထိုဒေသသည် အိန္ဒိယနှင့်အဆက်ပြတ်သလိုဖြစ်နေသည်။ သီးသန့်ဆန်၍ မဖွံ့ဖြိုးသော ထိုဒေသဧ။် အနောက်ပိုင်းတွင် ဆင်းရဲတွင်းနက်လှသော ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့ပိုင်းတွင် မြန်မာတို့တည်ရှိသည်။ မြန်မာနိုင်ငံဧ။် နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုများသည် ထိုဒေသနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို အကျိုးရှိစေနိုင်မည်။

အဆိုပါဒေသများတွင် ဆင်းရဲမွဲတေမှုကို လျော့ချနိုင်လျှင် ကာလက္ကတားနှင့် ဘင်္ဂလားအနောက်ပိုင်းတို့မှ ဒုက္ခသည်ပြသနာများကိုလည်း ဖြေရှင်းပြီးဖြစ်သွားနိုင်သည်။ ထိုအခါ အိန္ဒိယနိုင်ငံကို မခန့်မှန်းနိုင်လောက်အောင် အင်အားတောင့်တင်းလာစေနိုင်သည်။ အိန္ဒိယသည် ဆင်းရဲတွင်းနက်၍ ပြည်ပျက်လုနီးပါးဖြစ်နေသော ပါကစ္စတန်၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ခြင်းထိစပ်နေသဖြင့် ၎င်းဧ။် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို အာရှနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ဖြန့်ကျက်နိုင်ခြင်းမရှိချေ။ ထို့ထက်ပို၍ ဆိုရလျှင် မြန်မာပြည် ပွင့်လင်းလွတ်လပ်လာခြင်းသည် အိန္ဒိယကို အာရှဒေသတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ပါဝင်ပတ်သက်စေနိုင်ပြီး တရုတ်နှင့် အင်အားချိန်ခွင်လျှာကို ညီမျှစေနိုင်သည်။

အနာဂတ်အလားအလာများ ကောင်းမွန်နေသော်လည်း ပစ္စုပ္ပန်မှာ သေချာရေရာခြင်းမရှိသေးချေ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် ခရီးအစမှာပင်ရှိသေးလျက် လမ်းမှားသို့ရောက်နိုင်ချေလည်း များနေသေးသည်။ ယူဂိုဆလာဗီးယားနှင့် အီရတ်တို့ကဲသို့ပင် ဒေသကွဲများ၊ တိုင်းရင်းသား လူမျိုးကွဲများ များပြားနေခြင်းသည် အဓိကပြသနာဖြစ်သည်။

မြန်မာသည် ဧရာဝတီမြစ်ဝှမ်းတလျှောက် ရှင်ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်သည်။ ထိုဒေသဧ။် တိုင်းရင်းသားများကို ဗမာဟုခေါ်၍ မြန်မာနိုင်ငံဧ။် မူလအမည် ဗမာနိုင်ငံဖြစ်သည်။ သို့သော် ပြည်နယ် ၇ ခုတွင် ဆင်းရဲနွမ်းပါးသည့် နယ်စပ်ဒေသတလျှောက် နေထိုင်ကြသော လူနည်းစုများကို ထည့်တွက်သည့်တိုင်အောင် တနိုင်ငံလုံးလူဦးရေဧ။် သုံးပုံတပုံမှာ ဗမာမဟုတ်ပါ ။ ဧရာဝတီမြစ်ဝှမ်းကို ၀န်းရံထားသော တောင်တန်းဒေသများတွင် ချင်း၊ကချင်၊ရှမ်း၊ ကရင်နှင့် ကရင်နီလူမျိုးများနေထိုင်၍ ၎င်းတို့ဧ။် လက်နက်ကိုင်အဖွဲ့များသည် ဗမာအုပ်ချုပ်သော စစ်တပ်နှင့် မကြာခဏတိုက်ပွဲဖြစ်ကြသည်မှာ စစ်အေးကာလကတည်းကဖြစ်သည်။

ပိုမိုဆိုးရွားသည်မှာ တောင်တန်းဒေသ လူနည်းစုများသည် အကွဲကွဲအပြားပြားဖြစ်နေကြသည်။ ဥပမာ - ရှမ်းပြည်နယ်တွင် ၀၊လားဟူ၊ပအို့၊ကယန်းနှင့် အခြားလူမျိုးစုများနေထိုင်ကြသည်။ သူတို့သည် သမိုင်းကြောင်းအရ တိဗက်၊တရုတ်၊အိန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ကမ်ဘောဒီးယားတို့မှ ဆင်းသက်လာကြခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည် အနောက်ပိုင်းရှိ ချင်းလူမျိုးတို့သည် မြန်မာပြည်အရှေ့ပိုင်းရှိ ကရင်လူမျိုးတို့နှင့် တူညီခြင်းမရှိပေ။ ထို့အတူ ဗုဒ္ဓဘာသာကိုးကွယ်သည်မှလွဲ၍ ရှမ်းလူမျိုးများဧ။် ဘာသာစကားနှင့် ယဉ်ကျေးမှုတို့သည် ဗမာတို့နှင့်မတူပြန်။ ဟိန္ဒူဘန်ဂေါယဉ်ကျေးမှုလွှမ်းမိုးလျက် ဆင်းသက်ပေါက်ဖွားလာသော ရခိုင်လူမျိုးများသည်လည်း မြန်မာပြည်မနှင့် အဆက်ပြတ်သလိုဖြစ်နေကာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ သီးခြားလူနည်းစု များကဲ့သို့ဖြစ်နေသည်။

တနည်းအားဖြင့် ရွေးကောက်ပွဲမှတဆင့် အာဏာရရှိလာသော ဗမာလူမျိုးများသည် လူနည်းစုတိုင်းရင်းသားများနှင့် ညှိနှိုင်းစေ့စပ်ခြင်းမရှိပါက ရွေးကောက်ပွဲကျင်းပခြင်းသည် အဓိပ္ပါယ်မရှိချေ။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ဧရာဝတီမြစ်ဝှမ်းနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူနည်းစုများကို အုပ်ချုပ်ခဲ့သည်မှာ ရာစုနှစ်ဝက်ရှိခဲ့ပြီ။ မြန်မာပြည်တွင် စစ်တပ်အုပ်စိုးမှုမှ လွတ်ကင်းသော ဌာနဆိုင်ရာအဖွဲ့အစည်း အနည်းငယ်သာရှိသည်။ တိုင်းရင်းသား လူနည်းစုများအား အုပ်ချုပ်ရေးအာဏာ ရက်ရက်ရောရော အပ်နှင်းသော စနစ်တခုကို အခြေခံမှ စတင်ရမည်။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရယူနိုင်ရန် မျှတခိုင်မာသော ဖယ်ဒရယ်မူကို ပြဌာန်းရန်လိုသည်။

မြန်မာတို့သည် ယခင်ကထက် ပြင်ပကမ္ဘာနှင့် ဆက်ဆံနေသည်မှာ မှန်သည်။ သို့သော် ဖွင့်လိုက် ပိတ်လိုက်ဖြစ်ခဲ့သော အုပ်ချုပ်ရေးကြောင့် ခိုင်မာသောအဖွဲ့အစည်းများ တည်ဆောက်နိုင်စွမ်းမရှိခဲ့ချေ။ အချုပ်အားဖြင့် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ အုပ်စိုးနိုင်စေကာမူ တပ်မတော်သည် ထင်ရှားသောအခန်းကဏ္ဍမှ နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်နေရဦးမည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာရှိများသည် ဌာနဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်ပုံများကို ကျွမ်းဝင်ရင်းနှီးပြီးသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သယံဇာတကြွယ်ဝချမ်းသာမှုနှင့် သင့်တင့်သောလူဦးရေ ၄၈ သန်းရှိသော မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုံပါဝင်သော ဌာနဆိုင်ရာအဖွဲ့အစည်းများကို လာမည့်ဆယ်စုနှစ်များအတွင်း ထူထောင်နိုင်မည်ဆိုလျှင် တရုတ်နှင့် အိန္ဒိယတို့ကို မခြိမ်းခြောက်သော အလယ်အလတ် စစ်ရေးအင်အားကို ကိုယ်ပိုင်တည်ဆောက်နိုင်လိမ့်မည်။ ထို့အပြင် အာရှနှင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ ကုန်သွယ်မှုများလည်း အမြောက်အများ တိုးပွားလာပေမည်။

( ဖတ်ရတာ တော်တော်ကို ထောက်နေတယ်။ ဖြစ်နိုင်ရင် ပြင်ပေးကြပါဦး။ )

No comments: