Nyein Aye Eain
တစ်နေရာမှာ
ဒါလေးဖတ်လိုက်ရတယ်။ အဲဒါနဲ့ ကိုယ်ကြုံဖူးတဲ့ နယ်စပ်မှာ တရုတ်နဲ့
အရောင်းအ၀ယ်လုပ်ခဲ့တဲ့ လူတွေရဲ့ အတွေ့အကြုံကို သတိရလိုက်မိတယ်။
ကျွန်တော်ဖတ်လိုက်ရတာက ဒီလိုပါ။
““
ရှမ်းလူမျိုးရဲ့စကားပုံတစ်ခုက တရုတ်နဲ့ပေါင်းသင်းဆက်ဆံတာထက် လယ်ရိုးပျက်ကို ဆွတာကမှ စားရသေးတယ် တဲ့။ ကိုယ်ကျိုးစီးပွားအတွက်ကလွှဲပြီး ဘယ်ဟာကမှ ဂရုစိုက်တဲ့လူမျိုးမဟုတ်ဘူး။
- by Sai Mon ””
ကျွန်တော်ကြုံတွေ့ဖူးတာကဖြင့် ဒီလိုဗျာ(၁၉၈၀ကျော်ဝန်းကျင်တကယ့်  အဖြစ်အပျက်ပါ)
- ကုန်သည်တစ်စုက စိန်(စက်မှုသုံးစိန်ကြမ်းများ) နယ်စပ်မှာ လာရောင်းပါတယ်။
တရုတ်က အဲဒီစိန်တွေကို sizeing ချပြီးမှ အရွယ်အစားလိုက် ၀ယ်မယ်ဆိုလို့
အရောင်းအ၀ယ်ပျက်ပြီး ဗမာကုန်သည်တွေ သယ်စရိတ်အရှုံးနဲ့
တပ်ခေါက်ပြန်သွားခဲ့ရဖူးပါတယ်။ အလေးချိန်နဲ့ ချိန်တွယ်ဝယ်ယူလာတဲ့
လုပ်ငန်းသုံးစိန်ကြမ်းတွေကို သူတို့ကြို့တဲ့ Size ရောက်မှ တန်ဈေးပေးမယ်။
အဲဒီထက်ငယ်ရင် အမှိုက်ဈေးပေးမယ်ဆိုလို့ပါ။ တရုတ်က ရုရှားကို
အကြွေးဆပ်စရာရှိခဲ့ဖူးတုန်းက ပန်းသီးတွေရောင်း ဆပ်ကြရပါသတဲ့။ အဲဒီမှာ
ရုရှားက သူ့ပြည်ထဲဝင်မယ့်ပန်းသီးတွေကို sizing ချပြီးမှ အ၀င်ခံခဲ့ဖူးသတဲ့။
အဲဒီက ရတဲ့ သင်ခန်းစာများကို ဗမာ-တရုတ် စိန်ကြမ်းရောင်းဝယ်ရေးမှာ
ပြန်အသုံးချလိုက်တာပါ။
- နောက်တစ်ခါ ဟူနမ်ပြည်နယ်က ဆေးဘက်ဝင်ပစ္စည်းလုပ်ဖို့ မြန်မာက ကွမ်းသီးနုလေးတွေဝယ်မယ်ဆိုပါတယ် ။
ဈေးကြိုက်တော့ ဗမာကုန်သည်တွေ တင်သွင်းကြပြန်ပါတယ်။ ဒီတစ်ခါလည်း Sizing
ချ ကြပြန်ပါတယ်။ ဒီတစ်ခါကျတော့ တစ်မျိုးဗျ သူတို့စိတ်ကြိုက်
အရွယ်သေးသေးလေးနုနုထွတ်ထွတ်လေးေ တွမှ ရွေးယူပါတယ်။ ဇကာပေါ်တင်ကျန်တဲ့ဟာတွေ ရွှေလီမြစ်ကမ်းမှာပယ်ပစ္စည်းအဖြစ် အပုတ်နံတလှိုင်လှိုင်နဲ့ တောင်ပုံရာပုံဖြစ်နေခဲ့ဖူးပါတယ် ။ ဗမာကုန်သည်တွေတော့ ထုံးစံအတိုင်း ပုဆိုးပေါင်ဆပ်ရမယ့် ဘ၀ရောက်ခဲ့ကြရဲ့။
- နောက်တစ်ခါ မိုးကုတ်ကုန်သည်တစ်ဦးလာပါတယ်။ သူ့လက်ထဲမှာ အဲဒီကာလက
မိုးကုတ်မှာ သိန်းကျော်ပေးခဲ့တဲ့ ပတ္တာမြားတစ်ပွင့်ပါလာပါတယ်။ သူ
တရုတ်တွေကို ပွဲတိုက်ပါတယ်။ ခေါ်ဈေးက တင်းတင်းပဲ ဗမာငွေငါးသိန်းတဲ့။
သူစွန့်စားခဲ့ရတာကိုး။ တရုတ်ကလည်း ဈေးပေးပါတယ်။ သုံးသိန်းရမလားတဲ့။
ဗမာသိပ်ပျော်သွားပါတယ်။ ယူဗျာဆိုတော့၊ တရုတ်က ဒီအတိုင်းဖြင့် မယူနိုင်ဘူး
ခင်ဗျားနဲ့ ကျွန်တော် စာချုပ်ချုပ်မယ်။ ကၽ်ဳပ္က ကုမၸဏီႀကီးဗ်။
သေးသေးမွှားမွှားမလုပ်ဖူး။ ဒီအရည်အသွေးအတိုင်း တစ်လကိုခင်ဗျား
ဘယ်နှတန်သွင်းပေးနိုင်မလဲ၊ စာချုပ်ချုပ်မှ ကျုပ်ဒီဈေးနဲ့
ယူနိုင်မယ်ဆိုတယ်။ အဲတော့မှ ကျုပ်တို့ ဗမာ မိုးကုတ်ကျောက်ကုန်သည်
ကြောက်ပါပြီဗျ အော်ပြီး ဖင်လှန်ပြေးခဲ့ရပါကောလား။
မယုံမရှိပါနဲ့ တရုတ်-ဗမာ နယ်စပ်ကုန်သွယ်ရေး(တရားမ၀င်)မှာ ဒါတွေ တကယ်ဖြစ်ခဲ့ဖူးပါတယ်။
-တရုတ်ဆိုတာ ဘာလဲ သိစေချင်လို့ဗျာ။
- နောက်တစ်ခါ ဟူနမ်ပြည်နယ်က ဆေးဘက်ဝင်ပစ္စည်းလုပ်ဖို့ မြန်မာက ကွမ်းသီးနုလေးတွေဝယ်မယ်ဆိုပါတယ်
- နောက်တစ်ခါ မိုးကုတ်ကုန်သည်တစ်ဦးလာပါတယ်။ သူ့လက်ထဲမှာ အဲဒီကာလက မိုးကုတ်မှာ သိန်းကျော်ပေးခဲ့တဲ့ ပတ္တာမြားတစ်ပွင့်ပါလာပါတယ်။ သူ တရုတ်တွေကို ပွဲတိုက်ပါတယ်။ ခေါ်ဈေးက တင်းတင်းပဲ ဗမာငွေငါးသိန်းတဲ့။ သူစွန့်စားခဲ့ရတာကိုး။ တရုတ်ကလည်း ဈေးပေးပါတယ်။ သုံးသိန်းရမလားတဲ့။ ဗမာသိပ်ပျော်သွားပါတယ်။ ယူဗျာဆိုတော့၊ တရုတ်က ဒီအတိုင်းဖြင့် မယူနိုင်ဘူး ခင်ဗျားနဲ့ ကျွန်တော် စာချုပ်ချုပ်မယ်။ ကၽ်ဳပ္က ကုမၸဏီႀကီးဗ်။ သေးသေးမွှားမွှားမလုပ်ဖူး။ ဒီအရည်အသွေးအတိုင်း တစ်လကိုခင်ဗျား ဘယ်နှတန်သွင်းပေးနိုင်မလဲ၊ စာချုပ်ချုပ်မှ ကျုပ်ဒီဈေးနဲ့ ယူနိုင်မယ်ဆိုတယ်။ အဲတော့မှ ကျုပ်တို့ ဗမာ မိုးကုတ်ကျောက်ကုန်သည် ကြောက်ပါပြီဗျ အော်ပြီး ဖင်လှန်ပြေးခဲ့ရပါကောလား။
မယုံမရှိပါနဲ့ တရုတ်-ဗမာ နယ်စပ်ကုန်သွယ်ရေး(တရားမ၀င်)မှာ
-တရုတ်ဆိုတာ ဘာလဲ သိစေချင်လို့ဗျာ။
No comments:
Post a Comment