Mike Tee ((ဒါရိုက်တာ မိုက်တီး)
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ဦးကျော်နဲ့
ဖားကန့်မှာကားတစ်ကားသွားရိုက်ဖြစ်ခဲ့တယ်၊ အဲဒီကလော်ပန်တွေက ရန်ငွေထည့်ုပြီး
စု ရိုက်တဲ့ AIDS ပညာပေးကားလေးပါ။
သူတို့နယ်မှာ မူးယစ်ဆေးဝါး အပျော်အပါးတွေ တအားများလွန်းပြီး HIV
ဝေဒနာသည်တွေများလာလွန်းလို့ ထိန်းချုပ် ပညာပေး အစီအမံထဲကတစ်ခုအဖြစ်ပေါ့ ။
ဟိုလည်းရောက်ရော-
အဲဒီမှာ ဇာတ်အရ ဦးကျော်က HIV ဖြစ်သွားတဲ့ဇာတ်ကောင်နေရာက သရုပ်ဆောင်ရမှာ ဆိုတော့
ဦးကျော်က တောင်းဆိုတာ ငါ အဲဒီဝေဒနာသည်တွေနဲ့တွေ့ချင်တယ်ကွာ တဲ့၊ အဲဒါမှ mood သွင်းလို့ရမှာ တဲ့-
ဆိုတာနဲ့ပဲ ကျွန်တော်က ဆိုင်ရာကိုလည်းပြောရော - ရပါတယ် တဲ့ ခဏလေး ဆိုပြီး ဖုံးတွေစက်တွေနဲ့ပေါက်လိုက်တာ မကြာပါဘူး
စစ်ကားကြီး ၂ စင်းနဲ့ရောက်ချလာပါလေရောဗျာ ၊ အားလုံးအယောက် ၄၀ လောက်ရှိမယ် ၊
အဲဒါ လမ်းဘေးကတွေ့တဲ့သူကောက်တင်လာတာတဲ့ အကုန်လုံး AIDS တွေချည်းပဲတဲ့၊
လိုရင်ထပ်သယ်ပေးအုံးမယ်တဲ့ ၊အောင်မလေး တော်ပါပြီဗျာ ရပါပြီဗျာ ဆို
မနဲတားယူရတယ် ၊ ဟူးးးး ဖရူးဖရူးဖရူးး
တကယ့်အစစ်ကြီးတွေကိုဗျာ
သူတို့မှာ ဒီဝေဒနာထက်ကိုပိုဆိုးရတဲ့အဖြစ်က နေစရာ စားစရာ မရှိရတော့တဲ့
လမ်းဘေးနေ လမ်းဘေးအိပ် လမ်းဘေးတင်ငတ်သေကြရတဲ့သူတွေတဲ့လေ၊ အခုလည်း
ဘိန်းနဲနဲစီကျွေးမယ်ဆိုလို့ လိုက်လာကြတာလေတဲ့ ၊ ကဲ ။
အဲဒီလူတွေအများကြီးနဲ့ တခန်းထဲမှာဗျာ ၊ ဦးကျော်လည်း သူ စ တဲ့ ဇာတ်ဆိုတော့
ဖိန့်ဖိန့် နဲ့ ကြိတ်ဖေါနေရတော့တာပေါ့ ၊ ဟိုလူတွေက ကျော်ဟိန်းလည်း
အဖက်တောင်မလုပ်ဘူးနော် ၊ ဘယ်ဗျာ သူတို့ရောဂါကြီးကိုတောင်
ဂရုစိုက်တဲ့ကောင်တွေမှ မဟုတ်တာ ၊ ကျော်ဟိန်းတွေ မိုက်တီးတွေတော့ နား ပေါ့ ၊
လောလောဆယ်အရေးက ဘိန်းမရသေးလို့ ဆူညံပွတ်လောရိုက်နေပြီ၊ ကိုယ်ကမသိဘူးလေ၊
နောက် မေးကြည့်လို့ သိတော့မှ ဟ ဟ လုပ်ကြပါအုံးဗျ ဆိုပြီး
တယောက်ကိုဘိန်းမဲတစ်တုံး ဆေးလိပ်တလိပ်စီပေးလိုက်တော့မှ . . အသံတွေ
အကုန်ငြိမ်ကျသွားတော့တာ ဝူး. . .
အဲ . . ကိုယ်တော်များက အဲဒီ ကျတော့မှ
ပြုံးချိုပြီး အဲ. .အလ္လာပ က စ နိုင်တော့တာကိုး- ဟာ - ကိုကျော်ပေါ့. . .
.ပေါ့- ကိုမိုက်ကြီး ဘာကားတွေရိုက်ပေါ့-ေ အာ င်း မာေ လး တကယ့်ကိုပဲ
တော်တော့ကိုမှ တော်တော်ပါပဲဗျာ ၊. . .. .
သြ . . ရင် နာ စ ရာ ကြီး တွေ ပါ လား ။
ည စကားစမြည် မေးရင်းမြန်းရင်းနဲ့မှ ဒီထက်ရင်နာစရာက
အသိဥာဏ်နည်းလွန်းပုံ
မူးယစ်ဆေးဝါး နဲ့ ပြည့်တန်ဆာအများအပြား
နောက် ရောဂါ ရှိမှန်းသိရက်နဲ့တောင် ဘာအခုအခံမှမသုံးကြတော့လောက်အောင် ဆိုတော့ . . .
သူတို့ သူဋ္ဌေးတွေစုပြီး ဂေဟာလေးလုပ် ကျွေးမွေးကုသပေးလည်းမနိုင်နိုင်တော့တဲ့အကြောင်း. . .အသက်တောင်မရှူချင်တော့လောက်အောင်ပါပဲဗျာ
အပြီးမှ ကျွန်တော့်မှာ မနဲအားခဲပြီး နောက်ဆုံးမျှော်လင့်စရာလေးအနေနဲ့ -
အစိုးရပိုင်းကကော ဒီကိစ္စတွေကို ဘယ်လိုအစီအမံ လုပ်ပေးသေးလဲ ဆိုတော့ မှ
အင်း. . (အဲဒီမှာ စ တွေ့တာပဲ)
လုပ်ပေးပါတယ် တဲ့
ဒီရောဂါ ကိုတဲ့ ဒီနယ်မှာ ဆက်လက် မပြန့်ပွား မကူးဆက်အောင် တဲ့ တခါတခါ
အဲဒီရောဂါသည် ပြည့်တန်ကောင်မလေးတွေကိုလိုက်ဖမ်းပြီး (ပိုက်ဆံမပေးနိုင်သူ)
ဒီကနေ အပြီးနယ်နှင်ဒါဏ် ပေးလိုက်တယ် တဲ့ ၊ ဟာာာာ!!!
ဟာ ဗျာ "ေ တာ က် !! " ဟား¡¡
ကဲ - စဉ်းသာစားကြည့်ကြပါတော့ဗျာ ၊
AIDS ရောဂါကြီးကို အဲလို တိုက်ဖျက်ကာကွယ်ပေးပါသတဲ့ ၊
ဟင်း- အဲဒီ အချိန်မှာ ကိုယ်တွေ့မဟုတ်တဲ့သူဆို ယုံစရာကိုမရှိဘူးနော် -
သို့သော် -
ဒါပေမဲ့ . .
ခုချိန်မှာတော့ ဘယ်သူ့ကိုပြောပြော မယုံဘူးဆိုတဲ့သူ မရှိကိုမရှိနိုင်တော့ဘူး . . . ဆိုတာက
ကြည့်လေ ၊ ဒီနေ့ -
ကျွန်တော်တို့တိုင်းပြည်မှာ ရုံးဝန်ထမ်းလား ၊ ဆေးဝန်ထမ်းလား ၊
ရဲဝန်ထမ်းလား . . . .တယောက်ယောက် - လာဘ်စားလို့ဖြစ်စေ
တာဝန်ပျက်ကွက်လို့ဖြစ်စေ အကျင့်ပျက်လို့ဖြစ်စေ . . . တခုခုဆိုတာနဲ့
အမြင့်ဆုံးအပြစ်ဒါဏ်ချမှတ်လိုက်တယ် တဲ့ ၊ ဘာလုပ်လဲ ?
နယ် ပို့ လို က် တ ယ်ေ လ
အဲဒီနယ်မှာ အဲဒီ စောက်ကျင့်အတိုင်း ဆက် လုပ် ပေါ့ ၊ အဲဒါ ဟုတ်လား !!
ကဲ နောက်လာပြန်ပြီဗျာ
ကျူးကျော်တဲ့ ဆိုပြီး နှစ်ပေါင်းများစွာနေလာကြတဲ့ မိသားစုပေါင်းများစွာကို
ဘူဒိုဇာနဲ့ကော် သေနပ်နဲ့ကြိမ်း မောင်းထုတ်လိုက်ကြပြန်တယ် ၊
သူတို့ ဒုက္ခတွေ ဘယ်တော့ငြိမ်းရှာပါတော့မလဲဗျာ #####
. . . . . . .
မရက်စက်ရက်ကြပါနဲ့တော့ အမောင်တို့ရယ် . . . . .
Mike Tee ((ဒါရိုက်တာ မိုက်တီး)
=============
No comments:
Post a Comment