မောင်မောင်စိုး သို့မဟုတ်စောထသူရဲကောင်း
ရဲဘော်တို့
ယနေ့ဟာငါတို့ချစ်ခင်မြတ်နိုးတဲ့၊ငါတို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတပ်မတော်ခေါင်းဆောင်တဦးဖြစ်
အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်မောင်မောင်စိုးကိုနောက်ဆုံးနှမြောတသစွာနှုတ်ခွန်းဆက်ရတဲ့နေ့ဖြစ်လို့
ရင်ထဲမှာနာကြင်နေမိတာအမှန်ပါ။
တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့မကဒတရဲဘော်များအားလုံးအ တွက်ရော၊
အမိမြန်မာပြည်ကြီးအတွက်ပါ ၊ ငါတို့အားလုံးမျှော်မှန်းထားတဲ့ဒီမိုကရေ စီပန်းတိုင်မရောက်ခင်အကြွေစောသွားတဲ့
ရဲဘော် မောင် မောင်စိုးကိုအောင်ပွဲရ တဲ့ အထိအတူရှိနေစေချင်ပေမဲ့ညှာတာမှုမရှိတဲ့ လောကဓံတရားကြောင့် ၊
ဒီကနေ့ ငါတို့ သူနဲ့ခွဲရတော့မယ်။
စောထစခန်းဟာမကဒတကျောင်းသားတပ်မတော်ရဲ့သူရဲကောင်း တွေမွေးထုတ် ပေးရာစခန်းတခုဖြစ်တယ်၊
ရဲဘော်မောင်မောင်စိုးဟာ ဒီစခန်းရဲ့ဥက္ကဌတာဝန် ကို ယူပြီးရဲဘော်တွေကိုကြောသားရင်သားမခွဲခြားဘဲ
လမ်းညွှန်အုပ်ချုပ်နိုင်ခဲ့သူဖြစ်တယ်၊ ရန်သူဖမ်းမိပြီးကျဆုံး သွားတဲ့ရဲဘော်ဒေါက်တာမင်းသိမ်း၊ ကင်းထောက်ရင်း
ရန်သူ့လက် တွင်းသက်ဆင်းရင်းကျဆုံးသွားရတဲ့ဗဟိုကော်မီတီဝင်ရဲဘော်ဆန်းလင်း၊ နအဖ တုန်လှုပ်သွား
လောက်အောင်ထိုင်းနိုင်ငံမြန်မာသံရုံးပေါ်မှာငါတို့ခွပ်ဒေါင်းအလံ ကိုစိုက်ထူခဲ့တဲ့ ဂျော်နီတို့ တသိုက်ဟာ
စောထသူရဲကောင်းတွေဖြစ် တယ်။
မောင်မောင်စိုးဟာလက်ရုံးရည်ရောနှလုံးရည်ပါစွယ်စုံရသူတဦးဖြစ်တယ်၊ စစ်ငြိမ်းစေ ဆိုတဲ့ကလောင်နဲ့
စာပေရေးသားသလို၊ တေးသီချင်းတွေကိုရေးစပ်နိုင်တဲ့အပြင်တီးဝိုင်း ဖွဲ့ပြီးတီးခတ်နိုင်သူတဦးလည်းဖြစ်တယ်။
ဒီလိုအဖက်ဖက်ကထူးချွန်တဲ့ရှားပါးတဲ့အရည် အချင်းရှိသူတဦးဆုံးရှုးံရတာဟာအခုလိုပန်းတိုင်မရောက်
ကျဆုံးရတာဖြစ်လို့အထူးဝမ်းနည်းကြေကွဲခြင်းဖြစ်ရတယ်။
ဒါပေမဲ့ငါတို့အားလုံးဝမ်းနည်းကြေကွဲနေယုံနဲမပြီးဘူး၊ မောင်မောင်စိုးကိုတကယ် ချစ်တယ် တကယ်လေးစားတယ်
ဆိုရင် ငါတို့၊ မောင်မောင်စိုးတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီစံနစ်ကြီးမတည်ဆောင်မနိုင်မချင်း၊
ပြည်သူတွေလူ့အခွင့်အရေးအပြည့် အဝမရမခြင်းအားလုံးဆက်လက်ပြီး အတူတကွ လက်တွဲတိုက်ပွဲဝင်သွား
ကြဘို့ လိုတယ်။
ဒါမှသာငါတို့ဟာကိုယ့်ရဲဘော်ကိုတကယ်လေးစားရာရောက်လိမ့်မယ်။ မောင်မောင်စိုးလူ့လောက
ကပျောက်ကွယ်သွားပေမဲ့ ရဲဘော်မောင်မောင်စိုး ဟာ ငါတို့ရဲ နှလုံးသားထဲမှာထာဝရတည်ရှိနေမှာ
ကတော့ကြိမ်းသေတယ်။
ရဲဘော်မောင်မောင်စိုးကောင်းရာသုဂတိလားပါစေ။
အလေးပြုလျက် တော်လှန်ရေးသစ္စာဖြင့်
ရဲဘော်ထွန်းအောင်ကျော်
ရဲဘော် မိုးသီးဇွန်

ရုပ်ရှင်သရုပ်ဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ ဆုံ
ရုပ်ရှင်သရုပ်ဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ ဆုံ ကြခြင်းဖြစ်ပါတယ်။
အကယ်ဒမီပွဲထက်လူပိုစုံတယ်လို့ ကိုဇာဂနာက မှတ်ချက်ချပါတယ်။ တချို့ ရုပ်ရှင်သရုပ်ဆောင်တွေက
၂၀၁၀ ရွေးကောက်ပွဲမှာ နအဖ ဗိုလ်ချုပ်များအတွက်မဲဆွယ်ပေးခြင်းများပြုလုပ်ခဲ့ကြ ပါတယ်။ နအဖ များ။
ခေတ်ပျက်သူဌေး များနှင့် ပေါင်းခဲ့ကြသူများလည်း ဒီပွဲကိုတက်ရောက်ခဲ့ကြပါတယ်။
ဒါကတော့ ဒီမိုကရေစီဖက်ကို စတင်ကူးပြောင်းလာတဲ့ အချက်ပြ မှုတခု မှုဖြစ်လာပြီလား ဗိုလ်လိုချုပ်သန်းရွှေနဲ့
ဒေါ်ကြိုက်ကြိုက်တို့  ရဲ့  သြဇာ စတင်ကျဆုံးလာပြီလားလို့  နိင်ငံရေးအင်အားစုများက သုံးသပ်လျှက်ရှိကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများအားလုံး......ချက်ခြင်းလွှတ်.....ချက်ခြင်းလွှတ်။ ဓါတ်ပုံများ...........
http://ashin-htavara.blogspot.com/__._,_.___
0 Comments
နိုင်ငံရေး အကျဉ်းသားဟောင်းများ အယောက် (၁၀၀)ခန့် စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန် ရှေးရှုသည့် တွေ့ဆုံပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ မနက်(၁၀) နာရီမှ နေ့လည် (၁)နာရီ အချိန်အထိ ရန်ကုန်မြို့ သာဓုကျောင်းတိုက်ဝန်း ရွှေည၀ါကျောင်း၌ ကျင်းပခဲ့သည်ဟု ၄င်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အကျဉ်းသားဟောင်း တဦးကပြောပါသည်။
ထိုဆွေးနွေးပွဲ၌ အောက်ပါအချက် (၄) ချက်ကိုပါ ဆုံးဖြတ်ခဲ့ပါသည်။ (၁) နိုင်ငံရေး အကျဉ်းသားဟောင်းများ အချင်းချင်း ရိုင်းပင်းကူညီရေး ၊ (၂) နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာရေး ၊ (၃)တိုင်းရင်းသား ဒေသများ၌ ဖြစ် ပေါ်နေသည့်စစ် ပွဲများကို ရပ်ဆိုင်းပြီး အဓိပ္ပါယ်ပြည့်ဝသော ပြည်တွင်းငြိမ်းချမ်းရေး တရပ် ဖော်ဆောင်နိုင်ရေး နှင့် (၄) မြန်မာ့ လူ့အဖွဲ့ အစည်းတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ဖြစ်ပါသည်။
“ နိုင်ငံရေး အကျဉ်းသားကိစ္စက ကစားကွက်လိုဖြစ်နေတယ်လေ၊ ဒုက္ခရောက်နေတာက နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုတွေပါ၊ ဒါကြောင့် အပြန်အလှန် အကူအညီပေးနိုင်ဖို့ နဲ့  လိုအပ်တဲ့ အဆက်အသွယ်တွေ ရရှိလာဖို့ကို အသင်းမဟုတ်ရင် အဖွဲ့ တခုခုဖြစ်လာဖို့ စပြီးစဉ်းစားလာတာဖြစ်ပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြော ပါသည်။
ထို့အပြင် အထက်ပါ အချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အောက်ပါအဖွဲ့ (၄)ဖွဲ့ ကိုစည်းခဲ့ပါသည်။ (က)ဆက်သွယ်ရေးနှင့် သတင်းထုတ်ပြန်ရေး၊ (ခ) နိုင်ငံရေး အကျဉ်းသားအားလုံး ပါဝင်လာနိုင်ရန် စည်းရုံးခြင်း (ဂ)အဖွဲ့ စည်းကမ်းချက် များရေးဆွဲခြင်းနှင့် ငွေစာရင်းပြု စုရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့၊ (ဃ) လုပ်ငန်းဖေါ်ဆောင်ရေးကော်မီတီဟူ ၍ဆုံးဖြတ်ခဲ့ပါသည်။
အကျဉ်းသား လွတ်ပေးရေး မိသားစုဝင်များ စောင့်ဆိုင်းနေပုံ (ဓါတ်ပုံ - အင်တာနက်)
ဤတွေ့ဆုံမှုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် အမျိုးသားအောင်ပွဲနေ့အပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ထပ်မံတွေ့ဆုံတဲ့ပွဲလည်းဖြစ်ပါတယ်။ တချိန်ထဲ၌ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စစ်ကလင်တန်ကလည်း နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့၌ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုသွားခဲ့ပါသည်။