Friday, December 2, 2011

လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အကြံပြုခြင်း

ကျွန်တော့်  အကြောင်း  ပဌမ  မိတ်ဆက်ပါရစေ။     ၈.၈.၈၈  တုန်းက
ချောင်းဦးမြို့ နယ်  ကျောင်းသားသမဂ်ဂ အတွင်းေ၇းမှူး   နောက်  မြိဲု့
နယ်သပိတ်ကော်မီတီ အတွင်းရေးမှူး  လုပ်ပြီး   ထောင်  ၁၀  နှစ်ကျ
မုံရွာထောင်  မန်းတလေး နန်းတွင်း     အကျဉ်းထောင်း  အုတ်ဖိုထောင်   ကနေ
လွတ်လာတဲ့   ဦးသိန်းဝင်း   အခု   နော်ဝေေ၇ာက်နေတာ    ၂  နှစ်
ကျော်လာပြီ   ၈၈  တုန်းက  အလယ်တန်းပြကျောငိးဆ၇ာ   B.A  (Economic)
အဲဒါ   ကျုပ် အကြောင်းပါပဲ   ။။။
လက်ရှိနိုင်ငံရဲ့  အခြေအနေကို   ပြော၇၇င်    ကျုပ်အမြင်ကိုပြောတာနော်
....   လူတစ်ယောက်သည်  လမ်းပေါ်ရှိ ကျောက်တုံး ကြီး  တစ်တုံးကို
လမ်းဘေးသို့ တွန်ူးချနေသည်     ထိုလူသည်   မောဟိုက်နေသည်
ချွေးဒီးဒီးကျနေသည်   ပင်ပန်းနေသည် အမြင်အားဖြင့်ပြော၇လျှင်  ထိုလူသည်
အလွန်  အလုပ် လုပ်နေသည်    သို့သော်   ရူပဗေဒ  သဘောအရ  ပြော၇လျှင်
ကျောက်တုံးကြီး   မရွေ့သည့် အတွက်  လုံးဝ  အလုပ်မလုပ်။
            ၈.၈ .၈၈ ကနေ  ဒီနေ့ အထိ   ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD
အပါအ၀င်   ပြည်တွင်း  ပြည်ပ  ပါတီပေါင်းစုံ   အဖွဲ့ အစည်းပေါင်းစုံ
မဆလ    န၀တ   နအဖ   ကြံဖွံ့    အတူတူပါပဲ     အာဏာ၇ှင်  စစ်အုပ်စုကို
ပုံစံ အမျိုးမျိုး နဲ့   တော်လှန်ခဲ့ကြတာ      အောင်မြင်ခဲ့သလား
စဉ်းစားဖို့ လိုလာပြီ      ဒီ အနှစ်   ၂၀  ကျော်အတွင်းမှာ   ဘယ်ပါတီ
ဘယ်အဖွဲ့အစည်းက    အာဏာရှင်စစ်အုပ်စုကို   ကိုင်လှုပ်နိုင်ခဲ့သလဲ
ဒီကြားထဲ   အလုပ်အကြောင်းပြပြီး   လုပ်စားနေကြတဲ့သူတွေက   အနံ့
တထောင်းထောင်း   ပေါ်ထွက်လာသေး         ဒီနေ၇ာမှာ  ကိုယ်လဲပဲ  ထိထိ
ေ၇ာက်ေ၇ာက်  မလုပ်နိုင်ပဲနဲ့       ဟိုလိုမ၇လို့  ဒီလို
ဒီလိုမ၇လို့    ဟိုလို     ပုံစံအမျိုးမျိုးနဲ့    လုပ်ကိုင်
ဆောင်ရွက်နေတာ   မ၇တဲ့အဆုံး   ၇တဲ့နည်းလမ်းနဲ့   လုပ်ကိုင်
ဆောင်ရွက်နေတဲ့    ဒေါ်စု နဲ့  NLD  ကို   သဘောမတူလို့   မထောက်ခံ၇င်တောင်
  ခလုပ် ကသင်း   မလုပ်သင့်ဘူးထင်တယ်   လွယ်အိတ်လို  ကန့်လန့်  ကန့်လန့်
 မလုပ်သင့်ဘူးထင်တယ်      တစ်ခုရှိတယ်    ဒီမိုကေ၇စီ  ရ ရင်
လုပ်စားလို့   ရတော့မှာမဟုတ်တဲ့   AAPP   လို  စသည်ဖြင့်   အဖွဲ့အစည်းတွေ
 ရှိပါလိမ့်မယ်      ဒီလို  အဖွဲ့အစည်းတွေ   လူတန်းစားတွေ၇ဲ့
သွေးဆောင်မှု့နောက်ကို    လိုက်ါပမသွားမိဖို့    လိုပါလိမ်မယ်။။။
 ခင်ဗျားတို့ကို   ကျူပ် ကိုယ်တွေ့   တစ်ခုပြောပြမယ်
ကျုပ်ထောင်ကထွက်လာပြီတဲ့နောက်    ၃  ရက်အကြာမှာ   ရန်ကုန်ေ၇ာက်သွားတယ်
ဒေါ်စုနဲ့ တွေ့တယ်   အဲဒီတုန်းက   ကျုပ်နဲ့အတူ       ဦးအုန်းသန်း  တို့
၅   ယောက်ပါတယ်   ဧည့်ခန်းထဲမှာ    စားပွဲမှာ    လဘက်၇ည်  ၆  ခွက်   လူ
၆ယောက်   ဒေါ်စုအပါအ၀င်  ၇  ယောက်   တစ်ယောက်တလှည့်  မိတ်ဆက်စကားပြောကြတယ်
 ကျူပ်အလှည့်မှာ       ဒေါ်စုခင်ဗျာ     BBC    မှာ အင်တာဗျူးသလိုပေါ့
     တကယ်လို့များ   န၀တ   က     တိုင်းပြည်ရဲ့   ဦဆောင်မှု့
အပိုင်းမှာ     သူတို့  နဲ့ အတူ  လက်တွဲ လုပ်ဆောင်၇အောင် လို့
ဖိတ်ခေါ်မယိဆို၇င်    ဒေါ်စုအနေနဲ့   ဘယ်လိုသဘော၇ပါသလဲ       လို့
မေးခဲ့ဘူးတယ် ဘာဖြေတယ်မှတ်သလဲ      ..........
သိတ်ကောင်းတဲ့မေးခွန်း...     ကျွန်မ  ဒီမေးခွန်းကို   အခုပဲ
ပြောလိုက်ပါ့မယ်     ..........     လက်တွဲမှ  ပြည်သူလူထု
အကျိုးရှိမယ်ဆိုရင်   လက်တွဲသင့်ရင်    တွဲ၇မယ်........    အဲ
..လက်မတွဲပဲ    ပြည်သူလူထုအကျိုး ရှိအောင်   လုပ်နိုင်မယ်ဆို၇င်လဲ
မတွဲသင့် ၇င်မတွဲဘူး  .....    ဒါ့ကြောင့်    ...  တွဲမယ်  ...
မတွဲဘူး...ဆိုတာ   အခုအချိန်မှာ    ပြောလို့  မရသေးပါဘူး။။။။
                            အဲဒီတုန်းက    ကျုပ်လဲ   အဲဒီအဖြေကို
လုံးဝသဘောမကျခဲ့ဘူး       ဒါပေမဲ့   နောက်  ၁၀  နှစ်လောက်ကြာတော့
........     ဟာ   ...ဒေါ်စုပြောတဲ့စကားဟာ    ..သွေထွက်အောင်ကိုမှန်ပါလား
 နောင်  ၁၀  နှစ် ၁၅  နှစ်  အနှစ်  ၂၀    မှာလုပ်၇မဲ့    လုပ်ငန်းကို
 အခု  တစ်ထိုင်တည်းနဲ့   ဖြေလိုက်တာ    ကျုပ်စိတ်ထဲမှာတော့   ဒေါ်စု
ဦးဆောင်လုပ်တဲ့    လုပ်ငန်းမှန်သမျှ      အမှားနည်းမယ်   အမှားကင်းမယ်
   အဲဒါ   ကျုပ်အမြင်   ကျုပ်သဘောထားပဲ
မိမိလုပ်တဲ့အလုပ်    တန်ဘိုးရှိတဲ့အလုပ်    အကျိုးရှိတဲ့အလုပ်
ဖြစ်အောင်    လုပ်နိုင်တဲ့   ဦးဏှောက်ပိုင်ရှင်    တိုင်းပြည်က
တကယ်အားကိုးနိုင်တဲ့   လူကြီး  လူငယ်များ   ဖြစ်နိုင်ကြပါစေ
    ဦးသိန်းဝင်း        နော်ဝေ




ကိုသိန်းဝင်းခင်ဗျား

ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်ကို ထောက်ခံအားဖြည့်ပေးရမှာအားလုံးရဲ့ တာဝန်ဆိုတာ အမှန်ပါပဲ။  တခုပဲရှိတာက ဘယ်လိုအားဖြည့်မလဲ၊ ထောက်ခံတယ်ပြောပြီး ဘာအလုပ်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုပိုအားရှိအောင်လုပ်မလဲ။  အရင်ကလို အားလုံး ဒေါ်စုလုပ်တာပဲ ထိုင်ပြီး စောင့်ကြမလား။  နောက်ပြီး ဒေါ်စုပြောခဲ့တဲ့စကားလို အကောင်းဆုံးကိုမြှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလဲ ပြင်ဆင်ထားကြပါဆို တာကော မေ့ပစ်ကြမယ်လား။ အကောင်းဆုံးမျှော်လင့်ကြတာကောင်းပါတယ်။  သက်သာတယ်။  တကယ်လို့အကောင်းဆုံးမဖြစ်လာခဲ့ဘူး အဆိုးဆုံးဖြစ်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ပုံချကြမလား၊ ဒါမှ မဟုတ် ဘာတွေလုပ်သင့်တယ်ဆိုတာကို အစီစဉ်ချပြင်ကြမလား။  ဒါမှမဟုတ် ထုံးစံထုံးစံ များအတိုင်း အိုး- ဖြစ်လာတော့ မှမီးစင်ကြည့်ကကြဦးမယ်လား။  စဉ်းစားသင့်တာတွေကို ပြောတာပါ။ 

ကျွန်တော်တို့ အားလုံးလုပ်သင့်ကြတဲ့အခန်းကဏ္ဍတွေကကောဘာတွေလဲ။  ဘာတွေလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးပွဲမှာ အားယှဉ်ရာမှာ ပိုအားရှိအောင်လုပ်မလဲ။  ထုံးစံပဲ ပွဲထိုင်ကြည့်ကြမည်လား။  အဲ့ဒါတွေကို စဉ်းစားစေကြချင်တာပါ။ 
ငြိမ်းချမ်း


 
 
အဖြေကတော့ ထိုင်မကြည့်ဘဲ ဝိုင်းလုပ်သင့်တယ်ဘဲ ဖြစ်မှာပါ။ ထပ်ဆင့်မေးခွန်းက ဘာတွေ ဝိုင်းလုပ်နိုင်သလဲ ဖြစ်ပါတယ်။ ပြည်ပမှာက ပြည်ပက လုပ်နိုင်တာတွေဘဲ ရှိမှာပါ။ ထိရောက်သင့်သလောက် ထိရောက်မှုတွေ ရှိနေပါတယ်။ ဘုရားလည်း ဖူးရင်း၊ လိပ်ဥလည်း တူးရင်း လိပ်မကြီးလည်း ဖမ်းနေတဲ့သူတွေ အကြောင်းကတော့ ခဏထားလိုက်ပါဦး။ ကျနော့အမြင်ကတော့ တစ်ကယ်လုပ်နိုင်တာက ပြည်တွင်းကဘဲ ဖြစ်မယ်ထင်တယ်။
 
Aung Tin


  ကျေးဇူးပါပဲ။  တကယ်က ပြည်တွင်းကော၊ ပြည်ပကကော အဘက်ဘက်က ဝိုင်းလုပ်နိုင်သမျှ ဝိုင်းလုပ်နေကြရင် အားဖြစ်လာမှာပါပဲ။  ပြည်တွင်းမှာ ဆင်းရဲမွဲတေနေတဲ့လူထုတွေကို လူမှုရေးစီးပွါးရေးတွေမြှင့်တင်ပေး ဘို့နဲ့၊ စည်းရုံးညီညွတ်မှုရှိလာပြီး အားတရပ်အဖြစ်မားမားမတ်မတ်ပေါ်လာစေဘို့ ပြည်တွင်းမှာကြိုးစားနိုင်သလို၊ ပြည်တွင်းကအလုပ်တွေကို အထောက်အကူပြုဘို့ (အရင်လို နိုင်ငံတကာအကူအညီမျှော်ပြီး လုပ်စားနေကြတာမျိုးထက်) ပြည်ပကလူတွေ ကိုယ့်ဘာသာ ကိုယ်စုစည်းကြပြီး ဝိုင်းဝန်းထောက်ပံ့တာလုပ်တာမျိုး၊ အစိတ်စိတ်အမွှာမွှာကွဲပြားနေပြီး ညီညွတ်မှု ကင်းမဲ့ ၊ စုပေါင်းလုပ်ဆောင်မှုကင်းမဲ့တဲ့ ပြည်ပအင်အားစုတွေအားလုံးကို စုစည်းတာမျိုးလဲလုပ်ကြဘို့သင့်တာပဲ။ 
အမြဲပဲ ထောက်ခံတယ်ဆိုတဲ့ စကားလုံးတွေတွင်တွင်သုံးပြီး အနှစ်သာရရှိရှိမလုပ်တဲ့ အရင်အတိုက်အခံအဖြစ်တွေက ကင်းလွတ်ဘို့ စလုပ်ကြဘို့သင့်ပြီမဟုတ်ပါလား။ 

ငြိမ်းချမ်း


 
 
ဝိုင်းပြီးဆွေးနွေးပါရစေ- ပြည်ပအွန်းလိုင်းပရိဿတ်များ အဲဒိလို ဆွေးနွေးတိုင်ပင်ကျ အလေးယူ ဆောင်ရွက်ကျသင့်တာ ကြာလှပါပြီး-
ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေနဲ့ ကိုယ်ရည်သွေး ၀င့်ကြွား သူများစိန်နားကပ်ရောင် နဲ့ ပါးပြောင်တဲ့ -သဘောသာဝ တွေနဲ့ -ဝေဖန်ခြင်း ဆန်စစ်ခြင်း
ဝိုင်းဝန်းပြုပြင်လိုသျူအကြံဥာဏ်ပေးခြင်းများကို -ရန်လိုကြခြင်းများသာ-တွေ့ခဲ့နေရတာပါဘဲ။ -ဒါတွေကို -အပြစ်မပြောလိုတော့ဘဲ -မိမိတို့နိုင်ငံ၏
စံနစ်ဆိုးကိုက-နှစ်ပေါင်း ရာစု တ၀က်မျှ- ပိတ်ပင်တားဆီးထားခြင်း -ခံလာခဲ့ကြရပြ်း- ဝေဖန်သူများကို ထောင်သွင်းအကျင်းချ ထားသော စံနစ်ဆိုး
စရိုက်ဆိုးက နမူနာဖြစ်လာတော့ နောက်လာနောက်သား အားလုံးပင် ဝေဖန်သူ ဆန်းစစ်သူသည် ရန်သူလို့သာ သဘောပေါက်သွားကြလို့သာ
ဖြစ်လာခဲ့တာ အခု ထိဘဲပေါ့- သတင်းဌါနနှင့် ဝေဖန်ရေးသမားများသည် -ထောင်လမ်းတ၀က်လျှောက်ခဲ့ခြင်းသည် -စစ်အာဏာရှင်နိုင်ငံမှလွဲ၍
ဒီမိုကရေစီ နိုင်ငံများမှာ မရှိတော့ပါ။ မြန်မာနိုင်ငံအတွက် အမှန်တကယ်ဒီမိုကရေစီကို လိုလားပါက- လွတ်လပ်သော ဝေဖန်ခြင်းကို လေးစားတတ်
ဖို့လိုလာပေပြီး။ တရားမဲ့ မမှန်မကန် စွတ်စွဲ ရမ်းကားမှုကိုတော့ -တရားဥပဒေစိုးမိုး သောနိုင်ငံများက တရားဥပဒေ ဘောင်အတွးင်းက ဆောင်ရွက်
သင့်တာပါဘဲ။
           ပါတီအဖွဲ့အစည်းဆိုတာလည်း အများပြည်သူအပေါင်းက ပါဝင်ဖွဲ့စည်းထားတာကြောင့်- အားလုံး၏ လုံးလ ၀ိရိယ အင်းအားများနှင့်သာ
ကူညီ ထောက်ပံ့ ခြင်းက အမှန်အကန် ဆုံး ပါဘဲ။ နိုင်ငံရေးပါတီသည် အရင်းရှင်တဦး လူနည်းစု အုပ်စုတစ်ခု၏ ပါတီမဖြစ်ဖို့ အရေးအကြီးဆုံးပါဘဲ
အုပ်စုတစ်ခု အင်အားအနဲစု၏ အထောက်အပံ့ ဖြစ် - ထောက်ပံ့ပိုးသူ များကသာ ခြယ်လှယ်ခြင်သလို -ကြိုးကိုင်သွားရင်တော့ -အဲဒီနိုင်ငံရေးပါတီ
ဟာ မကြာခင်-ပတိပက္ခ နှင့် နေရာလု မှု- လူနည်းစု ဗိုလ်ကျ မှုကြောင့် ပါတီတွင်း လူကောင်းသူကောင်း ရှာမရဘဲ- အာဏာရှင် တပါတီ စံနစ်ဆိုး
ဖြစ်လာခြင်းကြောင့်- အများဆန္ဒ` နှင့် ဖီလာ ဆန့်ကျင်လာခြင်းကို တွေ့ရလာပါလိမ့်မယ်။
             ဒါကြောင့် နိုင်ငံရေးပါတီသည် ဒီမိုကရေစီ နှင့် နိုင်ငံရေးသမားများ မွေးထုတ်ရာ- အုပ်ချုပ်ရေးစံနစ်ကောင်း၏ တက္ကသိုလ် တစ်ခုသာ
ဖြစ်ကြောင်း နိုင်ငံရေးသမားများသည် မိမိ၏ နိုင်ငံရေးပါတီကို စံပြနမူနာသာဖြစ်သင့်ကြောင်း -အာဏာရရေး မရေ၇းမှာ ပါတီတွင်းရှိသော
နိုးင်ငံရေးသမားများ အားလုံး၏ တာဝန်သာဖြစ်ကြောင်း-ဆွေးနွေးပေးခြင်းသာ ဖြစ်ပါသည်။
အောင်မင်း (ပြည်ချစ်)
 
 
 
Friday, December 2, 2011 3:57:57 PM
On 12/3/2011 3:15 AM, Lal Thanga wrote:
 
ဆောရီးဗျာ။  ကျွန်တော်မေ့သွားတာလဲရှိနေလို့ ထပ်ရေးတာ။  ချင်းပြည်နယ်မှာ လူတွေ အေးအေးချမ်းချမ်းနေထိုင်နေကြပြီလား။  သူတို့အများစုကိုးကွယ်ယုံကြည်တဲ့ ခရစ်ယာန်ဘာသာကို အနှောင့်အယှက် မရှိပဲ လုပ်နေနိုင်ကြပြီလား။ လုပ်အားပေးတွေ၊ အဓမလုပ်တာတွေပျောက်ကွယ်ကုန်ပြီလား။  အဲ့ဒီအချိန်မှာကိုယ့်အဖွဲ့ချုပ်ရုံးမှာ အေးအေးဆေးဆေးရုံးတက်ကြဘို့ငွေလေးဘာလေးနဲနဲစုပို့ကြဘို့ စဉ်းစားတာ တော် တော်လေးကောင်းတယ်ပြောရမယ်  ဟုတ်တယ်နော။ 



ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ မလိုသေးပါဘူး--ကိုယ့်နယ်က အဖွဲ့ချုပ်ရုံး ပုံမှန်လည်ပတ်နိုင်အောင် ကိုယ့်မြို့ကိုယ့်တာဝန် သဘောထားပြီး ပိုက်ဆံ ပို့ရုံပါပဲ-။ တကထဲမှ တခါလာလဲ အဖွဲ့ချုပ်ဗဟိုကိုပဲ ဆက်ချင်သလိုလို-- ဒေါ်စု ဘာဖြစ်ရင်--ဘာလုပ်မယ် ကြီးကြီးကျယ်ကျယ် စဉ်းစားပြီး အတွေးခေါင်နေဖို့ မလိုပါဘူး--။
 
 -----------------------------------------------------------------------------------------



လက်ရှိမြန်မာ့နိုင်ငံရေးအပေါ်ဒီလိုမြင်တယ်။
(၁)အယူဝါဒအပေါ်မှာအခြေခံပြီးသံတမန်ရေးဆက်ဆံမှုတွေမဟုတ်တော့ဘူး။
(၂)ပထ၀ီအကျိုးအပေါ်မှာအဓိကဖြစ်ပေါ်လာတဲ့သံတမန်ဆက်ဆံရေး။
(၃)ကမ္ဘာ့စီးပွားပျက်ကဒ်အပေါ်မှာဖြစ်ပေါ်လာတဲ့မာတီဆက်ဆံရေး။

(၄)ဒီလိုဆက်ဆံရေးနိုင်ငံရေးဖြစ်စဉ်တွေမှာမြန်မာပြည်ဟာနှစ်(၅၀)အတွင်းတရုပ်နဲ့ပေါင်းသင်းလာတယ်။
တဘက်မှာအမေရိကန်ရဲ့စီးပွား ပိတ်ဆို့မှုကိုရုပ်သိမ်းစေချင်တယ်။အမေရိကန်ရဲ့မုန့်ကျွေးမယ်၊ဒုတ်ပေးမယ်ပေါ်လစီအပေါ်သိပ်မနှစ်မျို့လှပါဘူး။
အမေရိကန်နိုင်ငံခြေားရေးဝန်ကြီးကိုယ်တိုင်လာသော်လည်းတရုပ်အ ပေါ်သံတမန်ဆက်ဆံရေးကိုလက်
လွှတ်လို့မဖြစ်ဘူးဆိုတာစစ်အုပ်စုထဲမှာတသဘောတည်း၇ှိတာကိုတွေ့တယ်။အမေ၇ိကန်နဲ့လုံးလုံးပူးပေါင်း
မယ်ဆိုတာလက်တွေ့မှာခွင့်ပြုမှုမ၇ှိဘူး။
ဒီတော့လက်ရှိလွှတ်တော်နိုင်ငံရေးအခင်းအကျင်းမှာ-အမေရိကန်ပါဝင်လာမှုအတွက်အုပ်စု(၂)စု ဖြစ်တည်လာတယ်။အမေရိကန်ကိုလိုလားပြီးဆက်ဆံလိုတဲ့အုပ်

စုနဲ့အဲဒီလိုလိုလားတဲ့အုပ်စုအပေါ်တဘက်မလိုလားတဲ့အုပ်စုကအမေရိကန်ရဲ့ထင်သာမြင်သာဘာမှမ၇ှိသေး
တဲ့သဘောထားတွေအပေါ်မှာလက်ရှိတရုပ်အစိုးရနှင့်ဆက်ဆံမှုတွေထိခိုက်စေမယ့်ကိစ္စရပ်တွေကိုအထူး
ဂရုစိုက်နေတာကိုတွေ့ရမယ်။ဗိုလ်ချုပ်မင်းအောင်လှိုင်တရုပ်ကိုချက်ချင်းသွားပြီးသံတော်ဦးတင်နေတာကို
ကြည့်ရင်သိသာနိုင်ပါတယ်။သံတမန်လောကမှာတရုပ်နဲ့ဆက်ဆံရေးကိုဘယ်လိုမှထိခိုက်မှုမ၇ှိဘူးဟုပြော
ဆိုတာဟာအပေါ်ယံသဘောပါပဲ။ဒီတော့မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒဟာအတော်ကိုစိုး၇ိမ်စရာတွေတွေ့ရ
ပါတယ်။အမေရိကန်နိုင်ငံနဲ့တရုပ်နိုင်ငံနှစ်ခု၇ဲ့မင်းရေးကြွယ်မှုတွေအောက်မှာဘယ်လိုဆက်လက်ပြီးသွားမလဲ
ဆိုတာစိတ်ဝင်စားဘို့ကောင်းပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာတဲ့အထဲ မှာအကြောင်းပြချက်တွေကမြန်မာပြည်အရေးကိစ္စဟုဆိုသော်လည်းသိပ်ပြီးတော့မထူးခြားပါဘူး။ဒီကိစ္စတွေက
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုတိုင်လာစရာမလိုပဲေ၇ှ့မှာလုပ်ထားတွေအများကြီးပဲ။
အမေ၇ိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လာရလောက်တဲ့အခြားကိစ္စရပ်ကတော့ရှေ့ဆက်အင်အား
ချိန်ခွင်လျှာကိုအာ၇ှမှာအရေးတကြီးလိုအပ်လာတာတွေရယ်။စစ်ရေးအင်အားတွေအဆမတန်မြှင့်တ င်နေတဲ့တရုပ်ရဲအင်အားအပေါ်မှာသံသယစိတ်တွေကြီးထွားလာမှုတွေအပေါ်မှာအဓိကမူတည်နေတာ
ကိုတွေ့ရမှာဖြစ်ပါတယ်။မြန်မာတွေကတော့-သူတို့နိုင်ငံကိုအမေ၇ိကန်ကူညီဘို့ရောက်လာတယ်လို့တကယ်ထင်နေကြတာမထူးဆန်းပါဘူး။
အဲဒီနောက်မှာတိမ်တောင်သဖွယ်မင်းရေးကြွယ်ဝလာတာတွေဟာမြန်မာပြည်ဒီမိုကရေစီအတွက် သဘောထားအမှန်ဖြစ်ရင်တော့ပို၍ကောင်းတာပေါ့။ဒီလိုမှမဟုတ်ပဲတရုပ်ရဲ့ခြေလှမ်းတွေအပေါ်မှာ
သံသယနဲ့မြန်မာပြည်ကိုဝင်လာခဲ့မယ်ဆို၇င်တော့မြန်မာပြည်ရဲနိုင်ငံခြားရေးပေါ်လစီအတွက်အကြပ်ရိုက်
သွားစေနိုင်ပါတယ်။ဒီလိုအကြပ်ရိုက်သွားအောင်တရုပ်ကအရင်စလုပ်မလား၊အမေရိကန်ကအရင်စလုပ်မ
လားစောင့်ကြည့်ရဦးမှာပါ။

ဒေးဗစ်။


==========================================


အမွှန်းတင်နိုင်ငံရေး
 ကျနော်အပါအ၀င် မြန်မာပြည်သူတွေဟာ ရေနစ်သူတွေနှင့်တူကြသည်။ ရေနစ်သူဟာ ရေမှာမနစ်မြုပ် ရစေဖို့  ကောက်ရိုးမျှင်ပဲဖြစ်ဖြစ်၊သစ်ကိုင်းခြောက်ပဲဖြစ်ဖြစ်တွေ့ရင်အားကိုးတကြီးဆွဲကြသည်။ကျနော်တို့လည်းအာဏာရှင် စံနစ်၏ဖိနှိပ်မှုအောက်မှ လွတ်မြောက်ချင်လို့ ခေါင်းဆောင်ဆိုတာနှင့် ကောက်ကောက်ပါအောင် နောက်ကလိုက် ကြသည်။သူရဲကောင်းကိုးကွယ်လိုသည့် စိတ်အခြေခံလေးကလည်းရှိနေသဖြင့်မီးလောင်ရာ လေပင့်ဖြစ်နေသည်။ ခေါင်းဆောင်တွေ ခေါင်းရှောင်ကြသည့်အခါ၊ခေါင်းဆောင်မရှိသည့်အခါမှာ အယောင်ယောင်အမှားမှားတွေဖြစ်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုနစ်နာဆုံးရှုံးရမှုသည် တွက်ချက်ပြလို့ မရအောင်ပင်ကြီးမားသည်။
 မှတ်မိပါသေးသည်။ ၁၉၈၈ခုနှစ်၊မတ်လဆန္ဒပြမှုများဖြစ်ပေါ်လာသည့်အခါမှာ ဗိုလ်ချုပ်အောင်ကြီးမှ ၄၈မျက်နှာ စာတမ်းနှင့်ဗိုလ်နေ၀င်းအပါအ၀င်မဆလစံနစ်ကြီးကိုဝေဖန်ခဲ့သည်။ဗိုလ်အောင်ကြီးကိုသူရဲကောင်းအဖြစ်အားကိုး
ကြသည်။၄၈မျက်နှာစာတမ်းကိုလည်းဝိုင်းဝန်းပြီး ဖြန့် ပေးကြသည်။ သားသတ်သမားဘွဲ့ ရ ဗိုလ်စိန်လွင် သမတ ဖြစ်ချိန် အထိ ကြက်ဥတလုံးနှစ်ကျပ်ခွဲ၊စိန်လွင်ခေါင်းကိုခွဲ။ ဆန်တပြည်၁၅ပြား၊အောင်ကြီးသမတဖြစ်မှစား ဆိုပြီးလည်းအသံဝင်သည့်အထိကြွေးကြော်ခဲ့သည်။ ဗိုလ်နေ၀င်းမှ စစ်တပ်ဆိုတာမိုးပေါ်ထောင်မပစ်ဘူး၊ပစ်ရင်မှန်
အောင်ပစ်တက်တယ်၊ဆူဆူပူပူလုပ်ချင်သူတွေမသက်သာဘူးမှတ် ဆိုပြီးကြေညာ၍ ကန့် လန့် ကာ နောက်ကွယ် ၀င်သွားခဲ့သည်။ ၁၉၈၈ခုနှစ်၊သြဂုတ်လ(၂၁)ရက်နေ့ မှာဗိုလ်ချုပ်အောင်ကြီး အဖမ်းခံထားရာမှ လွတ်လာသည့် အခါမှာ စမ်းချောင်းမြို့ နယ်ရှိ ပဒုမ္မာကွင်းမှာ လူထုအစည်းအဝေးကြီး ကျင်းပဖြစ်သည်။ ဗိုလ်အောင်ကြီးက တိုက်ပုံအောက်မှာကျည်ကာအကျီင်္ကြီးဝတ်ထားပြီးတရားဟောသည်။စစ်တပ်ကိုစိတ်နှင့်တောင်မပစ်မှားပါနဲ့လည်း ပြောဆိုရော လူထုကြီးကွင်းထဲကပြန်ထွက်သွားသည်။ ကျနော်တို့ နောက်ခေါင်းဆောင်တဦးကို ရေကန်အသင့်၊ ကြာအသင့် ဆိုသလို ရှာတွေ့ ပါသည်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဟောင်းများမှာပါနေသည့် ဦးထွေးမြင့် ကျေးဇူး ဆိုလည်းမမှားပါဘူး။ ဦးထွေးမြင့်သယ်ထုတ်လာတာက လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်။ ၁၉၈၈ခုနှစ်၊သြဂုတ်လ(၂၆)ရက်နေ့ ရွှေတိဂုံဘုရားအနောက်ဖက်မုခ်ကွင်းထဲ မှာ ဒေါ်အောင်ဆန်းစုကြည် စတင်ပြီး လူထုတရားပွဲပြုလုပ်ခဲ့သည်။ သူမလည်း ဖေဖေတည်ထောင်ထားသည့် စစ်တပ်နှင့်စကားချီပြောဆိုပြီး ဆန္ဒပြသူများကို အကြမ်းမဖက်ဖို့ ပြောဆိုပြန်သည်။ တပ်ဦးအဖွဲ့ တွေကွင်းထဲမှ ပြန်ထွက်သွားခဲ့သည်။နောက်သူရဲကောင်းတဦးကို ရှာကြပြန်သည်။ အစဉ်အလာရှိသည့် ရှေ့ မှီ၊နောက်မှီအာဂ နိုင်ငံရေးသမားကြီးဖြစ်သည့် ဘဘနုဖြစ်သည်။ ဘဘနု(၀န်ကြီးချုပ်ဦးနု) စင်ပြိုင်အစိုးရဖွဲ့ ခဲ့သည်။ ကျနော်တို့  ကျောင်းသားများသည်လည်း ဒီမိုကရေစီစာဝါလိုက်နေချိန်ဖြစ်သဖြင့် နိုင်ငံရေးအခင်းအကျင်းတွေကိုမသိရှိဖြစ်နေ သည်။ ရှုပ်ထွေးနေသည်ကို နားလည်သည့်အဆင့်သာဖြစ်သည်။ ဗိုလ်ချုပ်အောင်ကြီး၊ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကြီးငါးကြီး(ဦးနု၊ဦးတင်ဦး၊ဗိုလ်ရန်နိုင်)တို့ တွေ့ ဆုံဆွေးနွေးပွဲအား ကျောင်းသားတွေမှ ကမကထပြုပြီး ဆေးတက္ကသိုလ်(၁)မှာကျင်းပခဲ့သည်။အောင်မြင်မှုမရှိဖြစ်ရသည်။ဗိုလ်အောင်ကြီးကအခမ်းအနားစီစဉ်ပေးခဲ့သည့် ကျောင်းသားတွေကို ပြောသွားခဲ့တာရှိသည်။ မင်းတို့  မတူတာကို တူအောင်လုပ်လို့ မရဘူး။ ဦးနုကအိမ်ရှေ့ တံခါး က၀င်လာရင် ငါက အိမ်နောက်တံခါးက ပြန်ထွက်သွားမှာ၊ ဦးနုက အိမ်နောက်တံခါးက၀င်လာရင် ငါကအိမ်ရှေ့  တံခါးကပြန်ထွက်သွားမှာဆိုပြီးပြောဆိုသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘဘနုကိုယုံပါသည်ဆိုပြီး ဦးနု စင်ပြိုင်အစိုးရကို မထောက်ခံခဲ့ဘူး။ ကျနော်တို့ ၏ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံက စကတည်းက ယဉ်သကိုးဆိုသည့် ပတ်ပျိုးလေးနှင့် တာထွက်ခဲ့ပါသည်။ စစ်တပ်အာဏာသိမ်းတော့မည်ဆိုတာကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့ မှာ သပိတ်အဖွဲ့ တွေ သွားဆန္ဒပြစဉ်ကတည်းက သိရှိနေပါသည်။စက်တင်ဘာလ ၁၇ ရက်နေ့  ၁၉၈၈ခုနှစ် ကုန်သွယ်ရေးရုံးကိစ္စသည် ကြိုတင်ဂွင်ချထားပြီး အာဏာသိမ်းယူဖို့ အကြောင်းပြခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၈ရက်နေ့ မှာ စစ်တပ် က အာဏာသိမ်းယူသွားပြီးဆိုသည့် သတင်းကို မြန်မာ့အသံကနေ ညနေ၄နာရီမှာ စစ်ချီသီချင်းတွေလွှင့်ပြီးကြေညာသွားပါသည်။
 ၂၀၁၁ခုနှစ်၊မတ်လ(၃၀)ရက်နေ့  သမတကြီးဦးသိန်းစိန်၏ အစိုးရသစ်မိန်ခွန်းကိုလည်း ညနေ ၄နာရီမှာ ကြေညာ သွားခဲ့သည်။စစ်တပ်အာဏာသိမ်းပိုက်ပြီဆိုတာနှင့် ညတွင်းချင်းသပိတ်အဖွဲ့ တွေကို နှိမ်းနင်းခဲ့ပါသည်။စက်တင် ဘာလ၁၉ရက်နေ့ မှာ သိမ်ဖြူကုန်း၊ မေဓါဝီလမ်းဆုံ၊ သာကေတလမ်းစုံတို့ မှာရှိသည့် ဒီမိုကရေစီသူရဲကောင်း ကျောက်တိုင်များအား စစ်တပ်မှ ဖျက်ဆီးပစ်ခဲ့သည်။ သပိတ်မှောက်အင်အားစုတွေက အာဏာသိမ်း တရားမ၀င် န၀တစစ်ကောင်စီ အား အသိအမှတ်မပြုဖို့ ပါတီမှတ်ပုံမတင်ရေး၊ အထွေထွေသပိတ်တိုက်ပွဲကို တိုးချဲ့ ဆင်နွဲ ရေးနှင့်အလုပ်သမားများလုပ်ငန်းခွင်ပြန်မ၀င်ရေးကို ချပြစည်းရုံးခဲ့သောလည်းမစွမ်းဆောင်နိုင်ဖြစ်ခဲ့သည်။တိုက်ပွဲ ပုံစံအမျိုးအစားကွဲပြားစွာတိုက်ပွဲခဲ့သည့်ဒီမိုကရေစီအင်အားစုများသည်စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေးဆိုသည့် ဘုံဦးတည်ချက်ရှိကြသောလည်း ခိုင်မာသည့် ခေတ်ပြောင်း၊စံနစ်ပြောင်း လုပ်ရပ်ကို ရှစ်လေးလုံးအချိန်ကာလ တ၀ိုက်မှာ မဖော်ထုတ်နိုင်ခဲ့ခြင်းသည် ဗိုလ်စောမောင်၊ဗိုလ်ခင်ညွန့် ၊ဗိုလ်သန်းရွှေ၊ဗိုလ်သိန်းစိန်တို့ ကို ၂၀၀၈ခုနှစ် စစ်ကျွန်စံနစ်ဖွဲ့ စည်းပုံနှင့် အသက်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
 ၉၀ခုနှစ် ဇူလိုင်လ မိုးတွေတအားရွာနေသည့် နေ့ တနေ့ ဖြစ်သည်။ ကျနော်တို့ ၈၈အက်တစ်ဗစ် ကျောင်းသား လူငယ်တွေဂန္ဒီခန်းမကြီးရှေ့ မှာလက်ချင်းချိတ်ပြီးဒီမိုကရေစီပြည်သူ့ အစိုးရသစ်တရပ် ပေါ်ထွက်ဖို့  မျော်လင့်ချက် တွေအပြည့်ဖြင့်စောင့်မျော်ခဲ့ကြသည်။ရဟန်းသံဃာတော်တွေလည်း ပါဝင်ခဲ့သည်။ မင်းကိုနိုင်(ကိုပေါ်) ဖမ်းခံနေရ သဖြင့် သူ မပါဝင်နိုင်ခဲ့ပါ၊ကေကြူ (ကိုကိုကြီး-ဗကသ ဒုတိယဥက္က) ကတော့ အတော့်ကိုအားခဲထားသည်။ သူကိုကြည့်လိုက်တော့ မိုးရေတွေနှင့်ရွှဲရွှဲစိုနေသည်။ ဂန္ဒီခန်းမကြီးအောက်မှ ပြည်သူလူထုကလည်း ကိုယ်မဲပေးခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ်တွေကို ၀ရံတာထွက်ပြီး စကားပြောခိုင်းသည့်အခါ လက်ခုပ်သံတွေဖြင့် ညံညံစီ နေကြသည်။မိုးထဲလေထဲရေထဲမှာအားရစရာကြီး၊ပျော်စရာကြီးဖြစ်သည်။လူထုသူရဲကောင်းတွေဖြင့်အောင်ပွဲခံချင် တာကို ၈၈မျိုးဆက်တွေယုံစားခဲ့သည်။ အရှုံးထဲကအမြတ်ထွက်ခြင်းဖြစ်သည်။ မကြာလိုက်ပါဘူးဗျာ။ ဒီချုပ် ဂန္ဒီကြေညာစာတမ်းထွက်လာပါသည်။အာဃာတကင်းစင်ရေး၊အထွေထွေသဟဇာတဖြစ်စွာ ငြိမ်းချမ်းစွာ အာဏာ လွဲပြောင်းရေးမူဆိုပြီး ကြေညာခဲ့ပါသည်။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများမှတ်ချက်ပေးခြင်းသည် အင်န်အယ်လ်ဒီ မေတ္တာကမ္မ၀ါစာလို့  ဖြစ်ပါသည်။ ရလဒ်သည် အင်န်အယ်ဒီဥက္ကဖြစ်သည့် ဦးကြည်မောင်ကို နူရင်ဘတ်ခုံရုံးတင်မယ့် ဆိုတဲ့ စကားကြောင့် ဗိုလ်ခင်ညွန့်  လန်ကြုပ်လုပ်ပြီး အင်းစိန်ထောင်ထဲသွင်းခဲ့သည်။ ဒီချုပ် အထွေထွေသဟဇာတကျစွာဖြစ်ရေးဆိုသည့်မူသည် ကျားနှင့်နွားမိတ်ဖွဲ့ ရေးဖြစ်သည်။ သဘာဝတရား အရ မည်သို့ မျှ လက်ခံပေးလို့ မရဖြစ်သည်။ ဆင်၊မျောက်၊ခါပုံပြင်ထဲကလို မြန်မာ့နိုင်ငံရေးမှာ အချင်းချင်း ရိုသေးသမှု ရှိခဲ့ကြရင်ဖြင့် ဦးမောင်ကို၊ဦးသော်က၊ဦးတင်ရွှေ(မုံရွာ) ဦးလှသန်း(ကိုကိုးကျွန်းမဲဆန္ဒနယ်)အစရှိသည့် အင်န်အယ်လ်ဒီသူရဲကောင်းများလည်းကျဆုံးခဲ့မှာမဟုတ်ဘူးလို့ ထင်ပါသည်။အဆိုပါ သူရဲကောင်းတွေရဲ့ ဝိဥာဉ် သည် အင်န်အယ်လ်ဒီမှာ ထာဝစဉ်ကိန်းအောင်းနေမှာဖြစ်သည်။ ပါတီဝင်တွေမှတ်ပုံတင်အဟောင်း၊ အသစ်နှင့် ဖျောက်ဖျက်ပစ်လို့ ရနိုင်သည့် ကိစ္စများလည်း မဟုတ် ခိုင်မြဲစွာ တည်ရှိသွားမှာဖြစ်သည်။ အရှိတရားများအား အတုအယောင်တွေဖြင့် ဖုံးအုပ်ဖျောက်ကွယ်ဖို့ မရိုးမသား ကြိုးစားနေခြင်းများအပေါ် အမှန်တရား ချစ်မြတ်နိုး သည့်စိတ်ဓါတ်တွေနှင့်ရင်ဆိုင်တိုက်ဖျက်သွားရမှာဖြစ်ပါသည်။
 နိဂုံးချုပ်အနေနှင့် စိုးရိမ်သည့်အချက်တချက်ကိုဖော်ထုတ်ပြလိုသည်။ သခင်သန်းထွန်း၊သခင်ဇင်၊သခင်ချစ်တို့ လို လွတ်လပ်ရေးတိုက်ပွဲကြသူအချင်းချင်းကို လုပ်ကြံသတ်ဖြတ်သည့်အခြေအနေမျိုး မဆိုက်ရောက်စေဖို့ ဒီမိုကရေစီ တိုက်ပွဲဝင်သူများမှကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။စစ်ကျွန်စံနစ်အဆုံးသတ်ရေးအတွက်အဖိနှိပ်ခံတိုင်းရင်း သားပြည်သူလူထုတရပ်လုံးကိုဝင်ရိုးပြုသည့် ဒီမိုကရေစီခံကတုတ်တွေကို စံနစ်တကျတည်ဆောက်ကာဘုံရန်သူ ကို တိုက်ပွဲဝင်သွားရမှာဖြစ်သည်။
စစ်အောင်

No comments: