မြန်မာနိုင်ငံရဲ့
ဖားတပိုင်းငါးတပိုင်းခေါင်းဆောင်တွေက ဒီမိုကရေစီစနစ်ဆီ
ခြေလှမ်းတွေလှမ်းနေပြီ၊ အပြောင်းအလဲ တွေ လုပ်နေပြီဆိုပြီး လူမြင်သူမြင်
အကွက်ဆန်းလေးတွေ ကပြနေသလို စစ်အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန် မလှည့် ဘူး၊
စစ်တပ်အာဏာသိမ်းတာမျိုး မလုပ်တော့ဘူးလို့လဲ ထပ်ခါထပ်ခါ ကတိပေးသလိုလို
အာမခံသလိုလို အမေရိကန် ကြားအောင် ပြောနေပါတယ်။
တကယ်တော့
လက်ရှိအနေအထားဟာ ၁၉၆၂-၁၉၇၄ ကာလ နဲ့ ၁၉၈၈-၂၀၁၀ ကာလလို ပြောင်အတိအလင်း စစ်အာ
ဏာရှင်စနစ်မျိုး မဟုတ်ပေမဲ့ ၁၉၇၄-၁၉၈၈ ကာလလို
ခေါင်းမြီးခြုံစစ်အာဏာရှင်စနစ်ဖြစ်နေပြီး လူမမြင်သူမမြင်နေရာ တွေမှာ
ဘာမှမပြောင်းလဲတာ မြန်မာပြည်သူလူထုက သိနေပါတယ်။ အထူးသဖြင့် အောက်ခြေက
အလုပ်သမား လယ် သမား ကျောင်းသား တောကြိုအုံကြားတိုင်းရင်းသားဘဝတွေ
အပြောင်းအလဲမရှိတာထက် ပိုအဓိကကျတာက ၁၉၆၂ ခုကနေ ဒီကနေ့အထိ
မြန်မာသမိုင်းကြောင်းကို ကြီးစိုးထားတဲ့ တပ်မတော်ရဲ့အမြင်သဘောထားတွေ၊
တပ်မတော်ရဲ့ ဖွဲ့စည်းလည်ပတ်မှုစနစ်တွေ မပြောင်းလဲတာဖြစ်ပါတယ်။ ဒါကြောင့်
အခြေခံဥပဒေတခုတည်းကို ပြင်ဆင်လိုက်ရုံနဲ့ မပြီးဘဲ တပ်မတော်ကိုပါ
တပါတည်းပြောင်းလဲပြင်ဆင်လိုက်မှ နောက်ကြောင်းပြန်မလှည့်ဖို့
အာမခံချက်ရှိမှာဖြစ် ပါတယ်။
ဗမာပြည်ရဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီပြဿနာဖြစ်တယ်၊
တိုင်းရင်းသားပြဿနာဖြစ်တယ်၊ အခြေခံဥပဒေပြဿ နာဖြစ်တယ် စသဖြင့်
ကိုယ်သန်ရာရှုဒေါင့်ကနေ ပြောနေကြပေမဲ့ ဒီကနေ့ကာလမှာ အချုပ်ကတော့
စစ်တပ်ပြဿနာပဲ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်၌က ဒီမိုကရေစီဆန့်ကျင်ရေး၊
တိုင်းရင်းသားကျွန်ပြုရေး၊ လူမှု-စီးပွား လက်ဝါးကြီးအုပ် ရေးတွေ
ခြေဆုံးခေါင်းဆုံး အရိုးစွဲနေသရွေ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊
ဥပဒေအရေးတွေအားလုံး တနွယ်ငင်တစင်ပါ ဖောက်ပြန်မှောက်မှားကုန်မှာ ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး ဖြစ်စေ၊ ဗိုလ်တင်အောင်မြင့်ဦး၊
ဗိုလ်အောင်သောင်း၊ ဗိုလ်ကျော်ဆန်းဖြစ်စေ၊ ဗိုလ်သိန်း စိန်၊ ဗိုလ်ရွှေမန်း၊
ဗိုလ်မင်းအောင်လှိုင်ဖြစ်စေ ကမ္ဘာပေါ်မှာမရှိတော့ရုံနဲ့လဲ မလုံလောက်ပါဘူး။
၁၉၅၀ ခုနှစ်များက တည်းကစ ပြီး ပုံစံသွင်းခဲ့တဲ့ အတွေးအမြင် အမူအကျင့်
စနစ်ဇယားအားလုံးကို စစ်တပ်တခုလုံးထဲက ခဝါချပစ်ဖို့ လိုနေပါတယ်။
ဘားတိုက်ပြန်သွားရုံနဲ့ မပြီးဘဲ စစ်တပ်တခုလုံးကိုပြောင်းလဲပစ်မှ
ကျန်တဲ့တနိုင်ငံလုံးမှာ အပြောင်းအလဲတွေ အနှစ်သာရ ရှိရှိ
နောက်ပြန်မလှည့်စတမ်း ဖြစ်လာပါလိမ့်မယ်။
မြန်မာ့တပ်မတော်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး
ဘယ်လက်ရုံးတွေဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရဲထွဋ်၊ ဗိုလ်ကျော်ဇော
တို့ကို တယောက်ပြီးတယောက် ပထုတ်ခဲ့ပြီးနောက် စစ်လက်ဝါးကြီးအုပ်ဝါဒကို
ဗိုလ်နေဝင်း၊ ဗိုလ် မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့က
တစတစသွတ်သွင်းလာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်နဲ့
လုံးဝကွဲလွဲပြီး တိုင်းပြည့်ကယ်တင်ရှင်ဝါဒမျက်နှာဖုံးနဲ့
အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ရေးကို စ,စဉ်းစား စ,ခြေလှမ်းလာခဲ့ပါ တော့တယ်။
မြန်မာစစ်တပ်ဟာ ၁၉၅၂ ခု တပ်မှူးညီလာခံကတည်းက
နယ်ဖက်ကိစ္စတွေဖြစ်တဲ့ စီးပွားရေး၊ ဘဝသစ်ဖန်တီးရေး၊ ကျေး လက်ကြီးပွားရေး၊
ဒေသန္တရအုပ်ချုပ်ရေး၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး စတာတွေကို
ဝင်စွက်ဖက်ဖို့ ခြေလှမ်းလာပါ တယ်။ ဒီလိုနဲ့ ၁၉၅၄ စက်တင်ဘာ
မေမြို့တပ်မှူးညီလာခံမှာ ဒီမိုကရေစီအစိုးရလက်အောက် အမှုထမ်းနေရက်နဲ့ သီးသန့်
တပ်မတော်ဝါဒသဘောတရားထားဖို့ စ,ဆွေးနွေးခဲ့ပါတယ်။ ၁၉၅၅ ခု အောက်တိုဘာလမှာ
ရေတပ်နဲ့လေတပ်ကို ကြည်း တပ်ဦးစီးချုပ်အောက် စသွတ်သွင်းပြီး
လက်နက်ကိုင်တပ်အားလုံးကို တလက်ကိုင်စနစ် စ,ကျင့်သုံးခဲ့ပါတယ်။ ကြည်း
တပ်ဦးစီးချုပ်ကို ကြည်း-ရေ-လေ တပ်မတော်တခုလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ်
ထာဝရသတ်မှတ် လိုက်ပါတော့ တယ်။
တပ်မတော်ဟာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါဘဲလျက်
တပ်မတော်ဝါဒသဘောတရား ideology ဖော်ထုတ်ရေး အဆို ပြုချက်ကို
ဗိုလ်ချုပ်နေဝင်းက ၁၉၅၆ ခု မိတ္ထီလာ တပ်မှူးညီလာခံမှာ
တရားဝင်တင်သွင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို စိတ်ကြိုက်ချဲ့ကား
မြှောက်ပင့်ဖို့ ဒီနှစ်ထဲမှာဘဲ ဆိုက်ကိုဌာနဖွင့်ခဲ့ပြီး ပြည်သူလူထုထဲ၊
အထူးသဖြင့် စစ်တပ်ထဲ မှာ စစ်တပ်သည်အကြီးမြတ်ဆုံး ဆိုတဲ့
အတွေးအခေါ်နဲ့လုပ်ဟန် စ,သန္ဓေတည် စေခဲ့ပါတယ်။ ၁၉၅၇ စက် တင်ဘာ တပ်
မှူးညီလာခံအပြီး အောက်တိုဘာလမှာ
တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (ဆိုက်ကို ဌာန) က ချစ်လှိုင်
နဲ့ စောဦး တို့ရဲ့ နာမရူပဝါဒကို မြဝတီမဂ္ဂဇင်းမှာ ကိုယ့်သဘောနဲ့ကိုယ်
ဝါဒဖြန့်လာခဲ့ပါတယ် (၁၉၆၂ -၁၉၈၈ မဆလ ဝါဒ ရဲ့ရှေ့ပြေး ဖြစ်ပါတယ်)။
အလုပ်သမား-လယ်သမား-ကျောင်းသား-သံဃာတိုက်ပွဲတွေပေါ်တဲ့အခါ
တပ်မတော်ရဲ့အဓိကတာဝန်က တရားဥပဒေ စိုးမိုးရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ
ဆိုပြီး ဒီမိုကရေစီကိုလဲပစ်ပယ်၊ ရဲအလုပ်ကိုလဲဝင်ရှုပ် လက်ဝါးကြီး အုပ်
ခဲ့သလို တိုင်းရင်းသားတွေရဲ့ အကြမ်းမဖက်/လက်နက်ကိုင် ဖက်ဒရယ်လှုပ်ရှားမှု
ဖြစ်လာတဲ့အခါမှာတော့ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည်ပထမ၊
ဒီမိုကရေစီရေးသည်ဒုတိယ ဆိုပြီး အာဏာကိုလက်ဝါးကြီးအုပ်ဖို့ လုပ်လာခဲ့ပါ တယ်။
သေချာတာကတော့ စစ်ခေါင်းဆောင်တွေဟာ “ဒီမိုကရေစီရေးသည်ပထမ”လို့ ဘယ်တုန်းကမှ
မခံယူခဲ့တာဘဲ ဖြစ်ပါတယ်။
၁၉၅၈ ခု ဇွန်လမှာ သန့်ရှင်းဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုက
ပြည်တွင်းငြိမ်းချမ်းရေးအတွက် သင်ပုန်းချေ လွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေ
ပြဋ္ဌာန်းရေး၊ တော်လှန်ရေးအဖွဲ့များ ဥပဒေတွင်းတရားဝင်ရပ်တည်နိုင်ရေးတို့ကို
ကတိပေးကမ်းလှမ်းပြီး တွေ့ဆုံဆွေးနွေးဖို့လုပ်လာတဲ့အခါ ပြည်တွင်းစစ်နဲ့
အင်အားကြီး လူရာဝင်လာတဲ့ စစ်တပ်ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ် ပြီး
အာဏာသိမ်းဖို့ စတင်ကြံစည် လှုပ်ရှားလာခဲ့ပါတယ်။
၁၉၅၈ စက်တင်ဘာ မိတ္ထီလာ တပ်မှူးညီလာခံမှာ တပ်မတော်ဝါဒသဘောထား
ထုတ်ပြန်ခဲ့ပြီး ဒီလထဲမှာဘဲ အိမ်စောင့် အစိုးရ နာမယ်ခံ
ပထမအကြိမ်အာဏာသိမ်းခဲ့ပါတယ်။ ဒီလိုအာဏာသိမ်းထားတာကို အခွင့်ကောင်းယူပြီး
၁၉၅၉ တပ်မ တော်အက်ဥပဒေကိုလဲ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကြောင့် တပ်မတော်ဟာ
နိုင်ငံထဲမှာ ငါ့မင်းငါ့ချင်းဖြစ်သွားပြီး ကြည်း
တပ်ဦးစီးချုပ်တယောက်တည်းရဲ့ အမိန့်ကိုသာ နာခံရတော့တဲ့အခြေအနေ
ဖြစ်သွားခဲ့ပါတယ်။ ဆိုက်ကိုဌာနကလဲ အိမ် စောင့်အစိုးရလက်ထက်မှာ တပ်မတော်ကသာ
တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့အကြောင်း၊ တော်ကြောင်းကောင်း ကြောင်းတွေ
နင်းကန်ဝါဒဖြန့်ပေးခဲ့ပါတယ်။
စစ်တပ်ဆိုက်ကိုဌာနဟာ ဗကပ၊ အလံနီ၊ ကေအဲန်ယူတို့ရဲ့
ဆိုးသွမ်းမှုဆိုတာတွေကို (ဥပမာ- ဖြူးတိုက်ပွဲ၊ ရထားဗုံး ခွဲမှု၊
တက္ကသိုလ်ကျောင်းသူတွေကို တရုတ်ဖြူဆီမှာ လက်နက်နဲ့လဲမှု) ပုံကြီးချဲ့
သို့မဟုတ် လုပ်ဇာတ်ဖန်တီး ထပ်တလဲ လဲဝါ ဒဖြန့်ပြီး ရခိုင်၊ တနင်္သာရီ၊ ကရင်၊
ကရင်နီ နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူသတ်မှုတွေ၊ လူ့အခွင့်အရေး ဖောက်
ဖျက်မှုတွေ (ဥပမာ- လယ်ဝေး၊ တောပန်းဇင်၊ ပုလော၊ မြလဲ၊ လွိုင်လင်) ကို
ဖုံးအုပ်ဖျောက်ဖျက်တာ လုပ်ပေးနိုင်လို့ ကွန် မြူနစ်နဲ့
တိုင်းရင်းသားသူပုန်တွေကို လူဆိုးလူရိုင်းတွေ၊ အကြမ်းဖက်သမားတွေ၊
ပြည်ထောင်စုဖြိုခွဲသူတွေ၊ စစ်တပ်ကို တော့ တကယ့်မျိုးချစ် သူတော်ကောင်း
သူရဲကောင်းတွေအဖြစ် တပ်ထဲမှာရော၊ ပြည်သူလူထုထဲမှာပါ သရုပ်ဖျက် ပုံရိပ်
ဖန်တီး စွဲမှတ်စေခဲ့ပါတယ်။
၁၉၆၂ ခု စစ်အာဏာသိမ်းပွဲဟာ တိုင်းရင်းသားတွေ
ခွဲထွက်မယ်ဆိုတဲ့ ဖက်ဒရယ်အရေး အသံလွှင့်ရုံဆွေးနွေးပွဲ အ ကြောင်းပြခဲ့ပေမဲ့
၁၉၆၁ ခု နိုဝင်ဘာလောက်ကတည်းက စီစဉ်ခဲ့တာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဝင်
ဗိုလ်မှူး ချုပ်အောင်ကြီး နဲ့ ဗိုလ်မှူးချုပ်တင်ဖေတို့က ထုတ်ပြောခဲ့ကြပါတယ်။
အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ရာကနေ နောက်ဆုံး တော့
အိမ်ကြီးကိုလုံးလုံးဖျက်ချပစ်လိုက်ပြီး ပုံမကျပန်းမကျအိမ်ငယ်က
မင်းမူလိုက်တာဖြစ်ပါတယ်။
တကယ်တော့ အာဏာသိမ်းတဲ့အကြောင်းတရားတွေထဲမှာ
ဦးနုရဲ့ပထစအစိုးရဟာ တမျိုးသားလုံးစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းဖို့
စဉ်းစားအားထုတ်လာတဲ့အတွက် တပ်တွင်းလက်ဝါးကြီးအုပ်အာဏာ
လျော့ပါးထိခိုက်သွားမှာစိုးတာလဲ တ ကြောင်းပါပါတယ်။ ဗိုလ်နေဝင်းရဲ့
အာဏာသိမ်းစစ်အစိုးရလက်ထက် ၁၉၆၉ တပ်မှူးညီလာခံမှာလဲ အဲ့ဒီအချိန်တုံးက
လုပ်စားနေတဲ့ “ဆိုရှယ်လစ်” မျက်နှာဖုံးနဲ့ကိုက်ညီရအောင်
တမျိုးသားလုံးစစ်မှုထမ်းဥပဒေထုတ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ် အုပ်စုရဲ့
အထူးအခွင့်အရေးတွေ ထိခိုက်ဆုံးရှုံးမှာစိုးလို့ ဒီကိစ္စကို
ချောင်ထိုးလိုက်ပါတော့တယ်။ ၁၉၆၉ ခုနောက်ပိုင်းမှာ တပ်မှူးညီလာခံကိုလဲ
တခါမှမခေါ်တော့ဘဲ ၁၉၈၈ ဒီဘက်ပိုင်းကျမှ လေးလပတ်အစည်းအဝေးဆိုပြီး တနှစ်
သုံးခါ တပ်မှူး တွေကို အစည်းအဝေးခေါ် ကွပ်ညှပ်နေပါတယ်။
ပြည်တွင်းစစ်ကိုအမှီပြုပြီး အင်အားကြီးထွား
သြဇာမြင့်မားလာတဲ့စစ်တပ်ဟာ သူ့သြဇာအာဏာကို ခွဲပေးရမယ့် ဖက်ဒ ရယ်စနစ်၊
ဒီမိုကရေစီစနစ် နဲ့ လူတိုင်းစစ်မှုထမ်းစနစ်တို့ကို မလိုလားခဲ့တာ သဘာဝပါဘဲ။
ပထမအာဏာသိမ်းပွဲ သို့မဟုတ် အိမ်စောင့်အစိုးရလက်ထက်ကစပြီး
စစ်ဗိုလ်တွေကို အထူးအရာရှိတွေအဖြစ် အရပ်ဖက် အစိုးရဌာနတွေမှာသွင်း
အရပ်သားဝန်ထမ်းတွေအပေါ် လွှမ်းမိုးဗိုလ်ကျတာတွေ စလာခဲ့ပါတယ်။ ၁၉၆၂
အာဏာသိမ်းပွဲ နောက်ပိုင်းမှာ ဒီလုပ်ရပ်ဟာပိုဆိုးလာပြီး နေရာတကာမှာ
အခွင့်ထူးခံစစ်ဗိုလ်တွေကြီးစိုးချယ်လှယ်တာ ဖြစ်လာသလို ၂၀၁၀
ရွေးကောက်ပွဲမတိုင်ခင်လေးမှာလဲ စစ်ဗိုလ်တွေကို ဌာနဆိုင်ရာတွေနဲ့
ထွေ/အုပ်တွေထဲ အစုလိုက် အပြုံလိုက် ထည့်သွင်း ကြိုတင်နေရာချခဲ့ပါတယ်။
တပ်ချုပ်သန်းရွှေရဲ့အစီအစဉ်အောက်မှာ ဝန်ကြီးတွေအပါအဝင် အရပ်ဝတ်လဲ လိုက်တဲ့
စစ်ဗိုလ်တွေဟာ တပ်တွင်းထုံးတမ်းစဉ်လာသတ်မှတ်ချက်အရ အရပ်ဘက်ပြောင်းပြီး
လေးလအထိ ယူနီဖောင်း ဆက်ဝတ်ခွင့်တောင် မရတော့ဘဲ အရပ်ဝတ်တမျိုးဘဲ
မဝတ်မနေရဝတ်ရပါတယ်။
အရည်အချင်းညံ့ဖျင်းပြီး သက်ဆိုင်ရာပညာရပ်
ကျွမ်းကျင်မှုမရှိတဲ့ စစ်ဗိုလ်တွေရဲ့ နှစ်ပေါင်း ၅၀ လွှမ်းမိုးချယ်လှယ်မှု
အောက်မှာ တိုင်းပြည်ဟာ ဖွတ်တက်သွားခဲ့ပါတော့တယ်။ စစ်အလွှာအတွက်
အခွင့်ထူးခံပညာရေး ကျန်းမာရေးစနစ် တွေလဲ ပေါ်ထွန်းလာပြီး
သာမန်ပြည်သူတွေအတွက် ပညာရေး ကျန်းမာရေးတွေ ခြွတ်ခြုံကျပျက်စီးသွားခဲ့ပါတယ်။
စစ်တပ်ဟာ နယ်ဖက်အုပ်ချုပ်ရေးထဲ အတင်းဝင်နေရာယူ
လက်ဝါးကြီးအုပ်သလို စီးပွားရေးနယ်ပယ်မှာလဲ MBA ဘွဲ့ရ တယောက်မှမပါတဲ့
ဦးပိုင်နဲ့ MEC တို့ဟာ ဈေးကွက်အခြေမခံဘဲ အာဏာကိုအခြေခံပြီး
တမိုးလုံးဖျောက်ဆိပ် လက်ဝါး ကြီးအုပ်ထားပါတယ်။ ဗိုလ်ချုပ်မိသားစုတွေ
ရှယ်ယာပါတဲ့ လက်ဝေခံ မသူတော်ဂိုဏ်းဝင် စီးပွားရေးသမားကြီးတွေကလဲ
သာမန်ပြည်သူတွေ ဘယ်လိုမှမတိုးနိုင်အောင် နိုင်ငံဓနဥစ္စာတွေကို
ထိန်းချုပ်ချယ်လှယ်နေပါတယ်။
၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့
ဗိုလ်ချုပ်ခင်အောင်မြင့်တို့က တပ်မတော်မှာ အစဉ်အလာမရှိဖူးတဲ့ စည်းကော်
(စည်းရုံးရေးကော်မတီ) ကိုထူထောင်ပြီး တပ်မတော်သားတွေနဲ့
မိသားစုတွေအားလုံးရဲ့ နေ့စဉ်ဘဝတွေကို အကြွင်းမဲ့ ချုပ်ကိုင်လိုက်ပါတယ်။
(မဆလခေတ်တုံးက တပ်မတော်ပါတီစည်းရုံးရေးကော်မတီတွေကတော့ ပါတီလိုင်းကိုပဲ
သွတ် သွင်းခဲ့ပါတယ်။) အတိုက်အခံတွေ၊ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး
အချုပ်အခြာအာဏာ ဆုံးရှုံးအောင် လုပ်နေသူတွေ၊
ပြည်ထောင်စုပြိုကွဲအောင်လုပ်နေသူတွေ၊ မျိုးချစ်စိတ်မရှိသူတွေ၊
တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ် နေသူတွေအဖြစ် တပ်ကို
သတင်းအမှားပေးတဲ့နည်း misinformation/disinformation နဲ့
ရန်သူအဝိုင်းခံစိတ်နေစိတ်ထား သက်ရောက် စိုးရိမ်ချောက်ခြားနေအောင်
တောက်လျှောက် ကောက်ကောက်ကျစ်ကျစ် လုပ်ထားခဲ့ပါတယ်။
၁၉၅၀ ခုနှစ်များအလယ်ပိုင်းလောက်ကစပြီး စစ်တပ်ကို
ပုံစံသွင်းခဲ့တဲ့အတွက် ဒီကနေ့ တစညဖြစ်စေ၊ ထောက်လှမ်း ရေး ချုပ်
ဗိုလ်ခင်ညွန့်ဖြစ်စေ စစ်လက်ဝါးကြီးအုပ်ရည်ရွယ်ချက်အတွက်ဘဲ
သသဏ္ဌာန်အမျိုးမျိုးနဲ့ လုံးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ
ဒီမိုကရေစီစနစ်တို့၊ နိုင်ငံတကာကစံထားတဲ့ အရပ်သားအုပ်ချုပ်ရေးစစ်စစ်တို့ကို
စိတ်ကူးတာ မဟုတ်ပါ။ ဒါပေ မဲ့ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်တဲ့အတွေးအခေါ်ကနေ
ကျဉ်းမြောင်းတဲ့ဂိုဏ်းဂဏဝါဒ၊ အစွန်းရောက် မဟာဝါဒတွေ မလွဲ
မသွေပေါက်ဖွားစေတဲ့အတွက် လက်ရှိဗိုလ်ချုပ်တွေထက် စစ်ရေးစစ်ရာမှာ
အပုံကြီးသာတဲ့ ဗိုလ်ထွန်းရီ၊ ဗိုလ်သန်းတင်၊ ဗိုလ်တင့်ဆွေတို့ဦးစီးတဲ့ တစည
ကိုတောင် နေရာမပေးနိုင်အောင် သန်းရွှေ-သိန်းစိန်စစ်အုပ်စု က
မစ္ဆရိယစိတ်များလှပါ တယ်။
ရေရှည်စနစ်တကျပုံစံသွင်းဖျက်ဆီးခံခဲ့ရတဲ့ စစ်တပ်ဟာ
အရေအတွက် အရည်အသွေး အရည်အချင်းတွေ ကျဆင်းလာ တာ မဖုံးနိုင်မဖိနိုင်
ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ၂၀၁၁ ခု အောက်တိုဘာ ၂၅ ရက် ဗန်းမော်ခရိုင်တွင်းက
တိုက်ပွဲမှာ လက်အောက်ငယ်သားတွေ အသက်ဆုံးမှာကိုငဲ့ကွက်ပြီး အမိန့်မရဘဲ
စစ်မြေပြင်ကဆုတ်ခွာခဲ့တဲ့အတွက် စကခ-၂၁ လက်အောက်ခံ ခလရ ၄၇ တပ်ရင်းမှူး
ဗိုလ်မှူးညီညီအောင် (တေဇ အပတ်စဉ် ၂၅) ထောင်ဒဏ် ၂၅ နှစ်၊ ဗိုလ်ကြီးဖြိုးဝေ
အောင် ထောင်ဒဏ် နှစ် ၂၀၊ အခြားအဆင့် ၁၂ ဦး ထောင်ဒဏ် ၁၅ နှစ်
အပြစ်ပေးခံခဲ့ရပါတယ်။ တပ်မ ၈၈ ရဲ့ ခမရ ၃၁၇ ကအရာရှိတွေလဲ ဒီဇင်ဘာ ၁၀ ရက်နေ့
ခိုင်ဘန်တိုက်ပွဲမှာ အကြီးအကျယ်စစ်ရှုံးခြင်းပြစ်မှုနဲ့
စစ်ခုံရုံးတင်ခံရပါတယ်။
အောက်တိုဘာ-နိုဝင်ဘာထဲမှာ မပခ လက်အောက်ခံ ခလရ ၂၁၊ ခလရ ၃၇၊
ခလရ ၅၈၊ ခလရ ၂၆၀၊ ခမရ ၄၃၇ နဲ့ တ ခြားတပ်ရင်း ၂ ရင်းက တပ်ရင်းမှူးတွေလဲ
ထုတ်ခံရ သို့မဟုတ် ရာထူးချခံရပါတယ်။ စကခ-၂၁ လက်အောက်ခံ ခမရ ၄၃၈ တပ်ရင်းမှူး
နဲ့ ဒကစ(တနိုင်း) လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းမှူးတို့ကတော့ တိုက်ပွဲမှာ
ကျဆုံးခဲ့ပါတယ်။
စစ်ရပ်စဲဖို့ပြောတဲ့ သမတအမိန့်ကို တပ်ကမနာခံတာမဟုတ်ဘဲ
ယူနီဖောင်းချွတ်တွေက ဘယ်လိုပြော၊ ယူနီဖောင်း ဝတ် တွေက ဘယ်လိုလုပ်ဆိုပြီး
တပ်ချုပ်ကြီးသန်းရွှေ ဇာတ်ညွှန်းဆွဲ စီစဉ်ညွှန်ကြား ဇာတ်တိုက်ခဲ့ပေမဲ့
မထင်တာတွေက ဖြစ် လာလို့ ကြံ့ဖွတ်စစ်ခေါင်းဆောင်တွေ ရှက်ရမ်းရမ်း
ရှုံးမဲမဲနေတာလဲ တွေ့ရသလို ပေါက်ကွဲလုဆဲ အောက်ခြေတပ်တွေ ကြောင့်
တနပ်စားငြိမ်းချမ်းရေးတွေ ဒရောသောပါးလိုက်လုပ်နေတာလဲ တွေ့ရပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ခွဲမရတဲ့
တပ်မတော်ပြင်ဆင်ပြောင်းလဲရေးအတွက် တလက်ကိုင်စနစ် ဖျက်သိမ်းရေး၊ တပ်
မတော်သားအခွင့်အရေး အပြည့်အဝပေးရေး နဲ့ တပ်မတော်သားသမဂ္ဂ ဖွဲ့စည်းရေး၊ ပုဒ်မ
၆၅ နဲ့တကွ တပ်မတော် အက် ဥပဒေထဲက မူမမှန်တဲ့အပိုင်းတွေကို
ဒီမိုကရေစီနည်းကျကျ ပြန်လည်သုံးသပ်ပြင်ဆင်ရေး သို့မဟုတ် တပ်မတော် အက် ဥပဒေ
နည်းဥပဒေတွေ အသစ်ပြန်ဆွဲရေး၊ ဦးပိုင် နဲ့ မသူတော်စီးပွားရေးဖျက်သိမ်းရေး၊
အစိုးရဌာနတွေထဲက မိုးကျရွှေ ကိုယ်များ ဖယ်ရှားရေး၊ ရေးချုပ် ထောက်ချုပ်
ထုတ်ချုပ် ကျင့်ချုပ် စရခချုပ် စစ်ဆေးရေးချုပ်တွေကို ကြည်းတပ်လက်ဝါး
ကြီးအုပ်မှု တပ်ချုပ်လက်ဝါးကြီးအုပ်မှုပယ်ဖျက်ရေး၊ ကကဝယ်ကို ပညာရှင်တွေနဲ့
သက်ဆိုင်ရာလက်ရုံး တွေဦးစီးရေး၊ ဦးစီးချုပ်တွေကို ပြည်သူ့ကိုယ်စားလှယ်တွေက
ထိန်းချုပ်ရေး စတာတွေလုပ်ဖို့ အရေးတကြီး လိုလာပါပြီ။ ဘယ်သူလုပ် လုပ်
မလုပ်လုပ် သောက်သောက်လဲအသေခံနေရ၊ စက်နဲ့လှည့်ထုတ်သလို ဒုက္ခိတဖြစ်နေရ၊
မိသားစုတွေ နောက်တန်း မှာ စားရမဲ့သောက်ရမဲ့ဘဝဖြစ်နေရတဲ့
အောက်ခြေတပ်မှူးတပ်သားတွေကတော့ စစ်မှန်တဲ့ တပ်မတော်အကျိုးစီးပွား၊
နိုင်ငံ့အကျိုးစီးပွားကို မဖြစ်ဖြစ်အောင်လုပ်ဖို့ တာစူနေပါပြီ။
ကလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မ ၅၅ ရဲဘော်တွေ ယူနီဖောင်းဝတ်ပြီး ပြောင်ထွက်ကြိုခဲ့တာ အကင်းပဲ ရှိပါ သေးတယ်။
ဂါမဏိ
No comments:
Post a Comment