Saturday, March 31, 2012

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်

်ရွေးကောက်ပွဲသုံးခုတွင်မဲပေးခဲ့သော(၉၄)ရပ်ကွက်မှအသက်၈၀အရွယ်ကျောင်းဆရာကြီးတစ်ဦးအားမေးမြန်းနေစဉ်
 
လှည်းကူးမြို့မဲရုံအမှတ် ၁ တွင် မဲစာရင်းအရ ၁၀၈၁ ရှိပြီး၊ န့နက် ၆နာရီ ၁၀မိနစ်တွင် စတင်ဖွင့်လှစ်ကြောင်း မြစ်မခ သတင်းထောက်ကျော်ဇင်မန်းမှ သတင်းနှင့်ဓါတ်ပုံ ပေးပို့သည်။
 
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ၏ သားဖြစ်သူနှင့် ဇနီးက NLD ပါတီကို မဲပေး
မရမ်းကုန်း မဲဆန္ဒနယ်တွင် နေထိုင်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ သားဖြစ်သူနှင့် ဇနီးက ယနေ့နံ့နက် ၈ နာရီ ၄၅ မိနစ်က မဲရုံ (၇) ကိုရောက်ရှိလာပြီး မဲပေးသွားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မီဒီယာဂရုပ်မှ မေးမြန်းကြည့်ရာ NLD ပါတီမှ ဒေါက်တာမေဝင်းမြင့်
ကို မဲပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

‘‘ NLD ပါတီကို ကျွန်တော်ဘာကြောင့် မဲပေးရသလဲဆိုရင် လူပုဂ္ဂိုလ်အရ ယုံကြည်လို့ သူ့ကိုမဲပေးတာ ဖြစ်ပါတယ် ’’ဟု ဖြေကြားခဲ့သည်။
 
။
စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိမဲရုံတွင် အမျိုးသမီးရေးရာအဖွဲ့ဝတ်စုံများဖြင့် မဲရုံစောင့်နေကြပြီး မဲရုံစောင့်အမျိုးသမီးတစ်ဦးက မိမိမကြိုက်သည့်ပါတီအား အမှန်ခြစ်၍မဲပေးကြရန်ပြောဆိုကြောင်း မဲရုံကိုယ်စားလှယ်တစ်ဦးကပြောကြားပါသည်။
 
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
 
ဧရာဝတီတိုင်း။ အမှတ်၃ ရပ်ကွက်၊ မဲရုံအမှတ် ၇ တွင် ၆နာရီကျော်မှ မဲရုံဖွင့်ခဲ့ပြီး၊ သတင်းဓါတ်ပုံ၇ိုက်ခွင့်မပြုခဲ့ကြောင်း၊ မဲရုံအကွာအဝေးကိုက် ၅၀၀ ကိုကြိုးများတာ်းပြီး သတ်မှတ်ထားကြောင်း၊ မြစ်မခသတင်းထောက် ဘုန်းမြတ်သူက သတင်းနှင့်ဓါတ်ပုံ ပေးပို့သည်။
 
  မရမ်းကုန်းမဲဆန္ဒနယ်မှ မြင်ကွင်းများ
 
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ ရက် (ယနေ့) နံနက်ပိုင်းက တွေ့ရစဉ်
 
 

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
 
 
 
 
 

No comments: