Wednesday, March 28, 2012

သတင်း


 

 

  လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး

ကရင်နီပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံမှ ရန်ကုန်သို့ သွယ်တန်းပေးနေသည့် လျှပ်စစ်တာဝါတိုင် အောက်တွင် မြုပ်နှံထားသည့် မိုင်းပေါက်ကွဲရာမှ ကလေး နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
 ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက်လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက်ပြောသည်။

ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"

အစိုးရတို့နှင့် ကရင်နီပြည်တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက်ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။ 


"အစိုးရတွေကတော့ သူတို ကျနော်တို့နဲ အကြောင်းပြချက် ပေးပြီတော့ ဒီမိုင်းတွေကို ထောင်ထားတာပါ။ လောပိတာ စက်ရုံကနေ တောင်ငူအထိ တောက်လျောက် ထောင်ထားတယ်။ တတိုင်ကို မိုင်း ၁၀ လုံး ထက်မနည်းတော့ ထောင်ထားတာ ရှိတယ်" ဟု ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။


ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မြေမြုပ်မိုင်း ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း တစုံတရာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း "ကျနော်တို့ တင်ပြတဲ့ အချက် ၂၀ ထဲမှာ ပါတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သမ္မတဆီကို ပြန်တင်ပြပေးမယ်လို့ပဲ ပြောတယ်" ဟု ဆက်လက်ပြောပါသည်။


လွန်ခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့သည် လွိုင်ကော်မြို့ တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စသည့် အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။


အပစ်ရပ်စဲသဘောတူ လက်မှတ်ရေးထိုးပြီး၍ မြေမြုပ်မိုင်း ဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှ ခူးတော်ရယ် က ပြောသည်။


"ဒီလမ်းမကြီးဘေးမှာ အခုထိ မြေမြုပ်မိုင်းတွေကို ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်။ အစိုးရ အနေနဲ့ ဖယ်ရှားပေးဖို့ သင့်ပါပြီ။ ထားတယ်ဆိုတာကတော့ အရင့်အရင်က လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ ရန်ကို အကာအကွယ် ထားတယ်လို့ပဲ မြင်တယ်လေ။ အခုချိန်မှာ ဖျက်မယ့် လူလည်း မရှိတော့ဘူးလို့ ကျနော် အဲလိုပဲ မြင်တယ်လေ။ အဲဒါကြောင့် ဖယ်ရှားပေးဖို့ လိုတယ်" ဟု ခူးတော်ရယ် က ပြောပါသည်။


လျှပ်စစ်ဓါတ်တိုင်အောက်တွင် ထောင်ထားသော မြေမြုပ်မိုင်များကို ဒေသခံများဖြစ်စေ၊ ကျွဲ၊ နွား တိရိစ္ဆာန် များဖြစ်စေ နင်းမိပါက အစိုးရမှ လျှော်ကြေးငွေ ပြန်တောင်းလေ့ရှိသော်လည်း ယခုတကြိမ်တွင် တစုံတရာ ပြောကြားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။

 ကန္တာရ၀တီတိုင်း(မ်)

သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေဖြစ်ပွား​ခဲ့​ပါတယ်။

ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက်ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင်တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။

ဓါတ်ပုံ (Google Images)
“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေကို​တော့​ မရရှိ​သေး​ပါဘူး​။ သိန္နီတံတား​ဟာ မူဆယ် – မန္တ​လေး​ လမ်း​မကြီး​ပေါ်မှာရှိပြီး​ ကွန်ကရစ်တံတား​ အမျိုး​အစား​ ဖြစ်ပါတယ်။ ဗုံး​ကွဲမှု​ကြောင့်​ ကွန်ကရစ် တံတား​တိုင် အနည်း​အကျဉ်း​ ထိခိုက် မှုရှိ​ပေမယ့်​ ကြီး​ကြီး​မား​မား​ပျက်စီး​မှုမရှိခဲ့​ပါဘူး​။ ဒါ့​ပြင် ယာဉ်အသွား​အလာ​တွေလည်း​ ဆက်လက် ရှိ​နေဆဲလို့​သိရပါတယ်။

ဗုံး​ကွဲရတဲ့ ​ အ​ကြောင်း​အရင်း​နဲ့​ ဘယ်သူ့​လက်ချက် ဖြစ်သလဲ ဆိုတာကို​တော့​ မသိရ​သေး​ဘဲ သိန္ဒီရဲစခန်း​နဲ့​လည်း​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

သိန္နီမြို့​ဟာ လာမယ့်​ ၂၀၁၀ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ လွှတ်​တော်အတွက် ကိုယ်စား​လှယ်​လောင်း​တွေ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ​နေရာဖြစ်ပါတယ်။ ဒီဗုံး​ပေါက်ကွဲမှု​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ လုံခြုံ​ရေး​ အ​ပေါ် သက်​ရောက်မှုရှိ၊​ မရှိက​တော့​ မသိရ​သေး​ပါဘူး​။ 

ဒီဗွီဘီ

SSA တိုက်ခိုက်ခံရမှု ဦးအောင်မင်းက သမ္မတနှင့် တိုက်ရိုက် ဆွေးနွေးမည်



အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ကို အစိုးရတပ်မှ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း အပေါ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု သတင်းရရှိသည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် အစိုးရ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းတို့ ယမန်နှစ် ဒီဇင်ဘာလက ဆွေးနွေးပွဲ (ဓာတ်ပုံ - thaifreedom.com)
အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေမှုများအပေါ် SSA-S ဥက္ကဋ္ဌ ရွက်ဆစ်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ထံ ယခုလ ၂၃ ရက်နေ့က စာပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် SSA-S နှင့် အပစ်ရပ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သူ ဦးအောင်မင်းက ထိုကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးပေးမည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “တိုက်ပွဲတွေဖြစ်ပွားနေမှုကို သူ့အနေနဲ့ သမ္မတနဲ့ တိုက်ရိုက် ဆွေးနွေးပေးသွားမယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဦးအောင်မင်းက ဖုန်းနဲ့ အကြောင်းပြန်လာပါတယ်။ သူတို့ ဆွေးနွေးပြီးမှပဲ ကျနော်တို့ကို အကြောင်းပြန်မှာပါ။ ဘယ်နေ့ ဆွေးနွေးမယ်၊ အကြောင်းပြန်မယ်ဆိုတာ မသိရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးမှုသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲနှင့် သင်္ကြန်ကာလအပြီးမှ ဖြစ်နိုင်ဖွယ်ရှိကြောင်း SSA-S က ခန့်မှန်းထားပြီး၊ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး ပျက်ပြားမှု ဖြစ်မသွားစေရန် SSA-S က ထိန်းသိမ်းသွားမည်ဟု ဆိုသည်။
သို့သော် အစိုးရတပ်များက SSA-S လှုပ်ရှားနယ်မြေများအတွင်း ထပ်မံတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာလျှင် ခုခံတိုက်ခိုက်သွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရတပ်များသည် နှစ်ဖက်သဘောတူညီချက် ရရှိထားသော အပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းထ၊ နမ့်ဆန်၊ မိုင်းယောင်း၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များအတွင်းရှိ SSA-S တပ်စခန်းချရာနေရာများကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေပြီး ရှမ်းတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ လက်နက်နှင့်ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဥက္ကဋ္ဌ ရွက်ဆစ်က ပေးပို့သော စာထဲတွင်ပါရှိသည်။
“ကျနော်တို့အပေါ်မှာ စစ်ရေးအရတိုက်ခိုက်တာတောင် မကဘူး၊ တိုက်ပွဲဖြစ်တဲ့ နယ်မြေဒေသအတွင်းက ရွာတွေမှာ ဝင်ပြီးတော့ ရွာသားတွေကို ရိုက်နှက်ပြီး ကြက်တွေ၊ ဝက်တွေ အတင်းအဓမ္မ ဖမ်းဆီးယူဆောင်တာမျိုးတွေတောင် လုပ်နေတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်သော ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ၌ မိုင်းထမြို့နယ်ခွဲနှင့် ဟိုမိန်းမြို့နယ်ခွဲဒေသများကို SSA-S ဗဟိုဌာနချုပ် နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ဒေသအခြေစိုက် အစိုးရတပ် တာဝန်ရှိသူများက ခွင့်ပြုချက်နှင့် ညွှန်ကြားချက် မရရှိဟုဆိုကာ နယ်မြေအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ဟု သိရသည်။
မိုင်းထဒေသတွင် SSA-S တပ်ဖွဲ့ဝင်များ အခြေချ သွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် နယ်မြေခံ အစိုးရတပ်များမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိထားသော်လည်း တြိဂံတိုင်းမှူးနှင့် နယ်မြေခံအရာရှိများက ၎င်းတို့၏ လုံခြုံရေးအတွက် တပ်စိုက်ခွင့်မပြုနိုင်ဟု အကြောင်းပြန်ခဲ့သည်မှာ စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှု မရှိကြောင်း SSA-S က ပြောဆိုသည်။
အလားတူ ရှမ်းပြည်နယ်အတွင်း SSA-S ဗဟိုဌာနချုပ် အခြေစိုက်ရန်နေရာတွင် ချထားသော အစိုးရတပ်များကို မလိုအပ်တော့လျှင် ဆုတ်ခွာပေးမည်ဟု သဘောတူထားသော်လည်း ထိုနေရာအပါအဝင် SSA-S လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ ဒေသအချို့တွင် အစိုးရစစ်တပ်မှ အင်အားဖြည့်တင်းမှုများပြုလုပ်နေသဖြင့် SSA-S အနေဖြင့် စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်လာစေပြီး ထာဝရ ငြိမ်းချမ်းရေးအဆင့်သို့ အစိုးရနှင့်အတူ လက်တွဲ ဖော်ဆောင်ရမည့် အခြေအနေကို သဘောပေါက်ရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေခြင်းကြောင့် SSA-S ဗဟိုဌာနချုပ်အနေဖြင့် အောက်ခြေတပ်များအား နားလည်မှု ရှိစေရန်နှင့် ကျေနပ်မှုရှိစေရန်တို့အတွက် အကြောင်းပြချက်ပေးရန် အခက်ခဲဖြစ်စေခဲ့ကြောင်း ဥက္ကဋ္ဌ ရွက်ဆစ် အကြောင်းကြားစာ၌ ဖော်ပြထားသည်။
SSA-S ငြိမ်းချမ်းရေးအဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးထားသော ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်တပ်များ နယ်မြေပိုင်းခြား သတ်မှတ်ရေးလည်း ပါဝင်ခဲ့ပြီး ယခုကဲ့သို့ တိုက်ခိုက်နေခြင်းမှာ SSA-S အပေါ် နယ်မြေအရ စိုးမိုးထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“သူတို့ပေးထားတဲ့နေရာကို သဘောတူညီအောင် ညှိနှိုင်းတဲ့ကာလဖြစ်တယ်။ အဲဒါကို သူတို့က တက်တိုက်တာ။ အဲဒါကို တကယ်တမ်း ဆွေးနွေးတဲ့အခါမှာ သူတို့ပိုင်တယ်ဆိုပြီး ဒီနေရာတွေကို တောင်းမှာ။ ဒါအရင်တုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ၁၉၉၄ ကာလတုန်းက အကြိမ်ကြိမ်ဆွေးနွေးနေဆဲ ကာလမှာလည်း ဒါမျိုးတွေဖြစ်ဖူးတယ်” ဟု ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။
ဗဟိုအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အပစ်ရပ်ရေး ဆွေးနွေးရာတွင် နိုင်ငံတကာ မျက်နှာစာတွင် နာမည်ကောင်းရရန် ကြိုးစားပြရုံမဟုတ်ဘဲ စစ်မှန်သော အပစ်ခတ်ရပ်စဲရေးကို ဦးတည်ရန် အချိန်ရှိသေးကြောင်း၊ သို့မဟုတ်ပါက ၁၉၉၄ ခုနှစ်ကသို့ပင် ပြည်တွင်းစစ် ပြန်ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက ထောက်ပြော ပြောဆိုသည်။
အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။
Sen_Wi
cartoom
ပြည်သူစိတ်ဓါတ် တော်လှန်ရေးကြီး အောင်မြင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း
20120328 DASSK
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ကျင်းပတဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သ၀ဏ်လွှာတွင် “ဒီကနေ့ဟာ အကြောက်အရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ် လိုလားတဲ့ လူ့အဖွဲ့အစည်းတခု ထူထောင်ရန် ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ကြောင်း၊ စိတ်ဓါတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ကြောင်း၊ “ငါ အများကြီး လုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ“ ဆိုတဲ့ စိတ်ဓါတ်မျိုး ဘယ်တော့မှ မထားပဲ “ငါ လုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား“ ဆိုတဲ့ စိတ်ဓါတ်သာ ရှိရမှာ ဖြစ်ကြောင်း၊ ယခု စိတ်ဓါတ်တော်လှန်ရေး ဆင်နွှဲနေရတဲ့ ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသားအားလုံးဟာ မိမိတို့အနေနဲ့ မည်မျှ လုပ်ခဲ့ပြီးပြီလို့ မစဉ်းစားဘဲ မည်မျှလုပ်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေလိုကြောင်း၊ အခက်အခဲများကို ပြည်သူနဲ့ ဒီမိုကရေစီ အမှန်လိုလားတဲ့ အဖွဲ့အစည်းများက ထက်မြက်တဲ့ သတ္တိ၊ ခိုင်မာတဲ့ ဇွဲ၊ ၀ီရိယတို့နဲ့ ရင်ဆိုင် ကျော်လွှားရမှာ ဖြစ်ကြောင်း၊ နိုင်ငံ အေးချမ်းသာယာစေရန် အဓိက ဆောင်ရွက်ပေးနိုင်တဲ့ အင်အားစုမှာ ပြည်သူများသာ ဖြစ်ကြောင်း၊ ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရန် ဦးတည်တဲ့ ပြည်သူစိတ်ဓါတ်တော်လှန်ရေးကြီး အောင်မြင်ပါစေရန် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း“ ဖော်ပြထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အထိမ်းအမှတ် အခမ်းအနားသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ရာ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီမိုကရေစီ အနှစ်သာရဆိုသည်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံက တိုက်ရိုက် ဆင်းသက်တယ်ဆိုတဲ့ အချက် ဖြစ်ကြောင်း၊ ဒါ့ကြောင့် “အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေရန်“၊ “ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်“၊ “အစိုးရ၀န်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲလာစေရန်“ ဟာ ဒီကနေ့အချိန်တွင် ဦးတည် ပြောင်းလဲပစ်ရမယ့် အတွေးအမြင် တော်လှန်ရေးတရပ် ဖြစ်တယ်လို့ အလေးအနက် ယုံကြည် တိုက်တွန်းကြောင်း“ ဖော်ပြထားပါတယ်။ ကြပ်ပြေးနေပြည်တော်တွင်ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာတော့ မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က “တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး စတင် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က လက်ဆင့်ကမ်းအမွေ ဆက်ခံပြီး စည်းကမ်းကောင်းတဲ့၊ စနစ်တကျရှိတဲ့ ခေတ်မီ စစ်တပ်တရပ်အဖြစ် ခေတ်ကာလနဲ့အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ရမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ စနစ်တကျ ချမှတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် တိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့နေကြရသကဲ့သို့ နိုင်ငံရေးမှာလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ လွှတ်တော်တွင် စစ်သား ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်နေခြင်းဟာ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းအရ စစ်တပ်က နိုင်ငံ့အကျိုး ဖော်ဆောင်ရန် ပါဝင်နေခြင်းသာ ဖြစ်ကြောင်း၊ စစ်သားများဟာ စစ်တပ်ဥပဒေကို လိုက်နာရုံမက နယ်ဘက်ဥပဒေများကိုလည်း လိုက်နာရမှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်က လေးစား လိုက်နာရမှာ ဖြစ်သလို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် စစ်တပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ရေးထားကြောင်း၊ ဒါ့ကြောင့် စစ်တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း၊ စစ်တပ် အင်အား တောင့်တင်းခိုင်မာဖို့ကို အစိုးရ၊ စစ်တပ်နဲ့ နိုင်ငံသားအားလုံးက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စစ်တပ်အနေနဲ့ အစိုးရနဲ့ ပေါင်းပြီး ဥပဒေနဲ့အညီ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်မယ့် အခြေအနေများကို မပြတ် လေ့လာဖို့ လိုအပ်ကြောင်း“ စတဲ့အချက်များကို ထည့်သွင်း ပြောကြားသွားပါတယ်။ တော်လှန်ရေးနေ့ (တပ်မတော်နေ့) သ၀ဏ်လွှာများနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ရဲ့ စကားများကို လေ့လာတဲ့အခါ စစ်တပ် အင်အား တောင့်တင်းဖို့၊ လွှတ်တော်တွင် စစ်သား ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်နေခြင်းကို အလေးထားဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်က ကာကွယ် စောင့်ရှောက်ဖို့ ပြောကြားတဲ့ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားတဲ့ တပ်မတော်နေ့မိန့်ခွန်းဟာ စိတ်ဝင်စားဖို့ ကောင်းသလို အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေလိုတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) သ၀ဏ်လွှာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာထဲက “ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရန် ဦးတည်တဲ့ ပြည်သူစိတ်ဓါတ်တော်လှန်ရေးကြီး အောင်မြင်ပါစေရန် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း“ ဆိုတဲ့ ဆုတောင်း ပြည့်ဝဖို့ မြန်မာပြည်သူတွေ လက်ရှိ လုပ်ဆောင်နေကြတဲ့ လုပ်ငန်းများကို ဆထက်တန်ဖိုး ကြိုးစားဖို့ လိုအပ်နေမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

လူသားချင်းစာနာမှု ထူးချွန်ဆု ချီးမြှင့်

2012-03-28
လူသားချင်း စာနာမှုဆိုင်ရာ ထူးချွန်ဆုကို ၂၀၁၂ ခုနှစ်အတွက် ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Action Group) က အမှုဆောင်ညွှန်ကြားရေးမှူး နော်စူစန်နာ လှလှစိုးကို ရွေးချယ်လိုက်ပါတယ်။
RFA
ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Action Group) အမှုဆောင်ညွှန်ကြားရေးမှူး နော်စူစန်နာ လှလှစိုး ဖြစ်ပါသည်။
အမေရိကန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို မဟာမိတ်အဖွဲ့ Inter Action က ကမ္ဘာတဝန်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေမှာ ထူးထူးချွန်ချွန်နဲ့ ခေါင်းဆောင်သူတွေကို နှစ်စဉ်ပေးအပ် ချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။
နော်လှလှစိုးကို လူသားချင်းစာနာမှု ထူးချွန်ဆု ချီးမြှင့်တာနဲ့ ပတ်သက်ပြီး KWAG အဖွဲ့ဝင် နော်ဧပရယ်လ်က အခုလို ရှင်းပြပါတယ်။
နော်လှလှစိုးဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးတွေရဲ့အရေးကို အလေးထား ဆောင်ရွက်သူတစ်ဦးဖြစ်သလို၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် အသေးစားချေးငွေ အစီအစဉ်တွေ၊ ကလေးတွေအတွက် ပညာရေး အထောက်အပံ့ ပေးရေးတွေနဲ့ သဘာဝဘေး ခံရသူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
Inter Action က ချီးမြှင့်တဲ့ ဒီဆုကို နော်လှလှစိုးက မေ ၁ ရက်နေ့မှာ လက်ခံရယူမှာ ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် အခြေစိုက် Inter Action အဖွဲ့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆင်းရဲမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ရေး စတာတွေကို လုပ်ကိုင် ဆောင်ရွက်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တိုက်တွန်း

2012-03-28
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက တေးဂီတပညာရှင်များနှင့် ပူးပေါင်းပြုလုပ်သော HIV ဝေဒနာသည်များအတွက် ရန်ပုံငွေရှာပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် မင်းကိုနိုင် (၀ဲ)နှင့် ကိုကိုကြီး (ယာ) တို့ကို တွေ့ရစဉ်။
နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ ၁၅၉ ဦးကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တာကို သူတို့အနေနဲ့ ကြိုဆိုပေမယ့် လေ့လာသူတွေအတွက် လုံလောက်တဲ့ အချိန်မရတာ တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကိုပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးစီးပြီး၊ လူငယ်အဖွဲ့တွေနဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အနေနဲ့ လုပ်ငန်းတွေ စတင်နေပြီဖြစ်သလို၊ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာသစ်တစ်ခုဖွင့်ပြီး သူတို့တွေ့ရှိသမျှ ပုံမှန်ဖော်ပြသွားမယ်လို့ ကိုကိုကြီးက ပြောပါတယ်။
ကွန်ယက်အဖွဲ့ဝင်တွေကို ပြည်သူတွေ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေ၊ စောင့်ကြည့်ရမယ့်အချက်တွေပါတဲ့ လက်ကမ်းကြော်ငြာတွေလည်း ဝေငှနေပြ်ီ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ် မေးမြန်းချက်။
အသံဖိုင်ယူရန်။

သတင်းမီဒီယာ လွတ်လပ်စွာ သတင်းရယူခွင့်ပြု

2012-03-28
ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေကို ကန့်သတ်ချက်မရှိ၊ လွတ်လပ်စွာ သတင်းရယူခွင့်ပြုမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အရာရှိတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
RFA
"ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နှင့် ပြည်တွင်းပြည်ပ မြန်မာသတင်း မီဒီယာ အဖွဲ့အစည်းများ၏ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ မှ ၃၁ ရက်နေ့အထိ ကျင်းပနေစဉ်။
ရွေးကောက်ပွဲအတွက် ပြည်တွင်း သတင်းထောက် ၄၀၀ ကျော်ကို သတင်းရယူခွင့် ပြုထားပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောပါတယ်။
အလားတူ ရွေးကောက်ပွဲမှာ လာရောက် သတင်းရယူနိုင်ဖို့ နိုင်ငံခြားသတင်းဌာန အသီးသီးက သတင်းထောက် ၁၀၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးထားပြီး ဖြစ်တယ်လို့ နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။
ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းရယူနိုင်ခွင့် အပါအ၀င် စာနယ်ဇင်း ဥပဒေ၊ စာပေလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ် မေးမြန်းချက်။
အသံဖိုင်ယူရန်။

 

KIO အဖွဲ့ကြေညာချက် ထုတ်ပြန်

2012-03-28
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်အောင် ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ ၀ိုင်းဝန်း ကူညီသွားမှာဖြစ်သလို NLD ပါတီက KIO နဲ့ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း KIO အဖွဲ့က ဒီကနေ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ခုနှစ် မတ်လ ၉ ရက်တွင် ကေအိုင်အို ကိုယ်စားလှယ်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မဲဆန္ဒနယ်မြေများမှာ လုံခြုံရေးအရ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆိုင်းငံ့ထားတယ်လို့ ကြေညာခဲ့သလို NLD ပါတီကလည်း ကချင်ပြည်နယ် မြို့နယ်သုံးခုမှာ ရွေးကောက်ပွဲ ပျက်ပြားရတဲ့အတွက် စိတ်ပျက်မိကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် KIA-KIO နှင့် ဆွေးနွေးလိုကြောင်း မတ်လ ၂၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်တွေဟာ သာမန်ပြည်သူတွေ အနေနဲ့ KIO အပေါ် အထင်မြင် လွဲမှားနိုင်တယ်လို့ KIO ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
KIO ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ကာလကလည်း ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ဖြစ်မြောက်နိုင်ရေးအတွက် ၀ိုင်းဝန်းကူညီဖို့၊ နှောက်ယှက် ဟန့်တားခြင်းမပြုဖို့၊ လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ဖို့ အောက်ခြေအဆင့်ဆင့်ကို ညွန်ကြားခဲ့ကြောင်း၊ ယခုလည်း ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ရေး ကူညီမှာဖြစ်သလို NLD ပါတီရဲ့ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းချက်ကိုလည်း ကြိုဆိုပါကြောင်း ကြေညာထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို အာအက်ဖ်အေ ဦးတင်အောင်ခိုင်က မေးမြန်း တင်ပြထားပါတယ်။

မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။

 

 

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရစေမယ်

2012-03-28
ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရစေမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေး ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်းထောက်များကို ပြောကြားနေစဉ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်မှုဟာ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရုပ်သိမ်းခြင်း၊ မရုပ်သိမ်းခြင်းနဲ့ သက်ဆိုင်မှုမရှိပဲ လုပ်စရာရှိတဲ့ တာဝန်ကို ထမ်းဆောင်ခြင်းသာ ဖြစ်ကြောင်း ဦးတင်အေးက ပြောပါတယ်။
ဒါ့အပြင် မဲမသာမှုတွေ၊ ကြိုတင်မဲတွေ လာမယ့်ရွေးကောက်ပွဲမှာ မရှိစေရဘူး။ ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ရွေးကောက်ပွဲအပြီး တစ်ပတ်အတွင်း ကြေညာပေးသွားမယ်လို့လည်း သူက ကတိပေးပါတယ်။
ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော် မဲဆန္ဒနယ်မြေတွေကိုတော့ လုံခြုံရေးအရ ဆိုင်းငံ့ထားမှာဖြစ်ပြီး အခြေအနေပေးတဲ့အခါ ချက်ခြင်း ကျင်းပပေးသွားမယ်လို့ ပြောပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ်လောင်း ၁၆၀ နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာနိုင်ဖို့အတွက် နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာသူ စုစုပေါင်း ၁၅၉ ဦးကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ အာအက်ဖ်အေ ၀ိုင်းတော်သား ဦးခင်မောင်စိုးရဲ့မေးမြန်းချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မေးမြန်းချက်။
အသံဖိုင်ယူရန်။                                                                     

No comments: