ထန်းတပင်မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်၏မရိုးသားမှုနှင့် ကြံ့ဖွံ့ ပါတီမှ မဲများဝယ်ယူနေခြင်း
Posted: 31 Mar 2012 06:54 AM PDT
ထန်းတပင်၊ မတ် - ၃၁ ရက်နေ့ ၂၀၁၂
ထန်းတပင်မြို့ နယ် မဲဖလံကျေးရွာအုပ်စု မိကျောင်းခေါင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ သည် ၂၀၁၂ ခုနှစ် မတ်လ(၃၀)ရက်နေ့ တွင် မိကျောင်းခေါင်းကျေးရွာအတွင်း ကြိုတင် မဲလိုက်လံကောက်ခံခဲ့ပါတယ်။ မိကျောင်းခေါင်းကျေးရွာ ရာအိမ်မှူး ဦးဇော်ဝင်းနိုင်(ခ)ဦးရွှေပု နှင့် အတူ ပူးတွဲ လိုက်လံ ကောက်ခံခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ(၈၇)တွင် ဖော်ပြသည့် မရိုးမဖြောင့် သော သဘောဖြင့် လုပ်ဆောင်သည် အပိုဒ်တွင် အကျုံးဝင်သက်ရောက်စေသည် ဖြစ်သော ကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံများ က တောင်းဆိုထားပါတယ်။
ဖွံ့ဖြိုးရေးပါတီမှ မဲမရိုးသားမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးထန်းတပင် မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့မှ မြို့နယ်ကော်မရှင်အဖွဲ့သို့ ကန့်ကွက်စာတင်ပို့ထားပါတယ်။ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးဦးနှင့်ဦးမောင်ညွန့်တို့နှစ်ဦးက အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်စိုးမိုးနှင့်
မအေးအေးမာတို့နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီကိုသာ
မဲထည့်ရန်ပြောဆိုခဲ့ကြောင်း
ထန်းတပင်မြို့ နယ် အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင်းသည့် ကန့်ကွက်စာအရသိရပါတယ်။
Myanmar News Now
|
|||||
မြန်မာ့ရွေးကောက်ပွဲ ကမ္ဘာ့မီဒီယာတွေမှာဖုံးလွှမ်း
Posted: 31 Mar 2012 06:27 AM PDT
မြန်မာနိုင်ငံမှာနှစ် ၅၀ အတွင်း တတိယမြောက် ကျင်းပမယ့် ကြားဖြတ်
ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ရွေးကောက်ပွဲ
စောင့်ကြည့် လေ့လာသူတွေ၊ နိုင်ငံတကာ
မီဒီယာတွေက
ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်း အလိုကတည်းက စိတ်ဝင်တစား
စောင့်ကြည့်လေ့လာ သတင်းယူ ရေးသား ဖော်ပြနေကြပါတယ်။
ဧပြီ (၁)ရက်မြန်မာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ ဩစတြေးလျ၊ ဂျပန် အိနိယနဲ့ အာဆီယံ အဖွဲ့ကြီးတို့က နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ
သူပေါင်း ၁၅၀ ကျော်က မဲပေးမှုကို
စောင့်ကြည့်ကြမှာပါ။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ရုံးချုပ်က
ကိုယ်စားလှယ် ကိုယ်တိုင် ရွေးကောက်ပွဲ အတွက် လာရောက်မယ်လို့ ကုလသမဂ္ဂက
မတ် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂသတင်းနဲ့ ပြန်ကြားရေး
ဌာနကတော့ မြန်မာ့ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်း အတွက်
အတိမ်းအစောင်း မခံဘဲ အသည်းအသန် အရေးပါတဲ့ အချိန်ကာလလို့
လွတ်လပ်တဲ့ ပညာရှင်တယောက်ရဲ့ စကားကို ကိုးကားဖော်ပြပါတယ်။
ထိုင်းလွှတ်တော်ရုံးကတော့ ကိုယ်စားလှယ် ၃ ယောက်ကို လွှတ်ခဲ့ပြီး ထိုင်း မီဒီယာ ၃ ခု ကတော့ ကော့မှူး၊ မရမ်းကုန်းနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တို့က မဲရုံတွေကို စောင့်ကြည့် မှတ်တမ်းတင် ကြမှာပါ။ ဩစတြေးလျနိုင်ငံက လေ့လာသူ ၅ ဦးကတော့ ဧရာဝတီတိုင်းကို သွားမှာ ဖြစ်ပြီး နောက်တဦးကတော့ မကွေးတိုင်းကို သွားမယ်လို့ ဩစတြေးလျသံရုံးက ပြောပါတယ်။ လူ့အခွင့်အရေးအတွက် နိုင်ငံတကာအဖွဲ့ချုပ် (FIDH)၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှဖို့ရမ်(Forum-Asia)၊ မြန်မာ့အရေး အာဆီယံကွန်ယက်(Asean-Burma)နဲ့ မြန်မာ့ဒီမိုကရေစီ အတွက်ဖိုရမ် (FDB) တို့ ကတော့ ပုံမမှန်မှုတွေနဲ့ စိစစ်ရေးတွေကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်စဉ်ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလို့ ပြောပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းတဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် သောမတ်စ် အိုဟေး ကင်တားနားက ဒီကြားဖြတ်ရွေး ကောက်ပွဲဟာ အစိုးရအတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ တိုးတက်မှု ရှိ မရှိ အဓိက စမ်းသပ်ချက်ဖြစ်တယ်လို့ မတ် ၃၀ ရက်နေ့က ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ချို့ယွင်းချက် အပြစ် အနာအဆာတွေ ရှိခဲ့လို့ နိုင်ငံတကာ စံချိန်ကို မပြည့်မီခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြောင်းလဲမှု အတွင်း စိန်ခေါ်ချက်တွေကို ဖြေရှင်းရမယ့် အခွင့်အရေးကို လက်လွတ်ခဲ့တယ်။ ပိုပွင့်လင်းလာတဲ့ ခေတ်သစ်မှာ ဒါမျိုးအဖြစ်အပျက် ထပ်ပြီး မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုရဲ့ အရေးပါပုံကို အမေရိကန် အစိုးရဗျူဟာနဲ့ ဘက်ပေါင်းစုံရေးရာဌာန ဒု – လက်ထောက် အတွင်းရေးမှူး နီရဗ်ပတေးက အာဆီယံ အတွင်းဝန်များရုံးအတွင်း ဟောပြောပို့ချချက်အပြီး မတ် ၃၀ ရက်နေ့က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဆင်ဟွာ သတင်းဌာနက ဖော်ပြတာပါ။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က မြန်မာအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ ဖိတ်ကြားချက်အပေါ် အာဆီယံ အထွေထွေ အတွင်းရေးမှူးရုံးက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ပံ့ပိုးရတာ ကျေနပ်ဝမ်းမြောက်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။ အမျိုးသားရင်ကြား စေ့ရေးကို အားပေးဖို့ မေ်ွာ်လင့်ထားတဲ့ သိသာထင်ရှားတဲ့ နိုင်ငံရေး ဖြစ်စဉ်ပဲလို့လည်း ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ နီးပါး နေခဲ့ရတဲ့ ပြည်သူတွေရဲ့ အကြောက်တရားနဲ့ တိတ်ဆိတ်မှုကို ဖယ်ရှားဖို့ အစိုးရရဲ့ ကတိပြုချက်ကို စစ်ဆေးတဲ့ စမ်းသပ်ချက်ပဲလို့ အကဲခတ်တွေရဲ့စကားကို ကိုးကားပြီး မတ် ၃၁ ရက်နေ့မှာ ထုတ်လွှင့်တဲ့ စီအန်အန် သတင်းဌာနက ကြေညာပါတယ်။ စီအန်အန်သတင်းဌာနဟာ မြန်မာရွေးကောက်ပွဲကို ပြည်တွင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွေလည်းပြုလုပ်နေပါတယ်။ အေအက်ဖ်ပီ သတင်းဌာနကတော့ အမေရိကန်က မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာသူ ၂ ဦး စေလွှတ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ စေလွှတ်တာလို့လည်း ဖော်ပြပါတယ်။ အမေရိကန်လေ့လာသူ ၂ ဦးဟာ မတ် ၂၈ ရက်ကနေ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံထဲမှာ နေထိုင်ပြီး မဲပေးမှု အခြေအနေကို လေ့လာမယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုရီးယား နူလန်းက ပြောပါတယ်။ လေ့လာသူ ၂ ဦးအပြင် အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံတကာ စာနယ်ဇင်းသမားတွေ အပေါ်လဲ မေ်ွာ်လင့်ချက် ထားကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။ မတ် ၃၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကတော့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲဆိုင်ရာ မြင်ကွင်းတွေကို ခြယ်မှုန်း ဖော်ပြထားပါတယ်။ နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူ ထောင်ရေး အားထုတ်စဉ်က ဒေသခံ လုပ်အားပေး အုပ်စုတွေနဲ့ ချိတ်ဆက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ခဲ့တယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒေသခံ ရွေးကောက်ပွဲ စောင့်ကြည့်သူ အယောက် ၂၀၀၀ ကျော်က သတင်းအချက်အလက်တွေကို ဗဟိုကို ပေးပို့လိမ့်မယ်လို့ လွတ်လပ်သော ရွေးကောက်ပွဲအတွက် အာရှကွန်ယက်က ဒေသခံ အရာရှိနဲ့ ၈၈ မျိုးဆက်အုပ်စု အဖွဲ့ဝင်ဦးတင်မောင်ထွေးကို ကိုးကားပြီး ဖော်ပြထားပါတယ်။ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ခေါင်းစဉ်အောက်မှာ ဒေသခံ စောင့်ကြည့်သူတွေဟာ မဲဆန္ဒနယ် ၄၅ နယ်ထဲက ၄၀ မှာ စောင့်ကြည့်ဖို့ ခွင့်ပြုချက် ရထားကြောင်းလည်း ဖော်ပြပါတယ်။ မတ် ၃၀ ရက်နေ့ထုတ် ဝေါလ် စထရိတ် ဂျာနယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း စာရှင်းလင်းပွဲအတွင်း ပြောဆိုချက်ကို ဖော်ပြပါတယ်။ ရွေးကောက်ပွဲအပြီး အနောက်နိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ ရုတ်သိမ်းသင့် မသင့်နဲ့ ဆက်စပ် သတင်း ထုတ်ပြန်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အတွင်း ပုံမမှန်မှုတွေကြောင့် ရွေးကောက်ပွဲအတွင်း တရားမ်ွတမှုရှိ မရှိ စိုးရိမ်မှုတွေ အသည်းအသန် မြင့်တက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ် ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်တာပါ။ တကယ်လို့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမ်ွတခဲ့ရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဧပြီလက စပြီး စောနိုင်သမ်ွ စောစော ရုပ်သိမ်းပေးချင်တယ်လို့ ပြောခဲ့ပြီးပါပြီ။ အမေရိကန်ကရော ဥရောပကပါ သူတို့ဆုံးဖြတ်တဲ့အခါ ဒေါ်အောင်ဆန်းစု့ကြည်ရဲ့ အကြံပြုချက်ကို အလေးအနက် ထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ရိုက်တာ သတင်းဌာနကတော့ မတ် ၃၁ ရက်နေ့မှာ မဲဆွယ်ပွဲ အခင်းအကျင်းတွေနဲ့ မဲရုံတွေမှာ ပြင်ဆင်နေပုံတွေကို ထုတ်လွှင့် ပြသနေပါတယ်။ ဒီဗွီဘီ |
|||||
ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို
Posted: 31 Mar 2012 06:13 AM PDT
ဝင့်သင်ဇာကျော်(မြစ်မခ-ကော့မှူး)
မတ်လ ၃၁၊ ကော့မှူးမြို့။ ကော့မှူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အန်အယ်ဒီပါတီအဖွဲ့ဝင်များသည် မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီခန့်၌ ထွန်းစတိုးဆိုင်ရှေ့တွင် အခြေအတင်စကားများသည်ဟု သတင်းထွက်ရှိနေခြင်းသည် မဟုတ်မှန်ဘဲ ဒေသခံပြည်သူများနှင့် ပြည်ခိုင်ဖြိုးတို့မှ ပဋိပက္ခဖြစ်ရခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့ပါတီနဲ့ဖြစ်တာမဟုတ်ဘူး ၊ ကြံ့ခိုင်ဖွံ့ရေးနဲ့ ပြည်သူတွေနဲ့ဖြစ်တာပါ ကျွန်တော်တို့က ဒီရွေးကောက်ပွဲ ပျက်သွာမှာစိုးလို့ ပြေလည်အောင် ဖြေရှင်းပေးရုံပါ။” ဟု အန်အယ်လ်ဒီပါတီ ကော့မှူးမြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးအေးသိန်းမှ ရှင်းလင်းပြောဆိုသည်။ ၎င်းမြို့ခံ ဆိုက်ကားနင်းနေသူ ဒေသခံတစ်ဦးမှ သူကြားမိခဲ့သည့် သတင်းအား ယမန်နေ့တွင် အယ်အယ်ဒီအဖွဲ့မှ ကလေးများကနေစဉ် ပြည်ခိုင်ဖြိုးပါတီမှ ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ရန်ဖြစ်တာမဟုတ်ဘူး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဘေးလူနဲ့ဖြစ်တာ၊ မနေ့က ငါးနာရီ ခြောက်နာရီလောက်ကပေါ့။” ဟုကေှာ့မှူးမြို့မှ လူငယ်တဦးက ပြောသည်။ အဆိုပါ သတင်းထွက်ရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကို သွားရောက် မေးမြန်းရာတွင် မည်သူမှ မသိရှိကြောင်းနှင့်၊ ယင်းနေ့တွင် ရှိခဲ့သော ၎င်းပါတီဝင် အကုန်လုံးသည် စည်းရုံးရေးဆက်လျက် ဆင်းနေကြပြီ ဖြစ်ကြောင်း သိရှိရသည်။ “ကျွန်တော်တို့ဘာမှ မသိဘူး ကျွန်တော်တို့က နယ်ကအခုမှလာတာ ၊ မနေ့က ဒီရုံးမှာ ရှိနေတဲ့လူတွေ အကုန်လုံး စည်းရုံးရေးဆင်းကုန်ကြပြီ ဘယ်သူမှ မရှိဘူး။”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ရုံးဂိတ်စောင့် တစ်ဦးမှ ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်းအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ ဖုန်းပိတ်ထားခြင်းများ ဖြစ်ပေါ်နေသည်။ |
|||||
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီ
Posted: 31 Mar 2012 06:07 AM PDT
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့
ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါ ကျေးရွာ၌ စောင့်ဆိုင်း သတင်းရယူနေသူ The
Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။ ကော့မှူးမြို့နယ်သို့ သွားရာ လမ်းတွင် တွံတေးမြို့နယ် အစပ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ မဆွယ် စည်းရုံးရေးကားများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်၊ ခိုက်ရန်ဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက ထပ်မံ သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။ The Voice Weekly |
|||||
ကလောမြို့ နယ် NLD ကိုယ်စားလှယ်ဒေါက်တာဒေါ်သန်းငွေ စည်းရုံးရေးခရီး နှင့် ၀န်ထမ်းမျာ၏ ကြိုတင်မဲ ခြိမ်းခြောက်ခံနေရမှု
Posted: 31 Mar 2012 05:44 AM PDT
စည်းရုံးရေးခရီးအဖြစ် ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့များနှင့် အတူပူးပေါင်းပြီး မတ်လ(၁)လလုံးလုံးမနားမနေ သွားရောက်စည်းရုံးလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ (ရွေးကောက်ပွဲအကြိုနေ့) ညနေ(၄)နာရီအချိန်ခန့်တွင် ကလောမြို့မှတဆင့် အောင်ပန်းမြို့သို့ရောက်ရှိပြီး အောင်ပန်းမြို့၊ အန်အယ်ဒီအောင်နိုင်ရေး အဖွဲ့တာဝန်ခံ ဒေါက်တာဦးကျော်မြ၀င်းနှင့်အဖွဲ့ ဝင်များ၊ အောင်ပန်းမြို့ ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ တက်ကြွသော လူငယ်မျိုးဆက်အဖွဲ့များနှင့် ပြည်သာယာဈေးတွင်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကလောမြို့နယ်တွင် မိမိအနေဖြင့် အောင်နိုင်မည်ဟုယုံကြည်ကြောင်း ၊ ကလောမြို့နယ်အတွင်းရှိအောင်ပန်း၊ ကလော၊ ဟဲဟိုးစသည့် မြို့များသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အကောင်းဆုံးဖြစ်ကြောင်း၊ ပညာတတ်တွေလည်းများကြောင်း၊ ဒီမြို့တွေကြီးပွားတိုးတက်ဖို့ မြန်ဆန်မှာဖြစ်ကြောင်း၊ ဒီစိတ်ဓါတ်မျိုးရှိတဲ့ လူထုတွေရှိတဲ့ နေရာဟာ စိတ်အချရဆုံးနေရာ အားအကိုးရဆုံးနေရာပါ လုပ်နိုင်တဲ့သူတွေရှိတယ်ဆိုတာယုံကြည်ပီးသားဖြစ်ကြောင်း ဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကလောမြို့နယ်ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ် အောင်နိုင်မည်ဖြစ်ကြောင်း အားတက်သရော ပြောကြားသွားပြီး အောင်ပန်းမြို့၊ ပြည်သူလူထုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ြ ဖစ်ပါသည်။ အင်န်အယ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးတို့ မြို့နယ်အတွင်း အပြိုင်စည်းရုံးနေပါသည်။ အင်န်အယ်ဒီပါတီက မက်လုံးမပါရိုးသားစွာစည်းရုံးနေသော်လည်း ကြံ့ဖွံ့ ပါတီမှ ဘိလပ်မြေပေးခြင်း၊ လမ်းဖောက်တံတားဆောက်ပေးမည်ပြော ခင်း၊ လျှပ်စစ်မီးရအောင်လုပ်ပေးမည်ဟုပြောခြင်း၊ ချေးငွေများထုတ်ပေးခြင်း၊ နေ့စားခတစ်ရက်လျှင် ၂၀၀၀ိ/-ပေးပြီး တစ်အိမ်တက်ဆင်းမဲဆွယ်စည်းရုံးခိုင်းခြင်း၊ ကိုယ်ပိုင်ငွေမပါဘဲ၊ ပါတီပိုင်ငွေဖြင့် ယခင်က လမ်းဖောက်တံတားဆောက်စသည်လုပ်ဆောင်ခဲ့ဖူးကြောင်း အသံချဲ့စက်ဖြင့် လှည့်လည်ပြောကြားစည်းရုံးမဲဆွယ်နေပါသည်။ ထို့အပြင် ၀န်ထမ်းများကိုလည်းအတင်းအကြပ်ကြိုတင်မဲများထည့်ခို င်းပြီး ၀န်ထမ်းများမှ မိမိတို့ဆန္ဒ ဖြင့် အမေဒေါ်စု၏ ပါတီကိုမဲပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း ၄င်းတို့ထည့်ရမည့် မဲများကို လွတ်လွတ်လပ်လပ်မထည့်ရကြောင်း ၀န်ထမ်းအကြီးအကဲများက ခြိမ်းခြောက်နေကြောင်း ၀န်ထမ်းများထံမှလည်းကြားသိရပါသည်။ Myanmar News Now |
|||||
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ၀ါးသင်္ခကျေးရွာလမ်းခွဲသို့ ဝင်ရောက်သွားပြီ
Posted: 31 Mar 2012 05:22 AM PDT
တာဝန်ယူထားသောဦးခွန်သာမြင့်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာသတင်းများကြားထားသည့်အတွက်
သက်ဆိုင်ရာသို့
အကြောင်းကြား
ထားကြောင်းနှင့်ယခုအချိန်ထိ
ထိုသတင်းထွက်ပေါ်သောနေရာများတွင် စောင့်ဆိုင်းနေသည်ကို
မတွေ့ရသေးကြောင်းဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ လာသောယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရန်
ကံဘဲ့လမ်းဆုံနှင့် ဘုရားငုတ်တိုလမ်းဆုံတို့တွင်
စောင့်ကြိုတိုက်ခိုက်မည်ဆိုသည့်သတင်းများရရှိထားသည့်အတွက်လည်း လုံခြုံရေးကိုအထူးဂရုစိုက်လျှက်ရှိကြောင်း
ယာဉ်တန်းတွင်လိုက်ပါနေသော ဦးခွန်သာမြင့်ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် ငှက်အော်စမ်းကိုကျော်ဖြတ်လာ
ပြီးမကြာမီအချိန်တွင် တစ်ညတာအိပ်စက်မည့် ၀ါးသိင်္ခရွာသို့ရောက်ရှိတော့ မည်ဖြစ်ကြောင်းယာဉ်တန်းကိုသွားရောက်ကြိုဆိုနေသူတစ်ဦးက ပြောကြားသည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသောမော်တော်ယာဉ်တန်းသည်
မန်းကျည်းကန်ကျေးရွာကိုဖြတ်၍၀ါသိင်္ခကျေးရွာသို့သွားရာလမ်းခွဲသို့
လွန်ခဲ့သည့်ဆယ်ငါးမိနစ်ခန့်က၀င်ရောက်သွားပြီဖြစ်ကြောင်းMessenger သတင်းထောက်ကသတင်းပေးပို့သည်။
ယင်းအပြင်ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနောက်တွင်လိုက်ပါလာ
သည့်ပြည်ခိုင်ဖြိုးမော်တော်ယာဉ်များမှာလည်းကော့မှူးမြို့တွင်ကျန်ရစ်ခဲ့ပြီး
ကော့မှူးမြို့တွင်းလှည့်ပတ်မောင်းနှင်နေသည်ဟုသိရသည်။
Messenger News Journal
|
|||||
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ
Posted: 31 Mar 2012 05:01 AM PDT
ရန်ကုန်
(မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
ဒေါ်အောင်ဆန်းစုကြည်သည် သူမရွေးကောက်ခံမဲဆန္ဒနယ်မြေဖြစ်သည့်
ကော့မှူးမြို့နယ်သို့
သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ
ထွက်ခွာသွားခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ
ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်
ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက်
ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်
စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ
သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ်
ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့် ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။ နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့် ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ |
|||||
Envoy ဂျာနယ်မှ အဆိုတော်လေးဖြူသို့ တောင်းပန်ခြင်း
Posted: 31 Mar 2012 03:08 AM PDT
|
|||||
ဟင်္သာတတက္ကသိုလ်မှာ ဗကသများ စစ်ဆေးခံနေရ (မြန်မာ ၁ နာရီခွဲ)
Posted: 31 Mar 2012 03:04 AM PDT
ဟင်္သာတမြို့နယ်မှာ ပညာရေးတာဝန်ရှိသူတွေက
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဟင်္သာတ)
အဖွဲ့ဝင် ကျောင်းသား ၈ ဦးကို စစ်မေးနေတယ်လို့ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ
ကိုသန့်ဇင်က ပြောပါတယ်။
“ဟင်္သာတတက္ကသိုလ်က ကျောင်းသားတွေကို ဒီနေ့ အဆင့်မြင့်ပညာဦးစီးဌာနက လာတဲ့ အဖွဲ့တွေက ခေါ်တွေ့တယ်ပေါ့။ ကျောင်းအုပ်ကြီးက တဆင့် ဟင်္သာတ တက္ကသိုလ်ထဲက
ကလေးတွေချည်းပဲ
သီးသန့်ခေါ်ပြီး စစ်ဆေးတယ်။ အခု ကျနော်တို့လည်း ကျောင်းရှေ့မှာ
အခုလောလောဆယ် ရှိနေတယ်။ ဖိအားပေး အင်အားသုံးတဲ့ ခြိမ်းခြောက်တဲ့
စကားမျိုးတော့
မပြောဘဲနဲ့ ပညာရေးကို ထိခိုက်နိုင်တယ်၊ ပညာရေးကို
အနှောင့်
အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ ဟာမျိုးနဲ့ပေါ့။ သူတို့က
လူမှုရေးနဲ့ အဲဒီလိုမျိုး ဝင်တာပေါ့။ မိဘတွေကတော့
နားမလည်တဲ့အခါကျတော့ အခု ကျနော်တို့မြို့မှာတော့ အထိတ်တလန့်တော့
ဖြစ်သွားတာပေါ့။”
အဆင့်မြင့်ပညာဦးစီးဌာနက ဒု – ညွှန်ချုပ် ဒေါက်တာမျိုးသိန်းနဲ့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းတို့က ကျောင်းသူ ကျောင်းသား ၈ ဦးကို မိဘတွေနဲ့အတူ ပါမောက္ခချုပ်အခန်းမှာ
ခေါ်ယူတွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့ပေါ်က တက္ကသိုလ် ၄ ခုက ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက
မတ် ၂၉ ရက်နေ့မှာ အသိအမှတ်ပြုပြီး ဗကသအလံ
လွှဲအပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်တို့က ဒေါက်တာမျိုးသိန်းတို့နဲ့ တွေ့ခွင့် တောင်းပေမယ့် မရတာကြောင့် ကလေးတွေရဲ့ အခြေအနေကိုပဲ စောင့်ကြည့် နေကြရတယ်လို့ ပြောပါတယ်။ ဒီဗွီဘီ |
|||||
နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်အတွင်း မဲရုံ ၁၈ ရုံတိုး
Posted: 31 Mar 2012 03:02 AM PDT
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာတော့ ဒီတပတ်အတွင်းမှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုးချဲ့လိုက်ပါတယ်။
ဆန္ဒမဲပေးသူတွေ တိုးလာပြီး မဲရေတွက်မှု မြန်ဆန်အောင်ဆိုပြီး မဲရုံတွေ ထပ်တိုးလိုက်တာလို့ ရွေးကောက်ပွဲ ကော်မရှင်က မတ် ၂၉ ရက်က ပြောဆိုကြောင်း ပုဗ္ဗသီရိမြို့နယ်မှာ အန်အယ်လ်ဒီ
အနေနဲ့ ဝင်ရောက်
ယှဉ်ပြိုင်တဲ့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
“ကျနော်တို့ဆီမှာ စုစုပေါင်း မဲရုံ ၁၈ ရုံထပ်တိုးတယ်။ နောက်တိုးတဲ့ လူဦးရေ စာရင်းအရရယ်၊ မဲရေတွက်တဲ့နေရာမှာ မြန်ဆန်ချောမွေ့စေဖို့ အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
ကျနော့်အနေနဲ့ကတော့ မတ် ၂၉
ရက်နေ့ကမှ ရက်ချိန်းပေးလိုက်တယ် ဆိုတော့ မဲရုံကိုယ်စားလှယ်နဲ့
အကူကိုယ်စားလှယ်ရဖို့က အရေးတကြီး ပြန်လုပ်ရတယ်။ အမှန်တကယ်
မဲဆန္ဒစာရင်းထဲမှာ
ပါသင့်ပါထိုက်တဲ့ သူတွေ မပါခဲ့တာတွေလည်း
ရှိခဲ့တယ်။
ဒီဟာတွေအတွက် ကျနော်တို့ဘက်က ပြန်ပြီး တောင်းဆိုထားတဲ့
လူဦးရေစာရင်းတွေလည်း ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးတော့
လူဦးရေစာရင်းတွေ ထပ်တိုးလာတာလည်း ပါတယ်။”
ပုဗ္ဗသီရိ မြို့နယ်အတွင်းမှာတော့ မဲဆွယ်စည်းရုံးရေးကားတွေ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးပေမယ့် ပြဿနာမရှိဘဲ အားလုံးပြေလည်တယ်လို့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တိုင်းတပ်မကိုတော့ အန်အယ်လ်ဒီအနေနဲ့ မဲဆွယ်စည်းရုံးဖို့ တောင်းဆိုထားပေမယ့် ခုချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်သေးလို့
မဲဆွယ်စည်းရုံးနိုင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။
သူ့အနေနဲ့ ရွေးကောက်ပွဲရက်မတိုင်ခင် ရွာတွေအထိ လိုက်လံစည်းရုံးမှု လုပ်နေပြီး တက်ကြွလှုပ်ရှားသူတွေ ရှိပေမယ့် တချို့ရွာသားတွေကတော့ ကြောက်ရွံ့မှု အောက်မှာပဲ ရှိသေးကြောင်းကို |
|||||
ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ
Posted: 31 Mar 2012 02:58 AM PDT
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -ကျော်စိုးလင်း (YPI) မွန်းလွဲ ၄ နာရီ
|
|||||
နေပြည်တော်စည်ပင်ဝန်ထမ်းများကို ကြံ့ဖွံ့ ကို မဲမထည့်ပါက ထောက်ပံကြေးဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထား
Posted: 31 Mar 2012 02:39 AM PDT
နေပြည်တော်
စည်ပင်မှ မြို့ တော်ဝန်က မှာ ကြားတယ်ဆိုပြီး ၀န်ထမ်းများအား မတ်လ ၂၆ ရက်နေ
့၂၀၁၂ က အစည်းအဝေးခေါ်ယူကာ ကြံခိုင်ရေးကိုသာမဲပေးရန် တိုက်တွန်းပြောကြားခဲ
့ပါတယ်။
ပြောကြားခဲ့သူကတော့ နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့  ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး ဖြစ်ပါတယ်။ ပုံစံငယ်များဖြင့် ပြသပြီး (ပူတွဲပါပုံအတိုင်း) မဲ့ ပေးကြဖို့ လည်း ပြောကြားခဲ့ပါတယ်။ ကြံခိုင်ရေးအနိုင်မရပါက ထောက်ပံကြေး ကျပ်(၃၀၀၀၀၀)သုံးသိန်း အား ဖြတ်တောက်ခံ ရနိုင်ကြောင်းလည်း ဌာနမှူးများမှတဆင့် ခြိမ်းခြောက်ပြောကြားခိုင်းခဲ့ ပါတယ်။ အဲဒီနောက် ၀န်ထမ်းအိမ်ယာ အတွင်းမှာလည်း ကြံခိုင်ရေးကို မဲ ပေးရန် မဲ ပုံ စံငယ်များဝေပြီး ဒီအတိုင်း မပြောင်းလဲပဲ မဲပေးရန်အမိန်ပေးခဲ့ ပါတယ်။ သမ္မတကြီး အနိုင်ရခဲ တဲ့  မဲဆန္ဒနယ်ကနေ ကြံခိုင်ရေးမနိုင်ရင် လစာ ဘယ်တော့  မှမတိုးနိုင်ဟု လည်း ပြောကြားခဲ့ ပါတယ်။ ပူးတွဲပါ စာရွက်များအား ၀န်ထမ်းများအိမ်တွင် မဲ့  ပေးခွင့် ရှိသူ (၁၀) ယောက်ရှိက (၁၀)စောင်ဝေပြီ ဒီအတိုင်းမဲပေးရန်နှင့် ၄င်းစာရွက်များအား မဲရုံ သို ယူဆောင်ခြင်းမပြုရန် နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့  ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး က ပြောကြားခဲ့ နေပြည်တော် စည်ပင် ၀န်ထမ်းများက သတင်းပေးပို့ ထားပါတယ်။ Myanmar News Now |
|||||
မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန်
Posted: 31 Mar 2012 02:07 AM PDT
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင်
မတ်လ ၃၁ ရက်နေ့မှာကြိုတင်မဲများကို ကောက်ယူနေကြပြီဖြစ်ပါသည်။
ထိုသို့ကောက်ယူကြရာတွင်
မြို့ပေါ်ရှိရပ်ကွက်အချို့နှင့်နယ်ဘက်ရှိ ပခန်းကြီး၊ပခန်းငယ်နှင့်
ကျေးရွာအချို့တွင်
မဲလက်မှတ်များပေါ်မှာဖယောင်းသုတ်ထားကြောင်း၊ယင်းနေရာသည် အဖွဲ့ချုပ်ကိုယ်စားလှယ်နှင့်တည့်တည့်အကွက်တွင်ဖြစ်ကြောင်း
ဒေသခံများကမြို့နယ်
အဖွဲ့ချုပ်ရုံးသို့ လာရောက်ပြောကြပါသည်။
မှင်မထင်လို့ ထိုအကွက်ပေါ်သို့
အထပ်ထပ်ခြစ်သော် အစင်းကြောင်းများဖြစ်သွားကာ ပယ်မဲဖြစ်မည်စိုးလို့ပြန်လဲပေးဖို့ တောင်းသော်လည်း
လဲမပေးနိုင်ဘူးဟု အချို့ မဲရုံမှူးများက ပြောကြသည်ဟုလည်းသိရပေသည်။ယင်းပြဿနာကို ယနေ့
မတ်လ
(၃၁)ရက်နေ့ နံနက်တွင် ရေစကြို မြို
့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက
မြို့နယ်ကော်မရှင်ရုံးသို့သွားရောက်တင်ပြ
ထားပြီးဖြစ်ကြောင်းလည်း
သိရပါသည်။
Myanmar News Now
|
|||||
ပခုက္ကူမြို့ နယ်ကော်မရှင် အပြောတမျိုးအလုပ်တမျိုး
Posted: 31 Mar 2012 02:12 AM PDT
၁။ သေသူများပါဝင်ခြင်း ၂။ နေထိုင်သူများ မပါဝင်ခြင်း ၃။ ပါဝင်သူများမှာလည်း အမည်လွှဲမှားခြင်း၊မှတ်ပုံတင်လွဲမှာခြင်း ဆိုလုသည်မှာ မဲစာရင်း ပို၊လို၊လွဲ ကိစ္စ များကို မြို့နယ် ကော်မရှင်သို့ သွားရောက် ညှိနှုင်းသည့် အခါတွင် အောက်ခြေတွင် အဆင်ပြေအောင်ပြုလုပ်ပေးပါမည် ပြသာနာ မလုပ်ပါရန်နှင့် ညှိုနှီုင်းဆောင်ရွက် ပေးပါမည် ကော်မရှင် တာဝန်ရှိသူများမှ ပြောကြားပါသည်။ မဲပေးသည့် နေ့တွင် ရပ်ကွက်ထဲ အမှန်တကယ် နေထိုင် ကြောင်းမှန်ကန်ပါက ကော်မရှင်မှ မှတ်ပုံတင်အား မဲရုံသို့ ယူဆောင်လာပြီး မဲပေးလို့ရရှိအောင် ဆောင်ရွက်ပေးမည်ပြောပြီး အခုတော့ စာဖြင့် ပိတ်လိုက်ပါသည်။ အဆိုပါ မဲစာရင်း လွဲမှားခြင်းသည် မည်သူတွင် တာဝန်ရှိပါသလဲ။ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ဆောင်ရွက်နေသည်ဟု ထင်မြင်မိပါကြောင်း ပခုက္ကူမြို့ များမှ ပြောပါသည်။ Myanmar News Now |
|||||
ရွေးကောက်ပွဲ မသမာမှုတွေ နေရာ အများမှာ ရှိနေ
Posted: 31 Mar 2012 01:50 AM PDT
BBC ,31 March 2012 —- ခုကြားဖြတ်
ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ပြောပေမယ့် ရွေး ကောက်ပွဲ လုပ်မယ့်
နေရာ အတော် များများမှာ
ခြိမ်းခြောက် မဲဆွယ်မှုတွေ မတရားမှုတွေရှိ နေတယ်လို့ သတင်း ရရှိပါတယ်။
မန္တလေးတိုင်းမှာ ကြားဖြတ်
ရွေးကောက်ပွဲ မဲ ဆန္ဒနယ် တခုဖြစ်တဲ့ မဟာ အောင်မြေ မြို့ နယ်မှာ မဲပေးတဲ့ နေ့မှာ
အချိန်တို အတွင်း မဲပေးသူတွေ အဆင်ပြေ မြန်ဆန်အောင် ထုတ်ပေးထားတဲ့
ကြိုတင် စီစစ်ပြီးသား
မဲပေးခွင့် လက်မှတ်တွေကို သက်ဆိုင်ရာက ပြန်သိမ်းတာတွေ ရှိနေသလို နေရာ အတော်
များများမှာ မဲဆန္ဒရှင်တွေမှာ မဲပေးခွင့် စီစစ်ပြီးသား ကဒ်ပြားတွေ မရသေး
တာကြောင့်
အန်အယ်လ်ဒီ ပါတီက
မတ်လ ၃၀ ရက်နေ့မှာ လူအင်အား များများနဲ့ လိုက်လံ ဝေငှ နေရတယ်လို့
အန် အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။
နောက်ပြီးတော့ မန္တလေးတိုင်းထဲက
နွားထိုးကြီး မြို့နယ် ခံတက်ကုန်း ကျေးရွာ မှာတော့ ကျေးရွာ အုပ်ချုပ်ရေးမှုးက
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်ပြီးတော့ ပါတီဝင် ကဒ်ပြားတွေ လာ ထုတ်မှ ဧပြီ
တရက်နေ့မှာ မဲပေးရမယ်လို့ အသံချဲ့စက်နဲ့ နိုးဆော် နေတယ်လို့ သတင်းရ ရှိပါတယ်။
အလားတူဘဲ မကွေးတိုင်း ပခုက္ကူမြို့နယ်
ဆိခဝ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက သူ့ လက်အောက်မှာ ရှိတဲ့ ဆယ်တရွာက
ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ပြီး အုပ်ချုပ် ရေးမှုးတွေ အနေနဲ့
ကြံခိုင်
ဖွံ့ဖြိုးရေး ပါတီ အောင်နိုင်ရေး အတွက် မဲဆွယ်ပေးဖို့ နိုင်ခဲ့ရင် ဆုပေးပြီး
ရှုံးနိမ့်ခဲ့ရင် ဒဏ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ပခုက္ကူ အန်အယ်လ်ဒီ ပါတီဝင်တွေက
ဘီဘီစီကို ပြောပြပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့မှာတော့
အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့် မဲဆွယ် စည်းရုံး
ဟောပြောဖို့ ကားပေါ်က အဆင်းမှာ လောက်လေးနဲ့ ပစ်ခံရတာကြောင့် ကားရှေ့
လေကာမှန်
ကွဲသွားတယ်လို့ သိရပါတယ်။
ဒီကိစ္စကို တောင်ငူရဲစခန်းမှာ
သွားရောက် အမှုဖွင့် တိုင်ကြား ထားတယ်လို့ အန်အယ်ဒီက ပြောပြပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရား မျှတစေရမယ်လို့ ပြောနေပေမယ့်
ရွေးကောက်ပွဲ လုပ်မယ့် နေရာ အတော် များများမှာ မသာမာမှုတွေ ခြိမ်းခြောက်မှုတွေ
တွေ့နေရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် သူတွေက ဘီဘီစီကို ပြောပြကြပါတယ်။
|
|||||
NLD ကိုယ်စားလှယ်လောင်း ဟောပြောပွဲ ကျင်းပတဲ့ အိမ်ရှင်ကိုမြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ခေါ်စစ်မေး
Posted: 31 Mar 2012 01:29 AM PDT
ပုသိမ်-မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -မျိုးမင်းထွန်း (YPI)
ငါးသိုင်းချောင်းမြို့နယ်ခွဲကင်ပွန်းချဉ်ကုန်းကျေးရွာတွင် NLDကိုယ်စားလှယ်လောင်း ဒေါက်တာလှမြတ်သွေး ဟောပြောပွဲ ကျင်းပခွင့်ပေးခဲ့သည့် အိမ်ရှင်ဦးလှမြင့်အား မတ် ၂၉ ရက် နေ့နံနက်ပိုင်း
တွင် နေအိမ် မှရေကြည်မြို့ရှိ ကြံ့ခိုင်ရေး
ရုံးတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် ကပြောသည်။ ကင်ပွန်းချဉ်ကုန်းရွာခံတစ်ဦးက ‘ ဒေါက်တာလှမြတ်သွေး တို့လာဟောတာက ၂၁ ရက်နေ့ကပါ၊ အဲ့ဒါကို မနေ့ကမှ ဦးလှမြင့်ကို ကြံ့ခိုင်ရေးရုံးကို မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ၊ ရွာကလူတွေက
မသိကြတော့ ဖမ်းသွားတယ်ထင်ြပီး အရမ်း
ကြောက်နေကြတယ် ’ ဟုတ်ပြောပြသည်။ ခေါ်ဆောင်ခံရသူ အိမ်ရှင်ဦးလှမြင့်က ‘မနက်၁၀နာရီကဆိုင်ကယ် ၂ စီးနဲ့လူ ၃ ယောက်လာခေါ်တာ ခေါ်တုန်းကလည်း ကျွန်တော့သမီးက ကျောင်းဆရာမ ဆိုတော့ သူ့ကိုအလုပ်ပြုတ် သွားချင်
လားဆိုပြီးပြောတယ်၊ ကျန်တဲ့လူ၂ယောက်ကတော့ ဘယ်သူတွေမှန်းမသိဘူး၊
နောက်၁ယောက်ကတော့ ကျွန်တော်တို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးပါ’
ဟုပြောသည်။
ဦးလှမြင့်အား နံနက်ပိုင်းတွင် ရေကြည်မြို့ရှိ ကြံ့ခိုင်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး “မင်းတို့က လာဖို့ဖိတ်တာလား သူတို့က ဘာသာသူတို့ လာတာလား” စသဖြင့်မေးမြန်းခဲ့ပြီး နေ့လယ်၁၂နာရီခန့်
တွင်နေအိမ်သို့ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သူကပြောပြသည်။
ငါးသိုင်းချောင်းမြို့နယ်ခွဲရှိ ကျေးရွာအုပ်စုများတွင် NLDပါတီလိုလားသူရွာခံများမှာ ခြိမ်းခြောက်မှုများနှင့်ကြုံ တွေ့နေရပြီး ၂၆ ရက်နေ့ကလည်း ရွေးတောက်ကျေးရွာအုပ်စု အင်္ကျီလက်ရွာတွင်
မဲရုံမှုးဦးထွန်းရီမှ NLD
ပါတီလိုလားသူ ရွာခံ ဦးကျော်လှိုင် အိမ်ပေါ်တက်ကာ ခြိမ်းခြောက်မှု
ပြုလုပ်ခဲ့သည် ဟု ဦးလှမြင့်က ပြောသည်။
ငါးသိုင်းချောင်းမြို့နယ်ခွဲ(ရေကြည်-၂) မှ NLDပါတီကိုယ်စားလှယ်လောင်း အဖြစ်လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာလှမြတ်သွေး ကတော့ အဆိုပါ
ကိစ္စများနှင့်
ပတ်သက်၍ ‘ကျွန်မတို့ မြို့ကတောသူတောင်သားအများစုဆိုတော့ SBတို့ ရဲတို့
ဘက်ကနည်းနည်းလေး ခြောက်လိုက်တာနဲ့တင် လုံလောက်ပြီဆိုတာ ပြိုင်ဘက်ပါတီက
သိထားတယ်၊ ဒါကြောင့် သူတို့လည်း
လုပ်တယ်နောက်ပြီး SB တို့ နယ်ထိန်းတို့
နဲ့လည်း ပေါင်းပြီးလုပ်နေတာ’ ဟုပြောပြသည်။
ထို့အတွက်ကြောင့်သူမ၏ဟောပြောပွဲကျင်းပရာတွင်အခက်အခဲများ ဖြစ်ပေါ်နေပြီးလာရောက်နားထောင်လို သော်လည်း လာရဲသူနည်းပါးကြောင်းပြောပြသည်။ ယခုကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပါတီမှ ဦးအေးကျော်တို့မှ
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။
ရေကြည်-၂ မဲဆန္ဒနယ်တွင် မြို့ပေါ်ရပ်ကွက်၆ရပ်ကွက်နှင့် ကျေးရွာအုပ်စု၃၈အုပ်စုရှိကာ မဲပေးခွင့်ရှိသူ ၆သောင်းခွဲကျော်ရှိပြီး မဲရုံ ၅၃ ရုံ ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင် |
|||||
ကြံ့ခိုင်ရေး စလစ်နဲ့ မဲပေးရမယ်ဆိုလို့ ကော်မရှင်ကိုတိုင်
Posted: 31 Mar 2012 01:23 AM PDT
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -မျိုးမင်းထွန်း (YPI)
မတ် ၃၁ မနက် ၉း၀၀ နာရီက ပုသိမ်မြို့နယ် ကြက်ပေါင်အုပ်စု၊ ကြက်ပေါင်ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက ရပ်ကျေးကော်မရှင်က ဝေသည့် မဲစလစ်ပြားနှင့် ကြံ့ခိုင်ရေးက ဝေသည့်
မဲစလစ်ပြား ၂ ခုလုံးပါမှ
မဲပေးခွင့်ရမည် ဖြစ်ကြောင်း ပြောဆို ဝေငှနေသည်ကို မကျေနပ်သည့် ရွာသားများက
ကော်မရှင်ရုံးကို တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါနေ့က အုပ်ချုပ်ရေးမှူး ဦးစံလင်းက ကော်မရှင်မှ ထုတ်ဝေသည့် မဲစလစ်ပြားများကို ကြံ့ခိုင်ရေးရုံးသို့ သွားအပ်ကြောင်း၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များမှ ကော်မရှင်မှ ထုတ်ဝေသည့်
မဲစလစ်ပြားတင်မက သူတို့
ကြံ့ခိုင်ရေးစလစ်ပြားများကိုပါ ဝေငှပြီး အထက်ပါအတိုင်း ပြောဆိုသဖြင့်
တိုင်တန်းခြင်း ဖြစ်သည်။
ကြံ့ခိုင်ရေးမှ ပေးဝေသည့် မဲစလစ် နမူနာ ထို့ပြင် အုပ်ချုပ်ရေးမှူး ဦးစံလင်းကလည်း သက်ဆိုင်ရာ မဲရုံမှူးများအား အင်န်အယ်လ်ဒီ အဖွဲ့ဝင်တို့က တစ်အိမ်တက်ဆင်း လိုက်လံ အကြောင်းကြားထားသည့် မဲစာရင်းနံပါတ်များမှာ
အတည်မဟုတ်ပဲ တရားလည်း မ၀င်ကြောင်းလည်း
ပြောခဲ့သည်ဟု သိရသည်။
မဲစလစ်ပြား ဟူသည်မှာ ပြည်သူတစ်ဦးတစ်ယောက် မဲရုံကို မဲသွားပေးသည့်အခါ မဲဆန္ဒရှင်စာရင်းတွင် မည်သည့်အမှတ်စဉ်မှ ပါဝင်ကြောင်း အလွယ်တူ ရှာဖွေတွေ့ရှိရန် ပြုလုပ် ပေး
ထားသည့် စလစ်ပြားများ ဖြစ်သည်။ ။
by Yangon Press International |
|||||
ဆန္ဒမဲ အတင်းအကြပ်ပေးခိုင်ခြင်း
Posted: 30 Mar 2012 07:05 PM PDT
၂၀၁၂ ဧပြီလ
၁ ရက်နေ့မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတွင်
ကျင်းပပြုလုပ်တော့မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ဒီမိုကရေစီကို မျှော်လင့် တောင်းတလျက်ရှိသော
မြန်မာပြည်သူ ပြည်
သား အားလုံးအတွက် ရင်ခုန်စရာ
နေ့တစ်နေ့ ဖြစ်ပါတယ်။
ပြည်သူများ၊
ဝန်ထမ်းများအားလုံးက ဒီမိုကရေစီကို မျှော်လင့်တောင်းတနေကြသည် ဆိုသော်လည်း နိုင်ငံတော်ဝန်ထမ်းအကြီးအကဲတစ်ဦး၏
အာဏာရှင်ဆန်ဆန် လုပ်ရပ်တစ်ခုဟာ
မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ် (University
of Community Health) မှာ ဖြစ်ပေါ်နေပါတယ်။
မကွေးမြို့
အခြေခံကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ပါမောက္ခချုပ်
ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်သည် သူမ၏ လက်
မှတ်ဖြင့် သူမ၏ လက်အောက် ဝန်ထမ်းများကို
၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့က စာအမှတ် ၃၁၀/အခတ/မက/ထွေ/၂၀၁၂ ဖြင့် ဌာနတွင်းရုံးစာ တစ်စောင်
ထုတ်ပြန်ကြေငြာခဲ့
ပါတယ်။ (ပုံကိုကြည့်နိုင်ပါသည်)
စာပါအကြောင်းအရာမှာ
တက္ကသိုလ်ရှိ ဝန်ထမ်းများအားလုံး ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ဌာနချုပ်မှ ထွက်ခွာခြင်း/ခွင့်ခံစားခြင်း
မပြုလုပ်စေပဲ ဝန်ထမ်းများအားလုံးက တက္ကသိုလ်
အနီးနားရှိ တပေါက်တောကျေးရွာတွင် ကြားဖြတ်ဆန္ဒမဲ
ပေးကိုပေးရမည် ဆိုသည့် အာဏာရှင်ဆန်ဆန် အမိန့်စာ ပင်ဖြစ်ပါတယ်။
ထိုအမိန့်စာ
ထွက်ရှိလာသဖြင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများက
ကျေနပ်မှု မရှိပဲ တစ်ယောက်တမျိုး ပြောဆိုသံများ ထွက်ပေါ်
လာခဲ့ပါတယ်။
“ကျွန်မတို့က
မကွေးမြို့ထဲမှာနေတာဆိုတော့ ကိုယ့်အိမ်ထောင်စု စာရင်းပေါက်တဲ့ မကွေးမြို့ပေါ်မှာရှိတဲ့
ဆန္ဒမဲရုံမှာပဲ မဲပေးချင်တာ။ အဲဒီနေ့ကလည်း တနင်္ဂနွေနေ့ဆိုတော့ ကျောင်း
ပိတ်တယ်လေ။ ကျောင်းကို
ဘယ်သူက သွားချင်မလဲ။ ပါမောက္ခချုပ်ကတော့ ကားစီစဉ်ပေးတယ်ဆိုပေမဲ့လည်း ကျောင်းကို တကူးတကသွား။
ပြီးရင် တခါကျောင်းကပြန်။ ကျောင်းက
လည်း မကွေးမြို့ပြင်မှာဆိုတော့ အသွား
အပြန် အလကားအချိန်က
(၂) နာရီ (၃)နာရီလောက်ကုန်သွားမှာပေါ့” ဟု
ဤတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ မကွေးမြို့ခံ ရုံးဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
အခြေခံကျန်းမာရေးတက္ကသိုလ်ဟာ
၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့အနီးရှိ အောင်ဆန်းမြို့မှ မကွေးမြို့သို့ ပြောင်းရွေ့ဖွင့်လှစ်လိုက်သည့်
ကျန်းမာရေးဝန်းကြီးဌာနအောက်ရှိ ဆေးသိပ္ပံ
ပညာဦးစီးဌာနမှ ဦးဆောင်လျက်ရှိသော ဆေးနှီးနွယ်တက္ကသိုလ်တစ်ခုဖြစ်ပါသည်။
၎င်းတက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော
အခန်းကဏ္ဍမှ ပြည်သူ့ကျန်းမာရေးကို အဓိက တာဝန်ယူရသည့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးကြီးကြပ်
(၁) (၂)
ဝန်ထမ်းများကို နှစ်စဉ် ၉၀၀ ၁၀၀၀ ခန့်
မွေးထုတ်ပေးလျက်ရှိသော တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။
၎င်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော
ဝန်ထမ်းများသည်လည်း အများစုမှာ မကွေး နှင့်အနီးတဝိုက် မြို့များမှ ဖြစ်ကြသော်လည်း အနယ်နယ်
အရပ်ရပ်မှ မိသားစုနှင့်
တကွဲတပြား လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများစွာ ရှိကြပါတယ်။
“ကျွန်တော်က
ရန်ကုန်ကနေပြီ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။ မိသားစုနဲ့ ကွဲကွာပြီး
တာဝန်ထမ်းဆောင်နေတာ (၁) နှစ်နီးပါး ရှိသွားပါပြီ။
တစ်လကို တစ်ခေါက် နှစ်ခေါက်လောက်တော့
အိမ်ကို ပြန်ဖြစ်ပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဆိုတော့ မိသားစုတာဝန်ကို ကျွန်တော်ကပဲ
ပြန်ပြန်ကြည့်ပေးနေရတယ်လေ။
မဲပေးရမဲ့ရက်က ဧပြီ (၁) ရက်နေ့ဆိုတော့
ကျွန်တော်က ရန်ကုန်အိမ်ကနေ မဲပေးချင်တာ။
အိမ်ထောင်စု စာရင်းကလည်း ရန်ကုန်မှာပဲ ပေါက်တယ်လေ။ ကျွန်တော်တို့ သင်ကြားရေး တက္ကသိုလ်တွေက
ဧပြီလဆို
April Vacation ခံစားလို့ရတယ်လေ။ မဲပေးရက်နဲ့
April Vacation နဲ့ ဆက်လိုက်တော့
အိမ်လည်းစောစော ပြန်ဖြစ်တာပေါ့၊ အိမ်မှာလည်း ကြာကြာနေရတာပေါ့။ ဒါကို ကြိုသိနေတဲ့ ပါမောက္ခချုပ်က
ဆရာတွေ အဲဒီလို အရမ်း
အဆင်ပြေသွားမှာကို သိပ်မမြင်ချင်ဘူးလေ။
ဒီမှာပဲ မဲပေးရမယ်ဆိုပြီး
ဒီလို အမိန့်စာတွေ ထွက်တာပေါ့။ ကိုယ်မဲပေးရမဲ့နေရာကိုတောင် ကိုယ့်ဖာသာကို လွတ်လပ်စွာ
ရွေးချယ်ခွင့်မရှိပါဘူး။ အခု ဘယ်လို ဖြစ်မလဲ
မသိဘူး၊
ရန်ကုန်အိမ်မှာလည်း မဲစာရင်းက မဖျက်ရသေးဘူး၊
ဒီမှာကလည်း နံမည်စာရင်းပါနေတယ်လို့
ပြောတယ်၊ မဲလိမ်ချင်သူတွေအတွက် ဒါအကွက်ကောင်းပဲလေ။ ကျွန်တော်တို့ ပါမောက္ခချုပ်ကြီးက
ဒီလို လူမျိုးတွေကို အားပေးအားမြှောက်
လုပ်ပေးနေသ
လို ဖြစ်မနေဘူးလား” ဟု ခံစားချက်များကို
ဖွင့်ဟသွားတဲ့ လက်ထောက်ကထိက ဆရာတစ်ဦးရဲ့ ပြောဆိုသံကို ကြားခဲ့ရပါတယ်။
မန္တလေးမြို့မှ
လာရောက် တာဝန်ထမ်းဆောင်နေသော နည်းပြ ဆရာမ တစ်ဦး၏ ဒီလို ရင်တွင်းခံစားချက်သံကို ကြားရပါတယ်။
“ ကျွန်မ အစက မန္တလေးမှာ ပြန်ပြီး မဲပေးမလို့ပါ။
အရင်တခါ မဲပေးတဲ့နေရာမှာပဲ မဲပေးရမယ်လို့
ဆိုလို့။ ပါမောက္ခချုပ်က ဒီစာလည်းထွက်လာရော ကျွန်မ ဌာနမှူးက မကွေးမှာပဲ မဲပေးပါလို့ ပြောလာတယ်။
ဒါနဲ့ မန္တလေးမှာ ကျွန်မ
နံမည်စာရင်းကို အဖေကို ဖျက်ခိုင်းပါတယ်။ ဖျက်ခိုင်း
အပြီးမှာပဲ
ကျောင်းက လက်ထောက်မော်ကွန်းထိန်းက အရင်တခေါက်မဲပေးခဲ့တဲ့ နံမည်စာရင်းပဲ ပါတယ်။ ဆရာမတို့က
အရင်တခေါက်မဲပေးပြီးမှ ပြောင်းလာတော့ ဆရာမတို့နံမည်
က မကွေးမှာ မပါဘူးလို့ ဆိုပြန်တယ်။
ဒါနဲ့ မန္တလေးက အဖေကို တခါပြန်ပြီး နံမည်ထည့်ခိုင်းရပြန်တယ်။ အခု မတ်လ နောက်ဆုံး အပတ်ကျတော့
ဆရာမနံမည်က တပေါက်တောမှာ
ပါတယ်နော် ကျွန်တော်သွားကြည့်ခိုင်းပြီးပြီ၊
ဆရာမက ဒီမှာပဲ
မဲပေးရာမှာ၊ ပါမောက္ခချုပ်ကြီးကလည်း ဒီမှာပဲ ပေးစေချင်တယ်လို့ တာဝန်ခံတွေက ပြောလာတယ်။
ဒါနဲ့ အဖေကို နံမည်စာရင်း ပြန်ဖျက်ခိုင်းတော့ အဖေက နင်တို့ကျောင်းက ရှုပ်ကို
ရှုပ်တယ်လို့
ကျွန်မကို ဆူပြီး နံမည်စာရင်း
ကို မဖျက်ပေးတော့ဘူး။ အခုဆို ကျွန်မ နံမည်က နှစ်နေရာမှာ
ရှိနေတယ်။ မဲကို နှစ်ခါထည့်လို့ အရေးယူမယ်ဆိုရင် ကျွန်မကတော့ ပါချုပ်ကြီးကိုပဲ လက်ညှိုးထိုးလိုက်တော့မယ်။
အခု
ပြဿနာက အပြန်လက်မှတ်ပဲ။ ဧပြီလက
သင်္ကြန်ကာလဆိုတော့ လက်မှတ်က တစ်ရက် နှစ်ရက် ကြိုဝယ်လို့
မရဘူးလေ။ မဲပေးပြီတာနဲ့ အိမ်ပြန်ချင်တာ၊ လက်မှတ်မရလို့ တစ်ရက်နှစ်ရက် နေပြီးမှ ပြန်ရတော့မှာ။
ကျောင်းမှာ
က အတန်းအားလုံးနီးပါးကို ဧပြီ ၁ ရက် မတိုင်မီ အားလုံး
စာမေးပွဲတွေကို စစ်ပေးပြီး
ပိတ်ပေးလိုက်ပြီ။ ဒါကြောင့် အလုပ်မရှိတော့ အိမ်ပြန်ချင်တာ ”
ဒီစကားသံတွေဟာ
အခြေခံကျန်းမာရေးတက္ကသိုလ်ရှိ ဝန်ထမ်းများ၏ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပက်သက်သော ရင်တွင်းခံစားချက်
အသံများ ဖြစ်ပါတယ်။ ဒီအသံများအပြင်
ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်အပေါ် မကျေနပ်ချက်
ရင်တွင်းပေါက်ကွဲသံများကိုလည်း တဆက်တည်း ကြားခဲ့ရပါတယ်။
ယခု လက်ရှိ
တာဝန်ထမ်းဆောင်နေသော ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်ဟာ ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်
(၂) ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန မှ
ပါမောက္ခ/ဌာနမှူး ရာထူးကနေ မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်ကို
ပါမောက္ခချုပ် ရာထူးတိုးဖြင့် ရောက်ရှိလာတာ (၄) (၅) နှစ်ခန့် ရှိသွားပြီ ဖြစ်ပါတယ်။
ယခင် အခြေခံကျန်းမာ
ရးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း
ဒေါက်တာ ဦးအောင်ခင်ဟာ လာဘ်စားမှု၊
အလွဲသုံးစားမှုတို့ဖြင့် အတိုင်ခံရ၊ ပြုတ်သွားပြီးနောက်ပိုင်း သူမက ပါမောက္ခချုပ် တာဝန်ကို
ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ သူမကိုယ်တိုင်
က ရန်ကုန်မြို့သူလည်းဖြစ်၊ သူမ
အမေကလည်း ရန်ကုန်မြို့မှာ
မောင်ဖြစ်သူနဲ့ ထားခဲ့ရတဲ့ အတွက် သူမက ရန်ကုန်ကို အမြန် ပြောင်းရွေ့နေချင်သူ ဖြစ်ပါတယ်။
မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်
ရာထူးကို ပျော်လို့ ယူထားသူ မဟုတ်ကြောင်း
သူမကိုယ်တိုင် ခဏ ခဏ ပြောဘူးတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်သို့
ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွေ့ပေးရန် ဆေးသိပ္ပံပညာဦးစီးဌာနမှ စီစဉ်ပေးခဲ့ဘူးသော်လည်း
သူမအတွက် လျာထားသော
နေရာကို မိုးကျရွှေကို ဖြစ်သူ “ဒေါက်တာ နေစိုးမောင်” (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
သားမက်ဟောင်း၊ မောင်ဖိုးလပြည့်၏ ဖခင်) ကို ရာထူးအဆင့်ပေါင်း (၃) (၄) ဆင့် တခါတည်း
ခုန်ပေးလိုက်တဲ့အတွက်ကြောင့်
သူမအတွက်
ရန်ကုန်ပြောင်းရွေ့ရဖို့ မျှော်လင့်ချက် အိမ်မက်ကြီး ပျောက်သွားပြီးနောက်
ယခုလို အပြုအမူများကို တမင်သက်သက် ပြုလုပ်လာကြောင်း သိရှိရပါတယ်။ သူမတောင် အဆင်မပြေပဲ
နေနိုင်သေးတာပဲ တခြားသူတွေလည်း
သူမကို အဖော်လုပ်နေစေချင်ကြောင်း၊ သူမအား လိုလေသေးမရှိ
သူမ ခိုင်းသလို သူမနဲ့အတူ နေပေး၊ လုပ်ပေးနိုင်သော ဆရာအချို့ကိုသာ အရမ်းဦးစားပေးပြီး
တခြားသူတို့ကိုတော့
စည်းကမ်းကို အရမ်းတင်းကြပ် ကပ်သပ်၍
အပြစ်ပေးတတ်ကြောင်း ခံစားဘူးသူ
ဆရာ/ဆရာမများနှင့် ဝန်ထမ်းများက ဖွင့်ဟပြောဆိုသံကိုလည်း ကြားခဲ့ရပါတယ်။
ဒီလို မျက်နှာလိုက်
တစ်ဘက်စောင်း စီမံအုပ်ချုပ်မှု ပုံစံနဲ့ အုပ်ချုပ်နေခဲ့တာကို သည်းမခံနိုင်တော့သည့် ဝန်ထမ်းများက
ဆေးသိပ္ပံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ
သန်းဇော်မြင့်ထံ တိုင်စာများ တိုင်ကြားခဲ့သော်လည်း
သူမအား မည်သည့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း မရှိပဲ နှုတ်ဖြင့် သတိပေးအဆင့်ထိသာ ရှိခဲ့သည်ဟု
ဆိုပါတယ်။ ကျွန်တော်တို့
လို နည်းပြရာထူးကို လုပ်ကိုင်ပေးနိုင်သူတွေက
များနေပြီး ပါမောက္ခချုပ်လို
ရာထူးမျိုးကို လုပ်ကိုင်လိုသူ ရှားပါးလာသည့် ဒီခေတ်ကြီထဲမှာ သူမအား အရေးယူရမည်ကိုလည်း
ဆေးသိပ္ပံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ
သန်းဇော်မြင့်က မဝံ့မရဲ ရှိပုံပေါ်ပါတယ်လို့လည်း
ကောက်ချက်ချကြပါတယ်။
ပါမောက္ခချုပ်
ဒေါက်တာ စန်းစန်းမြင့်အောင်ဟာ ဝန်ထမ်းများကို အုပ်ချုပ်မှု အားနည်းရုံတင်မကပဲ သင်ကြားရေး
လုပ်ငန်းတာဝန်များမှာလည်း အားနည်းကြောင်း လက်ထောက်က
ထိက ဆရာမ တစ်ဦးကလည်း ထောက်ပြပြောဆိုသံကို
ကြားခဲ့ရပါတယ်။ သင်ကြားရေး စာသင်ခန်းများကိုလည်း သူမကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခြင်းများ
မရှိကြောင်း၊ မကွေးမြို့
သည် အလွန်
ပူပြင်းသောကြောင့် စာသင်ခန်းများတွင် ပန်ကာများ ပျက်စီးနေသည်ကို
ပြုပြင်ပေးရန် ခဏခဏ တောင်းဆိုသော်လည်း ပြုပြင်ပေးခြင်း မရှိကြောင်း၊ သူမကိုယ်တိုင်ကျတော့
air condition နှစ်လုံးတပ်ဆင်ထားသော အခန်းကနေ
ထွက်တာတောင် မတွေ့ရကြောင်း၊ သင်ကြားရေး
ဆရာ ဆရာမများသည် မြေဖြူ နှင့်green board (Blackboard) ကိုသာ အသုံးပြုနေရသေးကြောင်း၊
Lecture ကို အဆင့်မြင့်မြင့်
သင်ကြားပေးလိုသော ဆရာ ဆရာမများက
LCD Projector များ တခန်းတစ်လုံး
တပ်ဆင်ပေးရန် တောင်းဆိုသော်လည်း တစ်ကျောင်းလုံးသုံးရန် LCD Projector တစ်လုံးသာ ထုတ်ပေးထားကြောင်း၊
Lecture powerpoint
များကို ပြင်ဆင်နိုင်ရန် ကွန်ပြူတာ
များတောင်းဆိုလျှင်လည်း မရပဲ
Store ထဲတွင် ကွန်ပြူတာများ မော်ဒယ်အောက်မှိုတက်သည့်အထိ သိမ်းဆည်းထားကြောင်း၊ ကျောင်းသားများကို
စာသင်ကြားရာတွင် သင်ကြားရေး
အထောက်အကူပြု PA System များလည်း
အခန်းတိုင်းမှာ ပျက်စီးနေသည်ကို
ပြုပြင်ပေးခြင်း မရှိသည့်အတွက် ဆရာ/ဆရာမများမှာ နွေခေါင်ခေါင်တွင် ချွေးတရွှဲရွှဲဖြင့်
ရှာထွက်အောင် အော်သင်နေရကြောင်း သိရှိခဲ့ပါသည်။
နောက်ဆုံးနှစ်
ကျောင်းသား/ကျောင်းသူများကို ကွန်ပြူတာဖြင့် သင်ကြားရသည့် ဘာသာတွင်လည်း ကွန်ပြူတာခန်းတွင်
ကျောင်းသား/သူ (၄ - ၅) ဦးကို ကွန်ပြူတာ တစ်လုံးနှုန်းဖြင့်
သင်ကြားနေရကြောင်း၊ ကွန်ပြူတာ
မလုံလောက်သည်ကို သိရှိသော်လည်း ကွန်ပြူတာ အသစ်များ ထုတ်ပေးခြင်း မရှိသည့်အပြင် အဟောင်းများကို
ပြင်ဆင် မွမ်းမံခြင်း မရှိကြောင်း၊
ကွန်ပြူတာခန်းတွင် တပ်ဆင်
ထားသော air condition များပျက်နေသည်ကိုလည်း
ပြင်ဆင်ပေးခြင်း မရှိကြောင်း။ ယခင် ပါမောက္ခချုပ်ဟောင်း ဒေါက်တာဦးစိုးနောင် လက်ထက်က
၎င်းအခြေခံကျန်းမာရေး
တက္ကသိုလ်တွင်
ပညာနို့ရည်သောက်စို့ခဲ့ပြီး ယခုအခါ ယင်းကျောင်းတွင်
နည်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမ များက သူတို့လက်ထက် ပညာသင်ကြားခဲ့ရသည့်
အခြေအနေများဖြင့် နှိုင်းယှဉ်ပြောဆိုသံကိုလည်း ကြားခဲ့ရ
ပါတယ်။ “ကျွန်တော်/ကျွန်မ တို့
ကျောင်းတက်တုန်းက ကွန်ပြူတာအချိန်ဆိုရင် နွေခေါင်ခေါင်ကြီးပဲ ဖြစ်နေပစေ လက်ရှည် အနွေးထည်ပါး
တစ်ထည် ဆောင်ထားရတယ်။ နို့မို့ရင်
ကွန်ပြူတာ အချိန်ပြီးရင်
အအေးမိတော့တာပဲ”
ဒီစကားသံများကို
နားထောင်ကြည့်ခြင်အားဖြင့် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများကြားတွင် ပြဿနာပေါင်း မြောက်များစွာ ရှိနေကြောင်း မှန်းဆသိရှိနိုင်ပါတယ်။
ဒီလို နိုင်ငံတော်အတွက်
အလွန်တရာ အရေးပါ အရာရောက်သော အခြေခံပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို
မွေးဖွားရာ ကျောင်းတော်ကြီးဟာ ပြဿနာပေါင်းစုံ ရှိနေပါက မွေးထွက်လာသော ကျန်းမာရေး
မှူးတို့၏
အရည်အသွေးဟာလည်း သံသ
ယဖြစ်ဘွယ်အခြေအနေမှာ ရှိနေမှာပါ။
မြန်မာနိုင်ငံ
ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွင် မဲလိမ်လည်မှုများဖြင့် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို
နည်းအမျိုးမျိုးသုံးနေသည့်အချိန်တွင် မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်
ပါမောက္ခချုပ်၏
လုပ်ဆောင်မှုသည် မဲလိမ်လည်သူများအား တစ်ဘက်တလမ်းက ကူညီပံ့ပိုးပေးနေသလို ဖြစ်နေသည်ကို
အများပြည်သူသိရှိစေရန် အလို့ငှာ ဤစာဖြင့် ရေး
သားဖော်ပြလိုက်ရပါတယ်။
မကွေးမြို့ ခံတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
|
|||||
၂၀၁၀ ရွေးကောက်ပွဲမျိုးမဖြစ်ဖို့ အရေးကြီးလို့ ကင်တာနားသတိပေး
Posted: 30 Mar 2012 06:32 PM PDT
ဧပြီလတစ်ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀
တုန်းကလို အများလက်ခံမှုမရခဲ့တဲ့ ရွေးကောက်ပွဲမျိုး ထပ်မဖြစ်ဖို့လိုအပ်ပြီး
ဒါဟာ မြန်မာနိုင်ငံ
ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် စမ်းသပ်မှု
တခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
သောမတ်စ် အိုဟေး ကင်တားနားက ပြော
ကြားလိုက်ပါတယ်။ ဒီအကြောင်းကို
မစ္စတာကင်တားနားကို ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းကြောင်းမှာ အရေးပါတဲ့၊ အတိမ်းအစောင်းမခံတဲ့ ကာလဖြစ်နေသလို မြန်မာနိုင်ငံ
ဒီမိုကရေစီရေးပြောင်းလဲမှုအတွက် စမ်းသပ်မှုတခုလည်းဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်၊ အိုဟေး၊
ကင်တားနားက
ဗွီအိုအေ၊ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။
“ဒီမိုကရေစီလမ်း လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံအတွက် ဒါဟာ စမ်းသပ်မှုတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကျင်းပ
မပေးနိုင်ခဲ့တာကို သင်ခန်းစာယူပြီး အခုလက်ရှိ အရပ်သားအစိုးရအနေနဲ့
အများယုံကြည်မှုရစေမယ့် ရွေးကောက်ပွဲမျိုးကျင်းပပေးဖို့ရာ ဒါဟာ
အခွင့်ကောင်းတရပ်လည်းဖြစ်ပါတယ်”
မြန်မာနိုင်ငံရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးခန့်အပ်ထားတဲ့ မစ္စတာကင်တားနားက မြန်မာနိုင်ငံ
မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့
လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိဖို့ ဆက်တိုက် ဖိအားပေးတောင်းဆိုခဲ့ပြီး
ရွေးကောက်ပွဲကို အများလက်ခံယုံကြည်မှုရှိစေချင်
ရင်
ရွေးကောက်ပွဲကျင်းပတဲ့နေ့
တနေ့တည်းနဲ့ မပြီးဘဲ မကျင်းပခင်ရော
ကျင်းပပြီးနောက်ပိုင်းမှာပါ ပွင့်လင်းမျှတဖို့လိုတယ်လို့လည်း ပြောပါတယ်။
“ဒါဟာ သိပ်ကိုအရေးကြီးတာရှင်းပါတယ်။ ဒါကို ကျနော် ဖေဖော်ဝါရီလ မြန်မာနိုင်ငံသွားတုန်းက အာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရလည်း တွေ့ပြီး
ပြောခဲ့သလို အခုလည်း
ကြေညာချက်ထုတ်ပြီးပြောလိုက်တာပါ။ ဒါဟာ အရပ်သားအစိုးရအနေနဲ့
လူအများလက်ခံယုံကြည်မှုရှိတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုလာဖို့
လွတ်
လပ်ပြီး ပွင့်လင်းမှု
ရှိဖို့ဆိုတာဟာ သိပ်ကို အရေးကြီးတာပါ”
မြန်မာအစိုးရသစ်အဖွဲ့က နိုင်ငံရေးအကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့သလို နိုင်ငံရေးပါတီတွေလည်း ထူထောင်ခွင့်ပေးခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ
မဲဆွယ်ခရီး လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးခဲ့တာအပြင် ပြည်ပက
ရွေးကောက်ပွဲအကဲခတ်သူတွေကို မြန်မာနိုင်ငံအတွင်း
လာရောက်ခွင့်ပေးလိုက်တာမို့ ဒါဟာ လူ့အခွင့်အရေးဆိုင်
ရာ အပြုသဘောဆောင်
ပြောင်းလဲမှုတွေ ဖြစ်လို့ အားပေးတယ်လို့ ဆိုပါတယ်။
“ဒီလို ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ကြားခဲ့တာအတွက် ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်အခန်းကဏ္ဍကနေပါဝင်ဖို့ ဖိတ်ကြားတယ်ဆိုတာ တိတိ
ကျကျမသိရတဲ့အပြင် ဘယ်အတိုင်းအတာအထိ လေ့လာခွင့်ရှိမယ်ဆိုတာလည်း
သေသေချာချာမသိရပါဘူး။ ဒါ့ကြောင့် ကျနော့်အမြင်ပြောရရင် လွတ်လပ်ပြီး
တရားမျှတမှုရှိစေမယ့်
ရွေးကောက်ပွဲ
အခြေအနေမျိုး အပြည့်အ၀မတွေ့ရပေမယ့်
ဒါတွေဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလို့တော့ ကျနော် လက်ခံထားပါတယ်”
ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် မသမာမှုတချို့ ရှိနေတာတွေ့ရတာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် လူအများလက်ခံပြီး မြန်မာလူထုရဲ့ ယုံကြည်မှု
တည်ဆောက်နိုင်အောင် အာဏာပိုင်တွေဘက်က တရားမျှတတဲ့၊
ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ ပြတ်ပြတ်သားသားတော့
လုပ်ပြရမယ်လို့ ပြောပါတယ်။ ဒါ့အပြင်
အရင်ကျင်းပခဲ့တဲ့
နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီ
တဲ့ရွေးကောက်ပွဲလိုမျိုး ထပ်ပြီး
မဖြစ်စေဖို့လည်း သတိပေးလိုက်ပါတယ်။
VOA |
|||||
ပုဗ္ဗသီရိမြို့နယ်၊ ကြံဖွတ်ပါတီမှာ ဦးသာဌေး၏ တန်ဖိုးကြီးကားပေါ်မှ NLD အလံ
Posted: 30 Mar 2012 05:37 PM PDT
နေပြည်တော်
ပုဗ္ဗသီရိမြို့နယ်၊ ကြံဖွတ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးသာဌေး
ပုဗ္ဗသီရိမြိုနယ် ရပ်ကွက်တွေမှာ တန်ဖိုးကြီး ကားတန်းများပြကာ
စည်းရုံးရေးဆင်းခဲ့ပါတယ်။
|
|||||
ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ)
Posted: 30 Mar 2012 02:31 PM PDT
ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်းခင်ဗျား..ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊
တကယ်လို့ ဒီလိုလက်ရောက်မှုအတွက်
တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က
လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်
|
Saturday, March 31, 2012
သတင်းများ
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment