မိတ်ဆွေများခင်ဗျား။
ရှင်းလင်းစွာ နှင့် ပြည့်စုံစွာ ဖတ်နိုင်ရန်အတွက် ကျေးဇူးပြု၍ ပူးတွဲပါ PDF ဖိုင်အားဖွင့်၍ဖတ်နိုင်ပါသည်။
အချိန်ပေးပြီးဖတ်သူများအား
အထူးကျေးဇူးတင်ပါသည်။
ဖြစ်နိုင်ပါက မြန်မာပြည်တွင်းရှိ အလုပ်သမားများထံသို့  အဆက်အသွယ်များရှိပါက ဆက်လက်ဖြန့် ဝေပေးပါရန် အကူအညီတောင်းခံပါသည်။
လေးစားစွဖြင့်
ချိုမောင်
မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန်အခွင့်အလမ်း
(သို့ မဟုတ်)
လွတ်လပ်သည့် အလုပ်သမားသမဂ္ဂများပေါ်ထွန်းချိန်
အမှတ် (၃)
လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂများပေါ်ထွန်းရန် လွန်စွာမှ
နီးကပ်လာပြီလို့  ဆိုလို့ ရတာကတော့ ၂၀၁၂ ခုနှစ် မတ်လ (၉) ရက် နေ့ စွဲနဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က အမိန့်ကြော်ငြာစာ အမှတ် ၂၂/၂၀၁၂ အရ အလုပ်သမားအဖွဲ့ အစည်းဥပဒေကို စတင်အာဏာတည်ပြီဟု
သတ်မှတ်လိုက်တာနဲ့ အတူ အမိန့် ကြေငြာ စာ အမှတ် ၂၃/၂၀၁၂ အရ အလုပ်သမားညွန်ကြားရေးမှုးချုပ်ကို
မှတ်ပုံတင်အရာရှိချုပ်အဖြစ် တာဝန်ပေးအပ်တဲ့ အကြောင်းတပါ တည်း ထုတ်ပြန်ကြေညာခဲ့တဲ့အတွက်ဖြစ်ပါတယ်။
သို့ သော်လည်း ဗဟိုဦးစီးချုပ်ကိုင်မှု စနစ်ကို
ဆက်လက်ကျင့်သုံးလုပ်ဆောင်မယ်ဆိုရင်တော့ ကောင်းမွန်လှတဲ့ စနစ်တစ်ခုတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့
မြန်မာနိုင်ငံမှာ အကျင့်ပါနေပြီဖြစ်တဲ့ ဗဟိုဦးစီးချုပ်ကိုင်မှုကြောင့် အောက်ခြေမှာ
တရားဥပဒေကို လက်တွေ့ ကျင့်သုံးခွင့်မရခြင်းနဲ့ လက်တွေ့ ကျင့်သုံးတဲ့ အလေ့အထ မရှိတော့တာ
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သလို၊ ဒီစနစ်ကြောင့် လုပ်ငန်းများအကောင်အထည်ဖေါ်ဆောင်ရာမှာလည်း
နှေးကွေးကြန့်  ကြာခြင်း၊ အကျင့်ပျက်လာဒ်စားခြင်းတို
့က ဆိုးဝါးအောက်တန်းကျတဲ့ဓလေ့တစ်ခုဖြစ်နေပါတယ်။ အောက်ခြေအာဏာ ပိုင်ကို လုပ်ပိုင်ခွင့်အပြည့်အ၀လွှဲအပ်ပေးရန်
လိုအပ်တဲ့အခြေအနေတွေမှာလည်းလွှဲပေးရမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ပိုင် ခွင့်အာဏာကို အောက်ခြေကိုပေးလိုက်ရင်လည်း
အောက်ခြေအာဏာပိုင်က အာဏာအလွဲသုံးစားမလုပ်ပဲ လူထုကောင်း စားရေးအတွက် မှန်ကန်တဲ့ တရားဥပဒေနဲ
့အညီ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဗဟိုဦးစီးချုပ်ကိုင်မှု စနစ်ကြောင့် အကြောင်းကိစ္စ
တစ်ခုကိုဆုံးဖြတ်ရာမှာ အထက်ကိုပြန်တင် အထက်ကအောက်ပြန်လာစတဲ့ အခြေအနေကြောင့် ကြန့် 
ကြာပြီး သေစရာရှိ တဲ့လူကသေသွားပြီ ဆိုတာမျိုးဖြစ်ပါတယ်။
ဒါ့ကြောင့် - အလုပ်သမားသမဂ္ဂတွေကမှတ်ပုံတင်လာရင်
အမြန်ဆုံးအသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့  မှတ်ပုံတင်လာတဲ့
သမဂ္ဂတွေကို ပယ်ချခြင်းမပြုပဲ အပြန်အလှန်ဆွေးနွေးပြီး နားမလည်တာလိုအပ်တာတွေ ကိုထောက်ပြကာ
အသိအမှတ်ပြုမှတ်ပုံတင်ပေးလိုက်ဖို့ လိုပါတယ်။
အလုပ်သမားသမဂ္ဂ ဆိုတာက အလုပ်သမားတွေရဲ့ ဘ၀တွေကိုမြှင့်တင်ပေးဖို
့ဖွဲ့ စည်း တည်ထောင်ရခြင်းဖြစ် သလို ယနေ့ လက်ရှိ အချိန်ကာလမှာ မြန်မာ့အလုပ်သမားထုကြီးရဲ
့ ဘ၀များဟာ လုပ်ခနဲ့  ကုန်ဈေးနူန်း ကိုက်ညီမှုမရှိ တာကြောင့် ဆင်းရဲမွဲတေခြင်းကို လက်တွေ
့ရင်ဆိုင်နေရတာငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လက်ရှိ အစိုးရသစ်က ကျေးလက်ဒေသဖွံ
့ဖြိုးရေးနှင့်ဆင်းရဲမွဲတေမှုလျော့ပါးစေရန် (Rural development
and poverty alleviation) အတွက်ဆိုကာ ကော်မတီတစ်ရပ်ဖွဲ့ ပြီး အချက် (၈) ချက်နဲ့  အကောင်
အထည်ဖေါ်ဆောင်ရွက်နေတာကို တွေ့ ရပါတယ်။ ဒီနေရာမှာ အစိုးရသစ်အနေနဲ့  ကျေးလက်ဒေသတွင်သာမက
မြို့ ပြ ဒေသတွေမှာလည်း မြို့ ပြဒေသဖွံ့  ဖြိုးရေးနှင့်ဆင်းရဲမွဲတေမှု လျော့ပါးစေရန်
(Urban development and poverty alleviation) တပြိုင်နက် အကောင်
အထည်ဖေါ်ဖို့  လိုအပ်နေပါတယ်။ ကျေးလက်ဒေသတွေမှာဆောင်ရွက်မှုဟာ တောင်သူလယ်သမားအတွက် အကျိုးဖြစ်
ထွန်းစေမှာဖြစ်သလို မြို့ ပြဒေသတွေမှာဆိုရင်တော့ အလုပ်သမားတွေအကျိုးခံစားကြရမှာဖြစ်ပါတယ်။
အဲဒီလို အလုပ်သမားတွေရဲ့ ဘ၀တွေကို မြှင့်တင်ပေးတဲ့နေရာမှာ
အလုပ်သမားသမဂ္ဂနှင့် ဆင်းရဲမွဲတေမှုလျော့ပါး
ရေး (Trade Union and Poverty Alleviation) ဆိုတဲ့ စီမံချက်တွေကို တပါးတည်း အလုပ်သမားသမဂ္ဂများ
ပေါ်ပေါက်လာတဲ့နဲ့ အတူ ဖေါ်ဆောင်သွားနိုင်ဖို့ ရန်လည်း ပါဝင်ပါတယ်။
အလုပ်သမားဆိုတာလည်းပြည်သူပါပဲ - ဒါဆိုရင် အစိုးရတစ်ရပ်အနေနဲ့ လည်း မိမိတိုင်းပြည်ရဲ့  ဆင်းရဲမွဲတေမှု လျော့ပါးစေရန် လုပ်ဆောင်ရာမှာ အလုပ်သမားသမဂ္ဂတွေကို
အင်အားတစ်ရပ် အနေနဲ့  အားကိုးသွားဖို့  ရာဖြစ်လာမှာပါ။
အလုပ်သမားသမဂ္ဂနှင့်
ဆင်းရဲမွဲတေမှုလျော့ပါးရေး (Trade Union and Poverty Alleviation) ဆိုတဲ့ စီမံကိန်း
တွေကို ဖေါ် ဆောင်လာမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ
့ချုပ် (International Trade Union Confederation – ITUC)၊ ကမ္ဘာ့ဘဏ် (World Bank)၊
ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (International Monetary Fund – IMF)၊ ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနဲ
့လူမှုရေးကော်မရှင် (United Nations Economic and Social Commission Asia and the
Pacific - UNESCAP)စတဲ့အဖွဲ့ အစည်းတွေက ဒီစီမံကိန်းတွေကို
ကမ္ဘာအနှံ့ ကူညီနေတာ ဖြစ်တဲ့အတွက် ကူညီ ပံ့ပိုးမှုတွေလည်းရရှိသွားမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေရောက်ဖို့ ရန်မှာလည်း စစ်မှန်ခိုင်မာ
အင်အားကြီးတဲ့ အလုပ် သမားသမဂ္ဂဖွဲ့ စည်းဖို့ ရန် ပထမဆုံးလိုအပ်နေပါတယ်။
ဒါ့ကြောင့် ပြဌာန်းပြီးသား ဥပဒေကို လက်တလုံးခြားလုပ်မလား၊
ပြယုဂ်အနေနဲ့ လုပ်မလားဆိုတာ အစိုးရသစ် အနေနဲ့  အထက်အောက်ညှိနှိုင်း စစ်ဆေးမှုတွေရှိဖို
့လိုအပ်ပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်တာကတော့ သူခိုးဂျပိုး တွေရဲ့ အလုပ်ဖြစ်ပြီး
၊ ပြယုဂ်အနေနဲ့  လုပ်တာဆိုရင်တော့ လူလိမ်၊ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ
့ချုပ် (အိုင်အယ်လ်အို)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်နဲ့ အပြည်ပြည်ဆိုင်ရာတွေက
ဖိအားပေးမှ လုပ်တယ် ဆိုရင်တော့ ပြောမှသိထိမှနာဆိုတဲ့ဟာမျိုးတွေကသိပ်ကောင်းတဲ့ ဥပမာတွေတော့
မဟုတ်ပါဘူး။ ထို့ အတူပဲ လက်ရှိ အုပ်ချုပ်သူ အစိုးရသစ်အနေနဲ့  အခုနှစ် ၂၀၁၂ ခုနှစ် ဇွန်လ မှာ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကြီး
မှာ ၁၉၅၈ ခုနှစ် က အတိုင်း အိုင်အယ်လ် အို မှာ အပြည်ပြည်ဆိုင်ရာက လေးစားထိုက်တဲ့အစိုးရ ဖြစ်အောင် အမျိုးသားဂုဏ်မြှင့်
တင်ချင်တဲ့စိတ်ဓါတ်နဲ့  အမြန်ဆုံး ပြန်လည်ကြိုးစား လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အလုပ်သမားရေးရာနဲ
့ပတ်သက်၍ လေးစားထိုက်တဲ့ အစိုးရတစ်ရပ်ဖြစ်အာင် စိုးရိမ်ကြောက်ရွ့ံမှုများဖယ် ဥပဒေကိုပြင်ဆင်
လေးစားလိုက်နာရန်။ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂများအမြန်ဆုံးဖေါ်ဆောင်ပေးရန်။ မြန်မာနိုင်ငံလုံးဆိုင်ရာ
အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်ပေါင်းချုပ်အဖွဲ့ ချုပ်/ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ
ကွန်ဂရက် (Myanmar Trade Union
Confederation – MTUC/ Myanmar Trade Unions Congress- MTUC) အမြန်ဆုံးဖွဲ့ စည်းပေးနိုင်ရန်။
စစ်မှန်သည့် အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ ၂၀၁၂ ခုနှစ် ဇွန်လ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမား
ညီလာခံသို့  အမှီတက်ရောက်ဆွေးနွေးနိုင်ရန် တို့ ကို အမြန်ဆုံးအကောင်အထည်ဖေါ်သွားဖို
့ လိုအပ်ပါတယ်။
စိုးရိမ်ကြောက်ရွ
ံ့မှုများဖယ် ဥပဒေကိုပြင်ဆင်လေးစားလိုက်နာရန်။
အပြည်ပြည်ဆိုင်ရာက အလုပ်သမားရေးရာဆောင်ရွက်တဲ့နေရာမှာလေးစားထိုက်တဲ့
အစိုးရတစ်ရပ်ပြန်လည်ဖြစ် ထွန်းဖို့  ရန်မှာ အစိုးရသစ်အနေနဲ့  ၂၀၁၁ ခုနှစ် အောက်တိုဘာလ
(၁၁) ရက်နေ့ စွဲနဲ့  ပြဌာန်းခဲ့တဲ့ အလုပ်သမားဥပဒေကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ရေးဆွဲခြင်းကိုပြုလုပ်ရမှာ
ဖြစ်ပါတယ်။ ဥပမာ - အားဖြင့် ၁၉၂၆ အလုပ်သမားသမဂ္ဂဥပဒေကို ဖျက်သိမ်းကြောင်းကိုပါ တပါတည်းကြေငြာခဲ့တာဟာ
ကောင်းမွန်တဲ့ ဥပဒေကို ဖျက်သိမ်းခြင်းလို့ ယုံမှတ်ရပါတယ်။ လုံးဝ ဖျက်သိမ်းလိုက်မဲ့အစား
မှီငြမ်းပြင်ဆင်ဖြည့်စွက်သင့်ပါတယ်။ အဓိက အချက်ကတော့
အိုင်အယ်လ်အိုရဲ့  ပြဌာန်းချက် အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ
့စည်းခွင့်နှင့်စည်းရုံးပိုင်ခွင့်အား ကာကွယ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ်(၈၇) {Freedom
of Association and Protection of the Right of Organise Convention (No.87) 1984}
FOA မြန်မာအစိုးရသစ်က လေးစားလိုက်နာပြီး ၎င်းပြဌာန်းချက် ဥပဒေ အချက်များမှ သွေဖီရှောင်ဖယ်ခြင်းမပြုတဲ့
မြန်မာ့အလုပ် သမားဥပဒေကို ရေးဆွဲပြီးလေးစားလိုက်နာဖို့ ဖြစ်ပါတယ်။ အလုပ်သမားများအနေနဲ
့ ပြဌာန်းချက် (၈၇) FOA ထဲမှ ကျင့်ထုံး ပြဌာန်းချက်တွေနဲ့ အညီ ကျင့်သုံးလာရင်လည်း တရားဝင်ခွင့်ပြုပေး
ဖို့ လိုအပ်ပါတယ်။
အလုပ်သမားသမဂ္ဂဆိုတာနဲ့  အလုပ်ရှင်ကိုဆန့် ကျင်ဖို
့ သပိတ်မှောက်ဖို့  အစိုးကိုသပိတ်မှောက်မယ် ဆိုတာ လောက်မြင်နေရင် အင်မတန်မှ ဗဟုသုတနည်းပြီး
အကြောက်တရားကထိပ်ကိုရောက်နေရာကျပါတယ်။ လွန်စွာမှ ရှေးကျတဲ့ အတွေးအခေါ်တစ်ရပ်ဖြစ်ပြီး
အရင်းရှင်ခေတ်ကအတွေးအခေါ်မျိုးဖြစ်နေကာ အရင်းရှင်တွေက အလုပ်သမား တွေအပေါ်ဂုတ်သွေးစုတ်မှုကို
အားပေးတဲ့ အစိုးရတစ်ရပ်ဖြစ်နေသလားဆိုတာ ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်သမားများ
သပိတ်မှောက်ပိုင်ခွင့် ဥပဒေကို ယခုသတ်မှတ်ပြဌာန်းချက်ထက် ပိုမိုပြီးပြည့်စုံတဲ့ ဥပဒေကို
ပြဌာန်းပြီး၊ သက်ဆိုင်ရာအစိုးရကို အခြေခံအလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး သပိတ်မှောက်ခွင့်
မရှိလောက်အောင် တင်းကြပ် ထားတဲ့ ဥပဒေမျိုးကိုတော့ နိုင်ငံတကာစံနူန်း၊ FOA စံနဲ့ ညီအောင်
ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒီ့အပြင် - အလုပ် သမားဥပဒေကို အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းများနဲ
့ အလုပ်သမားဥပဒေရေးရာ ကျွမ်းကျင့်တဲ့ ဥပဒေပညာရှင်များ ပါဝင်ပတ်သက် ရေးဆွဲပြင်ဆင်ခွင့်ကိုလည်း
နိုင်ငံတော်အစိုးရ အနေနဲ့  ခွင့်ပြုသွားဖို့ လည်း လိုအပ်ပါတယ်။
နိုင်ငံတော်အစိုးရအသစ်က ပြဌာန်းလိုက်တဲ့ အလုပ်သမားအဖွဲ
့ဖွဲ့ စည်းခွင့်ဆိုင်ရာ ဥပဒေအချက်တွေထဲမှာ
လည်း အင်မတန်မှ သင့်မြတ်လျှော်ကန်တဲ့ အချက်တွေပါဝင်တာလည်းတွေ့ ရပါတယ်။ ဥပမာ - အခြေခံအလုပ်သမားအဖွဲ
့ ကို အလုပ်သမား (၃၀ ) ဦး နဲ့ စတင် ဖွဲ့ စည်းခွင့်သတ်မှတ်တာဟာ အခြားနိုင်ငံတိုင်းပြည်
အချို့ ထက်သာလွန်လျော့ပေါ့ ပြီး အလယ်အလတ်ကို ပေးထားတဲ့အချက်ဖြစ်ပါတယ်။ ဥပမာ - ပနားမား၊
ဆိုမားလီယား၊ နီဂါရာဂွား၊ စတဲ့ နိုင်ငံတွေမှာ အဖွဲ့  ၀င် (၅၀) ယောက် ပြည့်မှ မှတ်ပုံတင်ခွင့်သတ်မှတ်ပါတယ်။
ဒါ့ထက်ပိုတဲ့ (၁၀၀) ပြည့်မှ ဖွဲ့ ခွင့်ရှိတယ်ဆိုတဲ့ နိုင်ငံအချို့  ရှိတာကိုလည်းတွေ
့ ရပါတယ်။ ဒါ့အပြင် - အလုပ်သမားသမဂ္ဂ အဖွဲ့ ဝင်
ဖြစ်တဲ့အလုပ်သမားနဲ့  သပိတ်မှောက် အလုပ် သမားကို အလုပ်ရှင်က အလုပ်ကထုတ်ပယ်ခွင့် မရှိရဆိုတဲ့
ပြဌာန်းချက် အခန်း(၁၂) ပုဒ်မခွဲ ၄၄ (ဃ) တားမြစ်ချက်များနှင့် အခန်း (၁၃) ပုဒ်မခွဲ ၁၅
ပြစ်ဒဏ်များ ဥပဒေတွေကလည်း ကောင်းမွန်တာကိုတွေ့ ရပါတယ်။
ဒါ့အပြင် အစိုးရသစ်အနေနဲ့  အလုပ်သမားဥပေဒတွေကို
ပြန်လည်ရေးဆွဲ အတည်ပြုခြင်းများကို ထပ်မံလုပ် ဆောင်ရန်လို အပ်နေပါသေးတယ်။ ဥပမာအားဖြင့်တော့
- FOA ပြဌာန်းချက် (၈၇) သတ်မှတ်ပြဌာန်းချက် အခန်း (၇) အပုဒ် ၄၂၈ မှ ၄၃၀ အရ ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ
ငွေကြေးကိစ္စများကို အစိုးရက၀င်ရောက်စွက်မှုကင်းပြီး လွတ်လပ်စွာ လုပ်နိုင်တယ်လို့ ဆိုထားရာမှာ
မြန်မာအစိုးရရဲ့ အလုပ်သမားဥပဒေအသစ် အခန်း (၄) ပုဒ်မ ၁၄ အရ ဆိုရင်တော့ အစိုးရက ၀င်ရောက်စွက်ဖက်မှု
ကို ထင်ရှားစွာတွေ့ နေရပါတယ်။
လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂများအမြန်ဆုံးဖေါ်ဆောင်နိုင်ရန်။
- အတွက်ကတော့ နိုင်ငံတော်အစိုးရရဲ့  သတ်မှတ်ချက်တွေနဲ
့အညီ မှတ်ပုံတင်လာတဲ့သမဂ္ဂတွေကို နိုင်ငံတော် မှတ်ပုံတင် အရာရှိချုပ်နဲ့ တကွ မြို့ နယ်တိုင်းဒေသက
မှတ်ပုံတင်အရာရှိတွေက လက်တွေ့ အလုပ်လုပ်ကိုင်ဖို့ လိုအပ် ပါတယ်။ အဲဒီ အရာရှိများက မှန်ကန်တဲ့
တရားဥပဒေအတိုင်းဆောင်ရွက်ပေးရန်လိုပါတယ်။ မှန်ကန်တဲ့ တရားဥပဒေအရ ဆောင်ရွက်မှုမရှိခဲ့သော်
၎င်းတို့ အားအရေးယူဆောင်ရွက်ရန် အလုပ်သမားများအနေနဲ့ လည်း သတ္တိရှိရှိ မိမိအခွင့် အရေးများအတွက်
နိုင်ငံတော်သမ္မတထံ တိုက်ရိုက်အကြောင်းကြားခြင်း၊ အိုင်အယ်လ်အို၊ အပြည်ပြည်ဆိုင်ရာအလုပ်သမား
သမဂ္ဂများ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င် အလုပ်သမားရေးရာ ဆောင်ရွက်နေသူများကို
အကြောင်းကြားခြင်း စတာတွေလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ အကျင့်ပျက်လာဒ်စားခြင်းနဲ့ အတူ
ပိုင်ရာဆိုင်ရာဆိုတဲ့ အောက်တန်းကျတဲ့ လုပ် ဆောင်မှုတွေရပ်တန့် ပြီး လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ
အမြန်ဆုံးပေါ်ထွန်းလာမှာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် မတ်လ ထဲမှာ စက်ရုံအလုပ်သမားတချို
့သမဂ္ဂတွေစတင်ဖွဲ့ စည်းပြီးတော့ မှတ်ပုံတင်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖေါ်နိုင်လာတာကိုတွေ
့ရတဲ့အတွက် ကျန် အလုပ်သမားထုကြီးကလည်း ပါဝင်ပတ်သက်ဖို့  လိုအပ် ပါတယ်။ အဲဒီစတင် လုပ်ဆောင်ဖွဲ
့စည်းတဲ့ အလုပ်သမားများရဲ့ သတ္တိက ဂုဏ်ပြုထိုက်ပါတယ်။ ဒါဟာ မြန်မာ့ ဒုတိယအလုပ်သမားသမဂ္ဂသမိုင်းအဖြစ်
သမိုင်းဝင်မှတ်တမ်းဖြစ်လာမှာပါ။
ဒီနေရာမှာတခု သတိထားတွေ့ ရတာကတော့ မိမိတို
့အလုပ်သမားထုကြီးအနေနဲ့  အတွေ့ အကြုံ ဗဟုသုတ ကျယ်ပြန့် ဖို့ လိုနေတာကိုတွေ့ရပါတယ်။
ဒီတော့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂတွေက ဘယ်လိုဖွဲ့စည်း ကြ တယ်ဆိုတာကို လေ့လာပြီး
နည်းယူတတ်ဖို့ တော့လိုပါတယ်။ ဒါ့အပြင် လက်ရှိ အလုပ်သမားအဖွဲ့ အစည်းဥပဒေထဲမှာ ပါတဲ့အတိုင်း
လုပ်ငန်းတူရာအလိုက်လို့ ဆိုထားတာကို သတိထားမိဖို့ လိုပါတယ်။ ဒါက တချို့  အလုပ်သမားတွေက
သိသလို အချို့ လည်းမသိတာကြောင်းတင်ပြရတာပါ။
စက်ရုံတိုင်းမှာ အလုပ်သမားသမဂ္ဂတစ်ခုခြင်းစီဖေါ်ဆောင်ဖို
့ မလိုအပ်သလို အလုပ်သမားသမဂ္ဂတစ်ခုကို စက်ရုံ တိုင်းက အလုပ်သမားတွေကသွားရောက်အဖွဲ့ ဝင်
နိုင်ကြပါတယ်။ ဆိုလိုတာက - သတ်မှတ်ထားတဲ့ လုပ်ငန်းတူရာလိုက်
စုဖွဲ့  ထားတဲ့ သမဂ္ဂတစ်ခုဆီကို လုပ်ငန်းတူတဲ့ စက်ရုံတိုင်းကအလုပ်သမားများက သွားရောက်အဖွဲ
့ဝင်နိုင်ပါတယ်။ ဥပမာ အားဖြင့် - သားရေအလုပ်သမားများသမဂ္ဂ - (လှိုင်သာယာမြို့ နယ်)
(Leather Workers’ Union – Hlaing Tharyar Township) ဆိုတဲ့ အလုပ်သမားသမဂ္ဂရှိနေတယ်
ဆိုပါစို့  - အဲဒီ မြို့ နယ်အတွင်းမှာရှိတဲ့ - သားရေလုပ်ငန်းနဲ့ ပတ် သက် တဲ့ စက်ရုံတွေဖြစ်တဲ့ သားရေဖိနပ်ချုပ်စက်ရုံ၊
ပိုက်ဆံအိပ်ချုပ်စက်ရုံ၊ ကားထိုင်ခုံသားရေချုပ်စက်ရုံ၊ သားရေဂျာကင် အနွေးထည်ချုပ်စက်ရုံ၊
စသည်ဖြင့် သားရေလုပ်ငန်းနဲ့ပတ်သက်သမျှ စက်ရုံတွေက အလုပ်သမားတွေ အဲဒီ အလုပ်သမား သမဂ္ဂထဲကို
သွားရောက်အဖွဲ့ ဝင်နိုင်ပါတယ်။ ဒါ့ကြောင့် - သမဂ္ဂဖွဲ့ တဲ့ ဦးဆောင်တဲ့သူတွေအနေနဲ့ ကလည်း
ကိုယ့်သမဂ္ဂ က ဘောင်ကျဉ်းမနေအောင် လုပ်ငန်းအမျိုးအစားလိုက်သမဂ္ဂအမည်တတ်ပြီး ထူထောင်ဖို
့လိုပါတယ်။ ဒါမှ ကိုယ်ဖွဲ့ တဲ့  သမဂ္ဂက အဖွဲ့ ဝင်တွေပိုမိုများပြားလာပြီး ကျစ်လစ်ခိုင်မာအင်အားကြီးတဲ
့သမဂ္ဂဖြစ်ပေါ်လာမှာပါ။
အဲဒီလို အမျိုးတူလုပ်ငန်းတူ ဆိုတဲ့နေရာမှာလည်း
ထပ်ပြီးပေါင်းစည်းလို့ ရတဲ့ အမျိုးတူလုပ်ငန်းတူတွေကို ပေါင်း စပ်ဖွဲ့ စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂတွေရှိနေတာကိုလည်း
လေ့လာပြီး စုပေါင်းဖွဲ့ စည်းသွားလို့ ရပါ တယ်။ ဖိနပ်ဆိုတော့ သားရေနဲ့ ချုပ်တာဖြစ်သလို၊
သားရေလုပ်ငန်းမှာပါသွားပြီဖြစ်သလို၊ အထည်အလိပ်၊ အ၀တ်အထည် ဆိုတဲ့ ဟာတွေကလည်း ချုပ်ရတာဖြစ်တော့
လုပ်ငန်းကတူသွားပြန်တာဖြစ်တဲ့ အတွက် - ချုပ်တဲ့ လုပ်ငန်းတူတွေကို ထပ် ပေါင်းလို့ ရသွားပြန်ပါတယ်။
ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ အထည်အလိပ်၊အ၀တ်အထည် နှင့် သားရေ အလုပ်သမားများ သမဂ္ဂ
ITGLWF (International Textile, Garment and Lather Workers’ Federation) ဆိုပြီး ဖွဲ
့စည်းထားတာကို တွေ့ ရပါတယ်။ ဒီလိုပဲ သယ်ယူပို့ ဆောင်ရေးအလုပ်သမားဆိုရင် ကား၊ သင်္ဘော၊
မီးရထား စတာတွေ အမျိုးတူတွေ အများကြီး စုပေါင်းဖွဲ့ စည်းသွားပြီး သမဂ္ဂအဖွဲ့ချုပ်တွေထူထောင်သွားလို့ ရပါတယ်။
အဲဒီကမှတဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာသမဂ္ဂအဖွဲ
့ချုပ်ကို ထူထောင်သွားရမှာဖြစ်ပါတယ်။ တခါတည်း မိုးပေါ်က ကျလာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုတာဖွဲ
့ပြီး အောက်ခြေအလုပ်သမားသမဂ္ဂငယ်တွေ အဖွဲ့ ချုပ်အောက်ထဲလာ အဖွဲ့  ၀င်ဆိုတာမျိုးက လုပ်ဆောင်လို
့မရပါဘူး။ ယခုထုတ်ပြန်ထားတဲ့ အလုပ်သမားဖွဲ့ အဖွဲ့ ဖွဲ့ စည်းခွင့် ဥပဒေနဲ့လည်း မကိုက်
ညီတာကိုတွေ့ရမှာပါ။ ဒါ့ကြောင့် အောက်ခြေကနေအပေါ်ကို တက်လှမ်းပြီး ကျစ်လစ်ခိုင်မာအင်အားကြီးမားတဲ့
မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကြီးပေါ်ပေါက်ဖို့ ကတော့ အလုပ်သမားထုကသွေးစည်းညီညွတ်စွာနဲ
့ ပေါင်းစည်းဖွဲ့ စည်း လုပ်ကိုင်သွားဖို့ လိုပါတယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒ
စိတ်ဓါတ်နဲ့ အလုပ်သမားသမဂ္ဂဖွဲ့ စည်းထူ ထောင်မယ် ဆိုရင် အလုပ်သမားထုကိုအမှန်တကယ် ကိုယ်စားပြုတဲ့ခေါင်းဆောင်မဟုတ်ဖူးဆိုတာ
အလုပ်သမားထုကြီးက ကြည့်မြင် တတ်ဖို့  သတိပေးလိုပါတယ်။ အားလုံးစုပေါင်းလုပ်မှ အလုပ်သမားထုကို
အမှန်တကယ် ကယ်တင်ချင်သူများဖြစ်မှာပါ။
အလုပ်သမားသမဂ္ဂမျိုးတူလုပ်ငန်းတူ အဆင့်ဆင့်ဖွဲ
့စည်းပုံ၊ နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်ကို အဆင့်ဆင့်တက်လှမ်းဖွဲ့ စည်းပုံတို
့ကို လုပ်ဆောင်နိုင်စေခြင်းအကျိုးငှာ - ပူးတွဲပါ များဖြင့် ဖေါ်ပြပါတယ်။ အဲဒီ ပုံဖေါ်ပြပါ
များကိုကြည့်ပြီး အလုပ်သမားထုကြီးအနေနဲ့  အားလုံးသွေးစည်းညီညွတ်စွာပူးပေါင်းလုပ်ဆောင်သွားမှ
ဖြစ်မယ်ဆိုတာမှတ် ယူသွားမယ်လို့ ယုံကြည်ပါတယ်။
ဒါ့ကြောင့်
အလုပ်သမားထုကြီးက - ကျစ်လစ်ခိုင်မာအင်အားကြီးတဲ့အလုပ်သမားသမဂ္ဂများဖွဲ
့စည်းကြပါစို့ - ကျစ်လစ်ခိုင်မာအင်အား
ကြီးတဲ့ အလုပ်သမားသမဂ္ဂတွေကို ထူထောင်ရာမှာ စည်းရုံးရေးမှုးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။
စည်းရုံးရေးမှုးများ အနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲ၊ စည်ရုံးရေးလုပ်ငန်းတွေကို ဘယ်လိုပုံဖေါ်
ဆောင်မလဲ၊ စည်းရုံးရေးမှုးတွေမှာ ဘယ်လိုအရည်အချင်းတွေရှိရမယ် ဆိုတာကို အကျဉ်းချုပ်တင်ပြလိုက်ပါတယ်။
တကယ်တော့ စည်းရုံးရေးမှုးဆိုတာ သမဂ္ဂတွေ ပေါ်ပေါက်လာအောင်
စီစဉ်ဖွဲ့ စည်းသူများလို့ လည်းခေါ်နိုင်ပါတယ်။ အရည်အချင်းအရာမှာလည်း သမဂ္ဂခေါင်းဆောင်များနည်းတူ
ရှိနေတတ်ကြတဲ့သူတွေဖြစ်သလို သမဂ္ဂဖွဲ့ စည်းထူ ထောင်ရမှာ အဓိကအခန်းကဏ္ဍ ကနေ ပါဝင်ကြသူ များ
ဖြစ်ပါတယ်။ ဒါပေမဲ့ စည်းရုံးရေးမှုး ကောင်းတစ်ယောက်ဖြစ်လာ ဖို့ရန်ကတော့ မွေးရာပါဖြစ်လာကြတာတော့
မဟုတ်ပါဖူး။ မိမိတို့ မသိနားမလည်တဲ့ စည်းရုံးရေးလုပ်ငန်းစဉ်တွေကို လေ့လာသင်ကြား မှတ်သားလိုက်နာကျင့်သုံးမှသာ
စည်းရုံးရေးမှုး (သို့ မဟုတ်) စီစဉ်ဖွဲ့ စည်းပေးသူကောင်း တယောက် ဖြစ်လာနိုင်တာပါ။
ကဲ စည်းရုံးရေးမှုးတွေ အလုပ်သမားထုအတွင်းဝင်ရောက်
စည်းရုံးကြပြီဆိုတော့ အလုပ်သမားထုကြီးကို စတင်ပြီး ရှင်းလင်းမိတ်ဆိတ်ရမှာ ဘာကြောင့်
အလုပ်သမားသမဂ္ဂတွေဖွဲ့ ရသလဲ - အသင်းအဖွဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စားတဲ့ အလုပ်သမား
တွေကို ဖေါ်ထုတ်ကူညီသွားနိုင်ဖို့ အတွက် ဖြစ်တယ်ဆိုတာတွေကိုရှင်းလင်းတင်ပြနိုင်ရပါမယ်။
လူတွေကိုမဆိုထားနဲ့  ကျွန်ုပ်တို့ ဟာပုရွက်ဆိတ် တစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင်တောင်
ကိုယ့်တစ်သက်တာ အတွင်းမှာ မိနစ်တိုင်း သတိမမူမိဘဲ စည်းရုံးမှုကို ရပ်တန့် ခဲ့လို့  ရှိရင်
နောင်အနာဂတ်မှာ နေစရာမဲ့ စားစရာမဲ့ ဖြစ်သွားနိုင် ပါတယ်။ ဒါ့ကြောင့် ပုရွက်ဆိတ်ငယ်လေးကဲ့သို
့ပဲ မိမိအဖွဲ့ ဝင်တွေ ကို ထိထိရောက် ကိုယ်စားပြုဖို့ အတွက်အလုပ်သမား ထုကြီးက စုစုစည်စည်းနဲ
့ အလုပ်သမားသမဂ္ဂအဖွဲ့ စည်းဖို့ လိုအပ်တယ်ဆိုတာကို ရှင်းလင်းပြတ်သားတဲ့ စည်းရုံးပြောဆိုမှု
တွေနဲ့  စတင်မိတ်ဆက်ကြရမှာပါ။
ဒါ့ကြောင့် အလုပ်သမားသမဂ္ဂ ဆိုတာဟာ တစ်ဦးချင်းရဲ
့အားတွေကိုပေါင်းစည်းပြီး အလုပ်သမားအများစုရဲ့  စုပေါင်းတောင်းဆိုချက်တွေကို ကိုယ်စားပြုပြီး
အလုပ်ရှင်များ၊ အစိုးရများ နဲ့  အခြားအဖွဲ့ အစည်းများနဲ့ ညှိနှိုင်းခြင်း တွေကို လုပ်ဆောင်သွားနိုင်တယ်ဆိုတာကို
ထပ်ဆင့် ရှင်းလင်းတင်ပြနိုင်ရပါမယ်။ ဒီ့အပြင် သမဂ္ဂတစ်ခုရဲ့ အခြေခံလုပ်ဆောင် ချက်က အလုပ်သမားလုံခြုံရေး၊ လုပ်ခပိုမိုရရှိရေးနဲ
့ အခြားအလုပ်သမားများရဲ့  အခြေအနေတွေကို ကူညီထောက်ပံ့ပေး နိုင်ရန်ဖြစ်ပြီး ထိုအရာတွေကို
အောင်မြင်မှုရရှိအောင် စုပေါင်းညှိနှိုင်းအဖြေရှာမှု (Collective Bargaining) ကနေတဆင့်
ဒီမိုကရေစီနည်းလမ်းတွေအတိုင်း လုပ်ဆောင်သွားမယ်ဆိုတာတွေကို အလုပ်သမားများသိရှိနိုင်ရန်အတွက်
ရှင်းပြရ ပါမယ်။
စည်းရုံးရေးမှုများအနေနဲ့  သမဂ္ဂကောင်းတစ်ခုရဲ
့ ၀ိသေသလက္ခဏာတွေဟာဘာတွေလဲဆိုတာ အလုပ်သမား များကို ရှင်းလင်းပြောဆိုနိုင်ရမှာကတော့
- သမဂ္ဂအဖွဲ့  စတင်ထူတောင်တော့မယ်ဆိုရင် ရွေးကောက်ပွဲတွေကို ဒီမိုကရေ စီနည်းလမ်းကျကျ
ကျင်းပပြုလုပ်ပေးပြီး အဖွဲ့ ဝင်တွေကိုတရားဝင်ရွေးချယ်တင်မြောက်ခြင်း၊ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ
လည်း ဒီမိုကရေစီနည်းလမ်းအတိုင်း တရားဝင်ရွေးချယ်ထားတဲ့ အဖွဲ့ ဝင်များနဲ့ ညှိနှိုင်းတိုင်ပင်မှုအပြည့်အ၀ပြုလုပ်ခြင်း၊
အများသဘောဆန္ဒများကို အမြဲတမ်းအားပေးသင့်ကြောင်း နဲ့  အများရဲ့ သဘောထားအမြင်များကို
ဝိုင်းဝန်းအတည်ပြုရမှာ ဖြစ်ကြောင်းကို ရှင်းလင်းသိရှိစေရပါမယ်။ အများသဘောထားအမြင်ကို
အလေးထားရမှာဖြစ်သလို တစ်ဦးသဘောထား ကိုလည်း အလေးထားမှတ်သားရမှာဖြစ်ပါတယ်၊ အဲဒီတစ်ဦးတယောက်ရဲ
့သဘောထားကိုလည်း အခွင့်အခါသင့်အလျင်း သင့်တဲ့ အချိန်ကာလမှာ အများက သဘောတူ အလေးထားရမှာ
ဖြစ်တာကိုလည်း ရှင်းလင်းအသိပေးရမှာဖြစ်ပါတယ်။
စည်းစနစ်ကျသော အလုပ်သမားများသမဂ္ဂများ လည်ပတ်ပုံနှင့်
အောင်မြင်စွာ မှတ်ပုံတင်နိုင်ရန် အတွက် ဥပဒေ ဆိုင်ရာလိုအပ်ချက်တွေကို စည်းရုံးရေးမှုးက
ရှင်းလင်းပြောပြနိုင်ပြီး ဘာကြောင့်အလုပ်သမားထုအတွက် သမဂ္ဂလိုသလဲ ဆိုတာတွေကိုပါရှင်းလင်းပြနိုင်မှ
အလုပ်သမားတွေကပါဝင်လာကြမှာဖြစ်ပါတယ်။ ပြီးတော့ ဘယ်အရာက အလုပ်ရဲ့  မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကို
ဖြစ်နိုင်စွမ်းရှိသော အဖွဲ့ဝင်များအား လုပ်ငန်းနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြော
ကြားနိုင်ရမှာဖြစ်ပါတယ်။ ဥပဒေနှင့် ပတ်သက်သည့်
အသိအမြင် တွေ ရှိပြီး ရှင်းလင်းတင်ပြဖို့  လည်းအရေးကြီးပါတယ် ဒါမှသာ အလုပ်သမားများက
ဥပဒေရေးရာအရ ကာကွယ်မှုတွေကသူတို့ ဖက် မှာရှိတယ်ဆိုတာ သိမြင်လာမှာဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂစည်းရုံးရေးမှုး
တွေအနေနဲ့  သမဂ္ဂတွေမှာ မည်သည့် သမဂ္ဂ၏ဖွဲ့စည်းပုံ အခြေခံဥပဒေအရမဆို ဥပဒေ နဲ့ပတ်သက်တဲ့ဘောင်အတွင်း
တန်ဖိုးထားပြီး အချိန်ပြည့် အလုပ်လုပ်ဖို့  လိုအပ်ပါတယ်။
သမဂ္ဂများတည်ရှိခြင်းမှာ သပိတ်မှောက်ရန်အတွက်သာဟု
ယုံကြည်မှုသည် ခေတ်မမီ အသုံးမ၀င်တော့သော အချက်အလက်ဖြစ်ပြီး အလွန်မမှန်ကန်သော အချက်အလက်ဖြစ်ပါတယ်။
ဒါ့ကြောင့် စည်းရုံးရေးမှုးများအနေနဲ့ သိရှိထား သင့်တာက ကောင်းမွန်သောအဖွဲ့အစည်းတွေဟာ
စည်းမျဉ်းစည်းကမ်းနှင့်အညီ တရားခုံရုံးများတွင် ဥပဒေအကူအညီများ အတွက် အလုပ်သမားများဘက်မှ
တည်ရှိနေမယ်ဆိုသိရှိနေရပါမယ်။ အဲဒီလိုပဲ အစိုးရအနေနဲ့လည်း အလုပ်သမားများ အတွက် ယခုထက်ကောင်းမွန်သော
ဥပဒေပြဌာန်းချက် တွေကို တိုးချဲ့ ပြဌာန်း ရန်လို ကြောင်း စည်းရုံးမှုးများက အကြံပြု
အဆိုတင်သွင်းချက်များပြု လုပ်ရန်လိုအပ်ပါတယ်။
ဒါ့ကြောင့်
အလုပ်သမားထုကြီးအနေနဲ့  စည်းရုံးရေးမှုးများက ကွင်းဆင်းပြီး မိမိနေရာဒေသတွေကိုရောက်လာ
တယ်ဆိုရင်ပဲ မိမိတို့ အကျိုးစီးပွားအတွက် လာရောက်အလုပ်လုပ်ကိုင်ပေးသူအဖြစ်မြင်ကြရမှာဖြစ်ပြီး၊
မိမိအခြေခံအခွင့် အရေးတွေကို ကာကွယ်ပေးမဲ့ အလုပ်သမားသမဂ္ဂကို ဘယ်လိုဖွဲ့ စည်းရမယ်၊ ဖွဲ
့စည်းပြီးရင်ဘယ်လိုကြီးမားအောင်လုပ်ရ မယ်ဆိုတာတွေကို သူတို့ တွေရောက်လာတဲ့အခါ ဆွေးနွေးမေးမြန်းပြီး
ကျစ်လစ်ခိုင်မာစနစ်ကျတဲ့ သမဂ္ဂတွေအမြန်ဆုံး
ဖွဲ့စည်းသွားရန်ဖြစ်ပါတယ်။ (အလုပ်သမားသမဂ္ဂဆိုသည်မှာကို - ပူးတွဲ ဖေါ်ပြထားပါသည်။
ဖတ်ရှုပြီးသမဂ္ဂများဖွဲ့ စည်းနိုင် မယ်လို့  ယုံကြည်ပါတယ်)
အတုယူအားကျစရာအလုပ်သမားသမဂ္ဂ
မြန်မာ့အလုပ်သမားထုကြီးအနေနဲ့  မိမိတို့  သမဂ္ဂများစတင်ပြီး
မှတ်ပုံတင်ခွင့် ရရှိနေပြီဖြစ်တဲ့အတွက် အားသွန်းခွန်စိုက် ကြိုးပမ်းဖို့  ရန်ကတော့
သမဂ္ဂအင်အားကြီးထွားရေးဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာနောက်
ကျပြီး ယခုနှစ်ကျမှ သမဂ္ဂထူထောင်ခွင့်ကို ပေးတယ်ဆိုပေမဲ့ စိတ်ပျက်အားလျှော့ခြင်းမရှိပဲနဲ
့အခြားနိုင်ငံတွေနည်းတူ ဖြစ်အောင် လုပ်ဆောင်သွားရမှာပါ။ သမဂ္ဂအင်အားကြီးထွားမှ ကိုယ့်အခွင့်အရေးကို
အစိုးရနဲ့ တန်းတူယှဉ်ပြီးပြောနိုင်ဆိုနိုင် လုပ်ကိုင် နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာအတုယူအားကျစရာ
အလုပ်သမားသမဂ္ဂကြီးတစ်ခုကိုပြရရင် တောင်အာဖရိကနိုင်ငံ အလုပ်သမားသမဂ္ဂကွန်ဂရက် (The Congress of
South African Trade Unions - COSATU) ဆိုရင် ၁၉၈၅ ခုနှစ် ကမှဖွဲ့ စည်းခဲ့တာဖြစ်ပြီး သူတို
့နိုင်ငံမှာရှိတဲ့ အဓိကအင်အားကြီးတဲ့သမဂ္ဂအဖွဲ့ ချုပ် (3 main Trade Union
Federations) (၃) ခုပေါင်းပြီး ဖွဲ့ လိုက်တာဖြစ်ပါတယ်။
အဲဒီထဲမှာ သမဂ္ဂငယ်ပေါင်း (၃၃) ဖွဲ့ပါဝင်ထားပြီး အဖွဲ့ ဝင် အလုပ်သမား စုစုပေါင်း ၁.၈
သန်း ရှိပါတယ်။ အဲဒီ ကိုစတူး (COSATU) အဖွဲ့ ဟာဆို ယနေ့ သူတို့ နိုင်ငံမှာ အစိုးရနိုင်ငံရေးပါတီဖြစ်တဲ့
တောင်အာ ဖရိကအမျိုးသားကွန်ဂရက်ပါတီ (African National Congress - ANC) ရယ် တောင်အာဖရိကကွန်မြူနစ်ပါတီ (South African Communist Party -SACP) တို့ နဲ့  သုံးပွင့်ဆိုင် မဟာမိတ်အဖြစ် လက်တွဲလုပ်ကိုင်နေပါတယ်။
အဲဒီနိုင်ငံမှာ အများသိကြတဲ့အတိုင်း နိုင်ငံရေးအထင်ကရဖြစ်တဲ့ နယ်လ်ဆင်မင်န်ဒဲလား (Nelson Mandela) လိုပုဂ္ဂိုလ်
မျိုးနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန်တူးတူး (Desmond Tutu - Nobel Peace Prize in 1984) တို့ ကလည်း ပါဝင်ပတ်သက်လုပ်ဆောင်နေကြပါတယ်။ မိမိတို့ နိုင်ငံနဲ့ လည်းဆင်တူတဲ့အချက်တွေရှိနေပါတယ်။
ဒါ့ကြောင့် ဒါကိုအတု ယူပြီး အလုပ်သမားသမဂ္ဂက
ဘယ်အထိ အရေးပါအရာ ရောက်အောင်စွမ်းဆောင်မလဲဆိုတာ စဉ်းစားချင့်ချိန်သုံးသပ်ဖို့ ကို တိုက်တွန်းလိုက်ပါတယ်။
သို့ဖြစ်ပါ၍ အလုပ်သမားထုရဲ့ အင်အားကိုလျှော့မတွက်ပဲ
နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် မြန်မာနိုင်ငံ
လုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (သို့) မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားကွန်ဂရက်
တို့ ဖြစ်ထွန်းလာရန်အတွက် အစိုးရသစ်အနေနဲ့  မှန်ကန်တဲ့အားပေးကူညီမှုများလုပ်ဆောင်သွားဖို
့တိုက်တွန်းအပ်ပါတယ်။
ကိုယ့်အားကိုယ်ကိုး
ကိုယ့်လမ်းကိုယ်ဖောက် - မြန်မာ့အလုပ်သမားထုကြီးအနေနဲ
့ မိမိတို့ သမဂ္ဂများကိုဖေါ်ဆောင် နိုင်ပြီဆိုရင် မိမိတို့ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာနဲ
့အတူ မိမိတို့ သမဂ္ဂတွေကလည်း စတင်တဲ့ကာလတရပ်ဖြစ်တဲ့အတွက် နည်းပညာနဲ့ အကူအညီအထောက်အပံ့များလိုအပ်တာငြင်းမရတဲ့အချက်ဖြစ်ပါတယ်။
ဒါ့ကြောင့် အလုပ်သမားအဖွဲ့အစည်း ဥပဒေပြဌာန်းချက် အခန်း (၂) ပုဒ်မ ( ၆ ) ပါအရ အပြည်ပြည်ဆိုင်ရာတရားဝင်အလုပ်သမားသမဂ္ဂတွေနဲ့
ဆက်သွယ် ဆောင်ရွက်ခွင့်ပြုတဲ့အတွက် မိမိတို့ အလုပ်သမားသမဂ္ဂများက ချိတ်ဆက်ပြီး နည်းပညာပိုင်းဆိုင်ရာများကို
အကူအညီ တောင်းခံရမှာပါ။ ဒီနေရာမှာ ဘယ်သူက ချိတ်ပေးမလဲ မမေးပဲ ကိုယ့်အလုပ်သမားသမဂ္ဂကို
ကိုယ်ကိုတိုင်မိတ်ဆက်၊ ဆက်သွယ်၊ အကူအညီတောင်း - ကိုယ့်လမ်းကိုယ်ဖောက်လျှောက်လှမ်းရမှာပါ။
အဲဒီအတွက် ဆက်သွယ်ရန်လိပ်စာများကို ပူးတွဲပါ မှာဖေါ်ပြထားပါတယ်။
ထို့ နည်းတူပဲ - အလုပ်သမားထုကြီးက နားလည်း
ထားရမှာက - အခုအချိန်ကာလဟာ စတင်အစပျိုးချိန် ကာလ ဖြစ်ပြီး ဘာနဲ့ အလားသဏ္ဍန်တူ နေသလဲဆိုတော့ကာ
အခုလက်ရှိနိုင်ငံရေးမှာ ပါတီတွေကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွတ်တော်ထဲဝင်ဖို့ ရန်ပြင်ဆင်နေသကဲ့သို
့ပဲ မိမိတို့  အလုပ်သမားထုကြီးကလည်း မြို့ နယ်အဆင့်သမဂ္ဂ (Local Unions) တွေဖွဲ့ စည်းနိုင်ပြီး
မှတ်ပုံတင်၊ အဲဒီကတဆင့် တိုင်းဒေသဆိုင်ရာ သမဂ္ဂများအဖွဲ့ ချုပ် (Regional
Federations Unions ) တွေဖွဲ့ တဲ့ အဆင့်ရောက်ပြီဆိုရင်
သမဂ္ဂတွေက ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲနဲ့ မဲယှဉ်ပြိုင်ရွေး - နောက်ဆုံးအဆင့်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ဖြစ်ဖို့ ရန် စုစည်းပြီး သမဂ္ဂကိုယ်စားလှယ်လောင်း
တွေက ရွေးကောက်ပွဲနဲ့  ဖွဲ့ စည်းထူထောင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာ ကြံ့ခိုင်ဖွံ
့ဖြိုးရေးတွေ၊ အလုပ်ရှင် တွေ၊ နောက်ကွယ်ကအစိုးရကြိုးကိုင်တဲ့သမဂ္ဂတွေနဲ့ တချို့ ကိုယ်ကျိုးစီးပွားအတွက်အလုပ်သမား
တွေကိုစည်းရုံးပြီးဖွဲ့ ထား တဲ့ သမဂ္ဂတွေကပါ မိမိတို့ စစ်မှန်တဲ့အလုပ်သမားသမဂ္ဂများနဲ
့အတူပေါ်ပေါက်လာပြီး အဖွဲ့ ချုပ်နေရာမှာ မဲယှဉ်ရွေးကြရမဲ့ အခြေအနေကိုလည်းကြိုတင်စဉ်းစားပြင်ဆင်ထားရမှာဖြစ်ပါတယ်။
အဲဒါပြီးရင်တော့
မိမိတို့ အလုပ်သမားသမဂ္ဂကြီး ဟာလည်း မြန်မာအလုပ်သမားထုအတွက် လာမဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ
့ချုပ် (ILO) ရဲ့ ဇွန်လမှာ နှစ်စဉ် ကျင်းပမြဲဖြစ် တဲ့ ကမ္ဘာ့အလုပ်သမားညီလာခံ (ILC) မှာ
ဝင်ရောက် ဆွေးနွေးတင်ပြနိုင်ဖို့  အထိမျှော်မှန်းပြီး ကြိုးစားသွားရ မှာဖြစ်ကြောင်း
မြန်မာနိုင်ငံတွင်းရှိအလုပ်သမားထုကြီးအား လေးစားစွာတိုက်တွန်းတင်ပြအပ်ပါတယ်။
မြန်မာနိုင်ငံတွင် လွတ်လပ်စစ်မှန်သည့် အလုပ်သမားသမဂ္ဂပေါ်ထွန်းရေးကိုရည်းမှန်း၍
ချိုမောင်
အလုပ်သမားရေးရာလေ့လာသူ
၂၀၁၂ ခုနှစ် မတ်လ ၂၆ ရက်။
(ပူးတွဲ)
အလုပ်သမားသမဂ္ဂဆိုသည်မှာ
(၁) အလုပ်သမားများဖြင့် စုဖွဲ့ ထားပြီး အလုပ်သမားများ၏
အခွင့်အရေးများကို ကာကွယ်ရန် နှင့် အလုပ်သမား များ၏ ဘ၀မြှင့်တင်ပေးရန် အတွက် အလုပ်သမားသမဂ္ဂကိုဖွဲ
့စည်းခြင်းဖြစ်သည်။
အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ -
၁။
ထိုက်သင့်သည့် လုပ်အားခရရှိရေး
၂။
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသည့်အခါ နစ်နာကြေးရရှိရမည်။
၃။
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရွက်ပေးရန်။
၎။ လုပ်ငန်းခွင်တွင်
ကျမ္မာပျော်ရွှင်စွာ လုပ်ဆောင်နိုင်ရေး။
၅။ အလုပ်သမားများ၏ဘ၀အာမခံချက်ရရှိရန်
၆။ အလုပ်သမားမိသားစုများ၏
ကျမ္မာရေး ပညာရေး ပြည့်စုံတိုးတက်ကောင်းမွန်ရေး။
၇။ လွတ်လပ်စွာ
ပြောဆိုဆွေးနွေးပိုင်ခွင့်နှင့်တန်းတူအခွင့်အရေးရရှိရန်။
၂။ အမြဲတမ်း အဖွဲ့ အစည်းဖြစ်သည်။
(က)
အလုပ်သမားများရှိနေသရွေ့ ကာလပတ်လုံး အလုပ်သမားသမဂ္ဂကိုဖွဲ့ စည်းနိုင်သောကြောင့်ဖြစ်သည်။
(ခ)
ဦးဆောင်ကော်မတီအဖွဲ့ ၏ အစည်းအဝေးကိုပုံမှန်သတ်မှတ်ချိန်တွင် ကျင်းပပြီး အဖွဲ့ အစည်း၏ညီလာခံကို
ပုံမှန်ကျင်းပသည့်အတွက်ကြောင့်ဖြစ်သည်။
(ဂ) လုပ်ငန်ဆောင်တာများ အမြဲတမ်းလည်ပတ်နေသောကြောင့်ဖြစ်သည်။
၃။ လွတ်လပ်သောအဖွဲ့ အစည်းဖြစ်သည်။
မိမိကိုယ်မိမိ ရပ်တည်နိုင်မှသာလျှင်လွတ်လပ်သည်ဟုဆိုလိုသည်။
(က) ငွေရေးကြေးရေးအရ လွတ်လပ်ဖို
့လိုသည်။
(ခ) မည်သည့်အာဏာပိုင်အဖွဲ
့အစည်း၊ နိုင်ငံရေးအဖွဲ့ အစည်း၊ ဘာသာရေးအဖွဲ့ အစည်း မှ ဖွဲ့ စည်းပေးထားခြင်း မဟုတ်ပဲ
အလုပ်သမားအများဆန္ဒအရ ဖွဲ့ စည်းထားသော လွတ်လပ်သည့် အဖွဲ့ အစည်းဖြစ်သည်။
၎။ မိမိသဘောဖြင့် ဆုံးဖြတ်၍
ဝင်/ထွက် နိုင်သည်။
(က) အလုပ်သမားသမဂ္ဂအဖွဲ့ ဝင်တိုင်းသည်
ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့် အပြည့်အ၀ရှိသောကြောင့်ဖြစ်သည်။
(ခ) အဖွဲ့ ဝင်တိုင်းသည် အဖွဲ့ ဝင်အဖြစ်မှ
နှုတ်ထွက်လိုက နှုတ်ထွက်နိုင်သည်။
၅။ ဒီမိုကရေစီနည်းစနစ် ကျစွာဖွဲ
့စည်းသည်။
(က)
အဖွဲ့ ဝင်တိုင်းမဲပေးပိုင်ခွင့်ရှိသည်။
(ခ)
သမဂ္ဂအဖွဲ့ ဝင်များမှ ဦးဆောင်ကော်မတီအဖွဲ့ ဝင်များကို အချိန်ကာလအကန့် အသတ်ဖြင့် ရွေးချယ်ခြင်းဖြစ်
ပြီး ဦးဆောင်ကော်မတီဝင်များသည် သမဂ္ဂ၏လုပ်ငန်းများအားလုံးကို တာဝန်ခံဆောင်ရွက်ရမည်။
(ဂ)
အများစုသည် အနည်းစု၏ရပ်တည်ချက်ကို အသိအမှတ်ပြုလေးစားရမည်။ အနည်းစုသည် အများစု၏လုပ်
ဆောင်ချက်ကို လိုက်နာရမည်။
(ဃ)
တန်းတူညီမျှသော အခွင့်အရေးရှိရမည်။
(၁) အဖွဲ့ ဝင်တိုင်းသည် သာတူညီမျှသော မဲတစ်ပြားကို
ပေးပိုင်ခွင့်ရှိသည်။
(၂) အဖွဲ့ ဝင်တိုင်းသည် လွတ်လပ်စွာရေးသားပြောဆို
တင်ပြပိုင်ခွင့်ရှိသည်။
(၃) အဖွဲ့ ဝင်တိုင်းသည် တူညီသောအဖွဲ့ ဝင်ကြေးကိုသာပေးဆောင်ကြရပြီး
တိုးမြှင့်သည့်ထည့်ဝင်ခြင်း မရှိစေရ။
No comments:
Post a Comment