လှိုင်သာယာမြို့နယ်
အင်န်အယ်ဒီပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးမြင့်လှိုင် (၇၆ နှစ်)သည် ယနေ့နေခင်း
၂ နာရီခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျံဒုက္ခသည်စခန်းမှာ
ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ
ရောက်ရှိနေကြတဲ့ သမီးများဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မစန်းစန်းမော်၊
မအေးရီဌေး တို့က ဧပြီ ၆ ရက်မှာ ရက်လည်ဆွမ်းကပ်ကြမယ်လို့ ပြောပါတယ်။ ရုတ်တရက်
ကြားသိရတဲ့သတင်းဖြစ်လို့ ရပ်နီးရပ်ဝေးက မိတ်ဆွေများကို မိုးမခရွာဆော်ကြီးကဏ္ဍကန
တဆင့်အကြောင်းကြားလိုပါတယ်လို့ ဆိုပါတယ်။
ဦးမြင့်လှိုင်က
အင်န်အယ်ဒီပါတီရဲ့ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌအဖြစ် ၁၉ ၉ ၈ က ၂၀၀၈ အထိ
ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်မှာ စစ်အစိုးရရဲ့
ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ်အရေးကိစ္စတွေမှာ
လှုပ်ရှားဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထပ်မံဖမ်းဆီးရန်
လုပ်ဆောင်လာသဖြင့် ၂၀၀၈ နောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ကို
တိမ်းရှောင်လာခဲ့တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment