ဓာတ်ပုံ- ထူးသန့် |
ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ
ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။
နယ်မြေလုံခြုံမှုအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ်သုံးခုကို တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်သော ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံပြီး တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အခြေအနေရှိလာသည်နှင့် ချက်ချင်းကျင်းပပေးသွားမည်ဖြစ်ေ
ဓာတ်ပုံ- ထူးသန့် |
ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း
ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက်
မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏
အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ
ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍
လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
by- 7Day News
by- 7Day News
တေးဂီတဖျော်ဖြေပွဲဖြင့် မန်းဂျော်နီ မဲဆွယ်စည်းရုံး
မြောင်းမြမြို့မဲဆန္ဒနယ်တွင် ကြားဖြတ် ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်
လောင်း မန်းဂျော်နီက တေးဂီတဖျော်ဖြေပွဲဖြင့် ယင်းမဲဆန္ဒနယ်တွင်
မဲဆွယ်စည်းရုံး ရေးဆင်းခဲ့သည်။
တေးဂီတဖျော်ဖြေပွဲဖြစ်မြောက်ရေးအတွက် မြောင်းမြမြို့နယ် NLD
တိုင်းမဲအောင်နိုင်ရေးတာဝန်ခံ မန်းမျိုးချစ် ဦးစီပြီး NLD အဖွဲ့ဝင်များက
ကမကထပြုကာ စခန်းကြီးကျေးရွာဘောလုံးကွင်းတွင် ယခုလ (၂၄)ရက်နေ့ က
ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုနေ့ည ၉နာရီခွဲမှ ၁၂နာရီအထိ ကျင်းပခဲ့သည့် အဆိုပါဂီတပွဲသို့ နီးစပ်ရာကျေးရွာများဖြစ်သည့် တံခွန်တိုင်၊ တစ်ပင်ချောင်း၊ ငုအိုင် အစ ရှိသည့်ဒေသများက ပရိဿတ် ခုနှစ်ထောင်နီးပါး တက်ရောက်ခဲ့ကြသည် ဟု ပွဲစီစဉ်သူ မန်းရဲမင်းထွေးက ပြောသည်။
“ဒေါ်စုပုံရိုက်ထားတဲ့ အကျီင်္တွေ၊ ခွပ်ဒေါင်းပုံနဲ့ အမှန်ခြစ်ထားတဲ့ အင်္ကျီတွေကို ၀တ်ပြီးလာကြတယ်။”ဟု ၎င်းက ပြောသည်။
တေးဂီတဖျော်ဖြေရေး မစတင်မီ NLD ၏ မြောင်းမြမြို့နယ် ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် မဲအောင်နိုင် ရေးတာဝန်ခံ ဦးမြင့်လွင်၊ လပွတ္တာမြို့နယ် မဲအောင်နိုင်ရေးတာဝန်ခံ ဒေါ်ခင်ဝိုင်းနှင့် မန်းမင်းရဲထွေးတို့က မဲဆွယ်ဟောပြောခဲ့ကြသည်။
ထို့နောက် မယ်လိုဒီဝေါလ်တွင် ပထမဆုရရှိခဲ့သူ လီရို၊ ဆူးငှက်၊ ခင်ဝါးမိုး စသည့် တိုင်းရင်းသားအဆိုတော် များ နှင့် ကလေးအဆိုတော် အယ်နီရှိုင်းတို့က တေးသီချင်းများဖြင့် သီဆိုခဲ့ကြပြီး တယောတီး၍ ဖျော်ဖြေ ခဲ့သည်။
မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် ၂၀၁၀ရွေးကောက်ပွဲတွင် အနိုင်ရရရှိခဲ့သော လက်ရှိ အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ လစ်လပ် မဲဆန္ဒနယ် ဖြစ်သည်။
ထိုမဲဆန္ဒနယ်တွင် ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သူ ACE ကုမ္ပဏီအကြီးအကဲ၊ နေပြည်တော် ယူနိုက်တက်ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအ၀င် NLD မှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဦးအောင်မျိုးလှိုင်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်။
မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၇၇)ရုံရှိပြီး မဲပေးနိုင်သူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်မှာ ကရင်လူမျိုး များ ဖြစ်သည်။
မန်းဂျော်နီသည် ၁၉၉၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရာ ကျုံပျော်မြို့နယ်၊ အမှတ်(၁) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။ ကေအိုင်စီ

အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ပြပြီး သွယ်ဝိုက်မဲဆွယ် နေပြည်တော်၊ မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ဆိုင်းဆွတ်
ဇမ္ဗူသီရိမြို့နယ်အတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ အပြိုင်အဆိုင်မဲဆွယ် စည်းရုံးနေချိန်တွင် ဦးသိန်းစိန်အစိုးရ အနေဖြင့် ယင်းရွာများတွင် လမ်းတံတားများဖေါက် လုပ်ပေးခြင်း ၊ မီးအားမြင့်စက်များချပေးခြင်း တို့ကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ကျွန်မတို့ ရွာမှာ ဆို ဒီ ကာလ အတွင်းမှာ သမ္မတကြီးက လမ်းတွေဖောက်ပေးတယ် တံတားဆောက်ပေးတာတွေ လုပ်ပေးနေပါတယ် ပြီးတော့ ဇမ္ဗူသီရိထဲမှာ ရှိတဲ့် ရွာသုံးရွာကိုလည်း မီးတိုင်တွေလုပ်ပေးတယ် မီးလင်းရေး တွေလုပ်ပေးတာတွေ လုပ်ပေးနေတာကို တွေ့နေရတယ် ဟု ယင်း ရွာသားတစ်ဦးက ပြောသည်။
ထို့သို့ပြုလုပ်ပေးခြင်း အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ် မစန္ဒာမင်းက နေပြည်တော်မှာရှိတဲ့ ပြည်သူများက အစိုးရက လုပ်ပေးရမည့် တာဝန်နဲ့ ပါတီက လုပ်ပေးရမည့်တာဝန်ကို ခွဲခွဲခြာခြားနားမလည် နိုင်သော အကြောင်းရင်များ ရှိနေသည်ဟု ပြောသည်။
အစိုးရ စီမံကိန်းနှင့် အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေသည့် လမ်းတံတားများ ဆောင်လုပ် ပေးခြင်းသည် အစိုးရတာဝန်တာဖြစ်ပြီး ယင်းတို့ပြုလုပ်ပြီးစီးချိန်တွင် ဖွင့်ပွဲများကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီ တစ်ခုတည်းတာ တက်ရောက်ခွင့်ရရှိသောကြောင့် ပြည်သူများက ကြံ့ခိုင်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များဟု အမြင်မှားနေကြသည်ဟု မစန္ဒာမင်းက ပြောသည်။
“လမ်းဖောက်ပေးတာ တံတားဆောက်ပေးတာမီးပေးတာတွေလုပ်ပြီးဖွင့်ပွဲကျတော့ ကြံ့ခိုင်းဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ဖဲကြိုးဖြတ်လိုက်တာတို့ ဖွင့်ပွဲတွေလုပ်ပေးလိုက်တာတို့နဲ့ ပြည်သူတွေကို တပတ်ရိုက်နေတာ” ဟု ယင်းကထပ်မံပြောသည်။
ကြံ့ခိုင်းဖွိ့ဖြိုးရေးပါတီ ၏ လက်ကမ်းစာစောင်တွင်လည်း “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဋ္ဌေးအား ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုသည် ပါဝင်သည်။
နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။
အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်းရေးပါတီဝင် များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့် မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။
“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟုပါရှိထားသော်လည်း ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော်ဘက် ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။
သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ရွာသားတစ်ဦးက “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။
ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။ ။
ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ပို့ရွာမှာလည်း ရွာသားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီး မှတ်တမ်းဗီဒီယိုခွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်ဗီဒီယိုခွေကို မနေ့က ပြသပါတယ်။ အဲဒီအခါမှာ အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကနေ အခု ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်နေသူက ဆင်ဆာဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်မပါတဲ့ ရုပ်ရှင်ကားတွေ ပြခွင့်မရှိဘူးလို့ ခေါ်ယူသတိပေး တားမြစ်တဲ့အကြောင်း မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခင်ဝင်းက ပြောပါတယ်။
RFA
ရွေးကောက်ပွဲ သတင်းယူမယ့်သူတွေ လိုက်နာရန် အချက်များ ပြန်ကြားရေးက စတင်ဖြန့်ဝေ
ဓါတ်ပုံ (ရိုက်တာ) |
ပြည်တွင်း သတင်းသမားတွေအတွက် စာပေစိစစ်ရေး ဌာနက သတင်းထောက် ကတ် ထုတ်ပေးရင်း ဖြန့်ဝေသွား မှာ ဖြစ်ပြီး၊ ပြည်ပ သတင်းထောက်တွေ ကိုတော့ ရန်ကုန်လေဆိပ်က လူဝင်မှု ကြီးကြပ်ရေး ကောင် တာနောက်မှာ ပြန်ကြားရေးကောင် တာ ဖွင့်ပြီး ထုတ်ပေးမှာဖြစ်ပါတယ်။
မတ် ၂၇ ရက် အထိ ရွေးကောက်ပွဲ သတင်းယူ ဖို့ စာရင်းပေးထား သူ ပြည်တွင်းသတင်း သမားပေါင်း ၄၇၀ ကျော် ရှိတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူမယ့် သတင်းသမားတွေ အတွက် ပြန်ကြားရေး ၀န်ကြီးဌာနက အရေးကြီးတဲ့ အကြံပြုချက်တွေထဲမှာ မဲပေးချိန်မှာ ဥပဒေအရ မဲရုံထဲ ၀င်ခွင့် မရှိတဲ့အတွက် မဲရုံပြင်ပ မြင်သာတဲ့ နေရာကပဲ ဓာတ်ပုံရိုက်နိုင် လေ့လာနိုင်တဲ့ အကြောင်း၊ မဲရေတွက်ချိန်မှာ အများပြည်သူနဲ့အတူ ၀င်ရောက် လေ့လာကြည့်ရှု သတင်းယူနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မဲဆန္ဒရှင်တွေကို မေးခွန်း မေးတဲ့အခါ ပါတီတခုခု (သို့) ကိုယ်စားလှယ် တဦး ဦးကို ထောက်ခံအောင် ဒါမှမဟုတ် ဆန့်ကျင်အောင် တိုက်တွန်းတဲ့ သဘော ရောက်တဲ့ မေးခွန်းတွေ မမေးကြဖို့ အကြံပြုထားတာလည်း တွေ့ရပါတယ်။
ဒါ့အပြင် ပါတီတခုတခု (သို့) ကိုယ်စားလှယ် တဦး ဦးကို ထောက်ခံတဲ့ သင်္ကေတ၊ အမှတ်အသားပါတဲ့ ပစ္စည်းတွေကို ၀တ်စား၊ ဆင်ယင်သွားတာမျိုး မလုပ်ဖို့လဲ ပါရှိပါတယ်။ ဒီအချက်တွေဟာ သတင်းထောက်တွေ ဘက်မလိုက်ဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်တယ် လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် က ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းသမဂ္ဂက ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက သတင်းထောက်ဟာ လွတ်လွတ်လပ်လပ် သွားလာသတင်းယူခွင့် ရှိရမယ်လို့ ပြောပါတယ်။
“အခြေအနေ၊ အနေအထားနဲ့ ပတ်သက်လို့ သတင်းထောက်က မေးချင်ရင်လည်း မဲရုံမှူးက တဆင့် ပါတီတွေက စောင့်ကြည့်နေတဲ့ သူတွေ စသည်ဖြင့်ပေါ့၊ အခြေအနေပေါ် မူတည်ပြီး အင်တာဗျူး လုပ်ချင်လည်း လုပ်မယ်။ ဓာတ်ပုံရိုက်ချင်လည်း ရိုက်မယ် ဆိုတာမျိုးတွေ၊ လျို့ဝှက်မဲပေးတဲ့ နေရာကိုသာ အနှောင့်အယှက်မပေးရင် ပြီးတာပဲ။ ကျန်တာတွေကတော့ နိုင်ငံတကာ စံနှုန်းတွေအရ ပြောရရင်တော့ ဒီလို ကိစ္စတွေက လုပ်လို့ ရတယ်လို့ အဲဒီလိုပဲ တွေ့ရတယ်။ လွတ်လွတ်လပ်လပ်ပဲ ဖွင့်ပေးထားတယ်။
သတင်းထောက်ကတ်ပါတယ်။ သတင်းသမားလည်း မှန်တယ်ဆိုရင် ကြိုက်တဲ့မဲရုံ၊ ဘယ်နေရာကိုမဆို သွားလို့ရတယ်။ ဘယ်သူ့ကိုမဆို မေးမြန်းလို့ရတယ်။ သူများနိုင်ငံတွေမှာတော့ ၀န်ကြီးအထိ တက်ပြီးအင်တာဗျူး လုပ်လို့ရတယ်လေ။”
အစိုးရဟာ အရင် ရွေးကောက်ပွဲတုန်းက သတင်းထောက်တွေ၊ သံတမန်တွေကို သူတို့ စီစဉ်ပေးတဲ့ ကား သို့မဟုတ် လေယာဉ်ပျံနဲ့ တင် ခေါ်သွား တယ်။ သူတို့ အစီအစဉ်တွေနဲ့ သူတို့ပြတဲ့ မဲရုံတွေကို ၀င်ရောက် ဓာတ်ပုံရိုက်၊ သတင်းယူ၊ ပြန်ထွက်ပြီး နောက်တရုံသွား၊ အစသဖြင့် လုပ်လေ့ ရှိပါတယ်။
ဒီတကြိမ်မှာတော့ ဘယ်လိုမျှော်လင့်ထားလဲ၊ အရင် ပုံစံအတိုင်း လုပ်မယ်လို့ ထင်မိလား ဆိုတဲ့ အပေါ် သူက “တကယ်တော့ ပြချင်တဲ့ နေရာတွေကို လိုက်ပြတဲ့ သဘောနဲ့ ပြတယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတယ် လို့ ယူဆလို့ မရဘူး။ သူတို့ ပြချင်တဲ့နေရာ၊ သူတို့ ပြလို့ တောင်းတဲ့နေရာလေးတွေပဲ လိုက်ပြပြီးတော့ နေရာ တော်တော်များများ မှာက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုရင် မဲရုံ အများစုမှာ မဲရုံ စည်းကမ်းတွေ အများကြီး ချိုးဖောက်ပြီးတော့ မဲပုံးတွေကို ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေ က အိမ်အထိ ယူသွားတာတွေ အပါအ၀င် အစရှိတဲ့ ပြဿနာတွေ တော်တော်များများ ချိုးဖောက်ထားတာကိုး။ ဒါကြောင့် သတင်းထောက်တွေကို လွတ်လပ်စွာ သွားလာခွင့် မပေးတဲ့အခါ သတင်းထောက်က ဒါတွေကို မှတ်တမ်း မတင်နိုင်ဘူး။ ဓာတ်ပုံ ရိုက်မထား နိုင်ဘူး။ နေရာတော်တော်များများမှာ အဲဒီလိုတွေ ဖြစ်ခဲ့တာပဲ။ ဒီလို အကန့်အသတ်နဲ့ မဲရုံတွေကို သွားခွင့်မပေးပဲနဲ့ သူတို့ပေးချင်တဲ့ မဲရုံကိုပဲ သွားခွင့်ပေးမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရဘူး။”
သမ္မတ ဦးသိန်းစိန် အစိုးရက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့် လေ့လာ သတင်းယူဖို့ အာဆီယံနဲ့ အမေရိကန်၊ ဥရောပနိုင်ငံတွေ ထံ ကမ်းလှမ်းထားပြီး၊ မတ်လ ၂၉ ရက် မှာ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတွေက သတင်းထောက်တွေ အပါအ၀င် စောင့်ကြည့်လေ့လာသူ နဲ့ သတင်းသမား ၄၀ လောက် သွားရောက်ဖို့ ရှိပါတယ်။
ဒီဗွီဘီ
ကလောမြို့ မှာ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေကို ကြံ့ခိုင်ရေးပါတီမှ ငွေနဲ့ မက်လုံးပေး မဲဆွယ်ခဲ့
ယနေ့ နံနက် ကလောမြို့ လယ်ရှိ ညောင်ပင်အောက်မှာ ပလောင် နဲ့ တောင်ရိုးလူကြီး တွေကို မဲထည့်ရမယ့် ကြံ့ခိုင်ရေးကိုယ်စားလှယ်နဲ့ မဲမထည့်ရမယ့်ကိုယ်စားလှယ်များကို ကြံ့ခိုင်ရေ့းပါတီမှလိုက်လံပြသနေစဉ် |
ကြံ့ခိုင်ရေး မှ ဒေသခံ ပလောင် နဲ့ တောင်ရိုး လူကြီးများကို ထောက်ပုံငွေ များပေးပြီး
မဲဆွယ်စည်းရုံးခဲ့ကြောင်းသိရပါတယ်။
မဲပေးလျှင် ထောက်ပံငွေ ကျပ်ငွေ(၁)တစ်သိန်း ပေးချီးပြီး လုပ်ငန်းပေါ်မှုတည်၍
ကျပ်ငွေ(၃)သုံးသိန်း နဲ့ အထက်ပေးချေးမည်ဆိုပြီး မဲဆွယ်မဲဝယ်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ကလောမြို့ လယ်ရှိ ညောင်ပင်တွင် ကပ်ထားသည့် မဲဆွယ်ပိုစတာများကို ကြံခိုင်ရေးမဲဘယ်လိုပေးရမယ်ဆိုတာ ပလောင် နဲ့ တောင်ရိုးလူကြီးတွေကို သိရှိအောင်
သွားကြည့်ခိုင်းပြီး ကြံခိုင်ရေးကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း(ဦးမြ၀င်း) မှ လွဲရင် ကျန်တဲ့ကိုယ်စားလှယ်တွေကို မဲမပေးရဘူးလို့ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူးတွေကက
ပြောဆိုခဲ့ကြောင်း ကိုယ်တိုင် အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကလောမြို့ ခံတွေက
Myanmar News Now ကိုပြောပါတယ်။
အလားတူ မတ်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီမှာလည်း ကလောမြို့ အမှတ်(၁၀)
ရပ်ကွက် ဦးမြင့်ဆွေ နေအိမ်မှာ ရပ်ကွက်သူ/သား များအား ကြံ့ခိုင်ရေးမှ
နန္ဒာလှမြင့်နှင့်စိုင်းနှင်းကိုကို တို့  ညီအကို ၂ ဦးက ကြံ့ဖွံ့ကို မဲထည့်ပါက ချီးမြှင့်ငွေ၊
ငွေပေးချီးမည် ၁သိန်းခွဲဖြင့် လုပ်ငန်းပေါ်မူတည်၍ ၁ သိန်းမှ ၃သိန်း အထိပေးချီးမည်လို့
မဲဆွယ်မဲဝယ်လုပ်ခဲ့ကြောင်း ကလောမြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။
Myanmar News Now
ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက်ကိုက ပြောသည်။
“မဲစာရင်း ပြဿနာတွေရော စက်ရုံအလုပ်ရုံတွေက မဲစာရင်း အစုလိုက်အပြုံလိုက်ကြီး ပြောင်းသွားတဲ့ ကိစ္စရယ်၊ ကြံ့ဖွံ့က မသမာတဲ့နည်းတွေနဲ့ မယ်ဆွယ်တဲ့ကိစ္စ ကော်မရှင်ကို ကျနော်ပြောတယ်။ ပစ္စည်းတွေပေးပြီး လာဘ်ထိုးတဲ့ နည်းတွေနဲ့ သူတို့ကို မဲထည့်ပါလို့ လုပ်နေတာတွေပေါ့” ဟု ဦးပိုက်ကိုက ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသခံများအား တအိမ်လျှင် ကုလားပဲဆံ ၂ ဗူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ငွေ ၂ ထောင်စီပေးကာ ကြံ့ခိုင်ရေးပါတီအား မဲပေးကြရန် ပြောဆို စည်းရုံးသွားခဲ့သည်။
ထို့အပြင် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
“ပခုက္ကူ တက္ကသိုလ်က ဆရာ ဆရာမတွေအားလုံး ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားတယ်။ ပခုက္ကူ တက္ကသိုလ်က ဆရာတယောက် အဖွဲ့ချုပ်ရုံးကို လာပြောပြသွားတာ။ ရဲတွေကိုလည်း ကြံ့ခိုင်ရေးကို မဲမပေးဘူးဆိုရင် နယ်ဝေးကို ပြောင်းပစ်မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားသည်။
ပခုက္ကူတွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။
နိုင်ငံတ၀ှမ်းတွင် ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယပတ်အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။
“ကြိုတင်မဲ ကောက်ခံရတဲ့အထဲက သူနာပြုဆရာမတယောက်က ပြောတယ်။ ကြိုက်တာကို လွပ်လွပ်လပ်လပ် ပေးလို့ ရတယ်ဆိုလို့ ဦးပိုက်ကိုကို ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ကြိုတင်မဲ ကောက်ရမယ့် အချိန် မဟုတ်ဘဲ ဖြစ်နေတယ်” ဟု ဦးပိုက်ကိုက ပြောသည်။
ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ၌ မဲရုံ ၂ ရုံ ထပ်တိုးလာသည်။
ပခုက္ကူမြို့ အနောက်မြောက်ဘက်ရှိ အထည်ချုပ်စက်ရုံနှင့် မြို့ အရှေ့ဘက်ရှိ ချည်မျှင်နှင့် အထည်စက်ရုံမှ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုအပါအ၀င် လူပေါင်း ၂၀၀၀ ကျော်၏ မဲစာရင်းများကို ကာယကံရှင်များ၏ ဆန္ဒမပါဘဲ လူနေ ရပ်ကွက်အတွင်းမှ စက်ရုံဝင်းအတွင်း ထားရှိမည့် မဲရုံဧရိယာသို့ ပြောင်းရွေ့ခဲ့ကြောင်း ပခုက္ကူ NLD က ပြောသည်။
“စက်ရုံဝန်ထမ်းတွေက မပြောင်းချင်ဘူး။ သူတို့အာဏာနဲ့ပဲ ပြောင်းသွားတာ။ ရုံးမှာ စက်ရုံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက လာလာပြီး အဲဒါ ဘယ်လို လုပ်ပေးနိုင်သလဲဆိုတာပဲ လာလာပြောနေတယ်” ဟု ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်က ပြောသည်။
ပခုက္ကူ NLD က ယင်းကိစ္စအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမေးမြန်းခဲ့ရာ စက်ရုံဝန်ထမ်းများ၏ ဆန္ဒအရ ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပခုက္ကူမဲစာရင်းတွင် ကွယ်လွန်သွားသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မှတ်ပုံတင်နံပါတ်များ မှားယွင်းနေခြင်း၊ မြို့တွင် မရှိသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်တို့၏ အမည်များ မှားယွင်းနေခြင်း အများအပြားကို NLD က ထောက်ပြခဲ့ရာ အနည်းငယ်သာ ပြန်လည်ပြင်ဆင်ပေးခဲ့သည်ဟု ဦးပိုက်ကိုက ပြောသည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့က မဲပေးနိုင်သူစာရင်း ထုတ်ပြန်ခဲ့ရာ ယခင် ထုတ်ပြန်ခဲ့သည်ထက် လူ ၄၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်သူ ၁၆၃၀၀၀ ကျော် ရှိသည်ဟု ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် စနေနေ့တွင် ၁၅၉၀၀၀ ဟု နောက်ဆုံးအတည်ပြု ထုတ်ပြန်ခဲ့သည်ဟု မော်လမြိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ကိုကြည်ဇော်လွင်က ပြောသည်။
မူလ ထုတ်ပြန်ခဲ့သည့်စာရင်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ သေဆုံးပြီးသူများ ပါဝင်နေသည့်အတွက် ပြင်ဆင်ပေးရန် NLD က တင်ပြခဲ့ရာ ကော်မရှင်က ပြန်လည်စိစစ် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်တွင်လည်း မဲပေးနိုင်ပါလျှက် မဲစာရင်းတွင်နာမည်မပါသူ ၁၀၀၀ ခန့်ကို နောက်တိုး မဲစာရင်းအဖြစ် ထုတ်ပြန်ပေးရန် ခရိုင်ကော်မရှင်သို့ ယခုလ ၂၄ ရက်နေ့က တင်ပြထားပြီး အကြောင်းပြန်ခြင်း မရှိသေးဟု NLD အမတ်လောင်း ဦးအုန်းကြိုင်က ပြောသည်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးရေး လာသည့် NLD အောင်နိုင်ရေးအဖွဲ့လာလျှင် မည်သူမှ မထွက်ဘဲနေရန် ပါတီကြီးတခု၏ တာဝန်ရှိသူများနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ပြောဆို၍ မဲဆန္ဒရှင်များအား ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေပြီး မဲစာရင်းပြဿနာလည်း ကြီးမားကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နှင့် အောင်နိုင်ရေး အဖွဲ့က ဧရာဝတီကို ပြောသည်။
“အဓိက ကျနော်တို့ တွေ့ရတာက မဲဆန္ဒရှင်တွေရဲ့ အကြောက်တရားပဲ။ အခက်အခဲ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က အခက်အခဲရှိတာကို ကျေးဇူးတင်တယ်။ ကျနော်တို့ အောင်မြင်မှုဟာ တန်ဖိုးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။
ဧရာဝတီ
အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ်
မတ်လ ၂၆ရက် နေ့ ည(၉) နာရီ အချိန်တွင် ရန်ကုန်မြို့ မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(ဗဟို) ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက ပြင်ဦီးလွင်၊ စစ်ကိုင်း ၊ ပုလဲမြို့ များသို့ စည်းရုံးရေးနှင့် မဲသရုပ်ဖော် ပြသခြင်းများပြုလုပ် ကြမည်ဖြစ်သည်။ အထက်ပါ ခရီးစဉ်တွင် အနုပညာရှင်များက တက်ကြွစွာပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည် ။
ပေါ်ပြူလာဂျာနယ် (ဖေ့စ်ဘုတ်) ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။ သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။ ''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။ ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။ ''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။ ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။
ပေါ်ပြူလာဂျာနယ်(ဖေ့စ်ဘုတ်)
ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ
မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ
အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ
နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို
စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို
ရောက်နေပါပြီ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဒေါက်တာ Mely Anthony ဦးဆောင်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးကတော့ ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ကို ရောက်လာပါပြီ။ အခြား နိုင်ငံအသီးသီးက လေ့လာရေးအဖွဲ့အချို့လည်း ရန်ကုန်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာရွေးကောက်ပွဲတွေကို လေ့လာ စောင့်ကြည့်နေတဲ့ NDI (National Democratic Institute) နဲ့ IRI (International Republican Institue) က ကိုယ်စားလှယ်နှစ်ဦး သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ NDI ရဲ့ အာရှဒေသဆိုင်ရာညွန်ကြားရေးမှုး Peter Manikas နဲ့ IRI ရဲ့ အာရှအစီအစဉ် ညွန်ကြားရေးမှူး Johanna Kao တို့ နှစ်ဦးဟာ အခု မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မဲရုံတွေကို လေ့လာစောင့်ကြည့်သွားမယ်လို့ NDI ပြောခွင့် ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂက ရေးဆွဲသတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းအတိုင်း ရွေးကောက်ပွဲစောင့်ကြပ်မှုမျိုးတော့ လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ စံနှုန်းအရဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင် လနဲ့ချီပြီး အခြေအနေတွေကို စောင့်ကြည့်ရတာမျိုး၊ နိုင်ငံအနှံ့က ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်ဖို့ လုံလောက်တဲ့ လူအင်အား သုံးသပ်မှုထားရှိတာမျိုး စတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာစောင့်ကြည့်မှု သတ်မှတ်ချက်တွေ လိုအပ်ပါတယ်။
ဒါပေမယ့်လည်း လာမယ့် ၂၀၁၅ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် အခုလုပ်မယ့် ရွေးကောက်ပွဲ အတွေ့အကြုံတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ NDI ပြောခွင့်ရသူ Rob Runyan က ပြောပါတယ်။
“NDI ရော IRI ပါ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် NDI ရော IRI နှစ်ခုစလုံးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပုံ၊ ကျင်းပနည်းကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကျင်းပရာမှာ ဘယ်လို အထောက်အကူပေးနိုင်မယ်ဆိုတာကို အထူး စိတ်ဝင်စားပြီး မြန်မာနိုင်ငံမှာ ပိုပြီးကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ဦးတည်စေမယ်ဆိုတာ မျှော်လင့်ပါတယ်။”
မနက်ဖြန် မတ်လ ၂၉ ရက်နေ့မှာတော့ အဲဒီ သံတမန်အားလုံးကို မြန်မာနိုင်ငံရေးဝန်ကြီးဌာနက ခေါ်ယူထားပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲလေ့လာရေး စီစဉ်မှုနဲ့ပတ်သက်လို့ ရှင်းပြဖို့ရှိပြီး အဲဒီကျမှ လေ့လာရေးအဖွဲ့တွေအနေနဲ့ ဘယ်နေရာကို ဘယ်လို သွားရောက်မလဲဆိုတာ ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိပါတယ်။ နိုင်ငံအများစု ရွေးကောက်ပွဲကို လေ့လာဖို့ သီးခြားကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာရှိသလို အချို့နိုင်ငံတွေကတော့ သက်ဆိုင်ရာသံရုံးကနေ တာဝန်ယူပြီး လေ့လာစောင့်ကြည့်မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်သံရုံးကနေ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez က ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို ရွေးကောက်ပွဲစောင့်ကြည့်ရေး နိုင်ငံတကာကို ဖိတ်ကြားရာမှာ သံတမန်တွေတင်မဟုတ်ဘဲ နိုင်ငံလွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားခဲ့ပါ တယ်။ ဖိလစ်ပိုင်ကို ကိုယ်စားပြုပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟယ်လန် ဒလာဘေးကား ဦးဆောင်တဲ့ လေးဦးပါ အဖွဲ့က ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမှာပါ။ ဖိလစ်ပိုင်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး ပါလီမန်ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာရွေးကောက်ပွဲစောင့်ကြည့်ဖို့ သွားရောက်ပါလိမ့်မယ်။ ဒီ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ အတူ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးရုပ်သံဌာနကလည်း သတင်းသမားတွေ သွားရောက်ပါလိမ့်မယ်။”
ဂျပန်နိုင်ငံဘက်ကတော့ ဂျပန်နိုင်ငံခြားရေးရုံးနဲ့ ဂျပန်သံရုံးက ကိုယ်စားလှယ် သုံးဦးကို စေလွှတ် စောင့်ကြည့်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှုဖြစ်စေလိမ့်မယ်လို့ ဂျပန်နိုင်ငံအနေနဲ့ မျှော်လင့်တဲ့အကြောင်းလည်း ပါရှိပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မဏိပူရ်နဲ့ အာသံဒေသ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိနှစ်ဦးကို အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး စေလွှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ အလားတူလိုပဲ ကုလသမဂ္ဂ လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေလည်း မနက်ဖြန် မနက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်လည် အစီရင်ခံရမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Eri Kaneko က ပြောပါတယ်။
“မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမှာဖြစ်ပြီး အချုပ် သုံးသပ်ချက်ကို အတွင်းရေးမှူးချုပ်ကို ပြန်လည် အစီရင်ခံမှာဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုဘက်မှာတော့ အမေရိကန်အစိုးရရဲ့ကမ်းလှမ်းမှုနဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာသမိုင်းအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်မယ်လို့ သံတမန်တွေက ယူဆပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမှုဖြစ်တယ်လို့ ပြောပါတယ်။
“ဧပြီ ၁ ရက်နေ့လုပ်မယ့် ပါလီမန်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာသမို်င်းရဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးပါတီတွေ ပါဝင်လာတာကြောင့်ပါ။ အခုလို ရွေးကောက်ပွဲကျင်းပနေစဉ်မှာ အခြားနိုင်ငံတကာကို လေ့လာ စောင့်ကြည့်နိုင်ဖို့ ဖိတ်ကြားတဲ့အတွက်လည်း အားတက်ကျေနပ်မိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ရဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို လိုက်လျောလိုက်တာပါ။”
ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာသံတမန်တွေ၊ သတင်းမီဒီယာတွေအနေနဲ့ ဘယ်လို ပုံစံနဲ့ ဘယ်နေရာကို သွားရောက်ကြမလဲဆိုတာ မနက်ဖြန် မြန်မာနိုင်ငံခြားရေးဌာနနဲ့ တွေ့ဆုံပြီးမှ ရှင်းရှင်းလင်းလင်း ဖြစ်လာမယ့် သဘောရှိပါတယ်။ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့တော့ မျှော်လင့်ထားကြပါတယ်။ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကအခြေအနေကို ပိုပြီး အာရုံစိုက်ကြဖွယ်ရှိပါတယ်။ အခု ဒီရွေးကောက်ပွဲကလည်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာကြောင့်လည်း နိုင်ငံတကာက ပိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်ခင်ဗျား။
VOA

No comments:
Post a Comment