Saturday, September 29, 2012

မီမီ စကား စာ ဆိုဝ်ချင်ပါရေ (၀ါ) ရခိုင်စကားရေ ငရို့စကား




By Kyaw Zaw Oo

စစ်တွေ ၊ ၂၇ စက်တင်ဘာ ၂၀၀၇ ၊
မနေ့က ညနေပိုင်းမှာ ရသေ့တောင်က ရခိုင်ဒေသလူထုစည်းဝေးပွဲကြီးရဲ့ တောင်းဆို ချက်တွေ ကန့်ကွက် ချက်တွေ တိုက်တွန်းချက်တွေကို သက်ဆိုင်ရာ ပြန်ကြားရေးဌာနက ထုတ်ပြန်လို့ ကျွန်တော်တို့ သိရတဲ့ အချိန်နဲ့ တစ်ပြိုင်နက်တည်းလောက်မှာပဲ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရန်ဂါမတီမြို့ (ခေါ်) သက်ထောင်ရဲ့ အကြီးအ ကဲ ရာဂျာ ဒေဗစစ်ရှ် ရွိင် ၀န်ဂ်ဖာ (RAJA Devasish Roy-Wangza) ရဲ့ ထုတ်ပြန်ကြေငြာချက်ကို ကျွန်တော်တို့ ဖတ်ရတယ်။

အဲသည် ထုတ်ပြန်ကြေငြာချက်နှစ်စောင်စလုံးဟာ မတရားဖိနှိပ် ဆက်ဆံခြင်းကို ခံစားနေကြရတဲ့ လူမျိုး တစ်မျိုးရဲ့ နာကျင်ညဉ်းညူသံတွေ၊ မကျေမနပ် ရေရွတ်သံနဲ့ ပြည့်လွှမ်းနေလေတယ်။

* *

ချက္ကမာ အမျိုးသားတို့ရဲ့ အကြီးအကဲ ဒေဗစစ်ရှ် ရွိင် ဟာ မကြာသေးခင် ရက်များ အတွင်းက ချက္ကမာတွေ အပါအ၀င် ဂျူးမား လို့ ခြုံငုံခေါ်ဝေါ်တဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား တွေကို ဘင်္ဂါလီအခြေချသူတွေ က အကွက်ကျကျတိုက်ခိုက်ခဲ့ကြတဲ့ ဒီလဖြစ်ရပ်နောက်ပိုင်း တရားမျှတမှုရအောင်လုပ်ပေးဖို့ ထုတ်ပြန်တောင်း ဆိုတဲ့ အဆိုပါစာထဲမှာ မိမိတို့ရဲ့ တရားဝင် ခုခံကာကွယ်ပိုင်ခွင့်ကို အခုလို ပြောထား တယ်။
When a state is unable or unwilling to protect its citizens, the citizens may have no other recourse, but to take their own initiatives.

နိုင်ငံတော်တစ်ရပ်ဟာ မိမိရဲ့နိုင်ငံသားတွေကို မကာကွယ်နိုင်တော့ဘူးဆိုရင် ၊ဒါမှ မဟုတ်၊ အကာအကွယ် မပေးချင်တာမျိုး ဖြစ်နေရင် ၊ အဲသည် အကာအကွယ်မရတဲ့ နိုင်ငံသားတွေအနေနဲ့ အားကိုးရာ ဘယ်လိုမှမ ရှိနိုင်တော့တဲ့အဆုံး၊ မိမိတို့ကိုယ်တိုင် နည်းလမ်း ရှာဖွေကြံဖန် ကာကွယ်ကြရတော့ မှာ ဖြစ်ပါ တယ် တဲ့။


သံတမန်ဆန်ဆန်စကားပြောတာမို့လို့ လက်နက်ကိုင်ရပါတော့မယ် လို့တော့ ဒဲ့ဒိုး မပြောပါဘူး။


မကြာသေးခင်က ရန်ဂါမတီမှာ ဖြစ်သွားခဲ့တဲ့ ဘင်္ဂါလီအကြမ်းဖက်မှုကို ပြောမယ်ဆို ရင် နောက်ကြောင်းလေး နည်းနည်းပြန်လှန်မှ လိပ်ပတ်လည်နိုင်ပါလိမ့်မယ်။


စစ်တကောင်းတောင်တန်းက (ဂျူးမား) သက်-ရခိုင်မျိုးနွယ်စုကိုယ်စားလှယ်တွေနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ ဖခင်ကြီးဖြစ်တဲ့ ရှိတ်မူဂျီဘာရာမန်တို့ရဲ့ မကြေမလည် ဆွေးနွေးပွဲမှာ မူဂျီဘာရာမန်က ခြိမ်းခြောက် စကားတွေဆိုခဲ့တယ်။ ဘင်္ဂလာဒေ့ရှ်မှာ ဘင်္ဂါလီပဲ ရှိရမယ်၊ မင်းတို့ဒေသထဲမှာ မင်းတို့ကို လူနည်း စု ဖြစ်သွားအောင် လုပ်ပစ်လိုက်လို့ရတယ်၊ စသည်ဖြင့် ခြိမ်းခြောက်ခဲ့တယ်။ မူဂျီဘာရာမန်ရဲ့ ခြိမ်းခြောက်စ ကားတွေနဲ့ အဲသည်အစည်းအဝေး အဆုံးသတ်ခဲ့ရပြီးနောက်၊ ၁၉၇၃-ခုနှစ်မှာ ဂျူးမားတို့ရဲ့ငြိမ်း ချမ်းရေး တပ် ရှန်တီဘာဟီနီ (Shanti Bahini) ပေါ်ထွန်းလာခဲ့ရတယ်။


အနှစ်နှစ်ဆယ်ကျော်တိုက်ခိုက်ခဲ့ကြပြီးတဲ့နောက် ၁၉၉၇-ခုနှစ် ဒီဇင်ဘာလ နှစ်ရက် နေ့မှာ ဘင်္ဂလာဒေ့ရှ် အစိုးရနဲ့ သက်-ရခိုင်တိုင်းရင်းသားတပ်တွေအကြား 1997 CHT Peace Accord ငြိမ်းချမ်းရေး သဘော တူညီချက်တွေကို လက်မှတ်ရေးထိုးပြီး ရှန်တီဘာဟီနီ ကို ဖျက်သိမ်းလိုက်တယ်။


အဲသည် 1997 CHT Peace Accord သဘောတူညီချက်တွေထဲမှာ အရေးအကြီးဆုံး အချက်ကတော့ စစ်တကောင်းတောင်တန်းဒေသက ရန်ဂါမတီ၊အပါအ၀င် ခရိုင်သုံးခရိုင်ကို တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ နယ်မြေ (tribal Area) အဖြစ် သီးခြားသတ်မှတ်ပေးထားချက်ဖြစ်တယ်။


ဒါပေမဲ့ ဘယ်လောက်ပဲ သီးခြားနယ်မြေပေးတယ်ဆိုဆို၊ ထဲထဲက အာရပ်နဲ့ တဲပြင်က ကုလားအုတ် ပုံပြင်လိုပေါ့။ စစ်တကောင်းတောင်တန်းဒေသမှာ နဂိုရှိနေပြီးသား ဘင်္ဂါလီတွေရယ် ဘယ်ကရောက် လာမှန်းမသိတဲ့ ကိုရွှေဧည့်သည်တွေရယ် နောက်မှပေါက်တဲ့ ရွှေကြာပင်တွေရယ် ပေါင်းပြီးတော့ လက်နက်မကိုင် တပ်မထောင်တော့တဲ့ ဂျူးမား တိုင်းရင်းသားတွေကို မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့၊ အဓိကရုန်းဖန်တီး အစရှိသည် အားဖြင့် နှိပ်စက်ညှဉ်းပန်းခြောက်လှန့်ကာ တစ်စတစ်စနဲ့ နယ်မြေလုယူနေတာ ဒီနေ့ထက်ထိတိုင်ပေါ့ဗျာ။


ဘင်္ဂါလီကျောင်းသားတစ်ယောက်နဲ့ ဂျူးမားကျောင်းသားတစ်ယောက် အချင်းများ ရာကနေ စတင်ခဲ့ တယ်ဆိုတဲ့ (တချို့ကလည်း ဒါမျိုးဖြစ်လာအောင် ကြိုပြီး အကွက်ချပြီးသားလို့ ဆိုကြတဲ့) ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့က ဘင်္ဂါလီလူစုလူရုံးနဲ့ တိုက်ခိုက်မှုတွေကြောင့်၊ ဂျူးမား (ရခိုင်)မျိုးနွယ်တွေ ထဲက ကျောင်းသား အယောက် လေးဆယ်၊ အစိုးရ ဆရာဝန် တစ်ယောက်၊ မရမာ အစရှိတဲ့ တိုင်းရင်းသား စယ်ရာမန်လူကြီး (၁၂) ယောက်၊ တက္ကသိုလ် ဆရာနှစ်ယောက်တို့ ဒဏ်ရာရကြပြီးတော့ ဘင်္ဂါလီတွေထဲ က ကျောင်းသား နှစ်ယောက်ပဲ ဒဏ်ရာရသွားကြတယ်လို့ ဆိုတယ်။


ဘင်္ဂါလီလူအုပ်က ချိုးဖျက်ဝင်ရောက်တိုက်ခိုက်ကြတဲ့ စယ်ရာမန်လူကြီးတွေ အစည်း အဝေး ထိုင်နေကြတဲ့ အဆောက်အအုံဟာ နယ်မြေခံစစ်တပ်စခန်းချရာ နေရာနဲ့ ကိုက်တစ်ရာကျော်သာ ဝေးတယ်လို့ သိရတော့ ကျွန်တော် အင်မတန်မှ စိတ်ပျက်မိ ပါတယ်။


ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း ဂျူးမားတွေကို ဘင်္ဂါလီစစ်တပ်က နိုင်လိုမင်းထက် ဆက်ဆံတယ်လို့ ကြားရပြန်တော့ နယ်မြေတာဝန်ကျစစ်တပ်နဲ့ ပူးပေါင်းကြံစည်ကြ တာဖြစ်တယ်လို့ စွပ်စွဲကြတဲ့အသံတွေ ဟာ မှန်များမှန်နေမလားလို့ ကျွန်တော် တွေးကြည့်မိပြန်တယ်။


တိုက်ခိုက်မှုတွေအပြီး နောက်တစ်ရက်နှစ်ရက်အကြာမှာ မြို့တော်ဒက္ကားမှာ တက္ကသိုလ် ကျောင်း သား ကျောင်းသူ ဂျူးမားလူငယ်တွေ ဘင်္ဂါလီတိုက်ခိုက်မှုကို ကန့်ကွက် ဆန္ဒပြကြတယ်။


ဂျူးမားကျောင်းသူတစ်ယောက်ကိုင်ထားတဲ့လက်ကိုင် ဆိုင်းဘုတ်မှာ Marghi (Arakanese) Alphabet (ရခိုင်အက္ခရာ ၊၀ါ၊ ယနေ့ မြန်မာ အက္ခရာ) တွေနဲ့ ရေးထား တယ်။ မြန်မာစာတတ်သူတွေ အသံထွက် ဖတ်ကြည့်လို့ရပါတယ်။ သူ့လက်ကိုင် ဆိုင်းဘုတ်မှာ ရေးထားတာက “မီမီ စကား စာ ဆိုဝ် ချင်ရေ” လို့ ဆိုပါတယ်။ အဆင်ပြေအောင် ဘာသာပြန်ရင်တော့ “မိမိတို့ ဘာသာစကား မိမိတို့ စာပေကို ပြောဆို သုံးစွဲကြမယ်” လို့ ဆိုလိုတာ ဖြစ်တယ်။ ရခိုင်စကားသည် ငါတို့စကား လို့ဆိုလိုတာ ဖြစ်တယ်။


၁၉၇၀ ကျော် အချိန်က ရှိတ်မူဂျီဘာရာမန်က သက်-ရခိုင်တိုင်းရင်းသားကိုယ်စား လှယ် တွေ ကို ခြိမ်းခြောက်ခဲ့တဲ့စကားကို ဒီကနေ့ထက်ထိ လက်တွေ့မှာခံစားနေကြရလို့ “ငါတို့ရခိုင်စကားကို ငါတို့ပြောချင်တယ်” ဆိုတဲ့ နာကျင်ခံစား တောင်းဆိုမှု ရှိနေရသေး တာ ဖြစ်တယ်။


* *

ရခိုင်စကားကို ကုလားသံဝဲတဲတဲနဲ့ပြောကြသူတွေရဲ့ ဒေသက ဝေဒနာသံတွေကို ကြားနေရတဲ့အချိန် စက်တင်ဘာလ (၂၂) ရက်နေ့မှာ၊ ရခိုင်စကားကို ဗမာသံဝဲတဲတဲလေးနဲ့ ပြောကြတဲ့ဒေသဖြစ်တဲ့ သံတွဲ ၊ တောင်ကုတ် နဲ့ ဂွမြို့က ကိုယ်စားလှယ်တော်တွေဟာ မိမိတို့ရဲ့ နဂိုပင်မ အလုပ်အကိုင်တွေကို ခဏမျှ ပစ်ခွာထားခဲ့ပြီးသကာလ၊ ရသေ့တောင်မြို့မှာ ကျင်းပမယ့် ရခိုင်ဒေသ လူထု အစည်းအဝေးကြီး (တစ်နည်း အားဖြင့်) မေယုဖြစ်ဝှမ်းညီလာခံကို တက်ရောက်ဖို့ လာရင်း စစ်တွေမြို့မှာ ခရီးတစ်ထောက် နားခဲ့ကြတယ်။

ရသေ့တောင်မြို့ကလေးဟာ တကယ်ကိုပဲ ရခိုင်ပြည်လုံးဆိုင်ရာညီလာခံကျင်းပဖို့ သင့်တော်တဲ့ နေ ရာဖြစ်ပါတယ်။


ဘင်္ဂါလီကုလားတွေလိုချင်ပါတယ်ဆိုတဲ့ မြေယုမြစ်ဝှမ်းတည်ရှိရာမြို့နယ် ဖြစ်တဲ့အပြင် ရခိုင်ပြည်မြောက် ပိုင်းမှာ ရမ်းဗြဲသား ရခိုင်ဒေသိယလေသံနဲ့ စကားပြောသူအများစုရှိရာ မြို့နယ်လည်းဖြစ်တယ်။


ပြီးတော့တစ်ဖန် ပြီးခဲ့တဲ့ ဇွန်လ ဘင်္ဂါလီဆူပူမှုအရေးအခင်းအတွင်း ရခိုင်အမျိုးသား ဆယ်ယောက် ဘင်္ဂါလီတွေလက်ချက်နဲ့ အသတ်ခံခဲ့ရတဲ့ ကူတောင်ကျေးရွာဟာ ဒီရသေ့တောင်မြို့နယ်ထဲက ရွာတစ် ရွာ ဖြစ်တယ်။


နောက်ပြီးတော့ အိမ်ခြေထောင်ချီ ဘင်္ဂါလီရွာတွေဝိုင်းရံထားတဲ့ အိမ်ခြေ သုံးဆယ် မပြည့်တဲ့ ရခိုင်ရွာ သိမ်လေးတစ်ရွာဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၁)ရက်လောက် ညကြီးပိုင်း ဆယ်နာရီလောက်မှာ လက်နှိပ်ဓါတ်မီး အလက်ခုနစ်ရာလောက်ထိုးထားပြီး၊ “ရခိုင်တွေကို သတ်သတ်” “ပါကိစ္စတန် ဂျိန်းနားဘတ် (ပါကိစ္စတန်နိုင်ငံ အဓွန့်ရှည်ပါစေ)” ဆိုတာတွေကို ဟစ်အော်နေကြတဲ့ ရာပေါင်းများစွာသော ဘင်္ဂါလီတွေကို အမဲလိုက် တူမီးသေနတ်နှစ်လက်နဲ့ ခုခံကာကွယ်ခဲ့တယ်။ အဲသည်ရွာကလေးဟာ ဒီရသေ့တောင်မြို့နယ်ထဲက ရွာကလေးတစ်ရွာဖြစ်တယ်။


ဒီရသေ့တောင်မြို့က အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည် အရပ်ရပ်က ကိုယ်စား လှယ် တွေနဲ့ ရပ်နီးရပ်ဝေး ရခိုင်လူမျိုးလုပ်သားပြည်သူတွေ စုစုပေါင်း နှစ်ထောင်ကနေ သုံးထောင်ကြား တက်ရောက်ခဲ့ကြတယ်။


အဲသည်နှစ်ရက်ကြာလူထုအစည်းအဝေးကြီးမှာ အစိုးရကို တောင်းဆိုတဲ့တောင်းဆိုချက် (၁၈) ချက်၊ ကန့်ကွက်ချက် ခြောက်ချက် နဲ့ အကြံပြုချက် သုံးရပ်တို့ကို အတည်ပြုနိုင်ခဲ့ကြ တယ်။


ကျွန်တော် စိုးရိမ်နေသလို ဘင်္ဂါလီတွေကို သီးခြားနေရာတစ်ခုမှာ စုထားပြီး နေစေမယ် ဆိုတဲ့ မိုက်မိုက်မဲ မဲ တောင်းဆိုချက်တွေမပါလို့ ကျွန်တော် ၀မ်းသာရ တယ်။ ဒီလိုသာ ထားလိုက်လို့ကတော့ သူတို့ကို သီးခြားနယ်မြေပေး လိုက်တာနဲ့ အတူတူပဲ။


ရသေ့တောင်မှာ အရင်လုပ်တဲ့အစည်းအဝေးတွေမှာ အဲသလိုသီးခြားထားဖို့ဆို တဲ့ တောင်း ဆိုချက်တွေ ပါခဲ့ဖူးတယ်။ ဒီလိုမျိုး တောင်းဆိုချက်ရဲ့ ရေရှည်မှာ ဖြစ်လာနိုင်မယ့်ရလဒ် ဘယ်လိုရှိလာနိုင်သလဲ ဆို တာကို  ကျွန်တော် ရသေ့တောင်မြို့နယ်ထဲမှာ သွားရင်းလာရင်း ရပ်ရွာလူကြီးတွေနဲ့ဆွေးနွေးခဲ့ဖူးတယ်။


နောက်တစ်ခု၊ ဒီစည်းဝေးပွဲကြီးရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ သိသာပေါ်လွင်နေတဲ့ အချက်တစ်ချက်က ရခိုင်လူမျိုးတွေဟာ ဘင်္ဂါလီတွေနဲ့အတူယှဉ်တွဲ နေထိုင်ရေးကို မလိုလားတဲ့သဘောကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာဖြစ်တယ်။


လွန်ခဲ့တဲ့တစ်လလောက်က အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြိးနဲ့ တွေ့ဆုံစဉ်က ကျွန်တော်ပြော ခဲ့တဲ့သဘောနဲ့ အလားတူဖြစ်တယ်။ ဒီဘင်္ဂါလီ ရှစ်သိန်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်ရဲ့ တာဝန်ဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့တယ်။


ပြည်သူ့စစ်ဖွဲ့ပေးဖို့ ဆိုတဲ့ အခုလူထုအစည်းအဝေးကြီးရဲ့ တောင်းဆိုချက်ကို ဖတ်မိတော့ ကျွန်တော် တစ်ခါက အစည်းအဝေး တစ်ခုမှာ ပြောခဲ့တာကို သတိရမိတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရခိုင်စာပေ သင်ကြားရေး နဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခုမှာ - အစိုးရကခွင့်ပြုလျှင် ရခိုင်စာပေ ကို ကျောင်း များတွင် သင်ကြားရန် မသင်ကြားရန် ကို ဆွေးနွေးဆုံးဖြတ် ကြရန်ဆိုတော့ - ကျွန်တော်ကပြောခဲ့တယ်။ ဒီကိစ္စဟာ အစိုးရက ခွင့်ပြုမှာကို စောင့်နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ သူတို့ခွင့်ပြုပြု မပြုပြု ကိုယ့်ဖာသာကိုယ် လုပ်ဆောင် ရမယ့် ကိစ္စမျိုးဖြစ်တယ်။


အခုလည်း ပြည်သူ့စစ်ဖွဲ့ဖို့ဆိုတာ မိမိတို့ဘက်က တောင်းဆိုကြည့်ရမယ့်အပြင်၊ ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ မိမိတို့ကိုယ် မိမိတို့ လက်နက် တပ်ဆင်ထား ကြရမှာဖြစ် တယ်။


အနည်းဆုံးအဆင့် စစ်တပ်ပုံစံဖြစ်အောင် အဖွဲ့အစည်းနဲ့ ဦးဆောင်နေစရာမလိုဘူး။ ရွာသူရွာသားတွေ မိမိတို့စရိတ်နဲ့ မိမိတို့ကိုယ်ကိုယ် မိမိတို့ အမဲလိုက်တူမီးအဆင့်ကို တပ်ဆင်ထားသင့်တယ်။ သမိုင်းမှာ ရခိုင်တွေဟာ ကဗျာဂီတတွေကို ရေးဖွဲ့ပြီး အနုပညာ လက်ရာတွေကို တည်ဆောက်ခဲ့သူတွေဖြစ်တဲ့အပြင်၊ ပင်လယ်ပျော်သူတွေ အမဲလိုက်မုဆိုးကျော်တွေ ဖြစ်ခဲ့ဖူးတာကိုလည်း ပြန်ပြီး သတိရသင့်တဲ့ ကာလ ကို ရောက်ပြီ။ ဒါမှသာ လူဦးရေအင်အားနဲ့ မိမိတို့ကို လက်စတုံးဖို့ကြိုးစားတာတွေကို ခုခံနိုင်မှာ ဖြစ်တယ်။ တူမီးသုံးလက်ပဲရှိတဲ့ ရွာကလေး အသက်ဘေးကလွတ်သွားပုံကို သင်ခန်းစာယူသင့်တယ်။


လုံခြုံရေးတပ်တွေက နယ်စွန်နယ်ဖျားတွေမှာ အရေးပေါ်တာနဲ့ ချက်ချင်း ရောက်မလာ နိုင်ဘူး။ အဲသလိုအချိန်မှာ မိမိနဲ့ မိမိ မိသားစုရဲ့အသက်ကို ကယ်နိုင်ဖို့က ပဓါန ဖြစ်တယ်။


အဲသည်နေ့က တူမီး သုံးလက်ထဲက တစ်လက်ကို ပစ်တဲ့သူက ကျွန်တော့်ကို ပြန်ပြောင်း ပြောပြ တယ်။ ရှေ့က တောင်ကြောတစ်လျှောက်စီတန်းဆင်းလာကြတဲ့ ဓါတ်မီး အလက်ပေါင်း ရာထောင်မျှကို လှမ်းကြည့်ရင်း သူ ကြက်သေသေသွားတယ်။


ရာဂဏန်းမပြည့်တဲ့ မိမိနောက်ဖက်က မိတ်ဆွေတွေကို လှမ်းကြည့်လိုက်၊ ရှေ့မှာ ဓါတ်မီးတွေ ကြောက် မခန်းလိလိ ရွေ့နေကြတာကို ကြည့်လိုက်နဲ့ ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။


ရွာထဲမှာကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ သူ့သားလေးကို တွေးမိပြီး ချက်ချင်း မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဒီနေ့ဟာ ငါ့ရဲနောက်ဆုံးနေ့ပဲလို့ အတွေးဝင်လာတယ်။


နောက်ဆုံးမတော့ ယောင်္ကျားတို့ လုပ်ရမယ့်အလုပ်ကို သူလုပ်လိုက်တယ်။ ပထမတစ်ချက်ကို သူပစ်တယ်။ ကုလားဓါတ်မီးတွေ အကုန်မှိတ်လိုက်ကြတယ်။


ဒုတိယတစ်ချက်ကို သူ့သူငယ်ချင်း ပစ်တယ်။ ကုလားတွေအကုန် အလဲလဲ အကွဲကွဲ ပြေးကုန်တယ်။ တကယ်တော့ အဲသည်အချိန်မှာ သူတို့ဘက်မှာ ယမ်းဖြည့်ပြီးသား နောက်ထပ် တူမီးတစ်လက်ပဲ ကျန်တော့တယ်။


အဲသည်ညမှာ တူမီးသေနတ်သံ နှစ်ချက်က လူပေါင်းများစွာရဲ့အသက်ကို ကယ်တင် နိုင်ခဲ့တယ်။


* *

ပြည်ထောင်စု မြန်မာနိုင်ငံသား အပေါင်းတို့ . . . . . .

ဘင်္ဂလာဒေ့ရှ်နိုင်ငံက အကြီးဆုံးမြို့နှစ်မြို့ဖြစ်တဲ့ ဒက္ကား နဲ့ စစ်တကောင်းတို့ဟာ ရခိုင်လူမျိုးတွေ တည်ထောင် ခဲ့တဲ့ မြို့တွေဖြစ်ပါတယ်။ ဒက္ကား နဲ့ စစ်တကောင်း ဆိုတဲ့ နာမည်တွေလည်း ရခိုင် နာမည်တွေဖြစ်ပါတယ်။ အခု ဘင်္ဂလာကနေ ရခိုင်တွေ ဆုတ်လာရရုံမက မေယုဖြစ်ဝှမ်းဒေသကိုလည်း သူတို့က လူဦးရေအားဖြင့် သိမ်းပိုက်ရန် ကြိုးစားနေကြပါပြီ။


ဒီတော့ . . . နောင်တစ်ချိန်မှာ ဘုရားစူးရပါစေရဲ့ မန္တလေးဟာ ဗမာတွေ တည်ထောင်ခဲ့တဲ့ မြို့ပါလို့ ကျိန်တွယ်ပြောရတဲ့ အခြေကို မဆိုက်ရလေအောင် မဟာဗျူဟာအရ မှန်မှန်ကန်ကန် ရပ်တည် လုပ်ဆောင်နိုင်ဖို့ မလွဲမသွေ လိုအပ်တဲ့ အချိန်ကို ရောက်ကြပါပြီ။


ရခိုင်လူမျိုးတွေက မိမိတို့ဘာလုပ်ရတော့မယ်ဆိုတာကို အသေအချာ သဘောပေါက် နေကြတဲ့အချိန်မှာ အထက်က ပေါ်လစီချမှတ်သူတွေအပိုင်းက ၀ါးတားတားလုပ်နေ တာကို ရခိုင်ပြည်သူတွေ ကရော မြန် မာပြည်သူတစ်ရပ်လုံးကပါ လုံးဝနားလည် ခွင့်လွှတ်ပေး မှာ မဟုတ်ပါဘူး။


အခုလည်း ရခိုင်လူထုအစည်းအဝေးကြီးက သမ္မတကြီး ဦးသိန်းစိန်ကို ပြတ်ပြတ် သားသား ပြောလိုက်ပါပြီ။ ဦးသိန်းစိန်ပြောတဲ့ စကားတွေကို ထောက်ခံပါတယ်လို့ ပြတ်ပြတ် သားသား ပြောလိုက်တာဖြစ်တယ်။


ဒါပေမဲ့ ထောက်ခံတယ်ဆိုရာမှာ ၀ါးတားတားလုပ်နေတဲ့ ဦးသိန်းစိန်ကို ထောက်ခံတာ မဟုတ်ဘူး။


“ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးမှ ( ၁၁ - ၇ -၂၀၁၂ ) နေ့တွင် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးအား ပြောကြားခဲ့သည့် ဘင်္ဂလီနှင့်ပတ်သက်သော စကားရပ်များကို ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ တစ်ရပ်လုံးမှ အလေးအနက်မှတ်တမ်းတင် ထောက်ခံပြီး ၄င်းစကား အရပ်ရပ်အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်” လို့ ဆိုတယ်။


ဇူလိုင်လ (၁၁) ရက်နေ့မှာ UNHCR မဟာမင်းကြီးကို ပြောခဲ့တဲ့အတိုင်း နိုင်ငံသား မဟုတ်တဲ့သူတွေကို စီစစ်ရှာဖွေပြီး ဒုက္ခသည်စခန်းတွေမှာ ထားဖို့၊ ဖြစ်နိုင်ရင် တတိယနိုင်ငံ တစ်နိုင်ငံငံကို ပို့ဖို့ပဲဖြစ်ပါတယ်။


ဒါ့အပြင် ၁၉၄၂-ခုနှစ် ဘင်္ဂါလီသောင်းကျန်းမှုနဲ့ ၁၉၄၈ နောက်ပိုင်း ဘင်္ဂါလီ သောင်းကျန်းမှုတွေမှာ မှာ ရခိုင်တွေကို လူမျိုးတုံးသတ်ဖြတ်ပြီး ဘင်္ဂါလီတွေက ရယူ သိမ်းပိုက်ထားခဲ့တဲ့ မြေတွေ၊ လယ်တွေ ရွာတွေကို ပြန်လည် ရယူနိုင်အောင်လုပ်ပေးဖို့ ရခိုင်လူထုရဲ့ကိုယ်စား ဒီကွန်ကရက်ကတောင်းဆိုလိုက်ပါတယ်။


အခုတော့ခါ တောင်းတဲ့အတိုင်း ရအောင်လုပ်တတ်ဖို့ပဲ လိုတော့တယ်။


(ကျော်ဇောဦး ရေးသားသည်။)

 http://www.lwintmgmg.com/2012/09/blog-post_9094.html

No comments: