ဆန္ဒပြနေကြသူများ
နယူးယောက်မြို့၊
ကွင်းစ်ကောလိပ်တွင် ၂၀၁၂ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပတဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပတဲ့အခါ ဆန္ဒပြပွဲ
ကျင်းပဖို့ အစီအစဉ်ရှိကြောင်း အပါအ၀င် သတင်းအတော်များများကို
အစောကြီးကတည်းက ကြိုပြီး သိထားခဲ့ပါတယ်။ ဒါ့ကြောင့် တချို့ကိစ္စတွေ ပွဲ
စီစဉ်တဲ့ မိတ်ဆွေကို ကြိုတင် အသိပေးထားခဲ့ပါတယ်။
သို့သော် အထူးအထွေ ပူပန်မှုကတော့ မရှိခဲ့ပါ။ ပွဲ ကျင်းပတဲ့ ခန်းမထဲမှာ
ဆူပူမှု တခုခု ဖြစ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်မှာ၊ ဒေါ်အောင်ဆန်းစုကြည်
အန္တရာယ်တခုခု ဖြစ်မှာ စိုးရိမ်ခဲ့ရုံအပြင် ထူးထူးခြားခြား ပူပန်မှု
မရှိခဲ့ပါ။ နံနက် ၁၀ နာရီ ၁၅ မိနစ် ခန်းမတံခါး ပိတ်ခါနီးအချိန်
ဆန္ဒပြမယ့်သူတွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ရခဲ့ပါတယ်။ တချို့ကိုလည်း
မြင်လိုက်ရပါတယ်။ ခန်းမတွင်းကို လူစုလူဝေးနဲ့ ၀င် မလာဘဲ သက်ဆိုင်ရာ
ကျောင်းဝင်းပြင်ပမှာ ဆန္ဒပြဖို့ ပြင်နေကြတာဆိုတော့ ဒီလိုမျိုး အဖြစ်အပျက်ဟာ
သိတ် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါ။
နေ့လည် ၁၂ နာရီအချိန် ခန်းမထဲက လူတွေ ထွက်လာကြတော့ ဆန္ဒပြသူတွေကို ကြည့်သူက
ကြည့်ကြ၊ ကိုယ့်အိမ်ကို ပြန်တဲ့သူက ပြန်ကြနဲ့ အခြေအနေက ပုံမှန်ပါပဲ။
ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေ ပြန် ရှင်းပြသူက ရှင်းပြ၊
ဆန္ဒပြသူတွေက ပြန် ပြောကြနဲ့ ဖြစ်နေတုန်း ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၅
မိနစ်မှာ ဆန္ဒပြပွဲ ဦးဆောင်သူတဦးကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ (ပြဿနာက
အဲဒီမှာပဲ စ သွားတယ်လို့ ပြောရမလား မသိပါဘူး။)
ကနဦး ပြောနေကြတာက အင်္ဂလိပ်လို ဖြစ်နေကြတော့ မြန်မာလို ပြောတတ်သူ ပါသလား၊
မပါသလား ဒွိဟဖြစ်နေကြတုန်း မြန်မာလို ကောင်းကောင်း ပြောပြတဲ့ ဆန္ဒပြပွဲ
ဦးဆောင်သူတဦးနဲ့ စကား ပြောဖြစ်ခဲ့ပါတယ်။ သူက စပြီး “ကျွန်တော်တခု
ပြောပြမယ်နော်။ ကျွန်တော်တို့က သူ့ကို လာပြီး ဆန့်ကျင်တာလည်း မဟုတ်ဘူး။
ကျွန်တော်တို့က International Media ကနေပြီး attention ယူတာပဲ။“ လို့
ပြောပါတယ်။ (ထိုအချိန် တယောက်တမျိုး ပြောနေကြရာတဲ့ကြားက မေးခွန်းတွေ ရအောင်
မေးဖြစ်လိုက်ပါတယ်။ မေးနေ ဖြေနေချိန် လူတွေ ပိုပြီး ၀ိုင်းလာကြ၊ မေးနေ
ဖြေနေတာကို နားထောင်ကြနဲ့ လူအုပ်စုက ပို များလာပါတယ်။ ဆန္ဒပြသူတွေကို
မေးခွန်းတွေ မေးတာ ကိုယ်တယောက်ထဲများ ဖြစ်နေမလားပဲ။)
မေးကြည့်တဲ့အခါ ဆန္ဒပြသူတဦးက “အောင်ဆန်းစုကြည်က Nobel Prize Winner
ဖြစ်တယ်။ နောက်ပြီးတော့ Human Rights Defender တယောက် ဖြစ်တယ်။
ရိုဟင်ဂျာတွေလည်း တခြားလူသားတွေလိုပဲ လူသားပဲ။ သူတို့တွေ လူ့အခွင့်အရေး
ချိုးဖောက်ခံနေရတာတွေအားလုံးကို တခြားလူတွေ ပြောသလိုမျိုး ရိုဟင်ဂျာအတွက်
နာမည်သုံးပြီး ရဲရဲဝံ့ဝံ့ ပြောပါလို့ ကျွန်တော် ဒီနေရာက ပြောတယ်လို့
ပြောတယ်။“ လို့ ရှင်းပြပါတယ်။ ထပ်ပြီး မေးတဲ့ မေးခွန်းတွေကို သူတို့ ပြန်
ဖြေတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အစား အောင်ဆန်းစုကြည်လို့
ခေါ်ဝေါ်သုံးစွဲတဲ့အတွက် အရင်က နယူးယောက်မှာနေပြီး အခု ၀ါရှင်တန် ဒီစီမှာ
နေတဲ့ မိတ်ဆွေတဦးက အောင်ဆန်းစုကြည်အစား ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဖို့
ပြောနေရာကနေ စိတ်လိုက်မာန်ပါနဲ့ တခုခု ဖြစ်ကြမလို ဖြစ်သွားတော့ ၀ိုင်း
ဆွဲကြ၊ ထိမ်းကြ သိမ်းကြဆိုသလို ဖြစ်သွားပါတယ်။
ဆန္ဒပြကြတဲ့အဖွဲ့မှာ အမျိုးသားကြီး တယောက်နှစ်ယောက်၊ လူရွယ် အမျိုးသားတယောက်
တွေ့ရပြီး အမျိုးသမီးတချို့နဲ့ ကလေးငယ်တွေ ဆယ့်လေးငါးယောက်က ဆိုင်းဘုတ်တွေ
ကိုင်ဆောင်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စု မြန်မာမိသားစုများနဲ့
တွေ့ဆုံပွဲများကို သပိတ်မှောက်တဲ့ ပုဂ္ဂိုလ်များလည်း ရှိတယ်ဆိုတာ ပွဲတွေ
ပြင်ဆင်နေကတည်းက သိနေပါတယ်။ ရိုဟင်ဂျာတွေကလွဲလို့ အခြား ဘယ်သူတွေက
ဘာ့ကြောင့် သပိတ်မှောက်ကြတယ်ဆိုတာကိုတော့ ဘယ်သူ့ကိုမှ မပြောခဲ့သလို
လောလောဆယ်အချိန်အထိလည်း တခြားသူတဦးဦးကို ပြောပြဖို့
မစဉ်းစားဖြစ်သေးပါဘူး။ (နောင်တချိန်ကျ ပြောဖြစ်ချင် ပြောဖြစ်မှာပေါ့။)
ရိုဟင်ဂျာတွေ ဆန္ဒပြပွဲ ကျင်းပနေစဉ်က မေးမြန်းခဲ့၊ ဓါတ်ပုံတွေ
ရိုက်ယူခဲ့သော်လည်း တကယ်တမ်း သတင်း ဖော်ပြဖို့ ချင့်ချိန်ရင်း နောက်ဆုံး
မရေးဘဲထားတာက ပို ကောင်းပါတယ် လေ လို့ စဉ်းစားမိတဲ့အတွက် သတင်း
မရေးဖြစ်ခဲ့ပါ။ သို့သော် ရေးကြသားကြတာတွေ တွေ့လာရတော့ ရုန်းရင်းဆန်ခတ်ပုံစံ
ဖြစ်ခဲ့စဉ် ကိုယ်က ကြားထဲမှာ ရှိနေခဲ့တာမို့ သိခဲ့တာတွေ၊ မြင် တွေ့
ကြားတာတွေ ပြန် ပြောတဲ့သဘော သတင်းဆောင်းပါးပုံစံပဲ ရေးလိုက်ပါတယ်။ ဓါတ်ပုံ
သုံးပုံလည်း ဖော်ပြလိုက်ပါတယ်။ (ကနဦးက အသံဖိုင်ကို ဖော်ပြဖို့
စဉ်းစားဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ မဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောင်တချိန် အေးအေးဆေးဆေးမှပဲ နားထောင်ကြတာပေါ့။ ရိုဟင်ဂျာလို့ ဘာလို့
ရေးတာလဲဆိုတော့ ဆန္ဒပြသူတွေက သူတို့ဟာ ရိုဟင်ဂျာပါ လို့ ပြောတဲ့အတွက်
ဖြစ်ပါတယ်။)
ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားသူ
ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဝေါ်ရန် ပြောဆိုရာမှ ဒေါသမထိန်းနိုင် ဖြစ်သွားသူ
အမေရိကန်ရောက် မြန်မာမိသားစု
များနှင့် တွေ့ဆုံပွဲတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု
အမည်ခံထားသူများက နိုင်ငံရေးအရ ဖိအားပေးဆန္ဒပြ ၀ိုင်းဝန်းကန့်
ကွက်ခဲ့ကြကြောင်း သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် မြန်မာလူထုနှင့်ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ
Queens College တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ College ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံ
ထားသူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြသူများမှာ လူဦးရေအားဖြင့် ၂၀ ကျော်သာရှိပြီး ဦးဆောင်သူမှာ ရခိုင်ပြည်
နယ်မောင်တောမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဘင်္ဂါလီတစ်ဦးဖြစ်ကြောင်းနှင့် ဆန္ဒပြသူများထဲတွင် မြန်မာစကားပြောတတ်သူ အနည်းငယ်သာပါပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများက
ပြောကြားခဲ့သည်။
ဆန္ဒပြရသည့်ရည်ရွယ်ချက်မှာ ၎င်းတို့နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲနေ၍ဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများ က
ပြောကြားခဲ့သည်။
ဆန္ဒပြမှုအပေါ် အမေရိကန်လူမျိုးများ၏ အမြင်သဘောထားနှင့် ပတ်သက်၍ ''အမေရိကန်
လူမျိုးတွေရဲ့ မုန်းတီးမှုကို ခံလိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လစ်ဗျားမှာ
သံအမတ်စတီဗင်နဲ့ သုံးဦးသေသွားတာ ပူပူနွေးနွေးပဲ ရှိတာကတစ်ကြောင်း၊ ဒေါ်စုကို ချစ်ခင်စိတ်ကြောင့်လည်းကောင်း သူတို့ကို မုန်းတီးသွားပြီး သူတို့လုပ်ဆောင်
ချက်တွေကို မယုံကြည်ရုံမက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတချို့ဆိုရင်
ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။
မြန်မာ တွေ သူတို့အပေါ် မုန်းတီးမှုကတော့ ပြောဖွယ်မရှိပါဘူး။ ဥပဒေကို လေးစား
လို့ ငြိမ်နေကြပါတယ်။ အံကြိတ်ပြီး တက်တခေါက်ခေါက် ရှိကြပါတယ်။ မခံနိုင်သူတ
ချို့က တုံ့ပြန်မယ်အလုပ် ဘေးက ၀ိုင်းထိန်းခဲ့ကြပါတယ်''ဟု နယူးယောက်မြို့တွင် နေထိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ''သူတို့ လွတ်လပ်စွာ ဆန္ဒပြတာကို အပြစ်မမြင်ပါဘူး။
ဒီမိုကရေစီနိုင်ငံကြီးမှာ
လွတ်လပ်စွာ ဆန္ဒပြလို့ ရပါတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့ပုံစံ မှားနေပါတယ်။
ဘာလို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးခေါင်းဆောင်သာမက ကမ္ဘာ့တစ်ဝန်းလုံးရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံပြ
သူရဲကောင်းအဖြစ် အမေရိကန်ခေါင်းဆောင်များ အပါအ၀င် တစ်နိုင်ငံလုံးက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနေချိန်မှာ သူ့ကို လူ့အခွင့် အရေးချိုးဖောက်တဲ့ကိစ္စတွေနဲ့ ပါဝင်ဆက်နွှယ်နေသလိုလို အသွင်သဏ္ဌာန် ရောက်သွားအောင် လုပ်ဆောင်ခြင်းမျိုးကို ဘယ်လိုလူမျိုးမှ အယုံကြည်ရှိ လက်ခံမှာ မဟုတ်ပါဘူး။ ငြိမ်နေအကောင်းထလိုက်မှ အကျိုးဖြစ်သွားတဲ့ကိန်းပါ။ ဒေါ်စုကို အခုလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ ဘယ်လောက်ပဲ အော်အော်ဟစ်ဟစ် မယုံကြတော့ပါဘူး။
ဘာလို့လည်းဆိုတော့ ဒေါ်စုက လူ့အခွင့်အရေး ချိုးဖောက်မယ့်သူလား စဉ်းစားတတ်ပါတယ်။
နောက်တစ်ခါ စကားပြော မိန့်ခွန်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ရင်ပြော သူကြိုးစား
မယ်မဟုတ်ရင် ဘယ်ဘက်မှ ဘက်မလိုက်နိုင်ဘူး။
အဲဒီလို ဘက် မလိုက်လို့ မကျေနပ်ရင် မကျေနပ်ပါလို့ ပြောခဲ့တယ်လေ။ နိုင်ငံရေး လုပ်
ဆောင်ချက်တစ်ခုက မလုပ်တတ်ဘူး၊ သဘောထားမမှန်ဘူးဆိုရင် ဆန့်ကျင်ဘက်အမြင်တွေ ဖြစ်သွားတတ်တယ်။ ဆုံးရှုံးတတ်တယ်ဆိုတာ
မီးမောင်းထိုးပြနေသလိုပါပဲ။
အမေရိကန်က သူတို့လူတွေ လစ်ဗျားမှာ ပူပူနွေးနွေး သေဆုံး
သွားတယ်ဆိုတာ ကို ထည့်မတွက်တာကိုက တော်တော် အမျှော်အမြင်နည်းတဲ့
အတွေးခေါ်နဲ့ လုပ်တယ်ဆိုတာ ထင်ရှားပါတယ်''ဟု အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့တွင် နေထိုင်သူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမောင်မောင်ဝမ်းက ပြောကြားခဲ့သည်။
''အခုကျွန်မတို့ နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေပါတယ်။ ကျွန်မတို့အားလုံး ၀ိုင်း
စဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရမှာပါ။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ
ဘာလည်းဆိုတာကို စဉ်းစားရမယ်။ လေ့လာရမယ်။
ပြဿနာရဲ့ ဇစ်မြစ်ကိုတွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့
နေရာတွေမှာ ပဋိ ပက္ခတွေ ဖြစ်နေတဲ့နေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုး
ထိုးတာ ဟိုဘယ်လက်ညှိုးထိုးတာ ဒီဘက်လက်ညှိုးထိုးတာ အဲဒါတွေလုပ်မယ့်အစား
တကယ့်ပြဿနာက ဘာလဲ။
တစ်ချိန်ကတစ်ဘက်က လွန်မယ်။ တစ်ချိန်မှာ နောက်တစ် ဖက်ကလွန်မယ်။
တစ်ဖက်တည်းက အမြဲတမ်းလွန်မယ်ဆိုတာ ရှိခဲပါတယ်။ အဲဒါကြောင့် သေသေချာချာ
ပြဿနာကို ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကို ရှာရမှာပါ။
အခုဆိုရင် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်
မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တချို့က ကျွန်မကို မကျေနပ်ကြဘူး။ မကျေနပ်
တာက တစ်ဖက်ကို ဘာဖြစ်လို့ မပြောသလဲပေါ့နော်။ ကိုယ့်မကြိုက်တဲ့ဘက်နဲ့ ပတ်သက်လို့
ကျွန်မက ဘာဖြစ်လို့ အဲဒီဘက်မှာ အပြစ်ရှိတယ်။
ဘာဖြစ်လို့ ဒါကို ပြင်းပြင်းထန်ထန် တင်းတင်းမာမာ မပြောလည်းဆိုပြီး မကျေနပ်
တာတွေ ရှိကြပါတယ်။ ကျွန်မကတော့ ဒီလို ပြင်းပြင်းထန်ထန် တစ်ဖက်ကိုပြောလို့
ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ နှစ်ဖက်စလုံးမှာ ဘယ်သူမှန်တယ်။ ဘယ်သူမှား
တယ်ဆိုတာ ထားလိုက်ဦး။
တစ်ဖက်ကို ပြင်းပြင်းထန်ထန် ပြောလိုက်ရင် ဟိုတစ်ဖက်က ကျေနပ်မှာ မဟုတ်ဘူး။
မကျေနပ်မှာက ကျွန်မကိုမကျေနပ်မှာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်မှာ။
အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေက ပိုပြီးတော့ ကြီးသွားမယ်။ အဲဒီတော့ ကျွန်မကို ကျွန်မက ပြင်းပြင်းထန်ထန် မပြောရင် မကျေနပ်ရင် မကျေနပ်ပါစေရတယ်။
ဒါပေမယ့် ပဋိပက္ခတွေပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စမျိုးတွေကိုတော့ ကျွန်မ
မလုပ်နိုင်ပါဘူး။ အခြေခံအားဖြင့် ကျွန်မကနေ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင်
ဘာပြင်းပြင်းထန်ထန် ပြောရမလဲ။
လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျွန်မပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့
ပြောပါရစေ။ ဘယ်လူ့အခွင့်အရေးပဲဖြစ်ဖြစ် ဘယ်သူရဲ့ အခွင့်အရေးပဲဖြစ်ဖြစ်၊ ဘယ်သူရဲ့ အခြေခံလူ့အခွင့်အရေးပဲဖြစ်ဖြစ် အဲဒီလို ချိုးဖောက်မှုတွေကိုတော့ ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
နောက်ပြီးတော့လည်း ဥပဒေအရ တရားဥပဒေအရ မှန်မှန်ကန်ကန် မျှမျှတတ
မလုပ်ချင်းဆိုရင်လည်း ကျွန်မပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေသွားနိုင်ဖို့ ခြေလှမ်းတွေကို မလှမ်းနိုင်အောင်လို့ အခက်
အခဲဖြစ်အောင်လို့ လုပ်တဲ့ကိစ္စတွေကိုဆိုရင်လည်း ကျွန်မ ပြင်းပြင်းထန်ထန်
ကန့်ကွက်ပါတယ်။
ဒါပေမယ့် ကျွန် မအလုပ်ကိုသာ ကန့်ကွက်တာပါ။ မလုပ်သင့်တဲ့ အလုပ်တွေ လုပ်
ချင်းကိုသာ ကန့်ကွက်တာပါ။ ဘယ်ပုဂ္ဂိုလ်မှ ဘယ်လူမျိုးစုကိုမှ ကျွန်မ
မကန့်ကွက်ပါဘူး။
လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ့်ကိုယ် ပြုပြင်နိုင်တဲ့အခြေအနေမှာ ရှိတယ်။
ခံရတဲ့အချိန် ရှိသလို ကိုယ်ကလည်း သူများကိုခံအောင်လုပ်တဲ့အချိန်ဆိုတာလည်း
ရှိတတ်ပါတယ်။
အဲဒါကြောင့် တကယ့်ကာယကံရှင်တွေကနေ အဆင်ပြေချင်တယ်ဆိုရင် စဉ်းစားကြပါ။
တကယ် အဆင်ပြေချင်သလားဆိုတာ တကယ်စဉ်းစားရင် တချို့က အဆင်မပြေစေချင်
ဘူးဆိုတဲ့ အဖြေထွက်လာနိုင်ပါတယ်။ အဲလိုဆိုရင် ဘာဖြစ်လို့ အဆင်မပြေစေချင်တာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်သုံးသပ်ဖို့ လိုပါတယ်။
အဆင်မပြေခြင်းဟာ ရေရှည်မှာ ဘယ်သူ့ကိုမှ အကျိုးပြုမှာ မဟုတ်ပါဘူး။ ရေတို
မှာကြတော့ အကြောက်တရားအရ ဆော်လိုက်မယ်။ တိုက်လိုက်မယ်။ ခိုက်လိုက်မယ်။
ဒီလိုပြောလိုက်မယ်။ ဆိုလိုက်မယ်။
လက်ကလည်းပါမယ်။ နှုတ်ကလည်း ပါမယ်ပေါ့။ ကာယကံ၊ ၀စိကံ၊ မနောကံတတ်နိုင်သမျှအားလုံးနဲ့ ဆော်တော့မယ်ဆိုတဲ့စိတ်တွေဟာ ရေတိုမှာတော့ ကိုယ့်အတွက် ကျေနပ်မှုရချင်ရမယ်။ ဒါပေမယ့် မကောင်းတဲ့ ကျေနပ်မှုမျိုးပေါ့။
ကိုယ့်ဒေါသအရ ကျေနပ်မှု ရ ချင်ရမယ်။ ရေရှည်မှာတော့ ကျွန်မတို့ကိုယ့်အတွက်
လည်း မကောင်းဘူး။
ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ ကျွန်မတို့ နိုင်ငံအတွက်လည်း
မကောင်းပါဘူး။ အဲဒါကြောင့် နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူပြည်သား
များဟာ ကိုယ့်နိုင်ငံ ကို ပြန်ကြည့်လိုက်ရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင်
ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို
အဲဒီကစဉ်းစားကြပါ။
ဘယ်လို တို့မီး ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစား ကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်''ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်က နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင်
ပြောကြားခဲ့သည်။
''ကျွန်မတို့ ဖြတ်သန်းရမယ့် ခရီးဟာ အင်မတန်မှရှည်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့
သက်တမ်းဟာ ဘယ်လောက်ရှည်နိုင်မလဲဆိုတာ စဉ်းစားကြပါ။ ဘယ်လောက်ရှည်နိုင်
မလဲဆိုတာ ကမ္ဘာတည်သရွေ့ပေါ့။ အဲဒီတော့ ဒီနိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်း အတွက်
ကျွန်မတို့ဟာ စဉ်းစားရမယ်။ အခုလောလောဆယ် ဒီကမ္ဘာမြေပေါ်မှာရှိနေတဲ့ အချိန်
တိုလေးအတွက်ပဲ စဉ်းစားလို့ မဖြစ်ဘူး။
နောင်လာမယ့်မျိုးဆက်တွေအတွက် ကျွန်မတို့ စဉ်းစားရမယ်။ အဲဒီတော့ အဲဒါတွေကို
နှလုံးသွင်းပြီးတော့ ကျွန်မတို့အနေနဲ့ သဘောထားကြီးရမယ်။ မြင့်မြင့်ကြံရမယ်။ အတွေးအခေါ်က မြင့်မြတ်ရမယ်။ အဆင့်ရှိရမယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊
ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး။
အဲဒီတော့ မုန်းတဲ့စိတ်တွေ၊ မခံချင်တဲ့စိတ်တွေ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ
က တော့ရှိမှာပဲ။ ဒီလိုရှိတာကို ထိန်းရမယ်။ အပြစ်ရှိတယ်ဆိုတာဟာ
အပြစ်မဟုတ်ဘူး။
ဒီအပြစ်ကို လွှတ်ထားတာကသာ အပြစ်ပဲ အဲဒီတော့ ကိုယ့်ရဲ့အပြစ်ရှိရင် ကိုယ့်ကိုယ်
ကိုယ်ပြန် ပြင်နိုင်ဖို့ ကြိုးစားရမယ်။ ထိန်းရမယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အပြစ်ကို
ပြန်ပြီးတော့ ပြင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာ
လာရန် စီစဉ်ထားသည်။
ဇွန်လ ၈ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် ဖြစ်စဉ်များကြောင့် စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အပါအ၀င် မြို့နယ်ပေါင်း
ခုနစ်မြို့နယ်ရှိ ဒေသခံရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီနှစ်ဖက် လူ့အဖွဲ့အစည်းမှ
အိမ်ခြေပေါင်း ၅၃၃၈ လုံးနှင့် အခြားအဆောက်အအုံ ၁၃၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ သေဆုံးမှုစုစုပေါင်း ၈၉ ဦး၊ အိမ်ထောင်စုပေါင်း
၁၂၂၄၂ စုနှင့် လူဦးရေပေါင်း ၇၅၀၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး
ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ
မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio
Guterre ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ပြောကြားခဲ့သည်။
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊
လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်း
လာခြင်းဖြစ်ကြောင်း၊
ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း
ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက
မွေးဖွားသူ တတိယမျိုးဆက်(Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ်
လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊
ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက(၁၉၄၈)ခုနှစ်မတိုင်မီဘင်္ဂါလီများက ပေါက်ဖွား
လာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့်
ရှုပ်ထွေးလျက်ရှိကြောင်း၊
နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ထို ကိစ္စကို ကိုင်တွယ်ရန်
အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို
တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို
လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က
ပြောခဲ့သည်။
သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ရာတွင် ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ပြည်ပသတင်း
ဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ် ကြံထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊
အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာနှစ်ခုအကြား ဖြစ်ပွားသော
ပဋိပက္ခမဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာလည်း
မဟုတ်ကြောင်း၊
ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသာ
ဖြစ်ကြောင်း၊ ယင်း အကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၅၇
ဦးစုစုပေါင်း ၈၈ ဦးအသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း'' ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
နေပြည်တော်တွင် စက်တင်ဘာလ ၂၂ နှင့် ၂၃ ရက်နေ့များက ကျင်းပခဲ့သည်။
Eleven Media Group
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြည်ပရောက်ရိုဟင်ဂျာဟု အမည်ခံထားသူ ဘင်္ဂါလီများက နိုင်ငံရေးအရ ဖိအားပေးကာ ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြ
အမေရိကန်ရောက် မြန်မာမိသားစု
များနှင့် တွေ့ဆုံပွဲတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု
အမည်ခံထားသူများက နိုင်ငံရေးအရ ဖိအားပေးဆန္ဒပြ ၀ိုင်းဝန်းကန့်
ကွက်ခဲ့ကြကြောင်း သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် မြန်မာလူထုနှင့်ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ
Queens College တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ College ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံ
ထားသူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြသူများမှာ လူဦးရေအားဖြင့် ၂၀ ကျော်သာရှိပြီး ဦးဆောင်သူမှာ ရခိုင်ပြည်
နယ်မောင်တောမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဘင်္ဂါလီတစ်ဦးဖြစ်ကြောင်းနှင့် ဆန္ဒပြသူများထဲတွင် မြန်မာစကားပြောတတ်သူ အနည်းငယ်သာပါပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများက
ပြောကြားခဲ့သည်။
ဆန္ဒပြရသည့်ရည်ရွယ်ချက်မှာ ၎င်းတို့နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲနေ၍ဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများ က
ပြောကြားခဲ့သည်။
ဆန္ဒပြမှုအပေါ် အမေရိကန်လူမျိုးများ၏ အမြင်သဘောထားနှင့် ပတ်သက်၍ ''အမေရိကန်
လူမျိုးတွေရဲ့ မုန်းတီးမှုကို ခံလိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လစ်ဗျားမှာ
သံအမတ်စတီဗင်နဲ့ သုံးဦးသေသွားတာ ပူပူနွေးနွေးပဲ ရှိတာကတစ်ကြောင်း၊ ဒေါ်စုကို ချစ်ခင်စိတ်ကြောင့်လည်းကောင်း သူတို့ကို မုန်းတီးသွားပြီး သူတို့လုပ်ဆောင်
ချက်တွေကို မယုံကြည်ရုံမက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတချို့ဆိုရင်
ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။
မြန်မာ တွေ သူတို့အပေါ် မုန်းတီးမှုကတော့ ပြောဖွယ်မရှိပါဘူး။ ဥပဒေကို လေးစား
လို့ ငြိမ်နေကြပါတယ်။ အံကြိတ်ပြီး တက်တခေါက်ခေါက် ရှိကြပါတယ်။ မခံနိုင်သူတ
ချို့က တုံ့ပြန်မယ်အလုပ် ဘေးက ၀ိုင်းထိန်းခဲ့ကြပါတယ်''ဟု နယူးယောက်မြို့တွင် နေထိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့သည်။
ဒေါ်စုကို အခုလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ ဘယ်လောက်ပဲ အော်အော်ဟစ်ဟစ် မယုံကြတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒေါ်စုက လူ့အခွင့်အရေး ချိုးဖောက်မယ့်သူလား စဉ်းစားတတ်ပါတယ် . . . |
လွတ်လပ်စွာ ဆန္ဒပြလို့ ရပါတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့ပုံစံ မှားနေပါတယ်။
ဘာလို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးခေါင်းဆောင်သာမက ကမ္ဘာ့တစ်ဝန်းလုံးရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံပြ
သူရဲကောင်းအဖြစ် အမေရိကန်ခေါင်းဆောင်များ အပါအ၀င် တစ်နိုင်ငံလုံးက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနေချိန်မှာ သူ့ကို လူ့အခွင့် အရေးချိုးဖောက်တဲ့ကိစ္စတွေနဲ့ ပါဝင်ဆက်နွှယ်နေသလိုလို အသွင်သဏ္ဌာန် ရောက်သွားအောင် လုပ်ဆောင်ခြင်းမျိုးကို ဘယ်လိုလူမျိုးမှ အယုံကြည်ရှိ လက်ခံမှာ မဟုတ်ပါဘူး။ ငြိမ်နေအကောင်းထလိုက်မှ အကျိုးဖြစ်သွားတဲ့ကိန်းပါ။ ဒေါ်စုကို အခုလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ ဘယ်လောက်ပဲ အော်အော်ဟစ်ဟစ် မယုံကြတော့ပါဘူး။
ဘာလို့လည်းဆိုတော့ ဒေါ်စုက လူ့အခွင့်အရေး ချိုးဖောက်မယ့်သူလား စဉ်းစားတတ်ပါတယ်။
နောက်တစ်ခါ စကားပြော မိန့်ခွန်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ရင်ပြော သူကြိုးစား
မယ်မဟုတ်ရင် ဘယ်ဘက်မှ ဘက်မလိုက်နိုင်ဘူး။
အဲဒီလို ဘက် မလိုက်လို့ မကျေနပ်ရင် မကျေနပ်ပါလို့ ပြောခဲ့တယ်လေ။ နိုင်ငံရေး လုပ်
ဆောင်ချက်တစ်ခုက မလုပ်တတ်ဘူး၊ သဘောထားမမှန်ဘူးဆိုရင် ဆန့်ကျင်ဘက်အမြင်တွေ ဖြစ်သွားတတ်တယ်။ ဆုံးရှုံးတတ်တယ်ဆိုတာ
မီးမောင်းထိုးပြနေသလိုပါပဲ။
အမေရိကန်က သူတို့လူတွေ လစ်ဗျားမှာ ပူပူနွေးနွေး သေဆုံး
သွားတယ်ဆိုတာ ကို ထည့်မတွက်တာကိုက တော်တော် အမျှော်အမြင်နည်းတဲ့
အတွေးခေါ်နဲ့ လုပ်တယ်ဆိုတာ ထင်ရှားပါတယ်''ဟု အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့တွင် နေထိုင်သူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမောင်မောင်ဝမ်းက ပြောကြားခဲ့သည်။
''အခုကျွန်မတို့ နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေပါတယ်။ ကျွန်မတို့အားလုံး ၀ိုင်း
စဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရမှာပါ။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ
ဘာလည်းဆိုတာကို စဉ်းစားရမယ်။ လေ့လာရမယ်။
ပြဿနာရဲ့ ဇစ်မြစ်ကိုတွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့
နေရာတွေမှာ ပဋိ ပက္ခတွေ ဖြစ်နေတဲ့နေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုး
ထိုးတာ ဟိုဘယ်လက်ညှိုးထိုးတာ ဒီဘက်လက်ညှိုးထိုးတာ အဲဒါတွေလုပ်မယ့်အစား
တကယ့်ပြဿနာက ဘာလဲ။
တစ်ချိန်ကတစ်ဘက်က လွန်မယ်။ တစ်ချိန်မှာ နောက်တစ် ဖက်ကလွန်မယ်။
တစ်ဖက်တည်းက အမြဲတမ်းလွန်မယ်ဆိုတာ ရှိခဲပါတယ်။ အဲဒါကြောင့် သေသေချာချာ
ပြဿနာကို ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကို ရှာရမှာပါ။
အခုဆိုရင် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်
မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တချို့က ကျွန်မကို မကျေနပ်ကြဘူး။ မကျေနပ်
တာက တစ်ဖက်ကို ဘာဖြစ်လို့ မပြောသလဲပေါ့နော်။ ကိုယ့်မကြိုက်တဲ့ဘက်နဲ့ ပတ်သက်လို့
ကျွန်မက ဘာဖြစ်လို့ အဲဒီဘက်မှာ အပြစ်ရှိတယ်။
ဘာဖြစ်လို့ ဒါကို ပြင်းပြင်းထန်ထန် တင်းတင်းမာမာ မပြောလည်းဆိုပြီး မကျေနပ်
တာတွေ ရှိကြပါတယ်။ ကျွန်မကတော့ ဒီလို ပြင်းပြင်းထန်ထန် တစ်ဖက်ကိုပြောလို့
ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ နှစ်ဖက်စလုံးမှာ ဘယ်သူမှန်တယ်။ ဘယ်သူမှား
တယ်ဆိုတာ ထားလိုက်ဦး။
တစ်ဖက်ကို ပြင်းပြင်းထန်ထန် ပြောလိုက်ရင် ဟိုတစ်ဖက်က ကျေနပ်မှာ မဟုတ်ဘူး။
မကျေနပ်မှာက ကျွန်မကိုမကျေနပ်မှာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်မှာ။
အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေက ပိုပြီးတော့ ကြီးသွားမယ်။ အဲဒီတော့ ကျွန်မကို ကျွန်မက ပြင်းပြင်းထန်ထန် မပြောရင် မကျေနပ်ရင် မကျေနပ်ပါစေရတယ်။
ဒါပေမယ့် ပဋိပက္ခတွေပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စမျိုးတွေကိုတော့ ကျွန်မ
မလုပ်နိုင်ပါဘူး။ အခြေခံအားဖြင့် ကျွန်မကနေ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင်
ဘာပြင်းပြင်းထန်ထန် ပြောရမလဲ။
လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျွန်မပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့
ပြောပါရစေ။ ဘယ်လူ့အခွင့်အရေးပဲဖြစ်ဖြစ် ဘယ်သူရဲ့ အခွင့်အရေးပဲဖြစ်ဖြစ်၊ ဘယ်သူရဲ့ အခြေခံလူ့အခွင့်အရေးပဲဖြစ်ဖြစ် အဲဒီလို ချိုးဖောက်မှုတွေကိုတော့ ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
နောက်ပြီးတော့လည်း ဥပဒေအရ တရားဥပဒေအရ မှန်မှန်ကန်ကန် မျှမျှတတ
မလုပ်ချင်းဆိုရင်လည်း ကျွန်မပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေသွားနိုင်ဖို့ ခြေလှမ်းတွေကို မလှမ်းနိုင်အောင်လို့ အခက်
အခဲဖြစ်အောင်လို့ လုပ်တဲ့ကိစ္စတွေကိုဆိုရင်လည်း ကျွန်မ ပြင်းပြင်းထန်ထန်
ကန့်ကွက်ပါတယ်။
ဒါပေမယ့် ကျွန် မအလုပ်ကိုသာ ကန့်ကွက်တာပါ။ မလုပ်သင့်တဲ့ အလုပ်တွေ လုပ်
ချင်းကိုသာ ကန့်ကွက်တာပါ။ ဘယ်ပုဂ္ဂိုလ်မှ ဘယ်လူမျိုးစုကိုမှ ကျွန်မ
မကန့်ကွက်ပါဘူး။
လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ့်ကိုယ် ပြုပြင်နိုင်တဲ့အခြေအနေမှာ ရှိတယ်။
ခံရတဲ့အချိန် ရှိသလို ကိုယ်ကလည်း သူများကိုခံအောင်လုပ်တဲ့အချိန်ဆိုတာလည်း
ရှိတတ်ပါတယ်။
အဲဒါကြောင့် တကယ့်ကာယကံရှင်တွေကနေ အဆင်ပြေချင်တယ်ဆိုရင် စဉ်းစားကြပါ။
တကယ် အဆင်ပြေချင်သလားဆိုတာ တကယ်စဉ်းစားရင် တချို့က အဆင်မပြေစေချင်
ဘူးဆိုတဲ့ အဖြေထွက်လာနိုင်ပါတယ်။ အဲလိုဆိုရင် ဘာဖြစ်လို့ အဆင်မပြေစေချင်တာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်သုံးသပ်ဖို့ လိုပါတယ်။
အဆင်မပြေခြင်းဟာ ရေရှည်မှာ ဘယ်သူ့ကိုမှ အကျိုးပြုမှာ မဟုတ်ပါဘူး။ ရေတို
မှာကြတော့ အကြောက်တရားအရ ဆော်လိုက်မယ်။ တိုက်လိုက်မယ်။ ခိုက်လိုက်မယ်။
ဒီလိုပြောလိုက်မယ်။ ဆိုလိုက်မယ်။
လက်ကလည်းပါမယ်။ နှုတ်ကလည်း ပါမယ်ပေါ့။ ကာယကံ၊ ၀စိကံ၊ မနောကံတတ်နိုင်သမျှအားလုံးနဲ့ ဆော်တော့မယ်ဆိုတဲ့စိတ်တွေဟာ ရေတိုမှာတော့ ကိုယ့်အတွက် ကျေနပ်မှုရချင်ရမယ်။ ဒါပေမယ့် မကောင်းတဲ့ ကျေနပ်မှုမျိုးပေါ့။
ကိုယ့်ဒေါသအရ ကျေနပ်မှု ရ ချင်ရမယ်။ ရေရှည်မှာတော့ ကျွန်မတို့ကိုယ့်အတွက်
လည်း မကောင်းဘူး။
ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ ကျွန်မတို့ နိုင်ငံအတွက်လည်း
မကောင်းပါဘူး။ အဲဒါကြောင့် နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူပြည်သား
များဟာ ကိုယ့်နိုင်ငံ ကို ပြန်ကြည့်လိုက်ရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင်
ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို
အဲဒီကစဉ်းစားကြပါ။
ဘယ်လို တို့မီး ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစား ကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်''ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်က နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင်
ပြောကြားခဲ့သည်။
အချိန်တိုလေးအတွက်ပဲ စဉ်းစားလို့ မဖြစ်ဘူး။ နောင်လာမယ့် မျိုးဆက်တွေအတွက် ကျွန်မတို့ စဉ်းစားရမယ်။ အဲဒီတော့ အဲဒါတွေကို နှလုံးသွင်းပြီးတော့ ကျွန်မတို့အနေနဲ့ သဘောထားကြီးရမယ်။ မြင့်မြင့် ကြံရမယ်။ အတွေးအခေါ်က မြင့်မြတ်ရမယ်။ အဆင့်ရှိရမယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး . . |
''ကျွန်မတို့ ဖြတ်သန်းရမယ့် ခရီးဟာ အင်မတန်မှရှည်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့
သက်တမ်းဟာ ဘယ်လောက်ရှည်နိုင်မလဲဆိုတာ စဉ်းစားကြပါ။ ဘယ်လောက်ရှည်နိုင်
မလဲဆိုတာ ကမ္ဘာတည်သရွေ့ပေါ့။ အဲဒီတော့ ဒီနိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်း အတွက်
ကျွန်မတို့ဟာ စဉ်းစားရမယ်။ အခုလောလောဆယ် ဒီကမ္ဘာမြေပေါ်မှာရှိနေတဲ့ အချိန်
တိုလေးအတွက်ပဲ စဉ်းစားလို့ မဖြစ်ဘူး။
နောင်လာမယ့်မျိုးဆက်တွေအတွက် ကျွန်မတို့ စဉ်းစားရမယ်။ အဲဒီတော့ အဲဒါတွေကို
နှလုံးသွင်းပြီးတော့ ကျွန်မတို့အနေနဲ့ သဘောထားကြီးရမယ်။ မြင့်မြင့်ကြံရမယ်။ အတွေးအခေါ်က မြင့်မြတ်ရမယ်။ အဆင့်ရှိရမယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊
ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး။
အဲဒီတော့ မုန်းတဲ့စိတ်တွေ၊ မခံချင်တဲ့စိတ်တွေ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ
က တော့ရှိမှာပဲ။ ဒီလိုရှိတာကို ထိန်းရမယ်။ အပြစ်ရှိတယ်ဆိုတာဟာ
အပြစ်မဟုတ်ဘူး။
ဒီအပြစ်ကို လွှတ်ထားတာကသာ အပြစ်ပဲ အဲဒီတော့ ကိုယ့်ရဲ့အပြစ်ရှိရင် ကိုယ့်ကိုယ်
ကိုယ်ပြန် ပြင်နိုင်ဖို့ ကြိုးစားရမယ်။ ထိန်းရမယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အပြစ်ကို
ပြန်ပြီးတော့ ပြင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာ
လာရန် စီစဉ်ထားသည်။
ဇွန်လ ၈ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် ဖြစ်စဉ်များကြောင့် စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အပါအ၀င် မြို့နယ်ပေါင်း
ခုနစ်မြို့နယ်ရှိ ဒေသခံရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီနှစ်ဖက် လူ့အဖွဲ့အစည်းမှ
အိမ်ခြေပေါင်း ၅၃၃၈ လုံးနှင့် အခြားအဆောက်အအုံ ၁၃၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ သေဆုံးမှုစုစုပေါင်း ၈၉ ဦး၊ အိမ်ထောင်စုပေါင်း
၁၂၂၄၂ စုနှင့် လူဦးရေပေါင်း ၇၅၀၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး
ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ
မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio
Guterre ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ပြောကြားခဲ့သည်။
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊
လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်း
လာခြင်းဖြစ်ကြောင်း၊
ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း
ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက
မွေးဖွားသူ တတိယမျိုးဆက်(Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ်
လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊
ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက(၁၉၄၈)ခုနှစ်မတိုင်မီဘင်္ဂါလီများက ပေါက်ဖွား
လာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့်
ရှုပ်ထွေးလျက်ရှိကြောင်း၊
နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ထို ကိစ္စကို ကိုင်တွယ်ရန်
အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို
တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို
လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က
ပြောခဲ့သည်။
သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ရာတွင် ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ပြည်ပသတင်း
ဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ် ကြံထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊
အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာနှစ်ခုအကြား ဖြစ်ပွားသော
ပဋိပက္ခမဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာလည်း
မဟုတ်ကြောင်း၊
ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသာ
ဖြစ်ကြောင်း၊ ယင်း အကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၅၇
ဦးစုစုပေါင်း ၈၈ ဦးအသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း'' ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
နေပြည်တော်တွင် စက်တင်ဘာလ ၂၂ နှင့် ၂၃ ရက်နေ့များက ကျင်းပခဲ့သည်။
Eleven Media Group
No comments:
Post a Comment