Wednesday, November 14, 2012

ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစုကို ပြင်သစ် အသိအမှတ်ပြု


ပါရီ၊ နိုဝင်ဘာ ၁၃ The Voice Daily Newsletter

ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစုအား ပြည်သူ များကို ကိုယ်စားပြုသည့် တရားဝင် အဖွဲ့ အစည်း အဖြစ် အသိအမှတ် ပြု ထောက်ခံ အားပေး သွားမည်ဟု ပြင်သစ် နိုင်ငံက ထုတ်ဖော် ပြောကြား သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

အတိုက်အခံ တပ်ပေါင်းစုကို ပြည်သူ့ ကိုယ်စားပြု အဖွဲ့ အဖြစ် သတ်မှတ် ထောက်ခံ ပေး မည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒီ က ပါရီ မြို့တော်တွင် ထုတ်ဖော် ပြောကြား သွားသည်။
“ဆီးရီးယား တပ်ပေါင်းစုကို ဆီးရီးယား ပြည်သူတွေရဲ့ တရားဝင် ကိုယ်စားပြု အဖွဲ့ အဖြစ် သာ မက အနာဂတ် ဒီမိုကရက်တစ် ဆီးရီးယား ရဲ့ တရားဝင် အစိုးရ အဖွဲ့ အဖြစ်ပါ ပြင်သစ် နိုင်ငံက တရားဝင် အသိအမှတ် ပြု သွားမယ်” ဟု ပြင်သစ် သမ္မတက ထုတ်ဖော် ပြောကြား သွားသည်။

ဆီးရီးယား အတိုက်အခံ အဖွဲ့ အသီးသီး ကာတာနိုင်ငံ ဒိုယာ မြို့တော် တွင် တွေ့ ဆုံ ဆွေးနွေးခဲ့ပြီး သမ္မတ အာဆတ် ဖြုတ်ချရေး ပြည်သူအားလုံး ကိုယ်စားပြုသည့် ကျယ်ပြန့် သော တပ်ပေါင်းစု ဖွဲ့စည်း ရန် သဘော တူညီ ခဲ့ကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

အဆိုပါ တပ်ပေါင်းစုကို ပြင်သစ် နိုင်ငံက တရားဝင် ထောက်ခံ အားပေးလိုက်ပြီး ယင်းကဲ့ သို့ ထောက်ခံခြင်း သည် အနောက် နိုင်ငံများထဲတွင် ပထမဆုံး အသိအမှတ် ပြုခြင်းဖြစ်သည်။

အမေရိကန် နှင့် ဗြိတိန် နိုင်ငံ များကလည်း ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစု ကို ထောက်ခံ မည့် အရိပ် အယောင် များ ပြသလျက် ရှိသော် ဆီးရီးယား နိုင်ငံ၏ တရားဝင် အစိုးရ အဖွဲ့  အဖြစ် အသိအမှတ် ပြုရန် တွန့် ဆုတ်လျက် ရှိသည်။ သို့သော်လည်း ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစု ကို နိုင်ငံ၏ တရားဝင် အစိုးရ အဖွဲ့ အဖြစ် အသိအမှတ် ပြုရန် အနောက် ဥရောပ နိုင်ငံများကို အတိုက် အခံ များက တောင်းဆိုလျက် ရှိသည်။

ယင်းကဲ့သို့ အသိအမှတ်ပြု ခံရပါက သမ္မတ အာဆတ် ဖြုတ်ချရေး တော်လှန်ရေး တွင် အသုံးပြုရန် လက်နက် ခဲယမ်းများ တရားဝင် ဝယ်ယူ ဖြည့်တင်း နိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြ ထား သည်။

ဆီးရီးယား အတိုက်အခံ များကို လက်နက်များ ထောက်ပံပေးရေး စဉ်းစား သုံးသပ် ပေး မည် ဖြစ်
သော် လည်း လက်နက် များကို မည်သူက မည်ကဲ့သို့ အသုံးပြုမည် ကို ရှင်းလင်းစွာ မသိရ သရွေ့ လက်နက် ထောက်ပံရေးကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ပြင်သစ် သမ္မတ က ပြောကြား သွားသည်။

No comments: