Wednesday, November 14, 2012

Ko Nay Myo Zin solve problem with Police peacefully .







ပြည်သူ့ ရဲလို့  အမည်ခံပြီး တာဝန်ထမ်းဆောင်ရင် ပြည်သူ့ အတွက် ဖြစ်ပါစေ။ သုံးရက်အတွင်း ကြည့် ရှုသူ 4035 ယောက် ရှိသွားတဲ့ လျှပ်တပြတ် မြင်ကွင်း တခု ကျနော်နဲ့ ပန်းတနော် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ တွေ့ဆုံ စကားပြောဖြစ်တဲ့ ပုံလေးပါ။ မြို့နယ်မှူးနဲ့ တပ်ဖွဲ့ဝင် ငါးဆယ် ခန့်တို့က ပန်းတနော်မြို့နယ် ထဲက ခနွဲကဘို ဆိုတဲ့ ကျေးရွာလေးမှာ

ရှိတဲ့ အင်းသူကြီး တဦးရဲ့ ငါးဖမ်း အင်း ခြံဝင်းထဲမှာ တပ်စွဲပြီး လုံခြုံရေးယူထားတယ်။ ကျေးရွာလူထု ကိုကျတော့ အုပ်ချုပ်ရေးမှူးတွေက အတင်း အနိုင်ကျင့်ပြီး လက်မှတ်တွေ ခေါ်ထိုးခိုင်းနေတယ်။ အဲဒီ အင်းကို ဖျက်ဆီးဖို့ ကျေးရွာလူထုက ကြိုးစားနေပါတယ် ဆိုတဲ့အကြောင်း ဒါမှ လုံခြုံရေး ရဲတပ်ဖွဲ့ကို အကာအကွယ်အဖြစ် ခေါ်ပြီး ခိုင်းထားတာ သက်သေခိုင်မာအောင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇာတ်လမ်းထွင်နေချိန် ကျနော်တို့ အဖွဲ့က အဲဒီရွာကို ရောက်သွားခဲ့တယ်။ ပြည်သူလူထု နစ်နာထိခိုက်နေတယ် ဆိုရင် အချိန် နေရာမရွေး ကာကွယ်ဖြေရှင်းပေးဖို့ အသင့်ရှိတဲ့ ကျနော်တို့ အဖွဲ့ဟာ အခုလိုပဲ ရဲ တပ်ဖွဲ့မှူးကို သိလိုသမျှ ပွင့်လင်းစွာ မေးမြန်းဖြစ်ခဲ့ပါတယ်။ (ကိုနေမျိုးဇင်)။




Length: ‎16:20





No comments: