ယခု ဆောင်းပါးကို www.facebook.com/pofpage မှ တင်ပြပေး လိုက်ပါသည်။
မူရင်း ဆောင်းပါးအား
http://
ဆောင်းပါးရှင် - ကိုကျော်ထင်
အယ်ဒီတာအဖွဲ့၏ တင်ပြချက်။ ။ ဤ၀က်ဘ်ဆိုဒ်၏ ပင်တိုင် ဘာသာပြန်ဆောင်းပါးရှင် ကိုကျော်ထင်သည် ABSDF ကျောင်းသားတပ်မတော်တွင် ထိပ်ပိုင်း ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သည့် နည်းတူ အောက်ခြေစစ်မြေပြင် တိုက်ပွဲအတွေ့အကြုံများကိုလ
ကျနော် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်သားဘ၀ ဖြတ်သန်းစဉ်ကာလ ဗဟို စစ်ရေးဌာနတွင် စစ်ရေးဌာန အတွင်းရေးမှူး အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသော်လည်း တိုက်ပွဲ အတွေ့အကြုံမှာ အနည်းငယ်သာ ရှိပါတယ်။ ထိုတိုက်ပွဲ အတွေ့အကြုံများမှာ ကော့မူးရာ ၀မ်းခစခန်း တိုက်ပွဲအတွေ့အကြုံ၊ ဥူးသုထတိုက်ပွဲ အတွေ့အကြုံနဲ့ တပိုတိုက်ပွဲ အတွေ့အကြုံတို့ ဖြစ်ကြပါတယ်။ ကျနော့်အနေဖြင့် ပထမတိုက်ပွဲ (၂) ခု ဖြစ်တဲ့ ကော့မူးရာဝမ်းခနဲ့ ဥူးသုထတိုက်ပွဲ အတွေ့အကြုံများကို ရေးသား မှတ်တမ်းတင်ခြဲ့ပီး ဖြစ်ပါတယ်။
ဒီတခါတော့ ကျနော်ရေးမယ်လို့ အချိန်အတော်ကြာ ကတည်းက ရည်ရွယ်ထားခဲ့တဲ့ တပိုတိုက်ပွဲ အတွေ့အကြုံကို တင်ပြသွားပါ့မယ်။ ကျနော့်တိုက်ပွဲ အတွေ့အကြုံ ဆိုတာကလည်း ရန်သူနဲ့ နှစ်ဘက် မျက်နှာချင်းဆိုင် သူပစ်ကိုယ်ပစ် အနေအထားမျိုးအထိ ကျနော် တစ်ကြိမ်တစ်ခါမှ မကြုံဆုံခဲ့ဖူးပါ။ သို့သော်လည်း လက်နက်တွေနဲ့ ပစ်ခတ်နေတဲ့ အသံတွေ ကြားနေရတယ်။ ဒီပစ်ခတ်တဲ့ လက်နက်တွေရဲ့ ထိရောက်တဲ့ ဧရိယာ အ၀န်းအ၀ိုင်းအတွင်းမှာ ကျနော်ရှိနေတယ်။ ယခု နောက်ဆုံးတင်ပြမဲ့ တပိုတိုက်ပွဲမှာတော့ ဘယ်လိုရန်သူကို တုန့်ပြန် တိုက်ခိုက်သင့်တယ်လို့ ဆုံးဖြတ်ချက်ချတဲ့ အ၀န်းအ၀ိုင်းတွင်မှာ ပါဝင်ခဲ့တဲ့ အခြေအနေတွေ အပေါ်မှာ မူတည် ရေးသားထားတဲ့ တိုက်ပွဲအတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ တပိုဆိုတဲ့ နေရာကတော့ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ပုလောမြို့နယ် ပုလောနဲ့ မြိတ်အကြားက ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ ကျနော်ပါဝင်ခဲ့တဲ့ အဲဒီတပိုတိုက်ပွဲကတော့ အဲဒီရွာမှာဖြစ်ခဲ့တဲ့ ပထမဆုံး တိုက်ပွဲတော့ မဟုတ်ပါဘူး။ အဲဒီအကြိမ် မတိုင်ခင်ကလည်း ကျောင်းသားတပ်မတော်နဲ့ အဲဒီအချိန်က န၀တ စစ်အစိုးရရဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးရာမှာ တပိုရွာက စေတီအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ကျောင်းသား တပ်မတော်က တပ်စုမှူးဇော်နိုင်အောင် (ထားဝယ်ကောလိပ်ပထမနှစ် သို့မဟုတ် ဒုတိယနှစ်ကျောင်းသား) ကျဆုံးခဲ့ဖူးပါတယ်။ ကျနော်ပါဝင်ပြီး ဖြစ်ပွားခဲ့တာက ဒုတိယအကြိမ် ဖြစ်ပါတယ်။ အစက အဲဒီရွာမှာ တိုက်ပွဲဖြစ်မယ်လို့ ထင်မထားခဲ့ပါ။ အချိန်က ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ (၁၇) ရက်နေ့ ဖြစ်ပါတယ်။ စတင်ဖြစ်ပွားချိန်က မနက် (၁၀) နာရီ ကျော်ကျော်လောက်မှာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲ မဖြစ်ပွားခင် အခြေအနေလေးတွေကို အရင်ရေးသား တင်ပြရင် ပိုပြီးသင့်တော်မယ်ထင်လို့ အဲဒီတိုက်ပွဲ မတိုင်မီက နောက်ခံ အခြေအနေလေးတွေကို ပြန်လည် တင်ပြပါရစေ။ မြန်မာပြည်တောင်ပိုင်း ကေအန်ယူ တပ်မဟာ (၄) ဒေသ မြိတ်ထားဝယ်ခရိုင်တွင် အခြေစိုက်နေတဲ့ ကျောင်းသားတပ်မတော် တပ်ဖွဲ့တွေမှာ တပ်ဦးမကွဲခင် တပ်ရင်း (၂၀၁) မင်းသမီးစခန်းတပ်ဖွဲ့နဲ့ တပ်ရင်း (၂၀၃) မို့တောင်စခန်းတပ်ဖွဲ့ နှစ်ခုသာရှိပေမဲ့ ၁၉၉၂ ခုနှစ် မကဒတ (ABSDF) ကွဲပြီးစ ကာလမှာတော့ တပ်ရင်း (၅) ခု အထိ ဖြစ်လာပါတယ်။ တပ်ရင်း (၂၀၁) ကဘဲ (၃) ခု ဖြစ်လာပါတယ်။ အကြမ်းအားဖြင့် ခေါ်မယ်ဆိုရင်တော့ ၂၀၁ (ဒေါက်တာနိုင်အောင်ဦးစီး) ကျနော်တို့အုပ်စု၊ ၂၀၁ (မိုးသီးဇွန်ဦးစီး) ကိုကျော်ယျတို့ အုပ်စုနဲ့ ၂၀၁ ဘက်မလိုက် ကိုဝင်းထိန် (ထက်အောင်ကျော်) တို့ အုပ်စုဖြစ်ပြီး ၂၀၃ (ဒေါက်တာနိုင်အောင်ဦးစီး) ကိုသောင်းထွန်းတို့ အုပ်စုနဲ့ ၂၀၃ (မိုးသီးဇွန်) ကိုထိန်လင်းတို့ အုပ်စု ဖြစ်ကြပါတယ်။ ၂၀၁ (မိုးသီးဇွန်ဦးစီး) ကိုကျော်ယျတို့က ၂၀၂ အနေနဲ့ ရပ်တည်ဖို့ အတော်ကို ကြိုးစားခဲ့ပါသေးတယ်။ တပ်မဟာမှူး ဗိုလ်မှူးကြီး အော်လီဗာက တပ်ရင်းအသစ်နံပါတ်နဲ့တော့ မလုပ်ပါနဲ့ဆိုပြီး အကြံပေးလို့ ဆက်လုပ်ဖြစ်သလား မလုပ်ဖြစ်သလား ဆိုတာ ကျနော်လဲ မမှတ်မိတော့ပါ။ ဒါပေမဲ့ ဒီအေဘီ စစ်ဆင်ရေး အစည်းအဝေးတွေမှာ တပ်မဟာမှူးကပဲ အကြံပေးလို့ ကျနော်တို့ဆိုရင် ၂၀၁ (ဇင်ယော်) ဘက်မလိုက်ဆိုရင် ၂၀၁ (လင်းယုန်) လား မသိဘူး ဖွဲ့ခေါ်ဖြစ်ပါတယ်။ ၂၀၃ နှစ်ရင်းကတော့ ၂၀၃ ဂျိုးသိန်းနဲ့ ၂၀၃ စွန်ရဲဆိုပြီး လူပုဂ္ဂိုလ်နာမည်တွေအစား ငှက်နာမည်များနဲ့ တပ်ဖွဲ့များကို ခွဲခြား သတ်မှတ်ခဲ့ကြပါတယ်။ န၀တ ကလည်း တချိန်တည်းမှာ အမျိုးသားညီလာခံကို ကျင်းပဖို့ စိုင်းပြင်းလာနေတဲ့ အချိန် ဖြစ်ပါတယ်။
အပိုင်း - (၂) ကို နောက်တပတ်မှာ ဆက်လက် တင်ပြသွားပါမယ်ခင်ဗျား။တပိုတိုက်ပွဲ အတွေ့အကြုံ - အပိုင်း (၂)
ယခု ဆောင်းပါးကို www.facebook.com/pofpage မှ တင်ပြပေး လိုက်ပါသည်။
မူရင်း ဆောင်းပါးအား
http://
ဆောင်းပါးရှင် - ကိုကျော်ထင်
ပြီးတော့ ကျနော်တို့ ဒီအေဘီ စစ်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာမှာ တပ်မဟာမှူးက စစ်ဆင်ရေးမှူးတာဝန်နဲ့ ကျနော်တို့တတွေက စစ်ဆင်ရေးအဖွဲ့ဝင် တာဝန်များကို ခွဲဝေ တာဝန်ယူကြပါတယ်။ အဲဒီအချိန်က ဒီအေဘီ စစ်ဆင်ရေး အဖွဲ့ဝင်တွေက ကျနော်တို့ ၂၀၁ (ဇင်ယော်) မှ ကျနော် (ရဲဘော်ကျော်ထင်) ၂၀၁ လင်းယုန်မှ ရဲဘော်ဝင်းထိန် (ကိုထက်အောင်ကျော်) ၂၀၃ ဂျိုးသိန်းမှ ရဲဘော်အောင်သန်းနဲ့ ၂၀၃ စွန်ရဲမှ ရဲဘော်ထိန်လင်းတို့ ဖြစ်ကြပါတယ်။ အဲဒီအချိန်က တပ်ရင်းမှူးတွေကတော့ ၂၀၁ ဇင်ယော်တွင် ရဲဘော်ဇော်သန်း၊ ၂၀၁ လင်းယုန်တွင် ရဲဘော် သောင်းညွှန့်(ခ ) လေဘေး ၊ ၂၀၃ ဂျိုးသိန်းတွင် ရဲဘော်ယုနိုင်၊ ၂၀၃ စွန်ရဲတွင် ရဲဘော်ထိန်လင်းနဲ့ ၂၀၂ သို့မဟုတ် ၂၀၁ (မိုးသီးဇွန်ဦးစီး) တွင် ရဲဘော်ကျော်ယျတို့ ဖြစ်ကြပါတယ်။ အဲဒီအချိန်က ကျနော်က ဒီအေဘီ စစ်ဆင်ရေးတာဝန်နဲ့ တပ်ရင်းရဲ့ ထောက်လှမ်းရေးတာဝန်ကို ယူရပါတယ်။ ကျနော်က ဒီအေဘီစစ်ကြောင်း ၃ နဲ့ အတူ လိုက်ပါဖို့ တာဝန်ကျပါတယ်။ ဒီအေဘီစစ်ကြောင်း ၃ ဟာ တောင်ပိုင်းဒေသမှာ အဲဒီအချိန်က အင်အား အတောင့်တင်းဆုံးလို့ ဆိုရင် မမှားပါဘူး။
ကျနော်မှတ်မိသလောက် ကျနော်တို့ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းလောက်မှာ ရှေ့တန်းဆင်းသွားပါတယ်။ န၀တကလည်း ၁၉၉၃ ဇန်န၀ါရီ ၉ ရက်မှာ အမျိုးသားညီလာခံ စတင်ပြုလုပ်တော့ ကျနော်တို့က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တွေထဲမှာ အတုအယောင် အမျိုးသားညီလာခံကို ဆန့်ကျင်ဖို့ဆိုတာ အရေးကြီးတဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်ပါတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေထဲမှာ ကျောင်းသားဘက်ကဆိုရင် ကျနော်တို့ ၂၀၁ ဇင်ယော်က တပ်ခွဲမှူး ဖုန်းကျော်က ဒီအေဘီစစ်ကြောင်း ၃ ရဲ့ ဒုစစ်ကြောင်းမှူးအဖြစ် တာဝန်ယူကာ ကျနော်တို့တပ်ရင်းမှ တပ်ခွဲတစ်ခွဲကို ဦးဆောင်ပါတယ်။ တပ်ရင်း ၂၀၁ လင်းယုန်ကို တပ်ရင်းမှူး သောင်းညွှန့် (ခေါ်) လေဘေးက ဦးဆောင်ပါတယ်။ အဲဒီ တပ်ခွဲ ၂ ခွဲရယ်နဲ့ ကေအန်ယူက တပ်ခွဲတစ်ခွဲကို စစ်ကြောင်းမှူး ဗိုလ်နယ်ဒါးက ဦးဆောင်ပါတယ်။ စစ်ကြောင်း တစ်ကြောင်းလုံးကိုတော့ စစ်ကြောင်းမှူး ဗိုလ်နယ်ဒါးက ဦးဆောင်ပါတယ်။ ဒုစစ်ကြောင်းမှူး ဖုန်းကျော်က စစ်ကြောင်းမှူးနှင့် ညှိနှိုင်း သတ်မှတ်သော စစ်ကြောင်းတာဝန်များကို ထမ်းဆောင်ပါတယ်။ ဒီနေရာမှာ ဒုစစ်ကြောင်းမှူး ၂၀၁ တပ်ခွဲမှူး ဖုန်းကျော်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ထပ်ပြောချင်ပါတယ်။ ရဲဘော်ဖုန်းကျော်ဟာ ပုလောဇာတိဖြစ်ပြီး မော်လမြိုင် တက္ကသိုလ်ကျောင်းသားဖြစ်ကာ ကျောင်းသားတပ်မတော်တွင် တိုက်ခိုက်ရေး အတော်ပင် အားကိုးရသူတစ်ဦး ဖြစ်ပါတယ်။ ဒီပုလောခွင်ကို ၀င်နိုင်ဖို့ ဆိုတာဟာလဲ သူ သို့မဟုတ် တပ်ခွဲမှူး နောက် ၂ ဦး ဖြစ်တဲ့ ရဲဘော်လှဦးနဲ့ ရဲဘော်အောင်နိုင်တို့အနက် တစ်ဦးဦးမပါရင် မဖြစ်နိုင်ပါဘူး။ နယ်မြေ ကျွမ်းကျင်ရုံသာမက တိုက်ခိုက်ရေးလည်း ကျွမ်းကျင်သူများ ဖြစ်ပါတယ်။ အဖွဲ့အစည်း သဘောအရလည်း အထက်အောက် အပြန်အလှန် လေးစားလျက် တာဝန် ထမ်းဆောင်နိုင်သူများလည်း ဖြစ်ပါတယ်။
အဲဒီလိုနဲ့ ကျနော်တို့ဟာ ၁၉၉၂ ခုနှစ် ကုန်ပိုင်းလောက်မှာ ဒီအေဘီစစ်ကြောင်း ၃ ခွင်ထဲကို ရှေ့တန်းဆင်းဖြစ်တယ် ဆိုပါတော့။ အဲဒီဧရိယာကတော့ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းအတွင်းက ပုလောနဲ့မြိတ်ကြား နယ်မြေတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ စဆင်းတော့ ပုလောမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ထားဝယ်-မြိတ် ကားလမ်းနံဘေးက ပြည်ခြားဆိုတဲ့ အရပ်ကို ဦးတည်ပြီး ၄င်းရွာနဲ့တည့်တည့် ကေအန်ယူထိန်းချုပ်ရာ ငါးတတ်ဆိုတဲ့ရွာကို ပထမ ဦးတည် ချီတက်ရပါတယ်။ ငါးတတ်ရွာကို ရောက်ဖို့တောင် ပထမ လမ်းမှာတစ်ည အိပ်ရပါတယ်။ လမ်းမှာ တစ်ညအိပ်တော့ ဆောင်းရာသီဖြစ်လို့ မီးလှုံပြီး ပုခက်ဆွဲကာ အိပ်သူအိပ်၊ ဟိုခင်းဒီခင်း အိပ်သူအိပ် အိပ်ကြရပါတယ်။ မအိပ်ခင် ညနေစာကိုတော့ လောက်လေးဂွတွေ ပါလာတဲ့ ကရင်တပ်သားတချို့နဲ့ ကျနော်တို့ ကျောင်းသားတပ်မတော် တပ်သားတချို့က ကျနော်တို့စခန်းချရာ ချောင်းနံဘေးရှိ သပြုပင်မှ သပြုသီးကို ပစ်ချကာ ဟင်းချို ချက်သောက်ကြပါတယ်။ ပါလာတဲ့ ငါးပိ၊ ငါးခြောက်လေးတွေဖုတ်ပြီး သပြုသီးဟင်းချိုနဲ့ မြိန်ရည်ရှက်ရည် စားသောက်ကြပါတယ်။ ညနေ ထမင်းစားပြီးလို့ ဘီဘီစီလာတဲ့အချိန်မှာ ဘီဘီစီဖွင့်တော့ အဲဒီညက တိုက်တိုက်ဆိုင်ဆိုင် ဗဟိုမှာ ကျနော်နဲ့အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကိုသီရိညွှန့်ရဲ့ အင်တာဗျူးလာတာ နားထောင်လိုက်ရပါတယ်။ အဲဒီအချိန်မှာ ကိုသီရိညွန့်က အမေရိကန်ပြည်ထောင်စုမှာ အခြေချပြီး ဖြစ်နေပါပြီ။
အဲဒီရှေ့တန်းထွက်တဲ့ အချိန်ကနေ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဗဟိုမှာ ကိုသီရိက တွဲဘက် အထွေထွေအတွင်းရေးမှူး၊ ကျနော်က ဗဟို စစ်ရေးဌာန အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့တာကို ပြန်ရည်ညွှန်း ပြောတာပါ။ အဲဒါ အေဘီ မကွဲခင်ပေါ့။ အဲဒီနောက် အေဘီကွဲ၊ ကျနော်က အများပြောနဲ့ ပြောရရင် ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ဗဟိုကော်မတီဘက်မှာ ရပ်တည်ကာ ရှေ့တန်းဆင်းတဲ့ အချိန်မတိုင်ခင်မှာ တောင်ပိုင်းစစ်ဒေသရဲ့ ဒုဥက္ကဌ စစ်ရေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ရဲဘော်တင်စိုးနောင်က တောင်ပိုင်းစစ်ဒေသ ဥက္ကဌတာဝန်ကို ယူပါတယ်။
ခုနက ရှေ့တန်းဆင်းတဲ့ ကိစ္စကို ပြန်ဆက်ရရင် နောက်တစ်နေ့ မိုးလင်းအိပ်ရာထပြီး ဆက်လက်ချီတက်တော့ ကျနော် အစက တင်ပြခဲ့တဲ့ ကေအန်ယူထိန်းချုပ်ရာ ငါးတတ်ဆိုတဲ့ ရွာကို ရောက်ပါတယ်။ အဲဒီရွာရောက်တော့ ကျနော်တို့ထက်အရင် စောရောက်နေတဲ့ ကျနော်တို့တပ်ရင်းမှ တပ်ခွဲမှူးတစ်ဦးဖြစ်သော ဗိုလ်လှဦး (ယခု အမေရိကန်ပြည်ထောင်စု အခြေချ) သူ့ရဲ့ရဲဘော်ကြီး မောင်အေး (ဒိန်းမတ်နိုင်ငံတွင် မကြာသေးခင် နှစ်များကမှ သွေးကင်ဆာနဲ့သေဆုံး) တို့ကို တွေ့လိုက်ရပါတယ်။ အဲဒီငါးတတ်ရွာရဲ့ ထူးခြားတဲ့ အချက်တစ်ခုကို အခုထိ မှတ်မိနေသေးတဲ့ အရာတစ်ခုကတော့ အဲဒီရွာမှာ ကျနော်တို့ ထားဝယ်အခေါ် လန်ဂေါင်ရွက် မြန်မာလိုဆိုရင် တညင်ရွက် တော်တော်ပေါတာ တွေ့ရတာပါပဲ။ ကျနော်တို့က ပအုန်းရည် (ထားဝယ်ဒေသထွက် အချဉ်ရည်တမျိုး) ငါးပိဖျော်နဲ့ လန်ဂေါင်ရွက် ဟင်းချိုချက်ကာ လန်ဂေါင်ရွက်ကို သုတ်စားလိုက် ဟင်းချိုသောက်လိုက်နဲ့ ၂ ရက် ဆက်တိုက်လဲ လမ်းလျှောက်လာရတော့ အတော့်ကို ထမင်းစား ကောင်းခဲ့ပါတယ်။
အဲဒီလိုနဲ့ ကျနော်တို့လည်း ငါးတတ်မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ မနက်မှာ ပြည်ခြားရွာကို ခရီးဆက်ခဲ့ပါတယ်။
အပိုင်း (၃) ကို နောက်တပတ်မှာ ဆက်လက် တင်ပြသွားပါမယ်ခင်ဗျား။တပိုတိုက်ပွဲ အတွေ့အကြုံ - အပိုင်း (၃)
ယခု ဆောင်းပါးကို www.facebook.com/pofpage မှ တင်ပြပေး လိုက်ပါသည်။
မူရင်း ဆောင်းပါးအား
http://
ဆောင်းပါးရှင် - ကိုကျော်ထင်
ပြည်ခြားရွာမှာ ကျနော်တို့တပ်တွေ အားလုံး ဆုံကြပါတယ်။ ဒီအေဘီစစ်ကြောင်း ၃ ရဲ့ စစ်ဆင်ရေးအစည်းအဝေးကို ပြည်ခြားရွာက စာသင်ကျောင်းမှာ ကျနော်တို့ အေးအေးဆေးဆေးဘဲ ကျင်းပနိုင်ခဲ့ကြပါတယ်။ အဲဒီပြည်ခြားရွာဆိုတာ ထားဝယ်မြိတ် ကားလမ်းဘေးမှာ ကပ်လျက်နီးပါးကို တည်ရှိနေတာပါ။ ဘယ်ရန်သူမှ မလာပါဘူး။ နောက်နေ့တွေမှာတော့ ကျနော်တို့ ပြည်ခြားရွာကနေ ကားလမ်းကို ဖြတ်ကူးပြီး တဖက်မှာရှိတဲ့ မျှစ်ချင်စုရွာ တို့တွေကိုလည်း သွားခဲ့ကြပါတယ်။ နောက်ရက်တွေမှာတော့ ပင်လယ်ကမ်းနံဘေးက လိပ်ဦးသောင်ရွာကို အုန်းတောရွာအား ဖြတ်ကာ ခရီးဆက်ကြ ပါသေးတယ်။ ကျနော်တောင် စဉ်းစားမိပါသေးတယ် အမျိုးသားညွှန့်ပေါင်းအစိုးရ
အဲဒီလိုချီတက်ရာမှာ ကျနော်မှတ်မိသလောက် ပြောရရင် လိပ်ဥသောင်ရွာမှတဆင့် လယ်ဖက်၊ ထမင်းမစား၊ မိချောင်းသိုက်၊ ဇာတီဝင်း၊ ကဗျာ စတဲ့ရွာများကို ဖြတ်သန်း ချီတက်ရပါတယ်။ အဲဒီရွာတွေဟာ ပုလောမြို့ရဲ့ တောင်ဘက်ကို တဖြည်းဖြည်း ဆင်းသွားတာဖြစ်ပြီး မြိတ်ဘက်ကို တဖြည်းဖြည်း နီးလာကာ ပုလောချောင်းရဲ့ အရှေ့ဘက်တလျှောက်မှာ ချီတက်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ မိချောင်းသိုက်ရွာတွင် ရက်အချို့ ညအိပ် ရပ်နားပါတယ်။ မိချောင်းသိုက်ရွာလေးဟာ အတော်လှပတဲ့ ရွာလေးဖြစ်ပါတယ်။ ချောင်းလေးက ရွာကို ပတ်ခွေစီးဆင်းနေပြီး ရွာအ၀င် တံတားလေးပေါ်မှာ လမ်းလျှောက်ရတာလဲ ချောင်းရေစီးသံလေးနဲ့ အတော့ကို လွမ်းမော ဆွတ်ပျံ့ဖွယ် ကောင်းလှပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ မိချောင်းသိုက်မှတဆင့် ဇာတီဝင်း ကဗျာတို့မှတဆင့် တိုပလရွာနဲ့နီးတဲ့ တန်းရှင်းတောင်ကြောကို ကျနော်တို့ ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေမှာ ရောက်ရှိခဲ့ပါတယ်။
ရဲဘော်တချို့က ပြောပြကြတာက ဒီတန်းရှင်း တောင်ကြောမှာပေါ့ဗိုလ်ချုပ်
ခုနက ချီတက်လာခဲ့တဲ့ စစ်ကြောင်းအကြောင်းကို ပြန်ကောက်ရရင် ကျနော်တို့ရဲ့ တပ်ဖွဲ့အင်အားဟာ ၁၀၀ နဲ့ ၁၅၀ အကြား ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ကျောင်းသား ၂ ခွဲ၊ ကေန်အင်ယူ ၁ ခွဲ။ အဲဒီတန်းရှင်းရွာဟာ ရွာပျက်လိုမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ဘုန်းကြီးကျောင်းတွေ ဇရပ်တွေဟာလဲ ဘယ်သူမှာ စောင့်ရှောက်မဲ့သူမရှိ။ ရွာသားတွေလဲ မရှိတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကျနော်တို့တပ်ရင်းမှ တပ်ခွဲမှူး ရဲဘော်ဖေသင်နဲ့ နောက်ရဲဘော်တစ်ဦး ရန်သူစစ်အုပ်စု လက်ပါးစေတပ်တွေရဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ် ခံလိုက်ရတဲ့နေရာနဲ့ အိမ်ကို ရဲဘော်တွေက ပြပါတယ်။ ကျနော်တို့ အဲဒီတန်းရှင်း တောင်ကြောပေါ်မှာပဲ ညအိပ်လိုက်ကြပါတယ်။
အပိုင်း (၄) ကို နောက်တပတ်မှာ ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။တပိုတိုက်ပွဲ အတွေ့အကြုံ - အပိုင်း (၄)
ယခု ဆောင်းပါးကို www.facebook.com/pofpage မှ တင်ပြပေး လိုက်ပါသည်။
မူရင်း ဆောင်းပါးအား
http://
ဆောင်းပါးရှင် - ကိုကျော်ထင်
နောက်တစ်နေ့ မနက်စောစော ၁၅ ရက်နေ့ မနက်မှာတော့ တန်းရှင်းတောင်ကြောက တဆင့် တိုရွာရဲ့မြောက်ဖက် ပုလောဘက်ကလာရင် တိုရွာမရောက်ခင် စရောက်တဲ့ ကတည်းရွာထဲသို့ ကျနော်တို့ မနက်အစောကြီးမှာ ၀င်ရောက်ခဲ့ပါတယ်။ ကတည်းရွာက ကားလမ်း တည့်တည့်ပေါ်မှာ မဟုတ်ဘဲ ကားလမ်းအရှေ့ဘက် နည်းနည်းကျကာ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကတည်းရွာကို အရင်ဝင်ရတာက ပိုလွယ်ကူကာ အဲဒီကမှတဆင့် တိုရွာသို့ တောင်ဘက်ပြန်ဆင်း ချီတက်ရတာက စစ်နည်းဗျူဟာ သဘောအရ ပိုမိုလုံခြုံပါတယ်။ ဒါကြောင့် အဲဒီလို ချီတက်ပြီး နေ့လည်ခင်းလောက်မှာတော့ ကျနော်တို့ တိုရွာမှတဆင့် ကျနော်တို့ ဦးတည်ရာ ပလရွာဆီသို့ ချီတက်ခဲ့ပါတယ်။ ပလရွာဟာ အိမ်ခြေလည်း အများဆုံးရွာဖြစ်ပြီး အထက်တန်းကျောင်းကြီးများ စသဖြင့် တည်ရှိတဲ့ရွာလည်း ဖြစ်ပါတယ်။
ကျနော်တို့ ဒီအေဘီစစ်ကြောင်းမှူးက အားလုံး စစ်ရေးသတိရှိရန် ကင်းအသေအချာချရန် အမိန့်ပေးကာ ကင်းများကို အသေအချာ ချကြရပါတယ်။ ကျနော်တို့ဟာ ရန်သူ န၀တ ထိန်းချုပ်ရာ နယ်မြေအတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း ထိုးဖေါက်ပြီး ၀င်ရောက် နေရာယူ ထားတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဒီရွာကို ထိုးဖေါက်စည်းရုံးတိုင်း တိုက်ပွဲ အကြီးအကျယ် ဖြစ်တဲ့ရွာ ဖြစ်ပါတယ်။ ပလရွာက ပြည်သူများကလည်း ထမင်းဟင်း ချက်ပြုတ် ကျွေးကာ တိုက်ပွဲကို အားပေးကြပါတယ်။ ဆိုက်ကယ်များနဲ့တောင် ကျည်ဆံတွေ သယ်ပို့ ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီရွာမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ဖူးပြီး ၃ ရက်မြောက်လောက်မှ ကျနော်တို့တပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ကြတာလို့ ဆိုပါတယ်။ အခုလည်း ကျနော်တို့ ရန်သူနားရွက်ကို တံတွေးဆွတ်ထားပြီးပြီ။ ဒီရွာကိုရောက်ရင်တော့ သေချာပေါက် ရန်သူ ထွက်လာတိုက်မည် ဆိုတာကို ကျနော်တို့ တွက်ချက်ပြီးသား ဖြစ်ပါတယ်။
နိုင်ငံရေးအရလည်း စည်းရုံး ဟောပြောချင်တာကတစ်ကြောင်း တိုက်ပွဲဖေါ်ချင်သည်ကလည်း တစ်ကြောင်းကြောင့် ကျနော်တို့ ဒီပလရွာကို ပစ်မှတ်အဖြစ် ရွေးချယ်ကာ ဦးတည် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ညနေ ၅ နာရီခန့်လောက်မှာ အတုအယောင် အမျိုးသား ညီလာခံ ဆန့်ကျင်ရေး ပိုစတာတွေ ရွာလည်မှာကပ်တယ်။ မနက်ပိုင်းမှာ ဟောပြောပွဲရှိတယ် တရွာလုံးလာကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီနောက် မနက်ပိုင်းမှာ ပလရွာ အထက်တန်းကျောင်းတွင် လော်စပီကာ သုံးကာ အမျိုးသားညီလာခံ ဆန့်ကျင်ရေး တရားများ ဟောပါတယ်။ ကျနော်က ပထမဆုံး ဟောပါတယ်။ နောက် ၂၀၁ တပ်ရင်းမှူး ရဲဘော်သောင်းညွှန့် ဟောပါတယ်။ ပြီးတော့ ဟောပြောပွဲကို ရုတ်သိမ်းခဲ့ပါတယ်။ ဟောပြောပွဲဟာ ၂ နာရီခန့် ကြာမယ်ထင်ပါတယ်။ အဲဒီနောက် ရန်သူဟာ ကျနော်တို့ရှိရာကို စတင် ချီတက်လာပြီဆိုတဲ့ သတင်းတွေ စကြားရပါတယ်။ အထူးသဖြင့် နယ်မြေခံ ပြည်သူများထံမှ သတင်းအချို့ကို စတင်ရရှိလာပါတယ်။ တပ်ခွဲမှူး ကိုလှဦးက သူရရှိထားတဲ့ ရန်သူ့အခြေအနေ သတင်းတွေကို ကိုဖုန်းကျော်၊ ဗိုလ်နယ်ဒါးနဲ့ ကျနော့်ထံသို့ ဆက်သွယ်ရေး စက်များကတဆင့် ပို့ပေးပါတယ်။ ကိုဖုန်းကျော်ရော ဗိုလ်နယ်ဒါးတို့ရောက ကျနော့်အား ဘာလုပ်ကြမလဲလို့ မေးပါတယ်။ သူတို့က တပ်ကို တိုက်ရိုက် ကွပ်ကဲ အမိန့်ပေးသူများ ဖြစ်သော်လည်း ကျနော်က တာဝန်အရ အမြင့်ဆုံးလိုမျိုး ဖြစ်နေတဲ့အတွက် ကျနော့်ကို သတင်းလည်းပေးရင်း မေးလည်းမေးရင်း ပြောပါတယ်။ ပလဘုန်းကြီးကျောင်းဝင်းထဲက ဇရပ်တစ်ဆောင်မှာ ကျနော်၊ ဗိုလ်နယ်ဒါး၊ ဗိုလ်ဖုန်းကျော်၊ ဗိုလ်လှဦး၊ တပ်ရင်းမှူးကိုသောင်းညွှန့်တ
ဗျူဟာဆွဲပြီ
အစည်းအဝေးစတာနဲ့ ဗိုလ်နယ်ဒါးက ဘယ်လိုလုပ်ကြရင် ကောင်းမလဲလို့ အကြံဉာဏ် တောင်းပါတယ်။ ကျနော်က ၁၉၉၀ ခုနှစ်တုန်းက စစ်ရုံးချုပ်မှာ အဘ ဗိုလ်စွန်ညိုနဲ့အတူ နေတုန်းက စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အဘ ဘာတွေ ငါတို့ကို ပြောပြခဲ့သလဲ ဆိုတာကို ပြန်စဉ်းစားပါတယ်။ ပထမ တစ်ချက်က ရန်သူကို ပစ်မှတ်အသေမပေးနဲ့။ ဟုတ်တယ် ကျနော်တို့ ပလမှာရှိနေတာ ရန်သူသိနေပြီ။ ပလမှာ တချိန်တုန်းကလဲ ကျောင်းသားတွေ ရက်ရှည်တိုက်ပွဲ ဆင်နွှဲခဲ့ဖူးတာ ထောက်ချင့်ပြီး ရန်သူက ပလမှာ ကျောင်းသားတွေ ဆက်နေမယ် သူတို့က ဘိတ်ဖက်ကနေ ကုန်းလမ်းတစ်ကြောင်း ရေတစ်ကြောင်းနဲ့ ချီတက်ကာ နှစ်ဖက်ညှပ်ချမယ်။ ရန်သူက သေချာပေါက် ပလမှာ တိုက်ပွဲဆင်နွှဲဖို့ ပြင်နေပြီ။ အဲဒီတော့ ကျနော်တို့ကလည်း ပလမှာ အနေပြမယ် ရန်သူတွက်ထားသလို ငါတို့ပလမှာ အခိုင်အမာ တပ်စွဲထားဦးမယ် ဆိုတာမျိုး အထင်ပေါက်အောင် လုပ်လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပလကနေ အမြန်ဆုံး ဆုတ်ခွာမယ်။ ထွက်ပြေးတာ မဟုတ်ဘူး။ နောက်တစ်ချက်က ခြေအကြွမှာတိုက် ဆိုတာကို သတိရတယ်။ ရန်သူက ကျနော်တို့ ပလမှာ ဆက်နေနေတုန်း တိုက်ချင်မှတိုက်မယ်။ ဒါပေမဲ့ ကျနော်တို့ ပလကထွက်ဖို့ ပြင်တဲ့အချိန် အလစ်အငိုက် ၀င်တိုက်လိမ့်မယ်။
ဒါကြောင့် ကျနော်တို့ ပလမှာ စောင့်မတိုက်သင့်ဘူး၊ ထွက်တိုက်သင့်တယ်လို့ စဉ်းစားပြီး ဒီအချက်တွေကို အဲဒီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ ပလက ထွက်ခွာချိန်ကို ရန်သူမသိစေရဘူးလို့ ဆုံးဖြတ်ထားတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ဖုန်းကျော်နဲ့ ဗိုလ်နယ်ဒါးတို့က သူတို့ ဘာလုပ်သင့်သလဲဆိုတာ ကောင်းကောင်း သဘောပေါက်သွားကြပြီး စစ်ဆင်ရေး အသေးစိတ် ကိစ္စများ ထပ်မံညှိနှိုင်းကာ အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
နိဂုံးချုပ် အပိုင်း (၅) ကို နောက်တပတ်မှာ ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။တပိုတိုက်ပွဲ အတွေ့အကြုံ - အပိုင်း (၅)
ယခု ဆောင်းပါးကို www.facebook.com/pofpage မှ တင်ပြပေး လိုက်ပါသည်။
မူရင်း ဆောင်းပါးအား
http://
ဆောင်းပါးရှင် - ကိုကျော်ထင်
လက်တွေ့စစ်ဆင်ရေး
အဲဒါနဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့ ညနေဘက် ရောက်လာတော့ ကျနော်တို့ဟာ ည ၅ နာရီခွဲ ၆ နာရီလောက် နေ၀င်ရီတရော အချိန်လောက်မှာ တပ်တချို့က ဇရပ်ဆိပ်ရွာဖက်ကို တိတ်တဆိတ် ထွက်ခွာသလို တပ်တချို့ကလည်း မိန်းမမြို့ဆိုတဲ့ ရွာဖက်ကို ထွက်ခွာကာ ဗိုလ်လှဦး ဦးဆောင်တဲ့ တပ်စိတ် တစ်စိတ်လောက်ကိုသာ တပိုအထိ ထုတ်ထားလိုက်ပါတယ်။ တပ်စိတ် တစ်စိတ် နှစ်စိတ်ခန့်ကိုတော့ ပလရွာအတွင်းမှာ ညနေ ၆ နာရီကျော် ၇ နာရီအထိ သွားလာ လှုပ်ရှားခိုင်းထားပြီး ညလုံးလုံးမှောင်ပြီ ဆိုတာနဲ့ ပလရွာအတွင်းမှ အပြီးဆုတ်ခွာကာ ကျနော်ပါဝင်တဲ့ တပ်ဖွဲ့တချို့ကတော့ ဗိုလ်နယ်ဒါးနဲ့အတူ မိန်းမမြို့ရွာထဲ ၀င်ရောက် နေရာယူထားလိုက်ပါတယ်။
ဗိုလ်ဖုန်းကျော်နဲ့ တပ်စု တစ်စုလောက်ကတော့ ဇရပ်ဆိပ်ရွာထဲမှာ ၀င်ရောက် နေရာယူပါတယ်။ ည ၁၂ နာရီခန့်လောက်မှာ သတင်းတစ်ခု ထပ်ရတာကတော့ မြိတ်က ခလရ (၁၀၁) နဲ့ (၁၀၃) တပ်ရင်းက တပ်ဖွဲ့တွေဟာ ကုန်းလမ်းကနေ မြိတ် ကျွဲကူးမှတဆင့် ကုန်းလမ်းအတိုင်း ပလကို ချီတက်လာနေတာ သဲပုံရွာ ရောက်နေပြီ ဆိုတာပဲ ဖြစ်ပါတယ်။ သဲပုံရွာဆိုတာက တပိုနဲ့ မြိတ်တဖက်ကမ်းက ပုလောဘက်သို့လာရင် စရောက်တဲ့ ကျွဲကူးရွာအကြားက ရွာဖြစ်ပြီး သူတို့က ကျနော်တို့ ပလဘက်မှာ ရှိတုန်းဘဲလို့ အပိုင် တွက်ထားပုံ ရပါတယ်။ ဒါပေမဲ့ သူတို့ သဲပုံကနေ တပိုရွာသို့ ချီတက်မှုဟာ အတော်နှေးကွေးသွားတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့နဲ့ နီးလာတော့ သူတို့ဘက်ကကြည့်ရင် ရန်သူနဲ့ နီးလာတယ်ဆိုပြီးတော့ သံသယရှိတဲ့ နေရာတွေအားလုံးကို ရှင်းရှင်းပြီး ချီတက်လာနေရတာကြောင့် ကြာတာ ဖြစ်နိုင်ပါတယ်။
ကျနော်တို့ဘက်ကလဲ တပိုရွာမှာရှိနေတဲ့ ဗိုလ်လှဦးတို့ကို ဗိုလ်ဖုန်းကျော်က လှမ်းသတင်းပို့ပေးပြီး နေရာယူရမဲ့ နေရာတွေကို အမိန့်ပေးပါတယ်။ ဗိုလ်လှဦးကလည်း နယ်မြေအခြေအနေကို ကျွမ်းကျင်သူပီပီ သဲပုံရွာမှ ကားလမ်းအတိုင်းလာလျှင် တပိုရွာအ၀င် တံတားအနီးက တံတားကို အပေါ်စီးမှ မိုးနေသော တောင်ကြောပေါ်၌ နောက်တစ်နေ့ မနက်ဖြစ်သည့် ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ မနက် ၄ နာရီခန့်လောက်မှ စ၍ နေရာယူ ပုန်းအောင်နေခဲ့ကာ ရန်သူအလာကို စောင့်နေခဲ့ပါတယ်။ မနက်မိုးလင်း ၇ နာရီ ကျော်ကျော် ၈ နာရီခန့်လောက်မှာတော့ မိန်းမမြို့ရွာအတွင်းရှိ တပ်များအားလုံး ဇရပ်ဆိပ်ရွာအတွင်းသို့ ၀င်ရောက်လာခဲ့ပါတယ်။
ကျနော်တို့တပ်တွေအားလုံး ဇရပ်ဆိပ်နဲ့ တပိုရွာအစပ်က တောစပ်တွေထဲမှာလည်း နေရာယူထားပြီး ဖြစ်ပါတယ်။ ကျနော်က ဇရပ်ဆိပ်ရွာထဲက ဗိုလ်ဖုန်းကျော် နေရာယူ တပ်စွဲထားတဲ့ အိမ်တစ်အိမ်ပေါ်သို့ တက်လိုက်ပါတယ်။ မနက်စာ အနည်းငယ်စားဖို့ ဖြစ်သလို ပြင်ဆင်ပါတယ်။ (ဇရပ်ဆိပ်ရွာဆိုတာက မကြာသေးသော တစ်နှစ် နှစ်နှစ်ကမှ သြစတြေးလျတွင် ကွယ်လွန်သွားသူ ဗဟိုရုံးအဖွဲ့မှူး ဆရာလေး ကျောင်းဆရာလုပ်ခဲ့တဲ့ နေရာဖြစ်ပြီး သူ အဲဒီရွာကနေဘဲ ဒီဘက်တောခိုခဲ့တာပါ။ နောက် ယခု နော်ဝေတွင် အခြေချနေသူ ဗဟို စစ်ရေးချုပ် ရုံးအုပ်တာဝန် ထမ်းခဲ့ဖူးသူ ရဲဘော်မြ၀င်းတို့ရဲ့ရွာလည်း
၁၀ နာရီကျော်ကျော်လည်း ရောက်ရော ၀ုန်းဒိုင်းဆိုတဲ့ ၆၀ မမ လက်နက်ကြီး ကျသံများ စကြားရပါတယ်။ အဲဒီမတိုင်ခင်မှာ ကျနော်တို့ဘက်က လက်နက်ငယ်များ စတင် ပစ်ခတ်ပြီး ဖြစ်ပါတယ်။ နောက်တိုက်ပွဲအပြီးမှာ သိရတာက ဗိုလ်လှဦးက တပိုတံတားကို တက်ရှင်းတဲ့ ရန်သူတပ်ကြပ်ကြီးနဲ့ တပ်စိတ်ကို ၇၉ လောင်ချာနဲ့ ပစ်ချလိုက်တာ ရန်သူတွေ တော်တော် ဒဏ်ရာရကုန်တယ်လို့ ဆိုပါတယ်။ ကျနော်တို့က သတင်းအရင် ရထားတော့ ကြိုစောင့်နိုင် နေရာယူနိုင်လို့ ရန်သူကို ကိုယ့်ဘက်က စောစောမြင်ပြီး ဦးအောင် ပစ်ခတ်နိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ရန်သူက အနိမ့်၊ ကိုယ်က အမြင့်၊ စအထွက်မှာကတည်းက ဦးချိုးထားလိုက်နိုင်လို့ ရန်သူအနေနဲ့ ဒဏ်ရာရသွားတဲ့ သူတို့ရဲ့ရဲဘော်တွေနဲ့ တော်တော် အလုပ်ရှုပ်သွားပုံ ရသွားပါတယ်။
ရန်သူဟာ စထွက်တာနဲ့ တော်တော် အရေးနိမ့်သွားတယ်ဆိုတော့ သူ့ရဲ့ပစ်အားကို အသားကုန် သုံးလာပါတယ်။ အဓိက က ၆၀ မမ မော်တာနဲ့ ကျနော်တို့ နေရာယူနိုင်မယ်ထင်တဲ့ နေရာတွေ အားလုံးကို လှမ်းပြီး မှန်းဆ ပစ်ခတ်နေပါတယ်။ ဒီတိုက်ပွဲက ပြောက်ကျားတိုက်ပွဲသဘော မဆောင်ဘဲ အင်အားတစုံတရာရှိတဲ့ အတိအကျ ပြောရရင် ကျနော်တို့ဘက်က အင်အား ၁၅၀ လောက်နဲ့ သူတို့ဘက်က တပ်ခွဲ ၂ ခွဲပါ စစ်ကြောင်းလောက်ဆိုတော့ ဒယ် ဒယ်ချင်း ဆောင့်တဲ့သဘောလိုမျိုး ဖြစ်ပါတယ်။ ဒီအေဘီ စစ်ကြောင်းတွေကတော့ အဲဒီလိုပဲ တိုက်ပွဲဖြစ်ခဲ့တာ များပါတယ်။ ကျနော်နဲ့ ဗိုလ်ဖုန်းကျော်လည်း လက်နက်ကြီးသံ စကြားပြီးကတည်းက အိမ်ပေါ်မှဆင်းကာ ဇရပ်ဆိပ်ရွာထဲက တဆင့် ရွာအပြင်ကို အခြေအနေကြည့်ပြီး ထွက်လာပါတယ်။ ဗိုလ်ဖုန်းကျော်ကတော့ နောက်တော့ မြန်မြန်ပြေးသွားပြီး တပ်ကို အမိန့်ပေးလို့ ရတဲ့နေရာအထိ ပြေးတက်သွားပါတယ်။ အဲဒီလို ကျနော်တို့ တဖြည်းဖြည်း နေရာယူနေချိန်မှာ ၂၀၁ လင်းယုန်မှ ရင်းမှူးသောင်းညွန့်ရဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ခွဲမှူးကိုရာမန်၏ ဆက်သွယ်ရေးစက်ထဲသို့ ကျနော့်မှာထိပြီ ဆိုပြီး ရဲဘော်တစ်ယောက်ရဲ့ အော်သံကို ကျနော်ကြားလိုက်ရပါတယ်။ ကျနော်လဲ တစ်ချက်တော့ တော်တော်ဖြုံသွားပါတယ်။ ကိုရာမန်ကလဲ ငါ့ညီဘာမှ စိတ်မပူနဲ့ အစ်ကိုတို့လာနေပြီ စစ်ကူတွေ အပြည့် ထပ်တက်လိုက်လာနေပြီ ညီကို အစ်ကိုတို့ ရအောင်ဆွဲမယ်လို့ လှမ်းအားပေးပါတယ်။
အဲဒီရဲဘော်က ကျနော်တို့တပ်ရင်း ၂၀၁ ဇင်ယော်မှ တပ်စုမှူး ၀င်းငယ် ဖြစ်ပါတယ်။ သူ့ကိုတက်ဆွဲတဲ့ ရဲဘော်တွေကို ရန်သူက တစ်ယောက်ပြီး တစ်ယောက် ပစ်နေပါတယ်။ ကျနော်မှတ်မိသလောက် ဆေးမှူး နိုင်နိုင် ထပ်ထိတယ်။ နောက် ရဲဘော်သာဆန်း ထိတယ်။ အစကနဦးမှာ အထိနာသွားတဲ့ ရန်သူတွေဟာ ဗိုလ်လှဦးတို့ ရှိမယ်လို့ ထင်ရတဲ့နေရာတွေကို ကာဘိုင်တွေနဲ့ရော ၆၀ မမ တွေနဲ့ပါ လှမ်းလှမ်းပြီးပစ်တာ ဗိုလ်လှဦးတောင် ပေါင်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဗိုလ်ဖုန်းကျော်က နောက်ကျန်နေသေးတဲ့ တပ်စုက တပ်စုမှူး ရဲဘော်တင်စိုးနဲ့ တပ်မှူးငယ်များကို ကွပ်ကဲကာ သူကိုယ်တိုင် အာပီဂျီတူးကိုကိုင်၍ ပစ်ခတ်ကာ ရန်သူအား ထိရောက်စွာ ချေမှုန်းနိုင်ခဲ့သဖြင့် ရာဘာတော (ကော်ပတ်တော) အား မျက်ကွယ်ယူထားသော ရန်သူများဟာ ကော်ပတ်တော ထမီးလောင်တော့ သေနတ်ဒဏ်ရာရော မီးလောင်ဒဏ်ရာရော ရကုန်ကြပါတယ်။
ရန်သူဘက်ကလည်း ၄ ယောက်သေ ၁၄ ယောက် ဒဏ်ရာရတဲ့အထိ အရေးနိမ့်လာပြီး သူတို့က အတွင်းဘက် (ဇရပ်ဆိပ်၊ တပိုရွာဘက်) သို့ မျက်နှာလှည့်ကာ ကျနော်တို့ဘက်က အရှေ့ဘက်တောရှိရာ (ကဗျာ၊ ဇာတီဝင်း စတာတွေကို သွားနိုင်တဲ့လမ်း) ကို မျက်နှာမူပြီး တဖြည်းဖြည်း ပစ်ဆုတ် ဆုတ်သွားကြရင်း ၃ နာရီကျော်ကျော် တိုက်ပွဲဖြစ်ပွားကာ နေ့လည် ၁ နာရီခွဲ လောက်ခန့်တွင်မှ တိုက်ပွဲ ပြီးဆုံးသွားပါတယ်။ တိုက်ပွဲ ပြီးတဲ့အချိန်မှာ ကျနော်တို့ဟာ အရှေ့ဘက်တောစပ်ကို ပြန်ထွက်မဲ့ တပိုရွာရဲ့ အစွန်အဖျားကို ရောက်ရှိနေပြီး ခနတာနားကာ ဗိုလ်လှဦး အပါအ၀င် ဒဏ်ရာရသူ ၅ ဦးကို သယ်ယူပို့ဆောင်ရေးကိစ္စများ စီစဉ်ကာ အရှေ့ဘက်တောထဲသို့ တဖြည်းဖြည်း ချီတက်ရင်း ည ၈ နာရီခန့်မှာ ကဗျာရွာတွင် ကျနော်တို့ စခန်းချ ရပ်နားလိုက်ပါတယ်။
တဲတစ်လုံးတွင် ဒဏ်ရာရ ရဲဘော်သာဆန်း၊ ဆေးမှူးရဲဘော်တစ်ဦး၊ နောက်ရဲဘော်တစ်ဦးနဲ့အတူ ညအိပ် တည်းခိုရပ်နား အိပ်စက်ခဲ့ပါတယ်။ ညဘက် ၁ နာရီကျော် ၂ နာရီခန့်လောက်မှာ မိုးကလည်းရွာ မိုးကလဲယို နောက်တော့ တဲကြီးက ၀ုန်းကနဲ ပြိုကျသွားပြီး ကျနော်တို့လည်း တဲကို မနည်း ပြန်တည့်မတ်ရပါတယ်။ တခြားအိပ်စရာ နေရာမှ မရှိတာမို့ ဒီလိုနဲ့ဘဲ မိုးလင်းသွားပါတယ်။ အဲဒီရွာကနေ ကျနော်တို့တပ်နဲ့ ဒဏ်ရာရ ရဲဘော်တွေနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ဒဏ်ရာရ ရဲဘော်တွေကို ဆေးမှူးတချို့နဲ့ တွဲပေးပြီး ပိုမြန်တဲ့ ဖြတ်လမ်းကတဆင့် ငါးတတ်ရွာ အဲဒီကမှတဆင့် ကျနော်တို့တပ်ရင်း အခြေစိုက်ရာ မင်းသမီးစခန်း ထီးခီးထီးထား အထိ အမြန်ဆုံး ပို့လိုက်ပါတယ်။ ကျနော်တို့တပ်ဖွဲ့တွေကတော့ ဇာတီဝင်းရွာ နောက်တော့ မိချောင်းသိုက် စတဲ့ လာလမ်းအတိုင်း ပုလောချောင်း အရှေ့ဘက်ကမ်းတလျှောက် ပြန်လာကာ နောက်ဆုံးမှာ ပြည်ခြားရွာသို့ ပြန်ရောက်ရှိပြီး တပ်များကို ပြန်ဖြန့်ခွဲလိုက်ကြပါတယ်။
ဘာဘဲဖြစ်ဖြစ် ကျနော် အေဘီ ကျောင်းသားတပ်မတော် တော်လှန်ရေး ရဲဘော်ဘ၀ကို ဖြတ်သန်းခဲ့စဉ်က နိုင်ငံရေး စစ်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အရေးကြီးသော စစ်ရေးဖြတ်သန်းမှု မှတ်တိုင် ၃ ခု (ကော့မူးရာဝမ်းခါ၊ ဥူးသုထ၊ တပို) တိုက်ပွဲ ၃ ခု အနက် တိုက်ပွဲအသည်းအသန် ဖြစ်ပွားနေချိန်တွင် တိုက်ပွဲတွင်း၌ အကြာဆုံးရှိနေသည့် ထို တပိုတိုက်ပွဲအား မိမိအနေဖြင့် ပြန်လည်ရေးသား မှတ်တမ်းတင်ခြင်းဖြင့် ကျောင်းသားတပ်မတော် သမိုင်းကို တစိတ်တဒေသ ဖြည့်စွက်ပေးခြင်းလည်း ဖြစ်တယ်လို့ ထင်မြင်မိပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား
ယခုအခါ ထိုအချိန်က ဒီအေဘီ ၃ စစ်ကြောင်းမှူး ဗိုလ်နယ်ဒါးသည် နယ်သာလန်နိုင်ငံ၌လည်းကောင်း
ဆက်သွယ်ပြောဆိုလိုပါက -
၀၀၄၇ ၉၉၂၅၁၉၈၈ သို့ ဆက်သွယ် ပြောဆိုနိုင်ပါကြောင်း။
(ကျေးဇူးတင်ရှိခြင်း။ ။ ပုလောဒေသ ပထ၀ီမြေ အနေအထားအား ပြန်လည် ပြောပြပေးသော အေဘီရဲဘော်ဟောင်း ကိုမြ၀င်းနဲ့ ပုလောဒေသ NLD စည်းရုံးရေးမှူးတစ်ဦးဖြစ်သ
ကျော်ထင်
No comments:
Post a Comment