Wednesday, October 9, 2013

မန္တလေး Panasonic ဂိုဒေါင် လူမဆန်စွာ သတ်ခဲ့သည့် (၃)လောင်းပြိုင် လူသတ်မှု ဖေါ်ထုတ်နိုင်ပြီ



မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ထူးထူးဆန်းဆန်း ဖြစ်ပေါ်ခဲ့တဲ့ မန္တလေး က သုံးလောင်းပြိုင်လူသတ်မှု့ တရားခံလို့ယူဆရသူ နှစ်ဦးကို မန္တလေး ရဲတပ်ဖွဲ့ဝင်တွေ ဖေါ်ထုတ်နိုင်ပါပြီ။

သွေးအေးလူသတ်သမား .. ရက်စက်တဲ့လူသတ်သမားကတော့ အသက် ၁၉နှစ်ဝန်းကျင်သာရှိသေးတဲ့ လူငယ်နှစ်ယောက်ပါပဲ။

သတ်တဲ့သူဟာ မူခင်းဖြစ်ပွားရာ ကုမ္မဏီမှ ဝန်ထမ်းတစ်ဦးပါဝင်ပက်သက်နေပါတယ်၊ အဆိုပါ ကုမ္မဏီမှာ အလုပ်ဝင်လုပ်တာ တစ်လ ဝန်းကျင်သာရှိသေးတယ်တဲ့သူတစ်ယောက်ပါ။

အဓိကသတ်ရတဲ့အကြောင်းအရင်းကတော့ ရန်ငြိုးရန်စ ကြောင့်မဟုတ်ပဲ မတော်လောဘ နဲ့ လိုချင်တပ်မက်မိတဲ့ ငွေကြေးကြောင့်ပါပဲတဲ့ ၊

သတ်ပုံ သတ်နည်းကလည်း ကျောချမ်းစရာပါ

ကုမ္မဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်နေထိုင်ခဲ့သူ အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးတင်လှိုင်ဆိုတဲ့ အဘ ကို အဝတ်နဲ့ခေါင်းအုပ်ပြီး အုတ်ခဲနဲ့ထုရိုက်သတ်ခဲ့ပါတယ်။

အဲဒီနောက်မှာ မသေမှာစိုးလို့ ဆိုပြီး အနီးအနားမှာတွေ့တဲ့ ဘက်ထရီအိုးထဲက အက်စစ်ကို ဆေးထိုးအပ်နဲ့စုပ်ယူပြီး အဆုပ်ထဲကို ထိုးထဲ့ခဲ့သတဲ့။

နောက်ထပ် အိပ်နေတဲ့အစောင့်ကို ပါးစပ်ထဲ ပုဆိုးထိုးထဲ့ပြီး အုတ်ခဲနဲ့ထုသတ်ပါသတဲ့။

အဲဒီအချိန် ပထမဆုံးအသတ်ခံရတဲ့ လုံခြုံရေးဝန်ထမ်းအဘရဲ့ ဇနီးနိုးလာလို့ အဲဒီအမျိုးသမီးကိုလည်း တိုင်နဲ့ခေါင်းနဲ့ဆောင့်တိုက်ပြီး သတ်ပစ်ခဲ့သတဲ့ဗျာ။

အဆိုပါအမျိုးသမီးဟာ ကုမ္မဏီဝန်ထမ်းထဲမှ မဟုတ်ပဲ လခထုတ်ရက်မလို့ သူမရဲ့လင်ယောက်ကျား လုံခြုံရေးဝန်ထမ်းဆီမှ လခလာယူရင်း အိမ်အပြန်မိုးချုပ်လို့ အဆိုပါကုမ္မဏီမှာပဲ ညအိပ်ရာကနေ အသတ်ခံခဲ့ခြင်းဖြစ်ပါသတဲ့။

Photo Credit By - Lin Yar Ma

Posted From ကပ္ပိယ သာ ဂိ (မန္တလေး သတင်း ပုံရိပ်များ)

No comments: