Burmese Youth Chorus for the Red Ribbon Campaign
ဝါရှင်တန်ဒီစီ မက်တရို ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် မြန်မာလူငယ် (ကျနော်၊ကျမ)တို့  သည် မြန်မာနိုင်ငံရှိ HIV/AIDS
ဝေဒနာရှင်များကို ကူညီပံ့ပိုးနိုင်ရန် မိတ်ဆွေ သင်္ဂဟ နေအိမ်များသို့  လှည့်လည်၍ အောက်ဖော်ပြပါ အချိန်နှင့်နေ့ ရက်များတွင် တေးသီချင်းများ ဖျော်ဖြေကာ အလှူငွေ ကောက်ခံခြင်း ပြုလုပ်ကြပါမည်။
တေးဂီတမြတ်နိုးသူ၊ နှလုံးသားကြီးမြတ်သူ လူကြီးမင်းများအနေဖြင့် (ကျနော်၊ ကျမ)တို့ ကို လက်ခံကြိုဆို ဖိတ်ခေါ်မည်ဆိုပါက ခရစ်စမတ်နှင့် နှစ်သစ်ကူးအခါသမယ လျော်ညီသည့် ကျေးဇူးတော်ချီးမွမ်းသီချင်းများနှင့် နှစ်သစ်မင်္ဂလာပြု သီချင်းများဖြင့်သီဆို ဖျော်ဖြေတင်ဆက် သွားကြပါမည်။
ဖျော်ဖြေလှည့်လည်မည့် နေ့ ရက်နှင့်အချိန်များ ။ နေ့ လည် (၂) နာရီမှ ည (၉) နာရီအထိ။
ဒီဇင်ဘာ (၁၂)ရက် --တနင်္ဂနွေနေ့ ။
ဒီဇင်ဘာ (၁၈)ရက်-----စနေနေ့ ။ ဒီဇင်ဘာ (၁၉)ရက်----- တနင်္ဂနွေနေ့ ။
ဒီဇင်ဘာ (၂၃)ရက် ---ကြာသာပတေးနေ့ ။ ဒီဇင်ဘာ (၂၄)ရက်------သောကြာနေ့ ။
မေတ္တာရှေ့ ထား ဖိတ်ကြားလိုပါက ဆက်သွယ်ရန် တာဝန်ခံများ ----------
ဒေါက်တာတင်မိုးသူ (ဖုန်း--၅၇၁-၂၁၆-၆၂၇၇)
ကိုယဉ်ထွေး (ဖုန်း--၃၀၁-၅၂၀-၄၁၆၀)
ကိုရွှေထီး (ဖုန်း--၅၇၁-၂၃၅-၄၀၃၅)
ဖိုးသက် (ဖုန်း--၃၀၁-၇၈၅-၅၈၈၇)
ဖျော်ဖြေချိန်။ ။ မိနစ်(၃၀)။ အစားအသောက်များ ကျွေးမွေးဧည့်ခံရန် မလိုပါ ။
ခရစ်စမတ် နှစ်သစ်မင်္ဂလာအခါသမယတွင် တမိသားစုလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ။ ဘေးရန်ကင်းရှင်းကြပါစေ။
We are members of the Burmese Community in the Washington Metro Area. We are currently trying to raise funds to support HIV/AIDS patients in Burma. To collect kind donations for this cause, we have been singing Christmas carols and performing dances at our friends’ homes. We believe you are also music lovers and a compassionate family who would warmly welcome us to your home so we can present our wonderful Christmas and New Year performance.
We are available between 2 p.m. and 9 p.m. on December 12 (Sunday), December 18-19 (Sat & Sunday), and December 23-24 (Thursday & Friday).
Please feel free to contact the following people in charge for further inquiry and to schedule a performance time and date.
Dr. Tin Moe Thu (Ph: 571-216-6277),
Ko Yin Htwe (301-520-4160),
Ko Shwe Htee (571-235-4035) and
Phoe Thet (301-785-5887).
Performance Time: 30 minutes. Please note that it is not necessary to provide food to our performers.
We wish you and your family a fantastic Christmas and a wonderful New Year.
No comments:
Post a Comment