ကိုစိုးလင်းရေး ခဲ့တဲ့ဆောင်းပါးများ
ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven
Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ်
ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်
၁၉၈၈ ခုနှစ်ပြည်သူ့အရေတော်ပုံကြီးအပြီးတွင်
မြန်မာနိုင် ငံနယ်စပ်စခန်းများရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိရာသို့
ကျောင်းသားလူငယ်များ ၎င်းတို့၏နိုင်ငံရေးယုံကြည်ချက်ကိုအကောင်အထည်ဖော်ရန်
သွားရောက်ခဲ့မှု များရှိခဲ့ပါသည်။ ABSDF ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသာ များဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး
ဒီမိုကရေစီရရှိရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကဲ့သို့ကြိုးပမ်းနေစဉ်
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၌ ကျောင်းသား အချင်းချင်း
တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာညှင်း ပန်းသတ်ဖြတ်ခဲ့မှုဖြစ်စဉ်များပေါ်ပေါက်ခဲ့ပါသည်။
အဆိုပါစွပ်စွဲသတ်ဖြတ်မှုမှာ မြောက်ပိုင်းဒေသဟုခေါ် တွင်နေသည့်
ပါဂျောင်ဒေသမှသည် တောင်ပိုင်းဟု ခေါ် သည့် မာနယ်ပလောဒေသသို့ပါ
ကူးစက်သွား ခဲ့သည်။ မြောက် ပိုင်းဒေ သမှ နှိပ် စက်သတ်ဖြတ်မှုများနှင့် ပတ်
သက်ပြီး နှစ်ပေါင်း ၂၀ ကာလကျော်လွန်ခဲ့ပြီးနောက်
ရှုထောင့်အသီးသီးမှပြောဆိုမှုများပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့်
မြောက်ပိုင်းဒေသမှ ဗဟို ညီလာ ခံတက်ရောက် ရန် တောင်ပိုင်းဒေ သသို့ သွားရောက်ရင်း
ထောက် လှမ်းရေးဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရကာ စစ်ဆေးနှိပ်စက်ခံရပြီး
ABSDF စစ်ကော်မတီ၏ ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခြင်းခံခဲ့ရသူ
ကိုစိုးလင်းနှင့်တွေ့ဆုံပြီး ထိုစဉ်ကကြုံတွေ့ခဲ့ရသော
အဖြစ်အပျက်များကိုမေးမြန်းခဲ့ သည်များအား ပြန်လည်တင်ပြအပ်ပါသည်။ မေး -
၈၈ အရေးအခင်းအပြီးမှာ နယ်စပ်ကိုဘယ်လိုရောက် သွားခဲ့ တာလဲဆိုတာက စပြီးရှင်းပြပေးပါလား။ ဖြေ -
၈၈ ကာလမှာတုန်း ကတော့
မန္တလေး သပိတ်တပ်ပေါင်းစုမှာပါခဲ့တာပေါ့။ အဲဒီမှာ သပိတ်တပ်ပေါင်းစုရဲ့
လုံခြုံရေးကို စက်မှုကျောင်းသားတွေကတာဝန်ယူရတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ
လူကြီးတွေက အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီ၊ သံဃာတွေက
သံဂ္ဂသမ္မဂီဆိုပြီးပြောင်းသွားကြတယ်။ ကျွန်တော်တို့ ကျောင်းသားတွေကတော့
မန္တလေးမှာရှိတဲ့တစ်ခြားကျောင်းသားတွေနဲ့ပေါင်းပြီး
အမျိုးသားနိုင်ငံကျောင်းသားလူ ငယ်ဆိုပြီး အဖွဲ့ ဖွဲ့လိုက်တယ်။
အဲဒီလိုဖွဲ့ပြီးတဲ့အချိန်မှာ အဲဒီခေတ်ကခေတ်စားတဲ့အတွေးအခေါ်အတိုင်းပဲ
လက်နက်ကိုင်အစိုးရကို
လက်နက်ကိုင်ပြီးတိုက်မှရမယ်ဆိုတဲ့အတွေးအခေါ်နဲ့
လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက် သွယ်တယ်။ မြောက်
ပိုင်းမှာရှိတဲ့
ကချင်နဲ့ဆက်သွယ်တာပေါ့။ လုပ်ရင်း လုပ်ရင်းနဲ့ မြို့ပေါ်မှာဘယ်လိုမှနေလို့မ ရ
တော့တဲ့ အတွက် မြောက်ပိုင်းကိုရောက်သွားတယ်။ မေး -
အစ်ကိုတို့မြောက်ပိုင်းကိုရောက်သွားတဲ့အချိန်က အဲဒီမှာအခြေအနေ ဘယ်လိုရှိသလဲ။ ဖြေ -
မြောက်ပိုင်းကိုရောက်သွားတဲ့အချိန်မှာ
ကချင်ကော်မတီနဲ့ ကျောင်းသားတွေကြားမှာ အဖုအထစ်လေး တွေရှိနေတယ်။
ကျောင်းသားအင်အားက ၂၀၀ လောက်ရောက်နေပြီ။ ကျွန်တော်က အပတ်စဉ်(၅)။ အပတ်စဉ် ၁
နဲ့ ၂ ကို KIA က သင်တန်းပေးတယ်။ အပတ်စဉ် ၃ ကနေစပြီး ကျောင်းသားတွေက
သင်တန်းပေးတယ်။ ကျွန်တော် တို့ရောက်တဲ့အချိန်မှာ သံချောင်းတို့
မျိုးဝင်းတို့ ရောက်နေပြီ။ ကိုထွန်းအောင်ကျော်နဲ့ အောင်နိုင်က ကျွန်တော့်
ထက်တစ်လ လောက်စောတယ်။ မျိုးဝင်တို့ပါတဲ့ ကချင်ကော်မတီကို အပတ်စဉ် ၅ က
ကျောင်းသားငါးယောက် ကဦးဆောင်ပြီး အတိုက်အခံပြုရာကစပြီး ပြဿနာဖြစ်တယ်။
ဘာကြောင့်ဖြစ်တာလဲဆိုတော့ တပ်တွင်းဒီမိုက ရေစီမရှိလို့။
အာဏာရှင်ဆန်ဆန်အုပ်ချုပ်တာကို ကျောင်းသားတွေက မကြိုက်ဘူး။ အဲဒီတော့
ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ကော်မတီဖွဲ့တယ်။ မျိုးဝင်းဆိုတာ
စက်မှုကျောင်းသား။ စတုတ္ထနှစ် Mining က။ မိုးညှင်းမြို့နယ် နမားက။
ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့သူတွေနဲ့ ကော်မတီဖွဲ့မယ်ဆိုပြီး
တပ်ရင်းအသီးသီးကိုလှည့်ပြီး ဆန္ဒမဲကောက်တယ်။ မဲအများဆုံးရတာကတော့
သံချောင်းနဲ့လဆိုင်းပဲ။ မဲအများဆုံးရတဲ့သူတွေကို စဉ်လိုက်တဲ့ အခါမှာ
မျိုးဝင်းပါမလာဘူး။ ပြဿနာက ဘာလဲဆိုတော့ နောက်ရောက်တဲ့လူတွေရဲ့
သဘောထားကြီးမှုပေါ့။ တစ်ချိန်ချိန်ကြရင် ကိုယ့်လည်ပင်းကိုယ်
ကြိုးကွင်းပြန်စွပ်မယ့်အလုပ်မိခဲ့ကြတယ်။ ဘာလုပ်မိလဲဆိုတော့ အရင် ကော်မတီမှာ
တကယ်အလုပ် လုပ်ခဲ့တာက မျိုးဝင်းပဲ။ နောက်ဖွဲ့တဲ့အဖွဲ့မှာ
မျိုးဝင်းပါမလားဘူးဆိုရင် အရင်အဖွဲ့ တွေနဲ့ပြဿနာတက်မှာစိုးလို့ မျိုးဝင်ကို
ပါစေချင်ကြတယ်။ မဲပိုရတဲ့ ဘဂျမ်းဆိုတဲ့သူက ကျွန်တော်က ကော်မတီ
မလုပ်ချင်ဘူး။ စစ်ပဲတိုက်ချင်တာဆိုတော့ မျိုးဝင်းကို ဆွဲတင်လိုက်တာပေါ့။
ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်၊ ဒု- ဥက္ကဋ္ဌ(၁)က သံချောင်း၊ ဒု-ဥက္ကဋ္ဌ(၂)က အရင်
ဥက္ကဋ္ဌဟောင်း ကျော်ကျော်၊ တပ်ရင်း ၄၀၁ က အတွင်းရေမှူး ကို သံလွင်ကို
ထားလိုက်တယ်။ အထွေထွေအတွင်းရေးမှူးက ကိုအောင်နိုင်ကိုခန့်လိုက်တယ်။
တွဲဖက်အတွင်းရေး မှူး(၁)က ကိုလဆိုင်းကိုထားတယ် တွဲဖက်အတွင်းရေးမှူး(၂)ကို
ကိုမျိုးဝင်း။ နောက်ရောက်လာတဲ့သူတွေက နယ်တွေဘာတွေဆင်းပြီး
စည်းရုံးရေးကောင်းတဲ့အခါကျတော့ အဖွဲ့အစည်းက အင်အားကြီးလာတယ်။ အဲဒီမှာ
မျိုးဝင်းက ဒီလူလေးနဲ့တောင် သူပြုတ်ကျခဲ့တာ ဒီ့ထက်အင်အားကြီးလာရင်
သူ့နေရာပျောက်သွားမှာကို ကြောက်တယ်။ ဘယ်လို လူတွေကို ရှင်းရမလဲဆိုတာ
စပြီးစဉ်းစားလာတယ်။ သူ့ရဲ့အကျင့်က အဲဒီအတိုင်းပဲ။ ကချင်ကော်မတီမှာတုန်းကလဲ
သူထက်အင်အားကြီးသူကို ခွဲပစ်တယ်။ ဒီအဖွဲ့မှာ ကိုထွန်းအောင်ကျော်ကို
ဖြိုမှရမယ် ဆိုတာ သူသိတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ ကော်မတီဝင်ဖြစ်ရင်
အားလုံးစစ်သင်တန်းတက်ရ တယ်။ အဲဒီမှာအပတ်စဉ်(၆)တက်နေရင်း တစ်ညနေ
ကျွန်တော်နဲ့အောင်နိုင် ချောင်းဘေးမှာလမ်းလျှောက် နေခိုက် ထွန်းအောင်ကျော်က
ထောက်လှမ်းရေးဆိုပြီး ရဲဘော်တစ်ယောက်ပြောသံကြားလိုက်ရတယ်။ အဲဒီရဲဘော်က
ရဲဘော် အောင်ဘို။ အဲဒီစကားကို ကျွန်တော်တို့နှစ်ယောက်အပြင်
ဇော်ဇော်မင်းဆိုတဲ့ တစ်ယောက်လည်းကြားတယ်။ သူက မျိုးဝင်းရဲ့လူ။ စောစောက
ပြောတဲ့ရဲဘော်က ဘယ်သူလဲ၊ ဘယ်က လဲမေးတော့ သင်တန်းဌာနစားဖို ဆောင်က
ထမင်းချက်၊စားဖိုးမှုးတဲ့။ အဲဒီမှာ ကျွန်တော်က အောင်နိုင် ဒီအတိုင်း
နေလို့တော့ မဖြစ်ဘူး။ အစ်ကိုကြီး(ကိုထွန်းအောင်ကျော်)ကိုတော့
တိုက်ခိုက်နေပြီ။ မဖြစ်တော့ဘူး။ သွားပြော မှ ရမယ်ဆိုပြီး
သင်တန်းမှူးကိုသွားပြောတယ်။ အခုလိုစကားသံတွေထွက်လာတာဟာ အဖွဲ့အစည်းအတွက်
မကောင်းဘူး။ ကိုယ့်လူကိုယ်ထိန်းပါလို့ပြောခဲ့တယ်။ သူ့ကို သိပ်မယုံတာနဲ့
မျိုးဝင်းကို ဆင်းလာခဲ့ ပြောစရာရှိလို့ ဆိုပြီး သူ့မိန်းမကနေတဆင့်
လှမ်းမှာတယ်။ အဲဒီအချိန်မှာ မျိုးဝင်းက နော်ဒါဘန်ရောက်နေတယ်။ ကျွန်တော်က
မျိုးဝင်း ဒီစကားသံတော့ ထွက်လာတယ်။ မင်းလည်းထိန်းပါ။
မဟာမိတ်စနက်များပါသလားမသိဘူးလားလို့ တောင်ပြောမိပါသေးတယ်။ သူက
အဲဒီအချိန်ကတည်းက ကြံနေပြီ။ သူကစခန်းမှာရှိတဲ့လူတွေကို လူစုခွဲနေပြီ။
ဖြစ်ချင်တော့ ABSDF ဗဟိုက တတိယအကြိမ်ညီလာခံခေါ်မယ်။
ကိုယ်စားလှယ်တစ်ယောက်ရှာပါဆိုပြီး ကြေး နန်းဝင်လာတယ်။ အဲဒီမှာ
မျိုးဝင်းနဲ့သံချောင်းက ကိုစိုးလင်းသွားသင့်ပါတယ်ဆိုပြီး ထောက်ခံကြတယ်။
သူတို့က ဒီလိုပြောတဲ့အခါမှာ ကျန်တဲ့ကော်မတီဝင်တွေကလည်း
ကိုစိုးလင်းဆိုရင်သင့်တော်ပါတယ်ဆိုပြီး ၀ိုင်းထောက်ခံ ကြတယ်။ သံချောင်းနဲ့
မျိုးဝင်းက တကယ်တော့ လက်ဝါးချင်းရိုက်ပြီးသား။ သံချောင်းကလည်း
ကျွန်တော့်ကို မျက်စိစပါးမွှေးစူးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့
ရဲ့တပ်မှူးတွေနဲ့ရင်းနှီးလို့။ အပတ်စဉ်(၆)က စပြီး ကျွန်တော်က
သင်တန်းသားတွေကို နိုင်ငံရေးလက်ချာပေးရတယ်။ အပတ်စဉ်(၆)ရှေ့ကဟာတွေက မသင်
ပေးလိုက်ရတဲ့အတွက် ကျွန်တော်က တပ်မှူးတွေရောက်လာရင် ရင်းရင်းနှီးနှီးနေတယ်။
ကျွန်တော့်အယူအဆ က နိုင်ငံရေးအယူအဆကို တပ်မှူးတွေဆီပို့နိုင်ရင်
သူ့လက်အောက်က တပ်သားတွေဆီပျံ့မှာပဲဆိုပြီး တပ်မှူး တွေနဲ့စကားပြောတာ။
သံချောင်းက အဲဒါကိုမကျေနပ်ဘူး။ နိုင်ငံရေးမှူး
တပ်ကိုဘာလို့စည်းရုံးနေတာလဲဆိုပြီး အမြင်ရှိတယ်။ မျိုးဝင်းက
ဗဟိုကော်မတီကိုဖြိုမယ်ဆိုရင် စိုးလင်း မရှိမှဖြစ်မှာဆိုပြီး
သူတို့နှစ်ယောက်တိုင်ပင်ပြီး ဗဟိုကိုပို့တာ။ အဲဒါကို ပြီးခဲ့တဲ့
ဇန်န၀ါရီမှထောင်ကလွတ်လာတဲ့ စောသက်ထွန်းဆီက သိရတာ။ သူက သာယာ ၀တီထောင်မှာ
သံချောင်းနဲ့ ၆ နှစ်လောက်နေလာခဲ့တာ။ မျိုးဝင်းက တစ်ခုခုရှင်းချင်ရင်
ဗဟိုမှာရုံခါပြီးတော့ ရှင်း တဲ့အကျင့်ရှိတယ်။ မေး -
ပါဂျောင်စခန်းမှာ အချင်းချင်းရက်ရက်စက်စက်သတ်ဖြတ်မှုတွေဖြစ်တဲ့အချိန်က အဲဒီစခန်းမှာ ကိုစိုးလင်း ရှိနေသလား။ ဖြေ -
အဲဒီအချိန်က ပါဂျောင်မှာ ကျွန်တော်မရှိဘူး။
ABSDF ဗဟိုက ညီလာခံလုပ်ဖို့ မြောက်ပိုင်းက ကိုယ်စား လှယ်တွေခေါ်လို့ ၁၉၉၀
နှစ်ကုန်လောက်မှာ မာနယ်ပလောကိုသွားရတယ်။ ၉၁ ဧပြီလောက်မှာ မာနယ်ပလော
ကိုရောက်တယ်။ ညီလာခံက ဇွန်မှာကျင်းပမယ်လို့ပြောပေမယ့်
အခြေအနေအကြောင်းကြောင်းကြောင့်မကျင်း ပနိုင်သေးဘူး။ သြဂုတ်လောက်မှာ
ကျင်းပနိုင်လောက်တယ်ပြောလို့ အားနေတဲ့အချိန်မှာ မာနယ်ပလောကစခန်း
တွေရဲ့အခြေအနေကိုလေ့လာဖြစ်တယ်။ မြောက်ပိုင်းကိုပြန်ရောက်ရင်
ဒီစခန်းတွေရဲ့အားသားချက်ကိုပြန်ပြီ အသုံးချရအောင်လို့
စခန်းတွေအားလုံးကိုလှည့်တယ်။ ညီလာခံက သြဂုတ် ၁၁ လားမသိဘူး စဖြစ်တယ်။
နှစ်ပတ်လည်ပြီးတဲ့နောက်မှာပေါ့။ အဲဒီအချိန်က မြောက်ပိုင်းမှာ
ဖမ်းတော့ဖမ်းနေပြီ။ ဗဟိုက မသိရသေးဘူး။ မေး -
မာနယ်ပလောမှာ ညီလာခံတက်ရင်း ထောက်လှမ်းရေးဆိုပြီး ဘယ်လိုအဖမ်းခံလိုက်ရတာလဲ။ ဖြေ -
ညီလာခံ တက်ရင်းတက်ရင်းနဲ့ ကျွန်တော်တို့ကို
အုပ်စုနှစ်စုကအပြိုင်စည်းရုံးကြတာ။ ကိုမိုးသီးရဲ့အုပ်စုနဲ့ ကိုနိုင်အောင်
အုပ်စုပေါ့။ ကိုမိုးသီးဇွန်အုပ်စုမှာ အမာခံဘယ်သူရှိလဲဆိုတော့
အောင်သူငြိမ်း( အခု ဗဟုအဖွဲ့)၊ နောက် အောင်သူ၊ ကိုဌေးအောင်(
အခုကယန်းပြည်သစ်ပါတီမှာ ဗိုလ်မှူးစောလွင်ဆိုပြီးဖြစ်နေတဲ့သူ)။ သူတို့က
မိုးသီး ရဲ့အမာခံတွေ။ သူတို့ကလည်း ကျွန်တော်တို့နဲ့မင်းသမီးစခန်းကလူတွေကို
စည်းရုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစခန်းနှစ်ခုက အင်အားကောင်းတော့
မဲများလို့စည်းရုံးတယ်။ ကိုနိုင်အောင်ဖက်မှာ အမာခံဘယ်သူရှိလဲဆို တော့ အခု
DVB တာဝန်ခံဖြစ်တဲ့ ခင်မောင်ဝင်း၊ ဒေါက်တာသောင်းထွန်း၊ ဒေါက်တာကျော်သက်ဦး။
သူတို့အုပ်စု ကလည်း ကျွန်တော်တို့ကိုစည်းရုံးတယ်။ အဲဒီတော့
ညီလာခံသာတက်နေရတယ် ဘယ်သူမှန်တယ် ဘယ်သူမှား တယ်ဆိုတာမသိရဘူး။
ကိုမိုးသီးကလည်းအပြိုင်တင်တယ်။ နိုင်အောင်ဘာတွေလုပ်တယ်။ နိုင်အောင်က
ပျော့ညံ့တဲ့ကောင်၊ တော်လှန်ရေးမှာ မရှိသင့်ဘူး။ ဘာညာနဲ့ပေါ့။
နိုင်အောင်ကလည်း ကိုမိုးသီးဇွန် မလုပ်သင့် တဲ့အလုပ်ကိုလုပ်တယ်။
တော်လှန်ကော်မတီကို ဥက္ကဋ္ဌအနေနဲ့နောက်ကပါတယ် ဆိုပြီး အပြန်အလှန်စွပ်စွဲကြ တာ။
အပြိုင်တိုက်ကြတာပေါ့။ ကိုနိုင်အောင်ဖက်က တိုက်တာရှိသေးတယ်။
ကိုမိုးသီးဇွန်တို့က ကွန်မြူနစ်တွေ။ ကျောင်းသာတွေထဲမှာ ကွန်မြူနစ်တွေကို
လက်မခံနိုင်ဘူးဆိုပြီးပေါ့။ မင်းသမီးစခန်းကလူတွေရော ကျွန်တော်တို့ ရောက
ကြားနေတွေ။ အဲဒီလိုတိုက်နေရင်းနဲ့ မြောက်ပိုင်းကြေးနန်းက KNU ကိုဝင်တယ်။
KNU ကလည်း လက်ရှိ ဥက္ကဋ္ဌက ကိုမိုးသီးဇွန်ဆိုတော့ သူ့ဆီသွားပေးလိုက်တယ်။
အမှန်က ညီလာခံလုပ်တဲ့အချိန်မှာ ကော်မတီ ဟောင်းက မရှိတော့ဘူး။
ညီလာခံကျင်းပတဲ့နေ့မှာတာဝန်ကျတဲ့ သဘာပတိကအမြင့်ဆုံးပဲ။ ဒါပေမယ့်လည်း
သူတို့ကကိုမိုးသီးဇွန်ကိုပဲသွားပေးတယ်။ အဲဒီမှာ ကိုမိုးသီးဇွန်က
ကြေးနန်းကိုကိုင်းထားလိုက်တယ်။ ဖြစ်ချင် တော့ အဲဒီအချိန်က
ကိုမိုးသီးနဲ့နိုင်အောင်တို့ အားပြိုင်မှုမှာ အောင်နိုင်ဖက်က
နည်းနည်းအားသာနေတယ်။ သာတယ်ဆိုတာ တော်လှန်ကော်မတီကိစ္စပေါ့။
အဲဒီကော်မတီအကြောင်းတော့ ကျွန်တော်လည်းမသိဘူး။ အဲဒီတော့ ကိုမိုးသီးဇွန်က
ထွက်ပေါက်ရှာနေပြီ။ ရိုးရိုးသားသားထွက်ပေါက်မရှာဘဲနဲ့
မြောက်ပိုင်းကြေးနန်းကို ကိုင်ပြီးထွက်ပေါက်ရှာတယ်။ မြောက်ပိုင်းမှာ
ထောက်လှမ်းရေးတွေ လူတစ်ရာကျော်ဖမ်းမိနေပြီ။ မြောက်ပိုင်း
မှာထောက်လှမ်းရေးတွေရောက်နေသလို ဒီညီလာခံထဲမှာလည်း ထောက်လှမ်းရေးတွေ
ဘယ်နှစ်ယောက် ရောက်နေသလဲ ကျွန်တော်မသိဘူး။ ဒီထောက်လှမ်းရေးတွေက
ကျွန်တော့်ကို တိုက်နေကြတာလို့ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကထပြီး
ကိုမိုးသီး စကားကိုအရမ်းမပြောနဲ့။ ကျွန်တော် မြောက်ပိုင်းကလာတဲ့ရဲဘော်။
မြောက်ပိုင်းအကြောင်းကို ကျွန်တော်ခင်ဗျားထက်ပိုသိတယ်။
မြောက်ပိုင်းကိစ္စတစ်ခုခုမှားနေပြီ။ ဒါမျိုးမဖောက်ခွဲ ပါနဲ့။ ခင်ဗျားကို
ပုဂ္ဂိုလ်ရေးလေးစားတယ်။ ဒါမျိုးနိုင်ငံရေးဖောက်ခွဲတာကိုတော့ မကြိုက်ဘူး။
အဲဒီမှာမြောက်ပိုင်း ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ကိုလှဋ္ဌေး
ကျွန်တော့်ကိုဆွဲထိုင်ခိုင်းတယ်။ သူက မြောက်ပိုင်းကိစ္စကိုဒီညီလာ
ခံမှာမရှင်းပါနဲ့။
ခင်ဗျားတို့နှစ်ယောက်ရဲ့ပြဿနာကိုပဲအရင်ရှင်းပါလို့ပြောတယ်။
ညီလာခံသာပြီးသွားတယ် တစ်လျှောက်လုံးမြောက်ပိုင်းကိစ္စကို
မဆွေးနွေးလိုက်ရဘူး။ မိုးသီး-နိုင်အောင် အုပ်စုနှစ်စုကပြိုင်ရင်းကွဲတော့
မလိုဖြစ်လာတယ်။ အဲဒီမှာ မဟာမိတ်ဖြစ်တဲ့ KNU က မင်းတို့
စစ်ရေးလည်းအခြေအနေမကောင်းဘူး။ ပေါင်း ခိုင်းလို့ရမယ်ထင်ပြီး
မာနယ်ပလောမှာလာပြီးလုပ်လှဲ့ဆိုပြီးခေါ်လိုက်တယ်။ အမှန်ကတော့ KNU က အဖွဲ့မကွဲ
စေချင်လို့ခေါ်လိုက်တာ။ ဗိုလ်ချုပ်မြကိုယ်တိုင်လာပြီး မကွဲကြဖို့ပြောတယ်။
ကျောင်းသားတွေမကွဲကြပါနဲ့။ ရအောင်ညှိကြပါ။
သမိုင်းမှာကျောင်းသားကွဲတယ်ဆိုရင် ငါတို့လည်းမကောင်းဘူး
ရအောင်ညှိဆိုပြီးပြန်သွား တယ်။ ညှိကြတယ်။ ညှိရင်းညှိရင်းမရတော့ဘူး။
နောက်ဆုံး KNU ကရာဇသံပေးတယ်။ ကွဲမယ်ဆိုရင် သူတို့ စခန်းမှာအကွဲမခံနိုင်ဘူး
ပြန်ကြတော့ဆိုပြီး မောင်းချတယ်။ အရင်ကတော့ တစ်စုတစ်စည်းထဲပြန်ကြတာပေါ့။
အခုပြန်ရွှေ့တဲ့အခါမှာ နှစ်စုကွဲသွားတယ်။ ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့က
အောင်သူငြိမ်းတို့တပ်ရင်း ၂၁၂ မှာ နေလိုက်တယ်။ ပြီးတော့
တတိယညီလာခံကိုဆက်လုပ်တယ်။ ညီလာခံက ကော်မတီတစ်ခုဖွဲ့လိုက်တယ်။ အဲဒီ
ကော်မတီမှာ မိုးသီးဇွန်က ဥက္ကဋ္ဌ။ အောင်သူငြိမ်းက ဒုဥက္ကဋ္ဌလား
အထွေထွေအတွင်းရေးမှူးလား မမှတ်မိတော့ ဘူး။ ကော်မတီဝင်တွေက အရင် AB
ပထမစဖွဲ့တော့ အထွေထွေအတွင်းရေးမှူးလုပ်တဲ့ သန်းဝင်းတို့ ဌေးနိုင်
တို့ပါသွားတယ်။ မြောက်ပိုင်းရော မင်းသမီးစခန်းကလူတွေရော
ကိုနိုင်အောင်တို့နဲ့ သံလွင်စခန်းကို လိုက်ပြီး တော့ ညီလာခံတစ်ခုလုပ်တယ်။
လူများတာကတော့ ကိုနိုင်အောင်တို့သံလွင်စခန်းကများတယ်။ အဲဒီကနေ ဗဟို
ကော်မတီတစ်ခုဖွဲ့လိုက်တယ်။ ဥက္ကဋ္ဌက ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌက
ကျော်ကျော်(ကျော်ကျော်ဆိုတာ ဆယ်ပြား ကျော်ကျော်)၊ အထွေထွေအတွင်းရေးမှူးက
မင်းသမီးစခန်းက မျိုးဝင်း။ နှစ်ခြမ်းကွဲပြီးသွားတဲ့အချိန်မှာတော့
မြောက်ပိုင်းသည် ကိုနိုင်အောင်ရဲ့လက်အောက်ကိုရောက်သွားပြီ။
ကျွန်တော်နဲ့ကိုလှဌေးကပြန်ဖို့ရက်ကိုစောင့် နေတာ။ ဒါပေမယ့်အဲဒီအချိန်မှာ
ကိုနိုင်အောင်ဆီကို မြောက်ပိုင်းကကြေးနန်းရောက်နေပြီ။ ကျွန်တော်ကမသိ
သေးဘူး။ ညီလာခံပြီးလို့ ငါးရက်မြောက်နေ့မှာ သိရတာ။ သံလွင်စခန်းက
သူငယ်ချင်းများတယ်။ ဥက္ကဋ္ဌ ကလည်းကျောင်းနေဖက်သူငယ်ချင်းပဲ။
အောက်တိုဘာလကုန်ပိုင်းမှာပဲ ဘုရားကန်တော့ပြီး အခန်းကိုအပြန်မှာ ပဲ
သေနတ်တွေနဲ့ဝိုင်းလာပြီး ကိုစိုးလင်း
ခင်ဗျားကိုကျွန်တော်တို့ဖမ်းတယ်ဆိုပြီးဖမ်းလိုက်တယ်။ ဘယ်လိုဖြစ်တာ
လဲဆိုပြီး ကျွန်တော်ကမေးတဲ့အခါ ကျော်ကျော်(အပု)က ကျွန်တော့်လက်မောင်းက AB
တံဆပ်ကိုဆွဲခွာပြီး မင်းနဲ့ဒီတံဆိပ်နဲ့မတန်ဘူးလို့ပြောတယ်။
ချုပ်မယ့်နေရာကို လက်ထိပ်ခတ် ဇွတ်ဆွဲလာရင်း နောက်ကနေ ကိုနိုင်အောင်
ရောက်လာတယ်။ ကျွန်တော်က ကိုနိုင်အောင် အစ်ကိုကြီး
ဘယ်လိုဖြစ်တာလဲ။ကျွန်တော့်ကို ဖမ်းပြီလို့ မေးတော့ သူက
လက်ထဲကကြေးနန်းစားရွက်ကိုထုတ်ပြပြီး မင်းဖတ်ကြည့်လို့ပြောတယ်။ ကြေးနန်း
ထဲမှာ စစ်ဆေးတွေရှိချက်များအရ ကိုစိုးလင်းမှာ န၀တသူလျှိုဖြစ်ပါသဖြင့်
လိုအပ်သလိုဆက်လက်အရေးယူ ဆောင်ရွက်ပါရန် အောက်က အောင်နိုင်ဆိုပြီးပါတယ်။
အဲဒီမှာ ကျွန်တော်က ဥက္ကဋ္ဌ ကျွန်တော်တို့အဖွဲ့မှားတော့ မယ်။
ခင်ဗျားမှာတာဝန်အရှိဆုံးလို့ ကျွန်တော်ကပြောတယ်။ ဥက္ကဋ္ဌ
ခင်ဗျားအသေအချာဖြေရှင်းပါ။ သမိုင်းမှာ
လည်းသင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်လို့ပြောတော့ သူက စိတ်ချညီလေး
မင်းကိစ္စအမှန်အတိုင်း ဖြစ်စေရမယ်။ ကို မြောက်ပိုင်းကိုသွားမယ်။ မင်းကိစ္စကို
တရာမျှတအောင်ရှင်းပေးမယ်။ အဲဒီလိုပြောပြီး သူ့ကိုမ တွေ့ရတော့တာ။
အဲဒီနောက်မှာ ကျွန်တော့်ကို အကျယ်ချုပ်နဲ့ထားတယ်။
မာနယ်ပလောကျတဲ့အချိန်မှာတောင် ထိုင်းဖက်ကမ်းမှာ အကျယ်ချုပ်နဲ့ထားတယ်။
အကျယ်ချုပ်နဲ့နေရချိန်မှာ ကျွန်တော့ကိုထားတဲ့အခန်းအောက်မှာ ABSDF
ဗဟိုရုံးရှိတယ်။ တစ်ရက်က ဗဟိုရုံးကဖွင့်ထားတဲ့ ရေဒီယိုမှာ ဘီဘီစီနဲ့ ABSDF
အတွင်းရေးမှူး ကိုအောင်ထူးတို့ အင်တာဗျူးလာနေတယ်။ ဘီဘီစီက မြောက်ပိုင်းမှာ
သတ်တာဖြတ်တာတွေကို ဗဟိုက ဘယ်လိုသဘောထားလဲမေးတော့
သူကတာဝန်ယူတယ်လို့ပြောတာကြားလိုက်ရတော့ မြောက်ပိုင်းမှာတော့
တစ်ခုခုဖြစ်နေပြီလို့သိလိုက်ရတယ်။ ကိုထွန်းအောင်ကျော် ပါ မပါတော့ မသိဘူး ၁၅
ယောက်အသတ်ခံရ တယ်ဆိုတာလောက်တော့ သိလိုက်ရပြီ။ သင်္ကြန်အပြီးမှာ
ထိုင်းဖက်ကမ်းမှာရှိတဲ့စခန်းကို ညဖက်ကြီးလှေနဲ့ ပြောင်းတယ်။ လှေပေါ်မှာ
မင်းလိမ်ဖို့မကြိုးစားနဲ့။ ဥက္ကဋ္ဌလည်းမြောက်ပိုင်းကပြန်ရောက်နေပြီ။
ငါတို့အကုန်သိ ပြီးသားဆိုပြီး ခြိမ်းခြောက်တဲ့စကားစပြောတယ်။
ထိုင်းဖက်ကမ်းမှာ ခွေးအိမ်လေးမှာထားတယ်။ အဲဒီနောက် စစ် ကြောရေးစတာပဲ။
တာဝန်ယူတာက ကိုလှဋ္ဌေး။ ပထမ နှစ်ရက် သုံးရက်လောက်ကတော့ ရိုးရိုးမေးနေတာ။
ကျွန်တော်က မဟုတ်ဘူးလို့ အေးအေးဆေးဆေးရှင်းပြပါတယ်။ အဲဒီကနေသူတို့က
မင်းတို့ထောက်လှမ်းရေး တွေက အသားမနာရင်မရဘူးဆိုပြီး စလာတယ်။ မရိုက်ပါနဲ့။
ကျွန်တော်က အနာမခံနိုင်ဘူး။ အသားနာလာရင် လိမ်ပြောမိလိမ့်မယ်။
ငိုယိုပြီးတောင်းပန်တာကို မရဘူး။ ရိုက်တာပဲ။ ရိုက်ရင်း
ရိုက်ရင်းနဲ့ မင်းက well train ပဲ။ မင်းလိုပေါက်စမပြောနဲ့
ထွန်းအောင်ကျော်လို ဆင်ကြီးကိုတောင် ဖြိုလာတာဆိုတဲ့အသံတွေလည်းကြားလာရ တယ်။
ရိုက်ပြီးရင် ခွေးအိမ်လေးထဲကိုပြန်ထည့်။ ထမင်းကလည်း
ကျွေးတစ်ရက်မကျွေးတစ်ရက်နဲ့ စိတ်ဓာတ် စစ်ဆင်ရေးလုပ်တယ်။
ထုတ်ပြီးပြန်ရိုက်နဲ့ ရက်တွေဆက်လာတဲ့အခါကျတော့ စဉ်းစားမိတယ်။ ဟိုလူတွေလည်း
အသတ်ခံလိုက်ရပြီ။ ငါလည်း ဒီအတိုင်းအသတ်ခံရမလား။ ၀န်ခံလိုက်ရင် လောလောဆယ်
သက်သာမယ်။ လွတ်လမ်းမြင်ရင်မြင်လာနိုင်တယ်ဆိုပြီး စဉ်းစားမိတယ်။
အဲဒီလိုနဲ့သူတို့ဆီကို ခွင့်တောင်းတယ်။ နှစ်ရက် လောက်အချိန်ပေးပါ။
စဉ်းစားပါဦးမယ်လို့ပြောပြီး ဘယ်လိုပြောရင်ရမလဲဆိုပြီး စဉ်းစားတယ်။
ရိုးရိုးထောက် လှမ်းရေးးပါလို့ပြောရင် သူတို့ကလက်တံရှည်လို့
လိမ်တာနေမှာစိုးလို့ အထူးထောက်လှမ်းရေးဆိုပြီးပြောရ တယ်။ သူတို့က
အဲဒါကိုလက်ခံတယ်။ ဒါပေမယ့် ဘာသွားဖြစ်လဲဆိုတော့ မြောက်ပိုင်းနဲ့ဆက်စပ်တာကို
ဘာမှ မပြောနိုင်ဘူး။ ရိုက်လေ မပြောနိုင်လေ။ အဲဒီမှာဘာဖြစ်လဲဆိုတော့
မြောက်ပိုင်းက ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့
နန်းအောင်ထွေးကြည်တို့ ၀န်ခံတာကိုရိုက်ထားတဲ့ ဗွီဒီယိုကို
အသံအကျယ်ကြီးနဲ့ဖွင့်ပြတယ်။ တမင်ဖွင့်ပြတာလားတော့ မသိဘူး။
သူတို့ပြောတဲ့အတိုင်းပဲလိုက်ပြောတာပေါ့။ သူတို့ကနောက်တစ်ခုထပ်
ပြောခိုင်းပြန်တယ်။ မင်းဒီကိုလာတာ ဘယ်သူ့အချိတ်အဆက်နဲ့လာတာလဲ လုပ်ပြန်တယ်။
အပြင်လူတွေ လျှောက်ပြောတာ လက်မခံဘဲ အတွင်းကလူကိုဖော်ခိုင်းတယ်။ အဲဒီမှာ
ဆရာနေ၀င်းအောင် ဖမ်းထားပြီး ပြီ လား မဖမ်းရသေးဘူးလား မသိဘူး။ နောက်မှပဲ
ဆရာ့ကိုတောင်းပန်တော့မယ် ဆိုပြီး ဆရာ့နာမည်ကိုပြော လိုက်ရတယ်။ တစ်ရက်တော့
ဆရာ့ကို ရိုက်နှက်ပြီးစစ်နေတာကို ကျွန်တော့်ခွေးအိမ်လေးထဲက မြင်လိုက်ရ တယ်။
နောက်ဆုံး ဆရာရော ကျွန်တော်ရော ၀န်ခံတဲ့အခံကျတော့လည်း
သူတို့ကတစ်ဆင့်တက်ပြီး မိုးသီးဇွန် ကထောက်လှမ်းရေးလား လုပ်ပြန်တယ်။
နှစ်ယောက်စလုံးက မဟုတ်ဘူးလို့ဆိုတဲ့အခါ မိုးသီးဇွန်ထဲမှာ
မင်းတို့လူဘယ်သူရှိလဲလို့ မေးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးကပဲ
ကိုဌေးနိုင်ကိုသွားထွက်မိတယ်။ အဲဒီမှာ ကျွန်တော်စဉ်းမိတာ
ဆရာနေ၀င်းအောင်ကိုပြောတော့ ဆရာ့ကိုဖမ်းတယ်၊ ကိုဌေးနိုင်ကိုပြောတော့
ကိုဌေးနိုင် ကိုဖမ်းတယ်။ ဒီအတိုင်းဆို လူတွေအများကြီး ဒုက္ခရောက်ရတော့မှာပဲ။
မင်းတို့ဖမ်းချင်ရင်ဖမ်းကွာဆိုပြီး သံလွင်
စခန်းမှာတွေ့တဲ့လူတွေအကုန်လုံးရဲ့ နာမည်တွေလျှောက်ပြောတာ။ အဲဒီနည်းကမှန်လား
မမှန်လားတော့ မသိ ဘူး။ လူတွေတော့ မဖမ်းတော့ဘူး။ မေး -
ဒီလိုမျိုး သံလွင်စခန်းမှာ ရိုက်နှက်စစ်ဆေးတာတွေလုပ်ဖို့ ဘယ်သူက စီစဉ်တာလဲ။ ဖြေ -
ဒီလိုမျိုးစစ်ကြောရေးစခန်းဖွင့်ပြီး
ကျောင်းသားအချင်းချင်းရိုက်နှက်စစ်ဆေးဖို့ ကိုနိုင်အောင် အမိန့်ပေး တာ။
သူအမိန့်ပေးလို့ ဒီလိုလုပ်ရဲတာ။ စစ်ကော်မတီဥက္ကဋ္ဌကလည်း သူပဲ။ သူအမိန့်ပေးတာ။
နိုင်ငံခြားသူတစ် ယောက်ရှေ့မှာဖြောင့်ချက်ပေးတာ “မဟုတ်ဘူး”
တစ်ခွန်းထွက်မိလို့ တစ်ညလုံးအရိုက်ခံရတာ သူ့ရှေ့မှာပဲ။ သူ
လက်ဖျောက်တီးခေါ်ပြီး အရိုက်ခိုင်းတာ။ ညှင်းဆဲမှုတွေအကုန်လုံး
ကိုနိုင်အောင်ရဲ့အမိန့်နဲ့လာတာဆိုတာ သေချာတယ်။ မြောက်ပိုင်းကိစ္စမှာ
ကိုနိုင်အောင်ပတ်သက်မှုရှိလား မရှိလားဆိုတာကတော့ အဲဒီအချိန်က
မြောက်ပိုင်းမှာ ရှိမနေတဲ့အတွက် မပြောနိုင်ဘူး။
မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီက မတ်လ ၁ ရက်နေ့မှာ စာထုတ်တယ်။
အဲဒီစာမှာ နိုင်ငံရေးအရ တာဝန်ခံတယ်လို့ပြောတယ်။ မြောက်ပိုင်းကထောက်လှမ်း
ရေးဆိုပြီးဘယ်လိုဖော်ထုတ်တယ်ဆိုတဲ့ အစီရင်ခံစာကိုအခြေတယ်ပြီးရေးထားတာ။
သာမန်တာဝန်ခံတာ မဟုတ်ဘူး။ နှစ်နှစ်ကာကာကို တာဝန်ခံပြီးထုတ်ထားတာ။
ဗဟိုကော်မတီတစ်ခုလုံး တာဝန်ခံပြီးထုတ်ထားတာ။ အတွင်းရေးမှူး(၁)အောင်ထူး(အခု
ရှေ့နေများကောင်စီ)ဆိုပြီး လက်မှတ်ထိုးထုတ်ထားတာ။ နောက်တစ်ခါ မေလ ၃၁
၇က်နေ့မှာ ကိုနိုင်အောင်ကိုယ်တိုင် စာတစ်စောင်ထုတ်တယ်။ အဲဒီမှာလည်း
မြောက်ပိုင်းကိစ္စတွေကို ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လက်ခံတယ်ဆိုတဲ့သဘောမျိုးနဲ့
စာထုတ်တာ။ စာတွေဖတ်ကြည့်ရင်ပေါ်ပါတယ်။ ပြောမယ်ဆိုရင် မြောက်ပိုင်းကနေ
မာနယ်ပလောကိုလာတာ လေးလကြတယ်။ လမ်းလျှောက်လာရတယ်။ စက်နဲ့ဆက်သွယ်တာကလည်း KIA
ကတစ်ဆင့်ဆက်သွယ်ရတာဖြစ်လို့ အရမ်းခက်ခဲတယ်။ ကျွန်တော့်ကိုဖမ်းထာက
အောက်တိုဘာလကုန် ၉၁ ခုနှစ်။ မြောက်ပိုင်းမှာ ခေါင်းဖြတ်သတ်တာ ၉၂ ဖေဖေါ်ဝါရီ။
အဲဒီကြားထဲ မှာသုံးလလောက်ကွာတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ
ခေါင်းဖြတ်သတ်တယ်။ ၉၂ က ရက်ထပ်နှစ်ဆိုတော့ ဖေဖေါ်ဝါရီလက ၂၉ ရက်ရှိတယ်။
သူတို့စာထုတ်တာက မတ်လ ၁ ရက်။ ပြောချင်တာက ၁၇ ရက်လောက်အ တွင်းမှာ စာထုတ်တယ်။
၁၇ ရက်အတွင်းမှာ သေသေချာချာမလေ့လာဘဲ မြောက်ပိုင်းကိစ္စကို ဗဟိုကစာထုတ် တာဟာ
မင်းသမီးစခန်းလိုပဲ
အားကြီးတဲ့မြောက်ပိုင်းရဲ့အင်အားကိုလိုချင်လို့လုပ်တဲ့သဘောပဲ။
ကိုသောင်းထွန်း ကလွဲပြီး လက်မှတ်ထိုးခဲ့တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်။
မြောက်ပိုင်းကိစ္စမှာ ထောက်လှမ်းရေးကိုဖော် ထုတ်နိုင်တယ်ဆိုတဲ့အတွက်
နိုင်အောင်ဟာ ပြင်ပမှာနိုင်ငံရေးတော်တော်တက်သွားတယ်။ မိုးသီးဇွန်ကလုံးဝ
မြောင်းထဲကိုပြုတ်ကျသွားတယ်။ အဲဒီအရှိန်နဲ့ပဲ လက်ရှိမှာ သူလုပ်နေတဲ့
ပြည်တွင်းမှာထောက်ပံ့ရေးအဆက်အ သွယ်တွေဆိုတာ အဲဒီအရှိန်နဲ့ရခဲ့တဲ့
နိုင်ငံရေး figure နဲ့ ရသွားတဲ့အနေအထား။ မေး -
စစ်ကြောရေးစခန်းက ဘယ်အချိန်မှာ လွတ်မြောက်ခဲ့သလဲ။ ဖြေ -
ဖမ်းဆီးစစ်ဆေးပြီး ကျွန်တော်ကိုထောင်
ဆယ်နှစ်ချလိုက်တယ်။သူရဲ့စာတွေမှာ လူ့အခွင့်အရေးတွေ ဘာတွေပြောထားပေမယ့်
ဘာလူ့အခွင်အရေးမှ မပေးဘူး။ ဘာမှထောင်ဝင်စာတွေဘာတွေ ဘာမှတွေ့ခွင့် မရဘူး။
ဆရာနေ၀င်းအောင်ကတော့ သူ့အမျိုးသမီးနဲ့ နှစ်လတစ်ခါလောက်တွေ့ခွင့်ရတယ်။
အဲဒီမှာလည်း ပေးတဲ့ပစ္စည်းတွေကို ဖြတ်စားလတ်စားလည်း လုပ်သေးတယ်။
ကျွန်တော်တို့ကြားဖူးတဲ့ထောင်တွေထက် တောင်ဆိုးသေးတယ်။
မာနယ်ပလောကျပြီးသွားတော့ ဒေါင်းဝင်ကိုပြောင်းရတယ်။ ဒေါင်းဝင်ကမှတစ်ဆင့်
ကရင်နီကိုပြောင်းရတယ်။ ကရင်နီကိုပြောင်းတဲ့အခါမှာဖြစ်ချင်တော့
အချုပ်ခန်းကို ကိုယ်တိုင်ဆောက်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အဖွဲ့က
လေးယောက်ဖြစ်သွားပြီ။ ဆရာနေ၀င်းအောင်၊ မြင့်ဦး၊ ကိုထင်ကျော်နဲ့ ကျွန်တော်။
သူတို့သုံးယောက်က ဘယ်လိုတွေလဲဆိုတော့ စခန်းတစ်ခုပြောရင်ခေါ်မသွားဘူး။
သတ်ပြီးထားခဲ့ တယ်ဆိုတာကိုသိတော့ ပြေးဖို့လုပ်နေကြတာ။ ကျွန်တော့ကို
ကြိုပြီး အသိမပေးဘူး။ ဘာလို့လဲဆိုတော့ ကျွန် တော်က အဖွဲ့အစည်းအပေါ်မှာ
စိတ်မနာနိုင်သေးလို့ဆိုပြီး သူတို့က အသိမပေးဘူး။ ပြေးမယ့်အချိန်မှ အသိပေး
တယ်။ အဲဒီအချိန်မှာ ကိုယ်ထင်ကျော်က အစောင့်တွေကိုသတ်ပြီးမှသွားမယ်ဆိုလို့
ကျွန်တော်တို့ကတားခဲ့ရ သေးတယ်။ မြန်မာပြည်ဖက်ပြန်ရင်
ကရင်နီနဲ့အစိုးရတပ်တွေတိုက်ပွဲဖြစ်နေလို့ ဘယ်သူကိုမှယုံမရလို့ ထိုင်း
ဖက်ကိုထွက်ပြေးရတယ်။ ထိုင်းမှာပြေးရင်းလွှားရင်း နောက်ဆုံး
လူဝင်မှုကြီးကြပ်ရေးကအဖမ်းခံရပြီး မြန်မာ ပြည်ပြန်ရောက်လာခဲ့တယ်။ မေး -
ဘာဖြစ်လို့ မြောက်ပိုင်းကိစ္စတွေက နှစ် ၂၀ ကျော်လာမှ အစပေါ်လာတာလဲ။ ဖြေ -
ပြည်တွင်းကိုပြန်ရောက်လာတဲ့အခါမှာ
ကိုယ့်ဘ၀ကိုယ် အတော်ပြန်တည်ဆောက်ယူရတယ်။ ဖြစ်ပျက် ခဲ့တဲ့အဖြစ်တွေကြောင့်
အဖွဲ့အစည်းဂုဏ်သိက္ခာထိခိုက်မှာလည်းစိုးတယ်။ ဒီကိစ္စတွေအခုလိုပြန်ပေါ်လာတာက
တော့ ကိုထိန်လင်းကြောင့်ဖြစ်ပါတယ်။ ကိုထိန်လင်းရဲ့ သန်းကြီးမတို့
လူကက်ဆက်လို့ထွက်လာပြီး အောင်မိုးဝင်းရဲ့
မြောက်ပိုင်းဒေသမှအရိုးတွန်သံများထွက်လာတယ်။ ပြည်တွင်းမှာတော့
ဒီလိုပေါ်ပေါ်ထင်ထင် ဖြစ်လာတာကတော့ ကိုညီညီကျော်ကစတာပါ။ ပြောရရင်တော့ Social
Media တွေ အားကောင်းတဲ့အချိန် လည်းဖြစ်လို့ပါ။ ပြည်ပမှာရောက်နေတဲ့ကလေးတွေက
ဒီကိစ္စကိုအစဖော်ဖို့ကြိုးစားတိုင်း နှုတ်ပိတ်ခံရမယ်ဆို ပြီး
ခြိမ်းခြောက်ခံရတာတွေလည်းရှိတယ်။ဒါကြောင့်ပါ။ မေး -
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ကိုနိုင်အောင်က
မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်ရှင်းခဲ့တယ်။ အဲဒီရှင်းလင်းချက်ကို
ဘယ်လိုသဘောပေါက်ပါသလဲ။ ဖြေ -
အဲဒီစာထဲမှာ ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင်တို့က
တပ်ဖွဲ့ဝင်တွေ ဒုက္ခရောက်အောင်လျှောက်ပြောတယ် လို့ရေးထားတယ်။
သူတို့ပြောတဲ့လူတွေထဲမှာ လက်ရှိနိုင်ငံရေးနယ်ပယ်ထဲမှာ တက်ကြွစွာ
ဦးဆောင်လှုပ်ရှားတဲ့ သူတွေပါနေတယ်တဲ့။ အဲဒီအတွက်ကြောင့်
ထုတ်ဖော်ရန်မသင့်ဆိုပြီး သူရေးတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး ၂၆ ရက်မှာ
ကျွန်တော့ facebook မှာပြန်ရေးတယ်။ ရဲရဲသာဖွင့်ချလိုက်ပါ
ကိုနိုင်အောင်ဆိုပြီး။ အဲဒီစာမှာ ကျွန်တော် တို့က
တပ်ဖွဲ့ဝင်တွေဒုက္ခရောက်အောင်လုပ်တယ်၊
တစ်ခြားနာမည်တွေထည့်လို့မကောင်းဘူးလို့သာပြောထား ပြီး
ကျွန်တော်တို့ကိုရိုက်နှက်စစ်ဆေးတာ တစ်လုံးမှထည့်မထားဘူး။ ကျွန်တော်တို့
ရိုက်နှက်စစ်ဆေးလို့သာ ထွက်ရတာ။ ကနေ့အထိ သူ့စာကိုတောင်းပန်စာလို့မယူဆဘူး။
သူ့ရဲ့အနာဂတ်နိုင်ငံရေးမှာ သူ့ရဲ့ပုံရိပ်ကို မထိခိုက်အောင်
တခြားလူတွေကိုဆက်နင်းသွားတယ်လို့ပဲယူဆတယ်။ မေး -
ဘာဖြစ်လို့ ဒီလိုယူဆနိုင်တာလဲ။ ဖြေ -
ကျွန်တော်ယူဆတဲ့ ယူဆချက်မှန် မှန်
ဒီနေ့အခြေအနေတွေက သက်သေပြနေတာပဲလေ။ ကိုနိုင်အောင် ပြန်လာတော့မယ်ဆိုတဲ့
သတင်းတွေ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစပြီးကြားလာရတယ်။ ကြားခါစက လုံးဝမယုံ ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုနိုင်အောင်ဟာ သူဖြေရှင်းစရာကိစ္စတွေကို
လုံးဝမဖြေရှင်းရသေးဘူး။ ရှောင်နေ သေးတယ်။ ယောက်ျားပီသပါ ဆိုပြီး
ကျွန်တော်ရေးခဲ့တယ်။ ဒီနေ့အချိန်ထိ ဘာမှမလုပ်သေးဘူး။ ကျွန်တော်က
ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတော့ ဒါတွေမဖြေရှင်းသေးဘဲ
မလာလောက်သေးဘူးတွက်ထားတာ။ နောက်တစ်ခုက ABSDF ကနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့
အမှန်တရားဖော်ထုတ်ရေးကော်မတီဆိုပြီးဖွဲ့တယ်။ အဲဒီကော်မတီရဲ့စာ ထဲမှာလည်း
၂၀၁၃ ခုနှစ် မေလမှ အစီရင်ခံစာထွက်မှာ။ အဲဒီအစီရင်ခံစာမထွက်သေးခင်တော့
လာမှာမဟုတ် ဘူးလို့ယုံထားတာ။ အခု အဲဒီလိုမဟုတ်ဘူး။ နောက်ဆုံးပြီးခဲ့တဲ့
တစ်ရက်နှစ်ရက်ကဆိုရင် ကိုနိုင်အောင် ဒီနေ့ပဲ မဲဆောက်ကနေ
ဘန်ကောက်ကိုတက်သွားပြီ။ ကိုနိုင်အောင်တို့ မဲဆောက်ကရုံးကို
နိုင်ငံခြားကအထောက်အပံ့မ ပေးတော့ဘူး။ ပြည်တွင်းကိုပဲဝင်ဖို့
နိုင်ငံခြားကဖိအားပေးနေပြီ။ အထောက်အပံ့ကို Indirect မပေးတော့ဘူး။ Direct
ပဲပေးတော့မယ်။ ရအောင်ပြောင်း။ ဘန်ကောက်ကရုံးကိုလည်း
ဒီသြဂုတ်လကုန်ရင်ဖြုတ်မယ်။ သူ့ရုံခန်း ပိတ်တယ်လို့ ဖုန်းဆက်ပြောကြတယ်။
တစ်ချို့လည်းပြန်ဖို့ပြင်ကြပြီ။ သူ့အိမ်မှာလည်း ပြန်ဖို့ ငါးယောက်လောက်
ရောက်နေပြီ။ သူလည်း တစ်ချို့ပိုင်ဆိုင်မှုတွေပြည်တွင်းကို ပြောင်းနေပြီ။
ဒါမျိုးတွေကြားနေရတယ်။ အဲဒီလိုကြား နေရတဲ့အချိန်မှာ ကိုနိုင်အောင် သြဂုတ်လ
၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ TG ဘယ်လောက်နဲ့ ရောက်မယ်ဆိုတာကြားတော့
လုံးဝမယုံလို့မရတော့ဘူး။ လက်ခံလိုက်ရတယ်။ အဲဒီတော့ ဒီလူဟာ သူနဲ့ပတ်
သက်တာတွေ ရှင်းစရာရှိတတာတွေမရှင်းဘဲပြန်လာရင်
မြောက်ပိုင်းကျောင်းသားအများစုနဲ့ထိပ်တိုက်တွေ့မှာ။ နောက်
မြောက်ပိုင်းကိစ္စကိုစာနာ နားလည်တဲ့ပြည်သူတွေနဲ့တွေ့မှာ။ ဒါကနောက်တစ်ချက်။
ဒါတွေကို သူဂရုမ စိုက်ဘူးလား။ နောက်သူနဲ့ ညှိနှိုင်းခဲ့တဲ့
အစိုးရ၀န်ကြီးတွေ။ အစိုးရ၀န်ကြီးတွေကလည်း ဒီမြောက်ပိုင်းကိစ္စတွေ ကိုသိတယ်။
သိရက်သားနဲ့ နိုင်အောင်တောင်းပန်ဝန်ချမှုမလုပ်ဘဲနဲ့ လက်ခံပြီဆိုရင်
ဘာလုပ်ကြမလဲ။ သေချာ တယ် ကိုနိုင်အောင်မှာ အကြံအစည်တစ်ခုခုတော့ ရှိနေပြီ။
လက်ဝါးချင်းရိုက်ထားကြပြီးပြီ။ သေချာတယ် မရိုး သားတော့ဘူး။
သူပြန်လာချင်ရင်ပြန်လာပါ ကျွန်တော်စောစောကအခမ်းအနားမှာပြောခဲ့သလိုပါပဲ။
မဟာဂန္ဒာရုံ ဆရာတော်ဘုရားကြီး စာသင်သားတွေကို ဆုံးမသလိုပဲ
စိတ်ကောင်းလေးထားပြီးပြန်လာပါလို့ပဲ ပြောချင်ပါ တယ်။
အရှုပ်အရှင်းတွေမရှင်းနိုင်သေးခင် စိတ်ကောင်းလေးတော့ ထားစေချင်ပါတယ်။ မေး -
ဘာကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုနိုင်အောင် မြန်မာပြည်ကိုပြန်လာသလဲဆိုတာ ဘယ်လို သုံးသပ် မိပါသလဲ။ ဖြေ -
ကိုနိုင်အောင်က မြန်မာပြည်ပြန်မလာခင်ကတည်းက
သူ့ရဲ့ နိုင်ငံရေးရပ်တည်မှုအတွက် ကြိုတင်ပြင် ဆင်ပြီးသား။ ဗဟုအဖွဲ့လို
အဖွဲ့ကို မြန်မာပြည်ထဲမှာ အခြေကျအောင် ကြိုတင်ပြင်ဆင်ခိုင်းထားတယ်။ အောင်
သူငြိမ်းတို့ အောင်နိုင်ဦးတို့ သူ့လူတွေချည်းပဲ။
နောက်တခြားအဖွဲ့အစည်းတွေကိုလည်း နောက်ကွယ်ကနေသူ ထောက်ပံ့နေတာရှိတယ်။
ပြီးရင်းသူ့ကြွေးကြော်သံရှိတယ်။ ပြည်တွင်းကိုဝင်မယ်။
သူ့နိုင်ငံရေးရှင်သန်ဖို့အတွက်
ပြည်တွင်းမီဒီယာကိုလည်းငွေအားနဲ့ဝင်ဖို့အကြံအစည်ရှိတယ်။ မေး -
အခု ကိုနိုင်အောင် မြန်မာပြည်ပြန်လာတဲ့အပေါ် ထပ်ပြောဖို့ရှိပါသေးလား။ ဖြေ -
ကိုနိုင်အောင်က တစ်လျောက်လုံး
မြန်မာနိုင်ငံရေးအတွက် လုပ်လာခဲ့တာ။ ဒါပေမယ့် အခုသူတော်တော် ချမ်းသာနေပြီ။
မဲဆောက်မှာ တိုက်နှစ်လုံးရှိတယ်။ ဘန်ကောက်မှာ ရုံးခန်းရှိတယ်။
အခုနောက်ဆုံးသိရတာဆို ရင် သူ့လုံခြုံရေးအတွက်ဆိုပြီး
ကျည်ကာကားတောင်ဝယ်စီးနေတယ်လို့သိရတယ်။ ပြောရမယ်ဆိုရင်တော့ သူပြန်လာပုံကို
မကြိုက်ဘူး။ မြောက်ပိုင်းကိစ္စလိုဟာမျိုး
ဗဟိုမှာဖြစ်တဲ့ကိစ္စလိုဟာမျိုးတွေကို တာဝန်ယူဖြေရှင်း ပြီးမှ ပြန်လာသင့်တယ်။
ပကတိအခြေအနေကိုမရောက်သေးခင်မှာ လူကြီးတွေနဲ့လက်ဝါးချင်းရိုက်ပြီးဝင်တာ
ကတော့ သူ့အနာဂတ်အတွက်လုပ်တာလို့ပဲမြင်ပါတယ်။ |
No comments:
Post a Comment