Tuesday, August 28, 2012

ဆန်ကုန်သည်များ ဈေးကောင်းပေးဝယ်နေ၍ ဆန်ဈေးတက်လာ

ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup on 29 Aug, 2012


  လယ်ယာမြေများရေနစ်မြုပ်ကာ စပါးစိုက်ပျိုးချိန်နောက်၍ ဈေးကွက်တွင်း ဆန်အ၀င်နောက်ကျခြင်းကြောင့် ဆန်သိုလှောင်သူများမှ ဆန်ဈေးကောင်းပေးအ၀ယ်လိုက်လျှက်ရှိကြောင်း  တောင်သူများထံကသိရသည်။
 
စပါးမထွက်ခင်  ဒီလိုစပ်ကူးမတ်ကူးကာလအချိန်မှာ   ပုံမှန်ဆိုဆန်ဈေးနှုန်းနည်းနည်းတက်တယ်။   ဒါပေမယ့် ဒီနှစ်မှာလယ်တွေ နစ်မြုပ်ပြီး  ပျက်စီးကုန်တာကြောင့်  ဆန်အဝင်နောက်ကျဖို့ကများနေတော့ ဆန်ကုန်သည်တွေနဲ့ ဆန်စက်ပိုင်တွေက စပါးကိုမကြိတ်ကြတောဲ့ သိုလှောင်ထားတော့ ဈေးကွက်ထဲမှာ ဆန်နည်းလာပြီး ဈေးတက်လာတယ်ဟု ဘုရင့်နောင်ရှိ ကောင်းမြတ်စံဆန်ပွဲရုံမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏စပါးကျီဖြစ်သော  ဧရာဝတီတိုင်းဒေသကြီး၌  မိုးများ၍ရေကြီးမှုများကြောင့်  လယ်ဧက တစ်သိန်းကျော် နစ်မြုပ်ခဲ့ပြီးစပါးအထွက်နောက်ကျ၍  ဈေးကွက်အတွင်း ဆန်အဝင်နည်းလာနိုင်ခြင်းကြောင့်  ကြိုတင်သိုလှောင်မှုများ ရှိလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
ဒီနှစ်က ဧရာဝတီတိုင်း၊  ပဲခူးတိုင်းတို့မှာ  လယ်တေမြုပ်ကုန်ကျတယ်။ စိုက်ပျိုးချိန်လည်းနောက်ကတော့ အထွက်လည်းနောက် ကျနိုင်တယ်လေ။ ဆန်အဝင်နည်းလာနိုင်တယ်။ ဒီတော့ ဈေးတက်လာနိုင်တဲ့အတွက် အခုလည်း နည်းနည်းဈေးသက်သာနေတဲ့ အချိန်မှာ  သူထက်ငါဝယ်ပြီးသိုလှောင်သတွေများတယ်ဟု ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်မှ ဆန်ကုန်သည်တစ်ဦးဖြစ်သူ ကိုစိုးဝင်း က ပြောသည်။
 
လက်ရှိဆန်ဈေးကွက်တွင်  ဆန်သိုလှောင်မများရှိလာခြင်းကြောင့်  ဈေးကွက်မှာဇူလိုင်လပိုင်းထက် အမျိုးအစားအပေါ်မူတည်၍ (၁၅)ရာခိုင်နန်းခန့်မြင့်တက်ခဲ့ကြောင်း ဘုရင်နောငဆန်ဈေးကွက်အတွင်းက သိရသည်။
 
ပြီးခဲ့တဲ့လကဆို ဇီယာတစ်အိတ်ကို ကျပ် ၁၂၀၀၀ ကျော်လောက်ပဲရှိတယ်။ အခု ၁၄၀၀၀-၁၄၅၀၀ လောက်အထိ ဖြစ်လာတယ်။ စပါးသာ အထွက် နောက်ကျမယ်။ ဆန်အ၀င်နောက်ကျမယ်ဆိုရင် ဒီထက်တောင် တက်လာနိုင်တယ်ဟု ကိုထွန်းထွန်းဝင်းက ၄င်းအမြင်ကိုပြောသည်။
 
မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ဖြန့်ဝေရောင်းချခြင်းများပြုလုပ်နေရသည့် ဘုရင့်နောင်ဈေးကွက်၌ ဇူလိုင်လပိုင်း တွင် ကျပ် (၂၈၀၀၀၀)၀န်းကျင်ရှိခဲ့သော ဖျာပုံပေါ်ဆန်း (ရှယ်)မှာ ယခု သြဂုတ်လကုန် ပိုင်း၌ ကျပ် (၃၁၀၀၀)သို့ မြင့်တက်လာပြီး အမျိုးအစားပေါ်မူတည်၍ ကျပ် (၁၅၀၀)မှ   ကျပ်(၄၀၀၀)၀န်းကျင် အထိမြင့်တက်လာခြင်းဖြစ်သည်။
 
လက်ရှိ ဆန်ဈေးကွက်တွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများ
အမျိုးအစား
အရေအတွက်
ဇူလိုင်လ (လဆန်းပိုင်း)
သြဂုတ်လ
ရွှေဘိုပေါ်ဆန်း (ရှယ်)
တစ်အိတ် (၂၄ပြည်)
၃၂၀၀၀ ကျပ်
၃၆၅၀၀ ကျပ်
ဖျာပုံပေါ်ဆန်း (ရိုး)
တစ်အိတ် (၂၄ပြည်)
၂၈၀၀၀ ကျပ်
၂၉၅၀၀ ကျပ်
ဇီယာ (ရှယ်)
တစ်အိတ် (၂၄ပြည်)
၁၃၀၀၀ ကျပ်
၁၇၀၀၀ ကျပ်
 

No comments: