မြေဧရိယာကန့်သတ်ချက်ရှိ
သောမြေကမ္ဘာတွင် တိုးများလာသော လူဦးရေအတွက် စိုက်ပျိုးနိုင်သော
မြေသည်တစ်နေ့ထက်တစ်နေ့ လျော့ပါး၍သာ လာခဲ့ရသည်။ လူဦးရေတိုး များလာသဖြင့်
စားသုံးသူများပြားလာသကဲ့သို့စီးပွားရေးဖွံ့ဖြိုးလာသဖြင့် လူတစ်ဦးစီ၏
စားသုံးမှုသည်လည်း တိုးများလာ သည်။၁၉၉၂ ခုနှစ်ကလူတစ်ဦးသည် ပျမ်းမျှ အသား ၃၄
ကီလိုစားသုံးခဲ့ရာမှ ယနေ့တွင် ၄၃ ကီလိုစားသုံးလာကြသည်။ ကမ္ဘာသားတို့သည်
အစားအစာ ကို လိုသည်ထက်ပို၍ စားသုံးနေကြသည်။ ကမ္ဘာပေါ်ရှိ အရွယ်ရောက်သူများ၏
စုစုပေါင်းကိုယ်အလေးချိန် သည် ကီလိုဂရမ် ၂၈၇ ဘီလီယံရှိသည်။ နိုင်ငံအလိုက်
ကွာခြားမည် ဖြစ်သော်လည်း အရွယ်ရောက်သူ တစ်ဦးသည်ပျှမ်းမျှကိုယ်အလေးချိန် ၆၂
ကီလိုဂရမ်(၁၃၆ပါင်) ရှိနေသည။်ကိုယ်အလေး ချိန် ၆၂ ကီလိုဂရမ်သည် အရပ်ခြောက်ပေ
ရှိသူအတွက် အ၀ဘက်သို့လုနေကာရှိသင့်သော ခန္ဓာကိုယ်၏ ဒြပ်ထုအညွှန်း Body Mass
Indes-BMI ၁၈.၅ မှ ၂၅ ကို ကျော် လွန်ရန် နီးစပ်လာသည်။ စုစုပေါင်း
ကိုယ်အလေးချိန် ၂၈၇ ဘီလီယံကီလိုဂရမ်တွင် ၁၅ ဘီလီယံကီလိုဂရမ် သည်
ဝသူများကြောင့် ပိုလာသော အလေးချိန်ဖြစ်ပြီး ၃.၅ ဘီလီယံ ကီလိုဂရမ်သည်
အ၀လွန်သူများကြောင့် ပိုလာသော အလေးချိန်ဖြစ်သည်။ ထိုကိုယ်အလေးချိန် ၁၈.၅
ဘီလီယံကီလိုဂရမ်ပိုလာရန် စားသုံးလိုက်ရသော အစားအစာတို့သည်
မလိုအပ်ဘဲစားသုံး၍ ကုန်ခန်း သွားရသော အစားအစာများပင်ဖြစ်သည်။ အမေ
ရိကန်ပြည်ထောင်စုတွင် အများဆုံးပါဝင်သော မြောက်အမေရိကန်
တို့သည်ပျမ်းမျှကိုယ်အလေးချိန်၈၀.၇ ကီလိုဂရမ်အထိပင်ရှိနေကြသည်။ အမေရိကန်
တို့သည်ကလေးမှလူကြီးအထိ အားလုံးလိုလိုပင် အ၀လွန်နေကြသည်။
မြောက်အမေရိကန်တို့သည် ကမ္ဘာ့လူဦးရေ၏ ၆ ရာခိုင် နှုန်းသာရှိသော်လည်း
သူတို့သည်ကမ္ဘာ့အစားအစာတို့၏၃၄
ရာခိုင်နှုန်းကိုစားသုံးခဲ့ကြသည်။ကမ္ဘာ့အစားအစာများကို အများဆုံးဖြုန်းတီး
နေသူများပင်ဖြစ်သည်။ အစားအစာ ကိုဖြုန်းတီးသူများသည်
မိမိကျန်းမာရေးကိုဖျက်ဆီးနေသကဲ့သို့ကမ္ဘာ့သယံဇာတတို့ကိုဖုန်းတီးနေသူများပင်ဖြစ်သည်။
ကမ္ဘာ့လေထုအတွင်းသို့ မှန်စိမ်းအိမ်ဓာတ်ငွေ့များကို
အကျိုးမဲ့ထုတ်လွှတ်နေသူများလည်းဖြစ်သည်။
ကမ္ဘာ့လေထုအတွင်းသို့မှန်စိမ်းအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်နေသော
အမေရိကန်ပြည်ထောင်စုသည် မှန်စိမ်း အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို
လျော့ချရန်ပျက်ကွက်နေသော နိုင်ငံလည်းဖြစ် နေပြန်သည်။ အစားအစာကို ဖြုန်းတီး
ရန်အတွက်ပါ ထုတ်လုပ်ပေးနေရခြင်းသည် အစားအစာ ပို၍ထုတ်လုပ်ရေး
စိန်ခေါ်မှုကိုပို၍နက်ရှိုင်းစေခဲ့သည်။ မြေကမ္ဘာ၏ လူဦးရေသည် ခရစ်နှစ် ၂၀၅၀
တွင်ကိုးဘီလီယံသို့ ရောက်ရှိမည်ဟု သုတေသီတို့က ခန့်မှန်းထားသည်။ ဤတိုးလာသော
လူဦးရေအတွက် စားနပ်ရိက္ခာကို ယခုထက် ၇၀ ရာခိုင်နှုန်း
ပို၍ထုတ်လုပ်ရမည်ဖြစ်သည်။ဖွံ့ဖြိုးဆဲတိုင်း ပြည်တို့တွင်၁၀၀
ရာခိုင်နှုန်းအထိပင် ပိုမိုထုတ်လုပ်ရန်လိုအပ်မည်ဖြစ်သည်။သို့သော်မြေ ကမ္ဘာ၏
မြေအားလုံးလိုလိုမှာ စိုက်ပျိုးပြီးနေပြီဖြစ်သည်။ မြေ ကမ္ဘာသည်
ပိုမို၍ပူပြင်းလာနေသည်ဖြစ်ရာ ရာသီဥတုဖောက်ပြန်၊ ရေချို ရေသန့်ရှားပါးလာကာ
စိုက်ပျိုးရေး သည်ပိုမိုခက်ခဲလာသည်။ မြေကမ္ဘာသည် အစားအစာထုတ် လုပ်ရန်အတွက်
တစ်နေ့ထက်တစ်နေ့ပို၍ ခက်ခဲသော စိန်ခေါ်မှုတို့နှင့် ရင် ဆိုင်နေရသည်။
မြေကမ္ဘာသည်နှစ်ဆယ်ရာစု အလယ်တွင်လည်း အလားတူစိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရသည်။
အထူးသဖြင့် လူဦးရေထူထပ်သော အိန္ဒိယ ၊ ပါကစ္စတန်စသော
နိုင်ငံတို့တွင်စားနပ်ရိက္ခာ ရှားပါးခဲ့ရသည။်
သို့သောအမေရိကန်စိုက်ပျိုးပညာရှင်
နော်မန်ဘိုလော့ eNorman Borlaug သည် ဓာတုမြေ သြဇာနှင့် ပိုးသတ်ဆေးတို့ကို
အသုံး ပြုကာ သီးနှံအထွက်ကို နှစ်ဆတိုးစေလျက် မြေကမ္ဘာ၏စားနပ်ရိက္ခာပြဿနာကို
ပြေလည်စေခဲ့သည်။ဘိုလော့၏ စွမ်းဆောင်ချက်သည် မြစိမ်းရောင်တော် လှန်ရေးဟု
အမည် တွင် ထင်ရှားခဲ့ပြီး ၁၉၇၀ ခုနှစ်အတွက် နိုဘယ်ဆုကို ချီးမြှင့်ခံခဲ့ရ
သည်။ ယခုလည်း မြေကမ္ဘာသည် သီးနှံအထွက်သိသာစွာတိုး တက်ရန်
တောင်းဆိုလျက်ရှိသည်။ဤတောင်းဆိုမှုကို ဓာတုမြေသြဇာများကို
သုံးစွဲရုံမျှဖြင့်၊စက်မှုစိုက်ပျိုးရေးမျှဖြင့်ဖြည့် စွမ်းမပေးနိုင်တော့ပေ။
ပစ္စက္ခတွင် သီးနှံအထွက်တိုးရေးအတွက် ဖော် နည်းကား ပုံစံမှာလည်း
ထွက်ပေါ်မလာသေးပေ။ သို့သော် ဒုတိယမစိမ်းရောင် တော်လှန်ရေးသည်ထွက်ပေါ်လာနိုင်
သည်ဟု ပညာရှင်တို့က ယူဆနေကြသည်။ ယနေ့ခေတ်တွင်မူ စွမ်းအားမြင့်
ကွန်ပျူတာများ၊ အဏုစိတ်ဇီဝဗေဒပညာ Microbio ကမ္ဘာအထိ အကျိုးး ရှိစေမည့်သုတေ
သနတစ်ရပ်ကိုလုပ်ဆောင်နေကြသည်။ ဗြိတိန်နိုင်ငံသား အပင်ပညာ ရှင်
စတက်ဖင်လောင်း-Stephen Long သည် နေရောင်ခြည် စွမ်းအင်ကို
ဇက်ချုပ်ထိန်းသိမ်း၍ အပင်များအတွက် ပို၍ထိရောက်စွာအသုံးပြုရန်
ကြိုးစားနေသည်။ အပင်များသည် နေရောင်ြခည်စွမ်းအင်ကိုအသုံး ပြုကာ
လေထုအတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သကြားစသော စွမ်းအင်အဖြစ်
ထုတ်လုပ်ပေးသည်။ ဤ Photosynthesis ဟု ခေါ်တွင် သောအလင်းဖြင့်
အစာချက်လုပ်မှုသည် မည်သည့်သိပ္ပံပညာရှင်မျှ တုပမလုပ်နိုင်သေးသောသစ်ပင်၏
စွမ်းရည်ပင်ဖြစ်သည်။ လောင်းကဤ အလင်းစွမ်း အင်ဖြင့်
အစာချက်လုပ်အားကိုတိုးမြှင့်ပေးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။
ယခုအခါအပင်တို့သည်အလင်းဖြင့် အစာချက်လုပ်မှုတွင်သူတို့
စွမ်းရည်၏သုံးပုံတစ်ပုံကိုသာ အသုံးချလျက်ရှိသည်။၂၀၀၆ ခုနှစ်တွင်
လောင်းနှင့်အဖွဲ့သည် လေထုတွင်ကာဘွန်ဒိုင် အောက်ဆိုက်CO2 တိုးများလာမှု
ကြောင့် အပင်များ၏အလင်းဖြင့်စာချက်လုပ်မှုနှုန်းပို၍မြင့်လာသည်ကို
တွေ့ရှိခဲ့ကြသည်။ ဂျုံ၊ စပါး၊ ပဲပိစပ် စသော အဓိကသီးနှံတို့တွင် အလင်း
ဖြင့်အစာ ချက်နှုန်းသည် ၁၅ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့သည်။
သို့သော်လေထုတွင် CO2 တိုးများလာ စေလျက် အလင်းဖြင့်အစာချက်မှုကို
တိုးမြင့်စေရန်မှာ မူ လက်တွေ့ဆောင်ရွက်နိုင်သော ကိစ္စမဟုတ်ပေ။ ထို့ကြောင့်
လောင်းနှင့်အဖွဲ့သည် နေရာင်ခြည်စွမ်းအင်ကို မျိုးရိုးဗီဇနည်း ပညာဖြင့်
ဇက်ချုပ်ထိန်းချုပ် နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရှုပ်ထွေးနက်နဲလှသော
အလင်းဖြင့်အစာချက်လုပ်မှုတွင် ပါဝင်သော ဓာတ်ပေါင်းများစွာတို့သည်
ပုံစံအမျိုးမျိုးဖြင့်ယှက်နွယ်ပေါင်းစည်းထားကြသည်။ အလင်းဖြင့်
အစာချက်မှုတိုးတက်ရေးအတွက် ဓာတ်ပေါင်းတစ်ခုစီကို ရွေးချယ်၍
စမ်းသပ်ရန်မှာနှစ်များစွာကြာမြင့်မည်ဖြစ်သည်။ ဤသို့မကြာမြင့်စေရန် အတွက်
အဆင့်မြင့်ကွန်ပျူတာများကိုအားကိုးရပေမည်။ လောင်း၏အဖွဲ့သည် အလင်း
ဖြင့်အစာချက်မှုဖြစ်စဉ်ကို ရှည်လျားလှသော သင်္ချာညီမျှခြင်း အစဉ်များအဖြစ်
ခွဲထုတ်ပြုစုလိုက်သည်။ထိုညီမျှခြင်းများကို အမျိုးသားဗဟိုကွန်ပျူတာတွင်
ထည့်သွင်းလိုက်သည်။ ကွန်ပျူတာသည်အချက်အလက် များကို မွှေနှောက်ဆန်းစစ်ကာ
အဖြစ်နိုင်ဆုံးတို့ကို ရွေးထုတ်ပေးသည်။ ၎င်းတို့အနက်မှ အလားအလာကောင်းသော
အလွယ်ဆုံးဓာတ်ပေါင်းတစ်ခုမှာ ဆီဒို ဟက်တူလို့စ်ဘိုင်ဖော့ဖာတေ့
Sedoheptulose BishphsphataseSBPase ခေါ် ပရိုတိန်းဖြစ်သည်။
ဗြိတိသျှသုတေသီတို့သည် SBPase သည် မှန်စိမ်းအိမ်အတွင်းတွင်
ဆေးရွက်ကြီးပင်အား ၁၀ ရာခိုင်နှုန်း
ပို၍ကြီးထွားစေသည်ကိုသိရှိခဲ့ပြီးဖြစ်သည်။ အလင်းဖြင့်အစာချက်လုပ်မှုသည်
အပင်တစ် ပင်နှင့်တစ်ပင် ကွာခြားမှုမရှိပေ။ ထို့ကြောင့် SBPase သည်
ဆေးရွက်ကြီးပင်ကို ကြီးထွားစေသကဲ့သို့အခြားအပင်များကိုလည်း ကြီးထွားစေမည်ဟု
လောင်းကယူဆသည်။ အလင်းဖြင့်အစာချက်အားကို မြှင့်တင်ရန်အတွက်
အခြားနည်းများလည်းရှိဦးမည်ဖြစ်သည်။ ခေတ်သစ်အပင်တို့၏ ရှေ့မျိုး ဆက်များတွင်
နေရောင်ခြည်ကို ထိန်းချုပ်လျက် သီးနှံပိုမိုဖြစ်ထွန်းစေမည့် မျိုးဗီဇများ
ပါရှိနိုင်ပေသည်။ ဆိုင်ယာနိုဘက်တီးရီးယား Cyanobacteria ခေါ်
ရှေးဦးအပင်တို့သည် ၎င်းတို့၏ ကလာပ်စည်းအတွင်းတွင် CO2ပြင်းအားကို မြင့်စေလျက်
အလင်းဖြင့်အစာချက်မှုကို ပို၍ထက်မြက်စေခဲ့သည်။ ဤ သတ္တိသည်
လွန်ခဲ့သောနှစ်သန်း၅၀၀ က အပင်များကုန်းမြေပေါ်သို့ တက်လာသောအခါတွင်
မလိုအပ်တော့သောကြောင့် ကွယ်ပျောက်သွားသည်ဟု ပညာရှင်တို့ကယူဆကြသည်။
ဂျေရုစလင်ရှိ ဟီးဘရူးတက္ကသိုလ် သုတေသီတို့က ဤအချက်သည်
သီးနှံအထွက်တိုးရေးအတွက် သော့ချက်ဖြစ်နိုင် သည်ဟု ယူဆနေကြသည်။ သူတို့သည်
ဆေးရွက်ကြီးပင်တွင် အဇီဝမူလကာဘွန်သယ်ပို့-ဘီInorganic Carabon Transporter
BIctB ဟုခေါ်သော သီးသန့်ဆိုင်ယာနိုဘက်တီးရီးယားဗီဇကို
ဖြည့်သွင်းပေးခဲ့ရာဆေးရွက်အထွက်သည် ၂၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
လောင်းနှင့်နီဘရာစကာ တက္ကသိုလ်မှ လုပ်ဖော်တို့သည် ပဲပိစပ်တွင်
အလားတူဗီဇဖြည့်သွင်းပေးခဲ့ရာ ပဲပိစပ် အထွက်သည် ၁၀ ရာခိုင်နှုန်း
တိုးလာခဲ့သည်။
ဤနည်းပညာတို့ကိုလယ်ကွင်းတွင်
အသုံးပြုနိုင်ရန်အတွက် ခရီးသည်ရှည်လျားဦးမည်ဖြစ်သည်။
တိုင်းပြည်များစွာတို့သည် လုံခြုံရေးအမြင်၊ ကိုယ်ကျင့် သိက္ခာအမြင်တို့ဖြင့်
သီးနှံတို့အားမျိုးဗီဇပြုပြင်မှုကို
ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ဖွံ့ဖြိုးဆဲတိုင်းပြည်တို့ကို မျိုးဗီဇပြုပြင်
သီးနှံစမ်းသပ်ကွင်းအဖြစ် အသုံးမချရန် ကန့်ကွက်နေကြသည်။ ဤကန့် ကွက်မှုများကို
ကျော်လွှားနိုင်သည့် တိုင် လယ်ကွင်းတွင်အလင်းဖြင့် အစာချက်မှုကို
ထိန်းချုပ်သည့်နည်း ပညာကို အသုံးပြုနိုင်ရန်မှာမူ
အနည်းဆုံးဆယ်စုတစ်ခေတ်ခန့် အချိန်ယူရဦး မည်ဖြစ်သည်။ ငွေကုန်ကျမှုလည်း
များပြားမည်ဖြစ်သည်။ မျိုးဗီဇတစ်ခုကို ထိန်းချုပ်လျက် အလင်းဖြင့်အစာချက်
မှုကို မြှင့်တင်ကာ စိုက်ခင်းတွင် အသုံးချနိုင်ရန်အတွက် ငွေသန်းချီ၍
ကုန်ကျမည်ဖြစ်သည်။ နည်းလမ်းကိုသိရှိ ပါသော်လည်းမျိုးဗီဇများစွာ၊
သီးနှံမျိုးရင်းများစွာရှိနေသည်ဖြစ်ရာ နည်းလမ်းကိုလက်တွေ့လုပ်ဆောင်ရန်နှင့်
တောင်သူများထံ အရောက်ပို့ရန် မှာအခက် အခဲများစွာ ကြုံရဦးမည်ဖြစ်သည်။
တောင်သူတို့သည် အစဉ်အလာအားဖြင့် မြေဆီအာဟာရပြည့်ဝသော
မြစ်ဝကျွန်းပေါ်နုန်းတင်မြေနု၊ မီးတောင် ၀န်းကျင်သြဇာကောင်းမြေတို့ကို
ရှာဖွေစိုက်ပျိုးခဲ့ကြသည်။ သို့သော်ယခုအချိန်တွင်
ထိုမြေမျိုးသည်သွ့ခြောက်လွန်းသော မြေဆီသြဇာခေါင်းပါးသောမြေ
များ၊ဆားနှင့်သွပ်စသည့် သတ္ထုများလွန်ကဲသည့်မြေများ ဖြစ်နေသည်။
ထိုအခြေအနေတွင်သီးနှံတို့ကို ခက်ခက်ခဲခဲစိုက်ပျိုးရမည်ဖြစ်သကဲ့သို့
သီးနှံတို့ သည် အနံ့အရသာ အာဟာရတို့နှင့် ပြည့်စုံရန်လည်းလိုအပ်ပေသည်။
ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ စပါးသုတေသနသိပံ္ပ International Rice Res-earch
Institute-IRRI ၏ သုတေသီအဗ်ဒယ်ဘာဂျီအစ်မေ Abdelbagi Ismailသည် ရေကြီးသော
ဒေသများတွင် စိုက်ပျိုးနိုင်မည့် အနံ့အရ သာလည်းရှိ၊
အာဟာရလည်းရှိသောစပါးကိုဖော်ထုတ်ရန်ကြိုးစားနေသည်။
အာရှတွင်စပါးစိုက်လယ်ဟက်တာသန်းနှစ်ဆယ်သည် နှစ်စဉ်ပင်ရေလွှမ်းမိုး သည့်ဒဏ်ကို
ခံနေရသည်။IRRI မျိုးစေ့ဘဏ်တွင် စပါးမျိုး ၁၁၀၀၀၀ကျော်စုဆောင်းထားသည်။
ကမ္ဘာတွင်အများဆုံးပင်ဖြစ်သည်။ သူတို့သည်မျိုးစေ့ ဘဏ်မှ
အကြမ်းခံမျိုးစေ့များကို ရွေးချယ်ကြသည်။သူတို့သည်
ရေကြီးချိန်တွင်ရတွင်ပေါ်နေရန် ကြိုးစားခြင်းဖြင့် အင်အားများကို
ဖြုန်းမပြစ်ဘဲရေမြုပ် ခံနိုင်သောစပါးမျိုးကို ရှာဖွေကြသည်။
သူတို့သည်ဘိုလော့အသုံးမပြုနိုင်ခဲ့သည့်မျိုးဗီဇနည်းပညာဖြင့်
ရေမြှပ်ခံမျိုးကို အထွက်တိုးမျိုးနှင့်မျိုးစပ်လိုက် သည်။ယခင်က
ဤသို့မျိုးစပ်ရန် ၆ နှစ်မှ ၁၅ နှစ်အထိကြာမြင့်ခဲ့သော်လည်း ယနေ့ခေတ်တွင် ၂-၃
နှစ်အတွင်း ဆောင်ရွက်နိုင်ကြသည်။
ဤစပ်စပါးမျိုးသည် အလုပ်ဖြစ်ဖွယ်ရှိသည်။
တစ်ဟက်တာတွင် စပါးတစ်တန်နီးပါးထွက်ခဲ့သည်။ ဤမျိုးကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့သို့ဖြန့်ဝေခဲ့ ရာ ၂၀၁၄
ခုနှစ်တွင်လယ်သမားငါးသန်းသည်၊ ၂၀၁၇ ခုနှစ်တွင် လယ်သမားသန်း ၂၀ သည်
ဤမျိုးကို စိုက်ပျိုးကြလိမ့်မည်ဟု အစ်မေကမျှော်လင့်ထားသည်။ စပါးသည်
အထွက်တိုးသကဲ့သို့ အာဟာရကြွယ်ဝရန်လည်းလိုအပ်ပေသည်။ သန်းချီသော
အာရှပြည်သူတို့သည် ဖုံးကွယ်ငတ်မွတ်မှု Hidden Hungerဟုခေါ်သော အဓိကအာဟာ
ရများချို့တဲ့မှုကိုရင်ဆိုင်နေကြရသည်ဟု ဗားဗက်ပလပ်အဖွဲ့ HarvestPlus ၏
ပြောခွင့်ရ ယတ်ဆာအစ်လမ် Yassir Islam ကပြောသည်။ HarvestPlusသည် IRRI
ကဲ့သို့ပင် အကျိုးအမြတ်မယူဘဲသီးနှံအထွက်တိုးရေးကို
ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။ အာရှပြည်သူတို့သည် ကလိုရီကြွယ်ဝသော်လည်း သံ၊
သွပ်၊ ဗီတာမင်အေစ သည်တို့ ချို့တဲ့သော ဆန်၊ ဂျုံ၊ ပြောင်း၊ ပလောပီနံ၊ လူး၊
ဆပ်စသည်တို့ကို အဓိကထား၍ စားသုံးနေကြရသည်။ ဤအာဟာရများ ချို့တဲ့မှုသည်
ဥာဏ်ရည်ကိုနိမ့်စေ သည်။ ခုခံအားကိုကျဆင်းစေသည်။ ခန္ဓာဖွံ့ဖြိုးမှုနည်းစေသည်။
မျက်စိကိုကွယ်စေတတ်သည်။ ဤအာဟာရချို့တဲ့မှုကိုဖြေရှင်းရန်အတွက် ၁၉၉၀
ခုနှစ်ကပင် ရွှေဝါစပါး ကို ဖော်ထုတ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင်
စမ်းသပ်စိုက်ပျိုးခဲ့သည်။ ရွှေဝါစပါးတွင် စားသုံးလိုက်သောအခါ ခန္ဓာအတွင်းတွင်
ဗီတာမင်အေဖြစ်သွားမည့် ဘီတာ ကယ်ရိုတင်း Beta-Carotene ပါရှိသည်။ သို့သော်
ရွှေဝါစပါးကို ဒက်ဖိုဒေး Daffodil နှင့် ဘက်တီးရီးယား တို့ကို
မျိုးဗီဇနည်းပညာဖြင့်ပေါင်းစပ် ပြုလုပ်ထားသောကြောင့် မြစိမ်းရောင်
အဖွဲ့စသော သဘာဝပတ်ဝန်းကျင် အဖွဲ့များက ဆန့်ကျင်ကန့်ကွက်နေကြသဖြင့် ယနေ့အထိ
လယ်ကွင်းသို့ မပို့နိုင်၊ မစိုက်ပျိုးနိုင်ဖြစ်နေရသည်။ ယခုအခါ HarvestPlus
၏ သုတေသီတို့သည် သဘာဝပတ်ဝန်းကျင်အဖွဲ့တို့ လက်ခံနိုင်မည့်
ဘီတာကယ်ရိုတင်းကြွယ်ဝသော စပါးစပ်မျိုးးရရှိနိုင်ရန်အတွက်
ပြောင်းမျိုးသုံးရာခန့်ကို သုတေသနပြု လုပ်ကာ စပါးတွင်ဘီတာကယ်ရိုတင်း
ပါ၊မပါကို ဖော်ပြပေးနိုင်သည့် မျိုးဗီဇပြမှတ် Gene Marker ကို
တွေ့ရှိခဲ့ကြသည်။သုတေသီတို့သည် သဘာဝပြောင်းပင်နှင့်မျိုး ဗီဇပြမှတ်တို့ကို
အသုံးပြုကာဘီတာကယ်ရိုတင်းကြွယ်ဝသောပာင်းမျိုးကို ထုတ်လုပ်နိုင်ခဲ့သည်။မူလက
ဘီတာကယ်ရိုတင်းမပါသလောက်ဖြစ်သော ပြောင်းတစ်ဂရမ်တွင် ဘီတာကယ်ရိုတင်းသည်
ရှစ်မိုက်ကရိုဂရမ်အထိ ပါဝင်လာသည်။ ယခုနှစ်တွင် ဤပြောင်းမျိုး သစ်ကို
ဇမ်ဘီယာနိုင်ငံတွင် စတင်စိုက်ပျိုးမည်ဖြစ်သည်။ ဇမ်ဘီယာတွင်
ကလေးထက်ဝက်ကျော်သည် ဘီတာမင်အေချို့တဲ့နေကြသည်။ လာမည့် ၃-၄နှစ် အတွင်း
ဤပြောင်းမျိုးကို အာဖရိကလက်တင်အမေရိကနှင့် အာရှနိုင်ငံများတွင်
တွင်ကျယ်စွာစိုကိစိုက်ပျိုးနိုင်ရန် HarvestPlus ကရည်မှန်းထားသည်။
အဆင့်မြင့်စိုက်ပျိုးရေးစနစ်
လူတစ်ဦးစီသည် သီးသန့်ဖြစ်သကဲ့သို့
လယ်တစ်ကွက်စီသည်လည်း သီးသန့်ထူးခြားချက်များရှိသည်ဟု ကိုလိုရာဒိုတက္ကသိုလ်၊
စိုက်ပျိုးရေးသုတေသီ ရတ်ခိုဆလာ Raj Khosia ကပြောသည်။ ရတ်ခိုဆလာသည်
အပြည်ပြည်ဆိုင်ရာတိကျစွာသီးနှံစိုက်ပျိုးရေးဖွဲ့ International Society Of
Precision Agriculture ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။
စိုက်ပျိုးမြေတစ်ဧကတိုင်းတွင်ပင် သီးနှံပေါက်ရောက်ပုံကွာခြားမှုများရှိသည်ဟု
သုတေသနများက ညွှန်ပြခဲ့သည်။ ခိုဆလာသည် လယ်တစ်ကွက်စီ၏ ထူးခြားချက်နှင့်
ကိုက်ညီစွာ စိုက်ပျိုးနိုင်ရန်လယ်သမားများ အားကူညီခဲ့သည်။ သူတို့သည်
မြေသြဇာ၏ လျှပ်စီးနိုင်မှု Electrical Conductivityကို တိုင်းတာသော
အနီအောက်ရောင်ခြည်ကိရိယာ Infrared Devices ။ အသံနှင့်အလင်းအာရုံခံကိရိယာ
Light and Sound Sensors ၊ တည်နေရာပြကိရိယာ Global Positioning Systems
GPS၊ စသည်တို့ကို ကောက်ပင်တန်းများကြားတွင် ချထားသည်။
ဤကိရိယာများစုပေါင်းလျက်ကောက်ပင်၏ သန်စွမ်းမှု၊ ကောက်ပင်၏ အရွယ်အစား၊
ရေလိုအပ်မှု၊ နိုက်ထရိုဂျင် စသော မြေသြဇာလိုအပ်မှုတို့ကို တိကျစွာ
ဆန်းစစ်တွက်ချက်၍ လယ်သမားထံသတင်းပို့ပေးသည်။ လယ်သမားသည် သီးနှံစိုက်ခင်းကို
လိုအပ်သည်များ တိကျစွာဖြည့်စွက်ပေးလျက်ကောင်းစွာဖြစ်ထွန်းအောင်မြင်စေသည်။
ဇီဝစိုက်ပျိုးရေး
ယနေ့ခေတ်တွင် ဓာတုမြေသြဇာနှင့်
ပိုးသတ်ဆေးတို့ကို အသုံးပြု စိုက်ပျိုးသော ခေတ်စိုက်ပျိုးနည်းသည်
စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်များလှကြောင်း သိရှိလာကြရာ
ဓာတုမြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို
အသုံးမပြုဘဲသဘာဝမြေသြဇာနှင့်ပိုးသတ်ဆေးတို့ကိုသာအသုံးပြုသည့် ဇီဝနည်း
စိုက်ပျိုးသီးနှံ Organic Cropsတို့ကိုပို၍တောင်းဆိုလာကြသည်။
အမေရိကန်ပြည်ထောင်စု၊ဥရောပစသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင်
ဇီဝသီးနှံစားသုံးမှု သည်တိုးများလာ လျက်ရှိပြီး ဇီဝစိုက်ပျိုးရေး Organic
Farmingသည် ဖွံ့ဖြိုး တွင်ကျယ် လာလျက်ရှိသည်။ တရုတ်နိုင်ငံတွင်မူ
ဇီဝစိုက်ပျိုးမှုတွင်ကျယ်မလာသေးသဖြင့် အထက်တန်း အရာရှိကြီးများနှင့်
လုပ်ငန်းရှင်သူဌေးများသည် ကိုယ်ပိုင်ခြံများထူထောင်ကာ မိမိစားသုံးရန်
သီးနှံတို့ကိုကိုယ်တိုင်စိုက်ပျိုးလာကြသည်။သို့သော် ဇီဝစိုက်ပျိုးသီးနှံ၏
အထွက်နှုန်းသည် ခေတ်နည်းဖြင့်စိုက်ပျိုးသည်ထက် ၂၅ ရာခိုင်နှုန်းလျော့နည်းေ
ကြောင်းသုတေသနများကပြညွှန်ခဲ့သည်။ စိုက်ပျိုးသီးနှံထုတ်လုပ်မှုသည်
ကမ္ဘာ့ပြည်သူတို့အတွက် လုံလောက်ရမည်ဖြစ်သလိုစားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်
အတွက်လုံခြုံစိတ်ချမှုရှိရန်လည်း လိုအပ်ပေသည်။ ခေတ်စိုက်ပျိုးမှုတွင်
အသုံးပြုသော ဓာတုမြေသြဇာနှင့် ပိုးသတ်ဆေးတို့သည် မြစ်ချောင်းများကို
အဆိပ်သင့် ညစ်ညမ်းစေကာ ငါး၊ ပုစွန်စသော ရေသတ္တ၀ါတို့ကို သေကြေပျက်စီးစေသည်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည်မှာလည်း အမှန်ပင်ဖြစ်သည်။
ဇီဝစိုက်ပျိုး မှုသည်လုံခြုံစိတ်ချမှုရှိသော်လည်း
ကမ္ဘာကြီးကိုဝလင်အောင်ကျွေးမွေးရန်
အတွက်မြေနရာတိုးချဲ့စိုက်ပျိုးရမည်ဖြစ်သည်။
စိုက်ပျိုးမြေရရှိရန်အတွက်
သစ်တောများကိုခုတ်လှဲပါက ကမ္ဘာကြီးကိုပို၍ပူပြင်း လာစေမည်ဖြစ်သည်။ ယခုအခါ
ဇီဝစိုက်ပျိုးရေးတွင် ကြက်ချေးများကို မြေသြဇာအဖြစ်
အသုံးပြုနေကြသည်။သို့သော် ကြက်ချေးသည်လိုသလောက်မရနိုင်ဖြစ်နေသည်။
အာဖရိကတွင် ငတ်မွတ်နေသော ပြည်သူများကို ကျွေးမွေးနိုင်ရန်အတွက်ခေတ်သေ
စစိုက်ပျိုးနည်းဖြင့်စိုက်ပျိုးကာ သီးနှံအထွက်ကိုသုံးဆတိုးစေရန်
ကြိုးပမ်းနေရသည်။ မည်သည့်နည်းဖြင့်စိုက်ပျိုးသည်ဖြစ်စေ၊
ယခုခုနစ်ဘီလီယံရှိနေသော ရာစုခေတ် အလယ်တွင် ကိုးဘီလီယံရှိလာမည်ဖြစ်သော
ကမ္ဘာ့လူဦးရေကို ကျွေးမွေးရန်မှာကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်။
စိုက်ပျိုးနည်းနှစ်မျိုးလုံးကိုပင် တိုးတက်အောင်
လုပ်ဆောင်ရမည့်အခြေအနေဖြစ်သည်။ ကမ္ဘာ့ပြည်သူများကို ၀လင်စွာ
ကျွေးမွေးနိုင်ရန်အတွက် စိုက်ပျိုးနည်း နှစ်နည်းမှ တစ်ခုကိုရွေးချယ်ရန်
မဟုတ်ဘဲနည်းနှစ်မျိုးစလုံး ကိုပင်အသုံးပြုရမည်။ နည်းနှစ်မျိုးစလုံးကိုပင်
တိုးတက်အောင်ဆောင်ရွက်ကြရမည်ဟု သုတေသီတို့ကသုံးသပ်နေကြသည်။
အချို့ကမူကမ္ဘာကြီး၏ လူဦးရေသည် စစ်ပွဲများဖြစ်၍၊ ကပ်ဘေးများ ဖြစ်၍၊
ဘေးအန္တရာယ်များ ကျရောက်၍ သူ့အလိုအလျောက်
ထိန်းချုပ်သွားမည်ဟုမျှော်လင့်နေကြသည်။ အချို့ကလည်း လူဦးရေတိုးမ လာစေရန်
ထိန်းချုပ်ရမည်ဟုအဆိုပြုနေကြသည်။ တရုတ်နိုင်ငံသည် အမိန့်အာဏာဖြင့်
လူဦးရေကိုထိန်းချုပ်နေသော်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည်
ပြည်သူတို့အား ဆွဲဆောင်စည်းရုံးလျက် မိသားစုဦးရေ ထိန်းချုပ်ရန်
ဆောင်ရွက်နေသည်။ စင်စစ် အိမ်ထောင်ပြုမှု၊ မိသားစုထူထောင်မှုသည် ပုဂ္ဂလိက
ရွေးချယ်ဆုံးဖြတ်မှု သာဖြစ်ပေသည်။ ထိုရွေးချယ်မှုသည် မိမိမိသားစုဘ၀၊
မိမိနိုင်ငံ၏ လူမှုဘ၀တို့နှင့် လိုက်လျောအဆင်ပြေစေရန်ကိုမူ နိုင်ငံတော်က
ဦးဆောင်လမ်းညွှန်နိုင်ပေသည်။
ရွေးချယ်မှုသည်မူပုဂ္ဂလိကလွတ်လပ်ခွင့်သာဖြစ်သင့်ပေသည်။ နိုင်ငံအစိုးရ
အသီးသီးသည် မိမိနိုင်ငံသားများ၏ လူမှုဘ၀ ဖူလုံပျော်ရွှင်စေရန်
ဆောင်ရွက်ဖြည့်ဆည်းပေး ရမည်ဖြစ်ပေသည်။ ကမ္ဘာသား သန်းခုနစ်ထောင်အတွက်
စားနပ်ရိက္ခာဖူလုံရေးသည်တစ်ဖွဲ့၊တစ်နိုင်ငံ၊ ပညာရှင်တစ်စုမျှဖြင့်
ဖြေရှင်းဆောင်ရွက်နိုင်မည့်ကိစ္စ မဟုတ်ပေ။ ကမ္ဘာသူကမ္ဘာသား အားလုံး
ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်
ကမ္ဘာသူကမ္ဘာသား အားလုံးသည် လူသားအားလုံး၏ လူမှုဘ၀ဖူလုံသာယာရေးကို တတ်စွမ်း
သမျှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့်.....။
ဖိုးဆွေ(သစ်လုပ်ငန်း)
Source : BBC New.
ဖိုးဆွေ(သစ်လုပ်ငန်း)
Source : BBC New.
|
Tuesday, August 28, 2012
သန်းခုနစ်ထောင်ကို ကျွေးမွေးဖို့
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment