''ဒီလိုမှန်းသိရင် ရှင်အတွက် မှန်တစ်ချပ်လှူချင်လိုက်တာ'' မခင် အေးစကားကို ဖေသောင်း နားမလည်။
ကိုဝိုင်း ''ဘာလုပ်ဖို့လဲဗျ။ ကျနော် ရုပ်ရည်လှပတာ ကျနော်သိပြီးသားပဲ။ ကျောင်းထဲလာလေဗျာ တရားပွဲရှိနေတာပဲ''ဟု ခေါ်သည်။ ''ရှင့်ရုပ်ကို ပြန်ကြည့်ဖို့ မဟုတ် ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန် ခဲ့မှန်း မသိသူအတွက် နောက်ကြည့် မှန်တစ်ချပ်လှူချင်တာ'' နောက်ကြည့်မှန်ဝတ္ထုထဲမှာပါတဲ့ ဖေသောင်းအမည်ခံကျောင်းသားခေါင်းဆောင်နဲ့ တက္ကသိုလ်ကျောင်းသူ မခင်အေးတို့ အပြန်အလှန် ပြောကြတဲ့ စကားပါ။ ၈၈ မျိုးဆက် ကျောင်သား ခေါင်းဆောင် မင်းကိုနိုင်ရေးတဲ့ ၁၉၈၈ အရေးအခင်းကာလနောက်ခံ လုံးချင်းဝတ္ထုဖြစ်ပါတယ်။ ဆိုင်ရာက လိုက်ဖမ်းလို့ ခေတ္တ ထွက်ပြေးတိမ်းရှောင်ရင်း တော်လှန်ရေး ဆက်လက်ဆင်နွှဲဖို့ ကြံစည်လုံးပမ်းနေသူ ဖေသောင်း အမည်ခံ တက္ကသိုလ်ကျောင်းသား တစ်ယောက်နဲ့ ညိုတို့ တွေ့ကြ သံယောဇဉ်ဖြစ်ကြပုံ၊ ၈၈ အရေးအခင်းကြီး ဖြစ်မြောက်ဖို့ စည်းရုံး လှုံ့ဆော် လှုပ်ရှားနေတဲ့ ကာလမှာ သံယောဇဉ် အမျှင်တန်း အားလုံးကို ပြန်လှည့်မကြည့် နိုင်ဘဲ နိုင်ငံ့အရေးအတွက် ကျောင်းသားတို့ စွန့်လွှတ်စွန့်စားခဲ့ပုံ၊ အရေးအခင်းကာလအပြီး ပြန်လည် ထိန်းသိမ်းခံရလို့ ညိုနဲ့ ဖေသောင်းတို့ ဝေးခဲ့ကြပုံအကြောင်း လွမ်းမော ဖွယ်ရေး ထားတဲ့ ဝတ္ထုပါ။ ၁၉၈၈ နှစ်ကုန်ပိုင်း စစ်အာဏာသိမ်းပြီးစကာလမှာ ဒီဝတ္ထုကိုစပြီးရေးဖြစ်ခဲ့တယ်လို့ စာရေးသူက အမှာစာမှာ ဆိုထားပါတယ်။ နိုင်ငံရေး နောက်ခံဝတ္ထု ဖြစ်ပေမယ့် နိုင်ငံရေး စကားလုံးတွေ အတုံးလိုက် အတစ် လိုက်သုံးပြီး ရေးထားတဲ့ဝတ္ထုမဟုတ် ဘဲ ခံစားမှုအားပါတဲ့၊ ဇာတ်လမ်း အချိတ်အဆက်မိတဲ့၊ အနုပညာအားကောင်းတဲ့ စကားလုံးအဖွဲ့အနွဲ့တွေနဲ့ ရေးသားထားတဲ့ ဝတ္ထု တစ်အုပ်လို့ ဆိုနိုင်ပါတယ်။ အရှေ့ကြယ်စာပေကနေ တန်ဖိုး ၂ဝဝဝကျပ်နဲ့ ဖြန့်ချိလိုက်တာပါ။ |
Tuesday, August 28, 2012
နောက်ကြည့်မှန် (မင်းကိုနိုင်)
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment