ဆည်းပူးလေ့လာ၊
နိုင်ငံရေးပညာ
အခန်း (၃)
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများ
(အပိုင်း
- ၁)
နိဒါန်း
အိုင်ဒီရော်လော်ဂျီဆိုတဲ့
စကားလုံးကို (၁၈)
ရာစုနှောင်းပိုင်းမှာ
ပြင်သစ်ပညာရှင် Antonie
Destutt de Tracy က
Eléments d'Idéologie
ဆိုတဲ့
ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ
ဖြစ်ပါတယ်။ De
Tracy က
အိုင်ဒီရော်လော်ဂျီဆိုတာကို
အတွေးအခေါ်များ၏ သိပ္ပံ (science
of ideas) အဖြစ်
ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့
ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ
(ဘိုင်အိုလော်ဂျီ)
ကဲ့သို့သော
သိပ္ပံပညာရပ်တခုအဖြစ်
အိုင်ဒီရော်လော်ဂျီဆိုတဲ့
သိပ္ပံပညာရပ် ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။
သို့ပေမယ့် (၁၉)
ရာစု ကာလရောက်တော့
နိုင်ငံရေးဆိုင်ရာ စကားလုံးတရပ်အဖြစ်
အသွင်ကူးပြောင်းသွားခဲ့ပါတယ်။
(၁၈၄၆)
ခုနှစ်မှာ
ထုတ်ဝေခဲ့တဲ့ The
German Ideology ဆိုတဲ့
စာအုပ်မှာ မာ့စ်နဲ့ အိန်ဂယ်လ်
တို့က အိုင်ဒီရော်လော်ဂျီရဲ့
သဘောတရားများကို စတင်ဖော်ပြခဲ့ပါတယ်။
အရင်းရှင်တွေရဲ့ bourgeois
ideology ဟာ
သွေးစုပ်ခြယ်လှယ်ခံရသူတွေအကြား မှာ
delusion (သို့မဟုတ်)
false consciousness ဖြစ်ပွားစေပြီး၊
သွေးစုပ်ခြယ်လှယ်နေမှုကို
သတိမထားမိစေရန် ဖုံးကွယ်ထားကြောင်း
မာ့စ်ဝါဒက ဖော်ပြထားပါတယ်။
အိုင်ဒီရော်လောဂျီဆိုတဲ့
စကားလုံးကို လစ်ဘရယ်ဝါဒီများကလဲ
အသုံးပြုထားကြပါတယ်။ Karl
Popper, J. Talmon နဲ့Hannah
Arendt ဆိုသူတို့က
အိုင်ဒီရော်လော်ဂျီဆိုတာကို
နာခံမှုနဲ့ လိုက်နာ
ဆောင်ရွက်မှုတွေပြုလုပ်ရန်
ဖန်တီးထားတဲ့ လူမှုထိန်းချုပ်ရေး
ကိရိယာတခုအနေနဲ့ ရှုမြင်သုံးသပ်
ကြပါတယ်။ Michael
Oakeshott စတဲ့
ကွန်ဆာဗေးတစ်ဝါဒီများကတော့
အိုင်ဒီရော်လော်ဂျီတွေဟာ
စိတ်ကူးယဉ်အတွေးအခေါ်စနစ်တွေဖြစ် ပြီး၊
political reality နဲ့
ကင်းကွာကြောင်း ယူဆထားကြပြီး၊
ကွန်ဆာဗေးတစ်ဝါဒကို
အိုင်ဒီရော်လော်ဂျီအဖြစ်
မရှုမြင်ပဲ disposition
အနေနဲ့
ရှုမြင်ဖို့ လိုအပ်ကြောင်း
ဆိုထားကြပါတယ်။
ဒါကြောင့်
အိုင်ဒီရော်လော်ဂျီနဲ့
ပတ်သက်ပြီး၊ ၀ါဒအမျိုးမျိုးကနေ
ရှူမြင်ပုံတွေ ကွဲပြားပါတယ်။
မာ့စ်က သူ့ရဲ့အတွေးအခေါ်တွေဟာ
သိပ္ပံနည်းကျဖြစ်ပြီး၊
အိုင်ဒီရော်လော်ဂျီမဟုတ်ကြောင်း
ဆိုထားပါတယ်။ လစ်ဘရယ်ဝါဒီတွေက
လစ်ဘရယ်ဝါဒ (liberalism)
ကို
အိုင်ဒီရော်လော်ဂျီအနေနဲ့
ရှူမြင်နိုင်ကြောင်း ဆိုကြပါတယ်။
ကွန်ဆာဗေးတစ်ဝါဒီတွေက
ကွန်ဆာဗေးတစ်ဝါဒ (conservatism)
ကို ideological
style of politics မဟုတ်ပဲ၊
ဓလေ့ထုံးစံနဲ့ သမိုင်းအစဉ်အလာတွေပေါ်မှာ
အခြေခံထားတဲ့ pragmatic
style of politics အနေနဲ့
ရှူမြင်ဖို့ ဆိုထားခဲ့ပါတယ်။
လူမှုသိပ္ပံပညာရပ်ကတော့
အိုင်ဒီရော်လော်ဂျီဆိုတာကို
နိုင်ငံရေးလှုပ်ရှားမှုတွေ
ဆောင်ရွက်နိုင်တဲ့ coherent
set of ideas အနေနဲ့
ရှုမြင်ထားပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုဆိုရာမှာ
လက်ရှိတည်ရှိနေတဲ့ စနစ်ကို
ထိန်းသိမ်းမှု၊ ပြင်ဆင်မှု၊
ဖယ်ရှားမှုဆိုင်ရာ လှုပ်ရှားမှုများ
ပါဝင်ပါတယ်။ ခေတ်သစ်
လူမှုသိပ္ပံပညာအရ အိုင်ဒီရော်လော်ဂျီကို
နိုင်ငံရေးလှုပ်ရှားမှုများပြု လုပ်နိုင်သည့်
အတွေးအခေါ်များ စုစည်းထားသော
လှုပ်ရှားမှုဦးတည်သော
ယုံကြည်မှုစနစ် (action-oriented
belief system) အဖြစ်
အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
နိုင်ငံရေးပညာရှင် Seliger
ဆိုသူက
အိုင်ဒီရော်လော်ဂျီအားလုံးမှာ
existing order ကို
ကမ္ဘာ့ရှုထောင့်ကနေ
ရှုမြင်သုံးသပ်မှု၊ အနာဂတ်ကမ္ဘာမှာ
အသုံးပြုသင့်တဲ့ နိုင်ငံရေးသဏ္ဍာန်၊
ကောင်းမွန်သော လူ့အဖွဲ့အစည်း
တည်ဆောက်မှုဆိုင်ရာအမြင်များနဲ့
နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကို
မည်သို့မည်ပုံ လုပ်ဆောင်သင့်ကြောင်း
အကြံပြုချက်တွေ ပါဝင်ကြောင်း
ဆိုထားပါတယ်။
နိုင်ငံရေးပညာရှင်
Matthew Festenstein နဲ့
Michael Kenny ဆိုသူတို့က
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီဆိုတာ
ဒီမိုကရေစီ၊ နိုင်ငံတော်၊
သဘာဝ၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊
လွတ်လပ်မှု စတဲ့နိုင်ငံရေးသဘောတရား
(political concept) တွေကို
ရှူထောင့်တခုချင်းစီကနေ
interpret လုပ်ထားတဲ့
framework ဖြစ်ကြောင်း
ရေးသားခဲ့ပါတယ်။ ဥပမာအားဖြင့်
ဒီမိုကရေစီဆိုတဲ့ သဘောတရားမှာ
အလုပ်သမားများက ကြီးစိုးထားတဲ့
ပြည်သူ့ဒီမိုကရေစီ (people's
democracy)၊ nation
ကကြီးစိုးထားတဲ့
national democracy ၊
လူမှုအစုအဖွဲ့များက
နိုင်ငံရေးရာဆုံးဖြတ်ချက်များမှာ
ပါဝင်ပြောဆိုပိုင်ခွင့်ရှိတဲ့
pluralist democracy ၊
လူအများပါဝင်မှုကို ကန့်သတ်ထားတဲ့
elitist democracy နဲ့
ကိုယ်စားပြုဒီမိုကရေစီ စပြီး
အမျိုးအစားများစွာ ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး Communism
ဆိုတဲ့
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီက
ပြည်သူ့ဒီမိုကရေစီကို
interpret လုပ်ထားပြီး၊
Liberalism ဆိုတဲ့
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီကေ တာ့
ကိုယ်စားပြုဒီမိုကရေစီကို
interpret လုပ်ထားပါတယ်။
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ
အမျိုးအစားများကို ပညာရှင်များက
ခွဲခြားဖော်ပြကြရာမှာ
ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊
လစ်ဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ၊
ဖက်ဆစ်ဝါဒ စတာတွေပါဝင်တဲ့
linear spectrum၊
ဆိုရှယ်ဒီမိုကရေစီ၊ လက်က်ျာသစ်၊
လက်ဝဲသစ်နဲ့ မင်းမဲ့အရင်းရှင်ဝါဒ
စတာတွေ ပါဝင်တဲ့ alternative
spectrum၊
အမျိုးသားကွန်မြူနစ်ဝါဒ၊
နိုင်ငံတကာကွန်မြူနစ်ဝါဒ၊
အမျိုးသားဆိုရှယ်လစ်ဝါဒ၊
နိုင်ငံတကာဆိုရှယ်လစ်ဝါဒ၊
လူမှုဒီမိုကရက်တစ်ဝါဒ၊
လူမှုရီပတ်ပလီကန်ဝါဒ၊
အရင်းရှင်ဒီမိုကရက်တစ် ၀ါဒ၊
အရင်းရှင်ရီပတ်ပလီကန်ဝါဒ၊
တိုးတက်သောနီရိုလီဘရယ်ဝါဒ၊
ကွန်ဆာဗေးတစ် နီရိုလစ်ဘရယ်ဝါဒ၊
နီရိုလစ်ဘရယ်ဝါဒ၊ အမျိုးသားရေးဝါဒ၊
Fundamentalism စတာတွေ
ပါဝင်တဲ့ Moral
Matrix စသဖြင့်
သဏ္ဍာန်အမျိုးမျိုးကွဲပြားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
(၁၊
၁၁၊ ၂၀၁၂)
No comments:
Post a Comment