ဒီမိုဝေယံ
|
|
Posted: 01 Nov 2012 12:07 PM PDT
အများသိစေရန်.....
မန်းလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့၃၁ ၁၀ ၂၀၁၂ နေ ညနေ ၁၀ခန့်တွင် ဖြစ်ပွားခဲ့သော အမှိုက်ကန်နှင့်အမှိုက်ပြစ်ခြင်း ကိစ္စရပ်တစ်ရပ် မန်းလေးမြို စွန် ၂၂စီလမ်း ယောမင်းကြီးဈေး ရှိ အမှိုက်ပုံတွင် ညနေ ၁၀တွင် ကားဖြင့် အမှိုက်သွားပစ်ရာ ထောင့်တနေရာမှ မန်းလေးစည်ပင်ဝတ်စုံ ၀တ်ဆင်ထားသော လူ ဆယ်ယောက်ခန့်သည်ထွက် လာပြီး ကားကို တားလေသည် ။ ကားလိုင်စင် စစ်တယ်မှတ်လိုကားကိုရပ်တန်းပေးလိုက် ရာ ကားပေါ်မှ လူကိုဆင်းခိုင်းပြီး ဒီနေရာအမှိုက်မပြစ်ရ ဟူပြော ပြီး ဒဏ်ငွေ ၆၀၀၀၀ ဆောင်ခိုင်းပါတယ် မဆောင်နိင်ရင် ကားဒစ်စ၀ိုင်း သိမ်းမည်လိုပြောပါတယ် ။
ကျနော်
က ကြည်လိုက် တောအဲဒီအမှိုက် မပြစ်ရ ဆိုင်းဘုတ်မရှိတဲ့အပြင် ဘယ်အချိန်မှ
ဘယ်အချိန်ထိအမှိုက်ပြစ်ချိန်လိုပါ ရေးသားထားခြင်း မ၇ှိပါ ။ ထိုသို
ငြင်းလိုက်သောအခါအမှိုက်ပစ်တဲ့ အချိန် ကျော်သွားပြီးလိုပြောပါ တယ်. ကျနော်
ဒီကိစ္စမဖြစ်နိင်ဘူးနေ့တိုင်းတိုင်းအမှိုက်ကို ဒီအချိန်ပစ်နေကြလို
ပြောတော့မဆိုင်ဘူးဆိုပြီး စည်ပင်လူတွေ ၀န်းလိုက်ကြတယ် ကျနော်က
ကြောက်တော့အများကြီးမပြောဘဲ စည်းမျဉ်းအရ ၆၀၀၀၀မဖြစ်နိင်ဘူးလိုပြောလိုက်
တယ်။၁သောင်းခွဲ ဆောင်ခိုင်းပြန်တယ် ကျနော် အမှိုက်ပစ်လာရှုံ
သက်သက်ဘဲဘယ်လိုလုပ်ပိုက်ဆံပါမှာလဲ လိုပြောတော့ ကားဒစ်စ၀ိုင်း ကိုအတင်းဖြုတ်
သိမ်းပြီး ဘောက်ချာရေးပေးတယ်စည်ပင်ကလူတွေကိုကြည့်လိုက် တော့
ရဲဝတ်စုံဝတ်ထားတဲ့ သူကို တွေတယ်ထိုသူကိုလည်းသိတယ် မြိုနယ်ရဲစခန်း က ရဲပါ ။
အဲ ဒီအချိန်မှာရပ်ကွက်နေသူတွေ ကလည်းသူစီကိုယ်စီ အမှိုက်လာပြစ်နေကြတာ
ကိုတွေတယ်။ရပ်ကွက်က လူတွေကိုလည်း ဖမ်းနေတာကိုတွေခဲ့ တယ် ။ ကျနော်ဒီလိုနဲ့
ကြောက်လိုအငြင်းမပွားဘဲ ပြန်လာခဲ့တယ် ။
နောက်
နေ့ အမှိုက်နားနီးတဲ့အိမ်တွေမနေတုန်းကတွေ့လိုက်ရသူတွေ ကို လိုက် မေးကြည့်
တစ်ခါ တလေ ပေါ်ပေါ်လာပြီးဒီလို မှောင်တဲ့နေရာမှာ
ထိုင်ပြီးလုပ်စားနေတာလို့ပြောကြတယ် ကျနော်တွေတဲ့
အခေါက်က
လူနည်းတာလို လဲပြောပါတယ်။ အခွန်မဆောင်ဘူးဆို၇င် ထောင်ချလိုရတယ်လို
ပါခြိမ်းခြောက်လို အချို့ရပ်ကွက်နေ မိဖ များ
ထိုနေ့ကအခွန်ဆောင်ပေးလိုက်ရတယ်လို ပြောပါ တယ် ။ ကျနော်
ထပ်မံစုံးစမ်းကြည့်တော့စည်ပင် ဒုညွန်းကြားရေး မှူး
ဦးအောင်မြင့်ကိုယ်တိုင်ဦးဆောင်နေ တယ်လိုကြား သိရတယ်
။သူအပေါင်းအပါးတွေရဲ့လုပ်ရပ်ကအကျည်းတန်းလွန်းတယ်။
အခွန်ဆောင်ခိုင်းတဲ့စာရွက်ပေါ်မှ
ာရေးထားတာမှ ကားပေါ်မှအမှိုက်ပစ်တဲ့မိုက်ရှိုင်းလိုက်ကြတာဒီလို
မျိုးဥပဒေစည်းမျဉ်း ထုတ်ပြန်ထားခြင်းမ၇ှိတဲ့နေရာမှာ ဒီလိုဥပဒေမဲ့လုပ်ရပ်
လူဝိုင်းပြီးအတင်းအဓ္ဒ္ဒ အခွန်မဆောင်ရင်ကားကိုဝန်းရိုက်မဲ့လုပ်၇ပ်တွေလု
ပ်နေပါတယ် ရပ်ကွက်နေရပ်မိရပ်ဖ များမကျေမနပ် လျှက်၇ှိသည် ။မြို့နယ်ရုံးမှလည်
းမသိချင်ယောင်ဆောင်နေကြောင်းမန်းလေးနေ ပြည်သူပြည် သား များ စည်
ပင်သာယာရုံး သန့်ရှင်းရေးဌာနမှလူမဆန်ကောက်ကျစ်စဉ်းလဲမှူများ ကို
ကိုယ်တွေခံဖြစ်ရပ် များဖြင့်ဝေမျှလိုက်ပါ သည်
ဘယ်လိုလုပ်ပြီးဒီလိုနည်း နဲ့ဒီမိုကရေစီိနိင်ငံတော်ကိုတည်ေ ထာင်ခြင်းတာလဲကို စဉ်းစားကြပါအုံး.... |
Posted: 01 Nov 2012 12:00 PM PDT
အပျိုရယ် ၊ ရဲရယ်၊ ငွေငါးသိန်းရယ်၊ ( ကိုယ်ရယ်၊ မင်းရယ် ၊ ပန်းပိတောက်ရယ်) ဆိုတဲ့ သတင်း၏
နောက်ဆက်တွဲ အကျိုးဆက်
မီဒီယာကို
မလေးစားတာဟာ ပြည်သူလူထုကို မလေးစားတာလို့ ကျနော် မီဒီယာများကိုဖြေကြားခဲ့
တယ်။ လူကုန်ကူးမှုသတင်းအစပ်အဆက်နဲ့ တောင်ဒဂုံမြို့နယ်၊ (၂၀) ရပ်ကွက်
ဧရာဝဏ်ရဲစခန်း ဒုဗိုလ်မှူး ဦးဝင်းကျော် ဆိုသော ရဲသားတစ်ယောက်ဟာ
ရဲစည်းကမ်းကို မလိုက်နာဘဲ သတင်းတစ် ခုကို ဘက်မလိုက်လိုသောကြောင့်
လာရောက်မေးမြန်းသော မီဒီယာများကို အာဏာပြကာခြိမ်း ခြောက်တာနဲ့ ပတ်သက်ပြီး
မီဒီယာများနှင့် အဆိုပါ ရဲတို့ အခြင်းဖြစ်ကြရာ ထိုဒုရဲမှူးဦးဝင်းကျော် ဟာ
မင်းတို့ကြိုက်တဲ့ အဖွဲ့ကို ခေါ်ခဲ့၊ မင်းတို့မီဒီယာတွေလည်း သတိထား ၊
နောက်နေ့ကြ လာခဲ့၊ သတင်း ပေးတဲ့သူတွေကိုလည်း ခေါ်ခဲ့၊ ငါရှင်းပြမယ်ဆိုပြီး
ကျွန်တော်နဲ့ ၃၁-၁၀-၁၂ နေ့လည် ၁၁း၀၀ ဒုရဲမှူး အလိုကျ ရက်တွက်ပြီး
နေရာရွေးကာ ချိန်းဆိုခဲ့ပါတယ်။
ဒါပေမယ့် သူချိန်းထားတဲ့ နေ့အချိန်ကို တရားခံတွေ ၊ တရားလိုတွေ၊ မီဒီိယာတွေ
မပျက်မကွက် လာခဲ့ကြသော်လည်း ဒုရဲမှူး ဦးဝင်းကျော်ဟာ
အကြောင်းအမျိုးမျိုးပြကာ လုံးဝကို မလာခဲ့ပါ။ ဖုန်း ဆက်ပြီး မီဒီယာများဟာ
လာဖို့အတွက် အထူးတလည် ခေါ်ပါသော်လည်း ပွဲပြီးတဲ့အထိ လုံးဝ ပေါ် မလာခဲ့ပါ။
မီဒီယာများက ခင်ဗျာ မီဒီယာတွေကို ချိန်းတုန်းက ချိန်းပြီး အခုလို
ရှောင်ထွက်တာဟာ ခင်ဗျာ မီဒီယာတွေကို စော်ကာတာလားလို့ ပြောသော်လည်း
အဆိုပါရဲဟာ လုံးဝကို ဂရုမစိုက်ဘဲ နေခဲ့ပါသည်။ ပထမ ကျွန်တော်နဲ့ စပြောတုန်းက
ဘယ်လိုသောတရားခံတွေဆီက ငွေးရေးကြေးရေး လုံးဝမယူခဲ့ပါဘူးဟု
အတွင်တွင်ပြောခဲ့ပြီး ကျွန်တော်တို့ကို ငွေယူတယ်လို့ပြောတဲ့သူတွေကို သတင်း
ပေးတဲ့သူတွေကို တရားစွဲမယ် ဘာမယ်လို့ အသံကျယ်ကြီးနဲ့ အော်က ခြိမ်းကာ
လုပ်ခဲ့သော်လည်း ဒီနေ့ မီဒီယာတွေ အများစုရောက်လာတဲ့နေ့မှာတော့ တရားလိုတွေက
မီဒီယာအများရှေ့တွင် ထို ဒု ရဲမှူး တရားခံများဆီက ငွေတွေ ယူထားကြောင်း
သက်သေအထောက်အထားများလည်း ရှိကြောင်း ၊ နောက်မျက်မြင်သက်သေ ( တရားလို
မဇင်မာထွေး နှင့်အမျိုးတော်စပ်သူ မီးသတ်ရဲတစ်ယောက်) လည်းရှိကြောင်း ရယက
ဥက္ကဋ္ဌ ဦးမှတ်ကြီးနှင့် တရားခံ ကိုမြင့်ဦးတို့ရှေ့တွင် ရဲရဲဝံ့ ဖြေဆိုရဲတာ
ကိုထောက်ဆရင် နောက် တရားခံတွေကလည်း တရားလိုဘက်သက်သေတို့၏ အဖြေကို ပြန်
မတုန့် ပြန်နိုင်တာကို တွက်ဆရရင် တရားခံများဆီက ငွေသားများ
လုံးဝမယူခဲ့ဘူးဆိုတဲ့ ဒုရဲမှူး ဦးဝင်း ကျော်၏ စကားဟာ ဘယ်လိုလည်းဆိုတဲ့
အဖြေက ထွက်နေပြီးသားပါ။
မြန်မာပြည်တွင် ရဲမင်းကြီးများက ပြည်နယ် တိုင်းအသီးသီးရှိ
ရဲဝန်ထမ်းများကို မီဒီယာများနှင့် တွေ့ဆုံ ဆက်ဆံ ၊ အမေးအဖြေလုပ်တဲ့နေရာမှာ
ကောင်းမွန်စွာဖြေဆိုပေးဖို့ အမှာပြုထားခဲ့ပါသော် လည်း တောင်ဒဂုံမြို့နယ်၊
(၂၀) ရပ်ကွက် ဧရာဝဏ်ရဲစခန်း ဒုဗိုလ်မှူး ဦးဝင်းကျော် ဆိုသော ရဲများ
အဖွဲ့ကတော့ လာရောက်စုံးစမ်းသော မီဒီယာများကို ခြိမ်းခြောက်ခြင်း၊
တရားလိုများကို ခြိမ်းခြောက် ခြင်း၊ တရားခံများ၏ လာဘ်ထိုးမှုကို လက်ခံခြင်း၊
တရားလိုများက ဆက်လက်တိုင်းတန်းလာသော အမှုများကို ဆိုင်းငံ့ထားခြင်း၊
ပိတ်ပင်ခြင်းများကို သူတို့သဘောနှင့်သူတို့ဆုံးဖြတ်ြ ပီးလုပ်နေကြတာ
ရဲဝန်ထမ်းများ လုပ်လို့ရပါသလားလို့ မေးခွန်းထုတ်စရာပါ။
ပြည်သူ့ခေတ် ၊အတွဲ ၃၊ အမှတ် ၁၁၇၊ (၂၅-၁၀-၁၂) နေ့ ထုတ်ဝေခဲ့သော စာဆောင်တွင်
စုံစမ်းစစ်ဆေးရန် ခတ်ခဲသော။ (သို့) စုံးစမ်းမရသော အမှုများကို ရဲက
မိမိသဘောဖြင့် ဆိုင်းငံ့ခွင့်၊ ပိတ်သိမ်းခွင့် မရှိပါ၊ နယ်ပိုင်
ရာဇ၀တ်တရားသူကြီး ထံ တင်ပြရပါသည်။ လို့ ဆိုထားပါသည်။
စာနယ်ဇင်းပညာရပ် ကျွမ်းကျင်သူ ဦးရဲနိုင်မိုးက ပြန်ကြားရေးဝန်ကြီး
ဦးအောင်ကြည်နှင့် တွေ့ဆုံ ခဲ့ကြသော ပုံနှိပ်မီဒီယာဥပဒေကို
သတင်းစာဆရာများနှင့် ပူးပေါင်းပြုစုမည် ဆိုတဲ့အခမ်းအနားတုန်း က
အစိုးရဌာနများထံမှ အများပြည်သူဆိုင်ရာ အချက်အလက်များကို သတင်းမီဒီများက
တောင်းယူ ခွင့်ရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။ ယင်းပွဲမှာပင် The Messenger
ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးအောင်ပေါ်ထွန်းကလည်း ကမ္ဘောဒီယားနိုင်ငံ၏
မီဒီယာဥပဒေကို ကိုးကား၍ အစိုးရဌာနများသည် သတင်းစားဆရာနှင့် မီဒီယာများက
မေးမြန်းချက်များကို မဖြေကြားလိုလျင်ပင် မည်သည့်အတွက် ကြောင့်
မဖြေကြားနိုင်ကြောင်း ဖြေရှင်းချက်ပေးရသည့် ပြဋ္ဌာန်းချက်ကို
ထည့်သွင်းပြန်ဋ္ဌာန်းသင့်် သည်ဟု မီဒီယာများ၏ မေးမြန်းချက်ကို
ဖြေဆိုပေးခဲ့သည်။
သို့သော်လည်း အထက်ပါ အောက်ခြေ ရဲဝန်ထမ်းများကတော့ တရားဥပဒေစိုးမိုးတာ
မစိုးမိုးတာ နားမလည်၊ လာဘ်ပေးလာဘ်ယူစနစ်ဟောင်းကြီးကို ပဲ ကျင့်သုံးနေပြီး
အသနားခံလာပြီး တိုင်ကြား လာသော တရားလိုများ၏မျက်နှာကိုမှ မကြည့်ဘဲ
တရားလိုများအတွက်ဆိုပြီး မျက်နှာပန်းလှလှဖြင့် တရားခံများထံက
ငွေငါသိန်းကိုယူထားကြောင်း အသိသက်သေများက ထွက်ဆိုချက်အရ သိရပါ သည်။ ယခုလို
အဖြစ်အပျက်ကို ကြည့်ရလျှင်ပင် ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေ၊ ၀န်ထမ်း
တွေအများစုမှာ ရှိနေသေးကြောင်း ထင်ရှားနေပါသည်။ ထို့ကြောင့်
အရာအရာကိုချုပ်ကိုင်ထားမှ လူထုအမြင်တွေကို ထိန်းချုပ်ထားမှ ဆိုတဲ့
အတွေးအခေါ်တွေကနေ လွတ်မြောက်ဖို့လိုပါပြီ။
ဒါပေမယ့် တောင်ဒဂုံ၊ဧရာဝဏ်ရဲစခန်းက ဒုရဲဗိုလ်မှူးကြီး
ဦးဝင်းကျော်တို့ကတော့ မီဒီယာတွေကို ဒီနေ့ကောင်းကောင်းဆုံးမလိုက်တာ
လို့ထင်ပြီး ပျော်နေမလားမသိပါဘူး။ သူကိုယ်တိုင် စိန်ခေါ်က မီဒီယာတွေကို
ချိန်းဆိုပြီး မီဒီယာတွေ တကယ်လာရောက် မေးမြန်းပြီဆိုကာမှ အကြောင်းပြ ရှောင်
ထွက်သွားတာကို ဒီနေ့ တက်ရောက်လာသော မီဒီယာသတင်းသမားများက သူ့၏ လုပ်ရပ်ကို
ဘယ်လို သတင်းရေးကြမလဲဆိုတာကို ဒီတစ်ပတ်ထွက် ဆိုင်ရာ သတင်းဂျာနယ်များမှာ
စောင့်ယူ ပြီး ဖတ်ကြရပါဦးမယ်။
သတင်းသုံးသပ်သူ လင်းဆက်
|
No comments:
Post a Comment