7Day News Journal's photo.
မြန်မာ့ရိုးရာအစားအစာဆိုင်တွေ ရှားပါးစာရင်း သွင်းရတော့မလား
ရေးသားသူ- ယုဇနကိုကို၊ ထွန်းခိုင်
နိုင်ငံခြားသားဧည့်သည်များက မြန်မာ့ရိုးရာမုန့်စားလို၍ မေးမြန်းခံရလျှ

င် အမြဲခေါင်းခဲရကြောင်း ၀ါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ
ဦးထွန်းမြတ်ကပြောသည်။ သန့်ရှင်းလတ်ဆတ်ပြီး စနစ်တကျပြင်ဆင်ထားသည့်
မြန်မာမုန့်များကို စားသုံးရန်မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော
ကမ္ဘာလှည့်ခရီးသွားများအတွက်သာမက မြန်မာနိုင်ငံသားများအတွက်ပင် အခက်အခဲရှိနေပါသည်။
ရှမ်းခေါက်ဆွဲ၊ ရခိုင်မုန့်တီကဲ့သို့သော တိုင်းရင်းသားအစားအစာ ရောင်းချသည့် ဆိုင်များသည်ပင်လျှင် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် နေရာယူလာကြသော်လည်း မြန်မာတိုင်းရင်းသားများ၏ သရေစာမုန့်များမှာ လွယ်လင့်တကူ ရှာဖွေရန်ခက်ခဲလျက်ရှိသည်။
“ဘယ်ကမ္ဘာလှည့်ဧည့်သည်မဆို နိုင်ငံတစ်နိုင်ငံကိုရောက်ရင် အဲ့ဒီနိုင်ငံရဲ့ ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှုနဲ့ ရိုးရာအစားအသောက်တွေကို စိတ်ဝင်စားကြတယ်။ ဥရောပနိုင်ငံအနှံ့မှာ ထိုင်း၊ တရုတ် စားသောက်ဆိုင်တွေရှိတယ်။ ဒါပေမယ့် မြန်မာ့ရိုးရာအစားအစာဆိုင်တွေကေ တာ့ ဒီနိုင်ငံမှာတောင် အင်မတန်ရှားတယ်”ဟု ဧည့်လမ်းညွှန်ဦးထွန်းမြတ်ကပြောသ ည်။
၁၉ ရာစုအလယ်ပိုင်းက အင်္ဂလိပ်အုပ်စိုးမှုနှင့်အတူ ပါလာသည်ဟုဆိုသော အိန္ဒိယနွယ်ဖွားများ၏ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ယခုလက်ရှိအချိန်တွင် ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် တစ်နေ့တခြား ပိုမိုများပြားလာနေသည်။ အဆိုပါယဉ်ကျေးမှုနှင့်အတူ ယင်းဆိုင်များတွင် စမူဆာ၊ ပေါက်စီ၊ အသားပေါင်း ကဲ့သို့သော အရသာရှိလှသည့် တရုတ်၊ အိန္ဒိယအစားအစာများက အလွယ်တကူ ၀ယ်ယူစားသုံးနိုင်ရန် အချိန်မရွေးရှိနေတတ်သော်လည်း မြန်မာ့ရိုးရာစစ်စစ်မုန့်များမှာမူ ၀ယ်ယူစားသုံးရန်အတွက် ရှာဖွေရခက်ခဲလှသည်။
ညနေသုံးနာရီခန့် ရောက်ပါက ရန်ကုန်မြို့၏ လမ်းမများအပေါ်သို့ အလျှိုလျှိုထွက်လာကြသည့် လမ်းဘေးစားသောက်ဆိုင်များတွင်လည်း
ဆူရှီကဲ့သို့ ဂျပန်အစားအစာများ၊ ဟမ်ဘာဂါကဲ့သို့ အနောက်တိုင်းအစားအစာများ၊
အစပ်အရသာကဲသော ထိုင်းအစားအသောက်များကို အလွယ်တကူ ၀ယ်နိုင်သော်လည်း
မြန်မာမုန့်များမှာမူ ၀ယ်ယူရန်အတွက် ခက်ခဲလွန်းလှသည်ဟု ရန်ကုန်မြို့ခံများက
ညည်းတွားကြသည်။
“ဒီမှာက အသင့်စား အစားအစာတွေ အရမ်းများလာတယ်။ သူများနိုင်ငံက အစားအစာတွေ စားချင်စိတ်တွေဖြစ်လာတယ်။ ဒါဟာလူမျိုးတစ်မျိုးရဲ့ ဥပဓိရုပ် ပျောက်သွားခြင်းလို့ ပြောလို့ရတယ်။ မြန်မာရိုးရာမုန့်ဆိုင်တွေ ခုချိန်မှာ ဒီ့ထက်မကရှိသင့်ပြီ”ဟု စာရေးဆရာမောင်သာချိုကပြောသည်။
မီးခိုးမထွက်သည့် စက်ရုံများဟု တင်စားခေါ်ဝေါ်သည့် ကမ္ဘာ့လှည့်ခရီးသည်များအား ဆွဲဆောင်ကြသည့် အရာများအနက် တစ်ခုမှာ ဒေသန္တရအစားအစာများဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများက ခရီးသွားများအတွက် ၎င်းတို့ရိုးရာမုန့်များကို စနစ်တကျပြုလုပ်ကာ တည်ခင်းရောင်းချနိုင်ပါက တစ်ဟုန်ထိုး တိုးတက်ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မှုအသစ်အဖြစ် ပြုလုပ်နိုင်ကြောင်း ဧည့်လမ်းညွှန်များကဆိုပါသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လမ်းဘေးဝဲယာရှိ ထိုင်းရိုးရာအစားအစာ ရောင်းချသည့်ဆိုင်များတွင် နိုင်ငံခြားသားဧည့်သည်များဖြင့် ပြည့်နှက်နေလေ့ရှိသော်လည်း ရန်ကုန်မြို့ လမ်းဘေးမုန့်ဆိုင်များတွင်မူ အခြေခံလူတန်းစားများကသာ အများဆုံးဝယ်ယူနေကြသည်။
အိမ်နီးချင်းနိုင်ငံများသည်လည်း ၎င်းတို့ရိုးရာအစားအစာများကို လူတိုင်းခံတွင်းတွေ့စေနိုင်လောက်သည့် အရသာမျိုးရရှိအောင် ပြုပြင်မှုအချို့ ပြုလုပ်ကာ ရောင်းချပြီး အဆိုပါဓလေ့ကို အတုယူသင့်ကြောင်း ဧည့်လမ်းညွှန်များကဆိုသည်။
ဂျုံကိုအခြေခံကာ ပြုလုပ်လေ့ရှိသည့် အစားအသောက်များ စားသုံးလေ့ရှိသည့် ခရီးသွားများအတွက် အများအားဖြင့် ဆန်နှင့်ကောက်ညှင်းကို အခြေခံကာ ပြုလုပ်လေ့ရှိသည့် မြန်မာ့ရိုးရာမုန့်များကို ခံတွင်းတွေ့စေရန်အတွက် ပြောင်းလဲမှုအချို့ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း “ဗမာမုန့်ပဲသရေစာများ”အကြောင်း စာအုပ်များ ရေးသားထုတ်ဝေသည့် ဒေါ်ဥမ္မာသျှားကပြောသည်။ ဆီပူထဲသို့ မိနစ်အနည်းငယ်ခန့်ကြာ မြုပ်အောင် ကြော်ချက်ရသည့် သရေစာများ၊ ထန်းလျက် ကဲ့သို့သော အချိုအရသာရှိစေသည့် ပစ္စည်းများဖြင့် ပြုလုပ်သောမုန့်များအတွက် စနစ်တကျ ဆီကိုစစ်ပြီးမှ ရောင်းချခြင်း၊ အချိုဓာတ်လွန်ကဲမှု၊ ဆီလွန်ကဲစွာ ပါဝင်မှုများ မဖြစ်အောင် ဂရုစိုက်ရောင်းချပါက ရိုးရာမုန့်များသည် နိုင်ငံခြားသားများအကြိုက် ဖြစ်လာနိုင်ကြောင်း ဒေါ်ဥမ္မာသျှားကပြောသည်။
“နိုင်ငံခြားသားက ဆီများတာမကြိုက်ဘူး။ ငရုတ်ကောင်း အရမ်းများနေတာမကြိုက်ဘူး။ အချိုလွန်ကဲတဲ့ အရသာမကြိုက်ဘူး”ဟု သူကပြောသည်။
လက်ရှိအချိန်တွင် မုန့်ပဲသရေစာဈေးကွက်သည် အခြေခံလူတန်းစား အများစုနေထိုင်သည့် ရပ်ကွက်များအတွင်းရှိ ဈေးတန်းများ၊ ရာသီအလိုက် ကျင်းပသည့် ပွဲဈေးများ၊ ဘုရားပွဲဈေးများတွင်သာ ရုန်းကန်ရပ်တည်နေရသည်။ ယင်းနေရာများတွင် ရောင်းချလေ့ရှိသည့် ဈေးသက်သာသော ရိုးရာမုန့်များကလည်း ကျန်းမာရေးအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။ ဓာတုဗေဒဆိုးဆေးများ အသုံးပြုထားသည့် အရောင်ပါမုန့်များ၊ စားအုန်းဆီ (သို့မဟုတ်) တိရစ္ဆာန်တစ်မျိုးမျိုး၏ အဆီများကို အသုံးပြုပြီး ကြော်လှော်ထားသော အဆိုပါမုန့်များသည် ကျန်းမာရေးအတွက် အလေးထားလာသော ယနေ့ခေတ်တွင် စားသုံးသူများအတွက် စဉ်းစားစရာဖြစ်လာခဲ့သည်။
အစားအစာများ ချက်ပြုတ်ရောင်းချရာတွင် သန့်ရှင်းမှုကို ဂရုပြုမှုအားနည်းသည့်အချက်သည်လည်း
စားသုံးသူများအား ရိုးရာအစားအသောက်များနှင့် ပိုမိုဝေးကွာစေမည်ဖြစ်သည်။
ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားအနီးတွင် အပြိုင်အဆိုင်
အော်ဟစ်ရောင်းချနေကြသည့် လူကြိုက်များလှသော ရိုးရာအစားအစာတစ်မျိုးဖြစ်သော
မုန့်ဟင်းခါးဆိုင်များ၏ ချက်ပြုတ်မှုပုံစံ၊ ပြင်ဆင်ရောင်းချမှုပုံစံများက
ကမ္ဘာလှည့်ခရီးသွားများပင် မဆိုထားဘိ၊ မြန်မာများအတွက်ပင်
ဝင်ရောက်စားသောက်ရန် စဉ်းစားစရာဖြစ်နေသည်။ ဟင်းရည်အိုးထဲသို့
ပစ်ထည့်လေ့ရှိသော ဟင်းရည်ဖြစ်လာမည့်ရေများ၊ စားသောက်ပြီးပန်းကန်များကို
အထပ်ထပ် ဆေးကြောထားသည် ညစ်ပေနေသည့် ရေများနှင့်ပင်
ထပ်မံဆေးကြောမည့်ပန်းကန်များ အစရှိသည့် မြင်ကွင်းများသည် ကျန်းမာရေးကို
အလေးထားသော စားသုံးသူများအား စိတ်ပျက်စေမည်ဖြစ်သည်။
ဥရောပ (သို့မဟုတ်) တရုတ်အရသာ ၀က်အူချောင်းများအား အခြေခံပြီး ပြုလုပ်ထားသည့် အစားအစာများ၊ လူကြိုက်များလှသည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ ထဲမှ
ပဲခေါက်ဆွဲကဲ့သို့ အစားအစာများကို သန့်သန့်ရှင်းရှင်းဖြင့် ၀ယ်ယူရန်မှာ
ရန်ကုန်မြို့တွင် မခက်လှသော်လည်း အောင်ဗလမုန့်၊ ရေမုန့်ကအစ
မုန့်ပေါင်းအဆုံး ရိုးရာမုန့်များမှာ သန့်သန့်ရှင်းရှင်းရရန် ခက်ခဲလှသည်။
ရိုးရာမုန့်များကို သန့်သန့်ရှင်းရှင်းဖြင့် ရောင်းချသောဆိုင်များမှာ
ရန်ကုန်မြို့တွင် လက်ချိုးရေတွက်နိုင်သည်။
“သူများနိုင်ငံတွေက သူတို့ရဲ့ ရိုးရာအစားအသောက်တွေနဲ့ သူတို့နိုင်ငံကိုလာတဲ့ ဧည့်သည်တွေကို ဆွဲဆောင်တယ်။ ဒီမှာက ရိုးရာမုန့်ကိုတောင် ကိုယ့်ဒေသခံတိုင်း အလွယ်တကူ ၀ယ်စားလို့ရမယ့် စနစ်တကျနဲ့ ပြင်ဆင်ထားမယ့်ဆိုင်မျိုး အရမ်းရှားတယ်။ အခြေခံလူတန်းစား အရမ်းများတာကလည်း ဈေးသက်သာပြီး ကျန်းမာရေးနဲ့မညီတဲ့ မြန်မာမုန့်ရောင်းသူတွေ ပေါများစေတဲ့ တစ်ချက်လို့ မြင်တယ်။ ဘယ်လိုနေရာမှာပဲရောင်းရောင်း ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာရိုးရာမုန့်တွေ နိုင်ငံတကာက လက်ခံမှာပဲ”ဟု ဆယ်စုနှစ်တစ်ခုကျော်ကြာ ရိုးရာမုန့်များ သီးသန့်ရောင်းချသည့် ရွှေရည်ဆိုင်မှ ဦးမောင်မောင်သန်းကပြောသည်။
တိကျသည့် ဖော်စပ်ပုံဖော်မြူလာမရှိခြင်း၊ နိုင်ငံတကာ နားလည်လောက်သည့် အခေါ်အဝေါ် အတည်တကျမရှိခြင်းသည်လည်း ရိုးရာအစားအစာများအတွက် အားနည်းချက်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။
ကိုရီးယားဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ၎င်းတို့လူမျိုးများ၏ အစားအသောက်များဖြစ်သော ပဲခေါက်ဆွဲ၊ ကင်(မ်)ချီအစရှိသည့် အစားအစာများကို သိသာထင်ရှားအောင် အမြဲတစေ ထည့်သွင်းရိုက်ကူးမှုများ ပြုလုပ်လေ့ရှိသည်။ မြန်မာဇာတ်လမ်းများတွင်မူ ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးခြင်းနှင့် အသင့်စားမုန့်များကို စားသောက်ကြခြင်းများကိုသာ အစဉ်တစိုက် ထည့်သွင်းရိုက်ပြခြင်းက မြန်မာရိုးရာအစားအစာများကို ဒေသခံမြန်မာလူမျိုးများပင် မေ့မေ့လျော့လျော့ရှိလာသည့် အချက်တစ်ခုဖြစ်နေကြောင်း ရိုးရာအစားအသောက်များကို စိတ်ဝင်စားသူ အမျိုးသမီးတစ်ဦးကပြောသည်။
မြန်မာလူမျိုးများသည် မိုးလင်းသည်နှင့် ရိုးရာအစားအသောက်ကို စားသုံးသည့်ဓလေ့ရှိကြောင်းကို အမြဲတစေဂုဏ်ယူကာ ပြောဆိုလေ့ရှိသည်။ မြန်မာများ ဂုဏ်ယူပြောဆိုနေကြသည့် ရိုးရာအစားအသောက်များ ရှာဖွေရခက်ခဲလာပြီး ရောင်းချနေသည့် ဆိုင်အများစုသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။ ရန်ကုန်မြို့၏ မြို့လယ်ခေါင်တွင် တခမ်းတနားဖွင့်လှစ်ကာ ရောင်းချနေသည့် ဆိုင်အများစုသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ရန်ကုန်မြို့လယ်ခေါင်တွင် နိုင်ငံတကာမှ ရိုးရာအစားအစာဆိုင်များ တစ်နေ့တခြား တိုးပွားလာနေသော်လည်း မြန်မာ့ရိုးရာဆိုင်များကမူ ဖြစ်သလိုသာ တည်ခင်းရောင်းချပြီး ၀ယ်သူကို မျှော်နေရဆဲဖြစ်သည်။
ရှမ်းခေါက်ဆွဲ၊ ရခိုင်မုန့်တီကဲ့သို့သော တိုင်းရင်းသားအစားအစာ ရောင်းချသည့် ဆိုင်များသည်ပင်လျှင် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် နေရာယူလာကြသော်လည်း မြန်မာတိုင်းရင်းသားများ၏ သရေစာမုန့်များမှာ လွယ်လင့်တကူ ရှာဖွေရန်ခက်ခဲလျက်ရှိသည်။
“ဘယ်ကမ္ဘာလှည့်ဧည့်သည်မဆို နိုင်ငံတစ်နိုင်ငံကိုရောက်ရင် အဲ့ဒီနိုင်ငံရဲ့ ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှုနဲ့ ရိုးရာအစားအသောက်တွေကို စိတ်ဝင်စားကြတယ်။ ဥရောပနိုင်ငံအနှံ့မှာ ထိုင်း၊ တရုတ် စားသောက်ဆိုင်တွေရှိတယ်။ ဒါပေမယ့် မြန်မာ့ရိုးရာအစားအစာဆိုင်တွေကေ
၁၉ ရာစုအလယ်ပိုင်းက အင်္ဂလိပ်အုပ်စိုးမှုနှင့်အတူ ပါလာသည်ဟုဆိုသော အိန္ဒိယနွယ်ဖွားများ၏ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ယခုလက်ရှိအချိန်တွင် ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် တစ်နေ့တခြား ပိုမိုများပြားလာနေသည်။ အဆိုပါယဉ်ကျေးမှုနှင့်အတူ ယင်းဆိုင်များတွင် စမူဆာ၊ ပေါက်စီ၊ အသားပေါင်း ကဲ့သို့သော အရသာရှိလှသည့် တရုတ်၊ အိန္ဒိယအစားအစာများက အလွယ်တကူ ၀ယ်ယူစားသုံးနိုင်ရန် အချိန်မရွေးရှိနေတတ်သော်လည်း မြန်မာ့ရိုးရာစစ်စစ်မုန့်များမှ
ညနေသုံးနာရီခန့် ရောက်ပါက ရန်ကုန်မြို့၏ လမ်းမများအပေါ်သို့ အလျှိုလျှိုထွက်လာကြသည့် လမ်းဘေးစားသောက်ဆိုင်များတွင်လည
“ဒီမှာက အသင့်စား အစားအစာတွေ အရမ်းများလာတယ်။ သူများနိုင်ငံက အစားအစာတွေ စားချင်စိတ်တွေဖြစ်လာတယ်။ ဒါဟာလူမျိုးတစ်မျိုးရဲ့ ဥပဓိရုပ် ပျောက်သွားခြင်းလို့ ပြောလို့ရတယ်။ မြန်မာရိုးရာမုန့်ဆိုင်တွေ ခုချိန်မှာ ဒီ့ထက်မကရှိသင့်ပြီ”ဟု စာရေးဆရာမောင်သာချိုကပြောသည်။
မီးခိုးမထွက်သည့် စက်ရုံများဟု တင်စားခေါ်ဝေါ်သည့် ကမ္ဘာ့လှည့်ခရီးသည်များအား ဆွဲဆောင်ကြသည့် အရာများအနက် တစ်ခုမှာ ဒေသန္တရအစားအစာများဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများက ခရီးသွားများအတွက် ၎င်းတို့ရိုးရာမုန့်များကို စနစ်တကျပြုလုပ်ကာ တည်ခင်းရောင်းချနိုင်ပါက တစ်ဟုန်ထိုး တိုးတက်ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မှုအသစ်အဖြစ် ပြုလုပ်နိုင်ကြောင်း ဧည့်လမ်းညွှန်များကဆိုပါသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လမ်းဘေးဝဲယာရှိ ထိုင်းရိုးရာအစားအစာ ရောင်းချသည့်ဆိုင်များတွင် နိုင်ငံခြားသားဧည့်သည်များဖြင့်
အိမ်နီးချင်းနိုင်ငံများသည်လည်း
ဂျုံကိုအခြေခံကာ ပြုလုပ်လေ့ရှိသည့် အစားအသောက်များ စားသုံးလေ့ရှိသည့် ခရီးသွားများအတွက် အများအားဖြင့် ဆန်နှင့်ကောက်ညှင်းကို အခြေခံကာ ပြုလုပ်လေ့ရှိသည့် မြန်မာ့ရိုးရာမုန့်များကို ခံတွင်းတွေ့စေရန်အတွက် ပြောင်းလဲမှုအချို့ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း “ဗမာမုန့်ပဲသရေစာများ”အကြောင်း စာအုပ်များ ရေးသားထုတ်ဝေသည့် ဒေါ်ဥမ္မာသျှားကပြောသည်။ ဆီပူထဲသို့ မိနစ်အနည်းငယ်ခန့်ကြာ မြုပ်အောင် ကြော်ချက်ရသည့် သရေစာများ၊ ထန်းလျက် ကဲ့သို့သော အချိုအရသာရှိစေသည့် ပစ္စည်းများဖြင့် ပြုလုပ်သောမုန့်များအတွက် စနစ်တကျ ဆီကိုစစ်ပြီးမှ ရောင်းချခြင်း၊ အချိုဓာတ်လွန်ကဲမှု၊ ဆီလွန်ကဲစွာ ပါဝင်မှုများ မဖြစ်အောင် ဂရုစိုက်ရောင်းချပါက ရိုးရာမုန့်များသည် နိုင်ငံခြားသားများအကြိုက် ဖြစ်လာနိုင်ကြောင်း ဒေါ်ဥမ္မာသျှားကပြောသည်။
“နိုင်ငံခြားသားက ဆီများတာမကြိုက်ဘူး။ ငရုတ်ကောင်း အရမ်းများနေတာမကြိုက်ဘူး။ အချိုလွန်ကဲတဲ့ အရသာမကြိုက်ဘူး”ဟု သူကပြောသည်။
လက်ရှိအချိန်တွင် မုန့်ပဲသရေစာဈေးကွက်သည် အခြေခံလူတန်းစား အများစုနေထိုင်သည့် ရပ်ကွက်များအတွင်းရှိ ဈေးတန်းများ၊ ရာသီအလိုက် ကျင်းပသည့် ပွဲဈေးများ၊ ဘုရားပွဲဈေးများတွင်သာ ရုန်းကန်ရပ်တည်နေရသည်။ ယင်းနေရာများတွင် ရောင်းချလေ့ရှိသည့် ဈေးသက်သာသော ရိုးရာမုန့်များကလည်း ကျန်းမာရေးအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။ ဓာတုဗေဒဆိုးဆေးများ အသုံးပြုထားသည့် အရောင်ပါမုန့်များ၊ စားအုန်းဆီ (သို့မဟုတ်) တိရစ္ဆာန်တစ်မျိုးမျိုး၏ အဆီများကို အသုံးပြုပြီး ကြော်လှော်ထားသော အဆိုပါမုန့်များသည် ကျန်းမာရေးအတွက် အလေးထားလာသော ယနေ့ခေတ်တွင် စားသုံးသူများအတွက် စဉ်းစားစရာဖြစ်လာခဲ့သည်။
အစားအစာများ ချက်ပြုတ်ရောင်းချရာတွင် သန့်ရှင်းမှုကို ဂရုပြုမှုအားနည်းသည့်အချက်သည်လည်
ဥရောပ (သို့မဟုတ်) တရုတ်အရသာ ၀က်အူချောင်းများအား အခြေခံပြီး ပြုလုပ်ထားသည့် အစားအစာများ၊ လူကြိုက်များလှသည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ
“သူများနိုင်ငံတွေက သူတို့ရဲ့ ရိုးရာအစားအသောက်တွေနဲ့ သူတို့နိုင်ငံကိုလာတဲ့ ဧည့်သည်တွေကို ဆွဲဆောင်တယ်။ ဒီမှာက ရိုးရာမုန့်ကိုတောင် ကိုယ့်ဒေသခံတိုင်း အလွယ်တကူ ၀ယ်စားလို့ရမယ့် စနစ်တကျနဲ့ ပြင်ဆင်ထားမယ့်ဆိုင်မျိုး အရမ်းရှားတယ်။ အခြေခံလူတန်းစား အရမ်းများတာကလည်း ဈေးသက်သာပြီး ကျန်းမာရေးနဲ့မညီတဲ့ မြန်မာမုန့်ရောင်းသူတွေ ပေါများစေတဲ့ တစ်ချက်လို့ မြင်တယ်။ ဘယ်လိုနေရာမှာပဲရောင်းရောင်း ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာရိုးရာမုန့်တွေ နိုင်ငံတကာက လက်ခံမှာပဲ”ဟု ဆယ်စုနှစ်တစ်ခုကျော်ကြာ ရိုးရာမုန့်များ သီးသန့်ရောင်းချသည့် ရွှေရည်ဆိုင်မှ ဦးမောင်မောင်သန်းကပြောသည်။
တိကျသည့် ဖော်စပ်ပုံဖော်မြူလာမရှိခြင်း၊ နိုင်ငံတကာ နားလည်လောက်သည့် အခေါ်အဝေါ် အတည်တကျမရှိခြင်းသည်လည်း ရိုးရာအစားအစာများအတွက် အားနည်းချက်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။
ကိုရီးယားဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ၎င်းတို့လူမျိုးများ၏ အစားအသောက်များဖြစ်သော ပဲခေါက်ဆွဲ၊ ကင်(မ်)ချီအစရှိသည့် အစားအစာများကို သိသာထင်ရှားအောင် အမြဲတစေ ထည့်သွင်းရိုက်ကူးမှုများ ပြုလုပ်လေ့ရှိသည်။ မြန်မာဇာတ်လမ်းများတွင်မူ ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးခြင်းနှင့် အသင့်စားမုန့်များကို စားသောက်ကြခြင်းများကိုသာ အစဉ်တစိုက် ထည့်သွင်းရိုက်ပြခြင်းက မြန်မာရိုးရာအစားအစာများကို ဒေသခံမြန်မာလူမျိုးများပင် မေ့မေ့လျော့လျော့ရှိလာသည့် အချက်တစ်ခုဖြစ်နေကြောင်း ရိုးရာအစားအသောက်များကို စိတ်ဝင်စားသူ အမျိုးသမီးတစ်ဦးကပြောသည်။
မြန်မာလူမျိုးများသည် မိုးလင်းသည်နှင့် ရိုးရာအစားအသောက်ကို စားသုံးသည့်ဓလေ့ရှိကြောင်းကို အမြဲတစေဂုဏ်ယူကာ ပြောဆိုလေ့ရှိသည်။ မြန်မာများ ဂုဏ်ယူပြောဆိုနေကြသည့် ရိုးရာအစားအသောက်များ ရှာဖွေရခက်ခဲလာပြီး ရောင်းချနေသည့် ဆိုင်အများစုသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။ ရန်ကုန်မြို့၏ မြို့လယ်ခေါင်တွင် တခမ်းတနားဖွင့်လှစ်ကာ ရောင်းချနေသည့် ဆိုင်အများစုသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ရန်ကုန်မြို့လယ်ခေါင်တွင် နိုင်ငံတကာမှ ရိုးရာအစားအစာဆိုင်များ တစ်နေ့တခြား တိုးပွားလာနေသော်လည်း မြန်မာ့ရိုးရာဆိုင်များကမူ ဖြစ်သလိုသာ တည်ခင်းရောင်းချပြီး ၀ယ်သူကို မျှော်နေရဆဲဖြစ်သည်။
No comments:
Post a Comment