Wednesday, November 14, 2012

" ကျွန်တော် နှင့် သိုင်းသမားများ "


by Ba La on Wednesday, 14 November 2012 at 00:44 ·


ကျွန်တော့် မှာ ဖြေရှင်းရခက်တဲ့ ကိစ္စကြီးတစ်ခု ရှိနေတယ် အဲဒါ ဘာလဲဆိုတော့ ?

တစ်နေ့ ကျွန်တော့် ဖုန်းထဲကို Unknown ဆိုတဲ့ စာကြီးပေါ်ပြီး ဖုန်းဝင်လာတယ် ....

ဘာပါလိမ့်ပေါ့ ကိုင်လိုက်တယ် ၊
***  မောင်လေး ဗလ လားတဲ့ ( ဟုတ်ပါတယ် ခင်ဗျာ့ပေါ့ )
*** အမ မောင်လေး လုပ်နေတဲ့ ပရဟိတတွေကို စိတ်ဝင်စားလို့ လှူခြင်လို့ပါတဲ့ ( အော် ၀မ်းသာလိုက်တာပေါ့ဗျာ )
*** မောင်လေးတို့ ကျောင်းဆောက်နေတဲ့ နေရာမှာ ဘာလိုသေးလဲတဲ့ ၊ အမ လှူခြင်တာ အိမ်သာတဲ့ အိမ်သာကောင်းမှ ကျန်းမာရေး ကောင်းသလို ၊လူနေမှု့ အဆင့် အတန်းလဲ တစ်ခုဖြစ်တယ်တဲ့ ( ဟုတ်ကဲ့ပေါ့ .... )

*** (သို့သော် စိတ်ထဲမှာ ရှိနေတာက ကျောင်းလှေကားလေလေ အဲဒါလေး ကျန်နေတယ် အဲတော့ ဘာရမလဲ ကိုယ်လိုတာ ကိုယ်ဆွဲတာပေါ့ )


*** နောက်ဆုံး ဖုန်းဆက်တဲ့  အမလဲ ကျွန်တော်ဆွဲ ( ဆွယ် ) တဲ့ လှေကားလေးမှာ နောက်ဆုံး သဘောတူရသတည်းပေါ့ .....

အဲလို နဲ့ လိုတဲ့ လှေကားလေး ဆောက်ဖို့ သာပေါင်းကျောင်းကိုရောက်သွားတယ် ။

ညဘက်လှေပေါ်မှာ -
ပုသိမ်က ထမင်းပူပူလေးမှာ ချဉ်ပေါင်ကျော် လေး တင်ပြီး ထမင်းထုပ်ပေးလိုက်တယ် ဗူးလေး တွေ နဲ့ပေါ့ ....
 လှေပေါ်မှာ ဆိုတော့ သိတဲ့ အတိုင်း စားကောင်းကောင်း နဲ့ 3 ဗူး :P

မနက်အစောကြီးလှေက ဆိုက်တော့ အိပ်လိုက်တယ်
မနက်ကို ဘာကျွေးတယ် ထင်တုန်း မုန့်ဟင်းခါးဗျာ့ .......
ဆွဲကောင်းကောင်း နဲ့ ဆွဲတာ 3 ပုကန်
3 ဂဏန်းတွေ ကောင်းစားနေတယ်ပေါ့

ဗိုက်ကတော့ နည်းနည်း နာခြင်သလိုဖြစ်နေသား !
မနက်စာ စားပြီးတော့  ပန်းရံ လက်သမားတွေ လာတော့ တွက်ကြချက်ကြ ၊ ကျောင်းလေး အတွက်လဲ ခန့်မှန်း ကုန်ကျစရိတ်ကိုလဲ တွက်ပေါ့ ....
အဲလို နဲ့ အချိန်တွေကို တိုက်စားသွားလိုက်တာ
12 နာရီ :P
ထမင်းစားချိန်လေ သိတယ်မှတ်လား ....
လားလား .... ၀က်သားဟင်း ၊ လယ်ပုဇွန်လုံး ၊ မကျီးရွက် လေးကို အရွက် နည်းနည်းလေး နဲ့ အရည်သောက် .... အအီပြေလေးပေါ့ ဆွဲတယ်ဆရာ ဆွဲတယ်ဗျာ့ 3 ပုကန်ပဲ :-)

ကဲ စားခန်း သောက်ခန်းများသွားတော့ အလုပ်လုပ်ရတော့မယ် ထမင်းစားပြီးတာနဲ့ လှေပြင်ပြီး ကျောင်းကို သွားတော့တာပေါ့ ......

ကျောင်းရောက်တော့  မုန့်စားချိန် ဆင်းနေတာ နဲ့ ကလေးတွေကို ဖယ်ခိုင်း
လှေကားဆောက်မယ့် နေရာလေးကို ကြည့်ပေါ့ ။

အဲဒီမှာ စပြသနာ တက်တော့တာပဲ

ဗိုက်လေ ဗိုက် ....

ပြေးပြီပေါ့ မောင်ဗလတို့ အိမ်သာကို ၊
အရင်ကတော့ အလှူရှင်ဆိုတော့ သိတယ်မှတ်လား အိမ်သာ ကောင်းကောင်းတက်ရတယ် ၊

အခုတော့ အခြေအနေပေါ် မူတည်ပြီး ကျောင်းအိမ်သာကိုပြေးရတယ် .....

"  ကလေးတွေ နဲ့ လုရသဗျာ့ "

နေရာလေး တစ်နေရာ ရတော့ ဘာရမလဲ အားရပါးရ  ဗွမ်းဆိုပြီး ဖြစ်သွားရော :P
ဘေး နားလေးကို ကြည့်လိုက်တော့ ကျောင်းသားလေး 2 ယောက် ..... ( နည်းနည်းတော့ ရှက်သား ၊ သို့သော် မတက်နိုင်လေ လွယ်ထားရတာကြီးက )

တစ်ယောက်က ဖတ်စာအုပ်လေးကို ကိုင်ထားတယ်
နောက်တစ်ယောက်က စာရွတ်လေးကို ယပ်တောင် ပုံသဏ္ဍာန်ချိုးထားတာလေးကို ကိုင်ထားတယ်
ဘာလုပ်ပါလိမ့် !

အယ် စပြီ စပြီ စာအုပ် နဲ့ ယပ်တောင်ကို တစ်ယောက် တစ်လှည့် ယပ်ကြသဗျာ့
ဘာဒုန်း ဘာဖြစ်နေတုန်း နံလို့ လားပေါ့  ( ကိုယ့်ကိုယ်ကို သင်္ကာမကင်း ကြည့်မိတယ် )

ဟိုက်
သိပြီ ကျွန်တော့် ဆီလဲ လာပြီ



ကျွန်တော် ဘာနဲ့ မောင်းရပါ့မလဲ  .....
သိပြီ

ဆရာလေ သိတယ်မှတ်လား အဲတော့ ဗိုလ်ကျတော့ တာပေါ့
ကလေးတွေ ယူလာတဲ့ စာအုပ်လေးကို တောင်းလိုက်တယ် ယင်ယပ်ဖို့လေ ....

ဘုရှိုး ရှိုး တာကို ရင်ဆိုင်လိုက်ရပြီး
စာအုတ်ရလာတော့ ယပ်တောင် လေးအဖြစ် ယပ်ရတော့တာပေါ့ ။
ကိုယ့်လက်ထဲ ယပ်တောင် ( စာအုပ် )  လာတော့ ကလေးတွေကို ပြန်ကြည့်လိုက်တယ်
လား လား ....

လာနား တဲ့ ယင်တောင်တွေကို လက်ဝါး နှစ်ဘက် နဲ့
ရိုက်နေကြတယ် .....

ယင်ကောင်က လာလိုက်
လက် နဲ့ ရိုက်လိုက်
လွတ်သွားလိုက် ၊ နောက်တစ်ကြိမ် လာနားတာကို စောင့်လိုက် ရိုက်လိုက်
ဟေးးးးးးး
မိပြီ အော်လိုက်

အော် ဒီကလေးတွေ နှယ်

အဲတော့ ကိုယ့်ကိစ္စကိုယ် လက်စသတ်ရင်း
ခပ်မြန်မြန် ပြန်ထွက်လိုက်တယ်
ထိုင်ခြင်တော့ဘူးလေ  ......

ဆိုးလိုက်တဲ့ ယင်ကောင်
ကလေးတွေဟာ
မစင်ပုံမှာနား နောက် သူတို့ ကိုယ်ပေါ်ကို လာနားနဲ့
ယင်ကောင်တွေကို
မောင်းထုပ်ရင်း လက်ဝါး နဲ့ အရိုက်လေ့ ကျင့်နေတာလေ ....

အော် မြန်မာပြည်က လက်ဝါး သိုင်းသမားများပါလား :P

ကိုယ့်ကိစ္စပြီးတော့ ခပ်မြန်မြန်လေး ပြန်ထွက်လိုက်ရင်း အပေါက်ဝနား အရောက်မှာ

နောက်ကို ခပ်သုတ်သုတ် ပြန်လှည့်ရတယ်

တောက် ဒီ ဗိုက်ကွာ ....

ပြန်လဲ လှည့်ရော
ကိုယ့်နေရာ ပျောက်ရောလေ
ကလေးတွေပြည့်နေတော့ ခဏစောင့်ရတယ် ။

မြင်ကွင်းလေးက စိတ်ကို
ဆွဲဆောင်သွားတယ်

" တစ်ဖက်က ကျောင်းသား 2 ယောက်က သစ်ကိုင်းချောက်ကို ဓါးအသွင် ဆွဲကိုင်ထားတယ်
ယင်ကောင်တွေကို ရိုက်နေကြတာလေ ...

နောက်တစ်ဖက်ကကျတော့ လက်ဝါး နဲ့ တစ်ဖတ် ဖတ် ချနေကြတယ်
2 ယောက်သား လက်ဝါးခြင်းဆိုင်ပြီးတော့တောင် ချနေလိုကက်ကြသေးတယ် "

အဲတော့ ကျွန်တော် အော်မေးလိုက်တယ်

ဟေ့ကောင်တွေ ဘာလုပ် နေကြတာလဲပေါ့

သိုင်း ကျင့်နေကြတာပါ ဆရာတဲ့ ၊ လက်ဝါးသိုင်းသမား နဲ့ ဓါးသိုင်းသမားက ပြန်ဖြေတယ် .... ။

ကောင်းရောဗျာ ....




ဒီ အိမ်သာလေးက သူတို့ အတွက် အကောင်းဆုံး အိမ်သာလေးလေ ....

အဲဒီ မှာ ခေါင်းလေးထဲကိုရောက်လာတာက အိမ်သာပါ ။

ကျွန်တော်တို့ ပြုပြင်တဲ့ ကျောင်းလေးတွေမှာ အိမ်သာလေးတွေကိုပါ စနစ်တကျ ပြုပြင်နိုင်မယ်ဆိုလျှင်ဖြင့်
ကျောင်းသားလေးများအတွက် အင်မတန် အကျိုးရှိမယ် ဆိုတာကို ကျွန်တော် မြင်ယောင်လာမိပါတယ်  ။



ကျောင်းတစ်ကျောင်း အတွက် ဒီလို ခမ်းနားတဲ့ အိမ်သာမျိုး မလိုပါဘူး ...

သို့သော် သန့် 4 သန့် နဲ့ ပြည့်စုံတဲ့ အိမ်သာ တွေ ကျောင်းတိုင်းမှာ ရှိမယ်ဆိုလျှင်ဖြင့် အင်မတန်ကို အဆင်ပြေမှာပါ ။

4 လုံးတွဲ အိမ်သာ တစ်လုံး အတွက် ကုန်ကျငွေ 1080000 /- ( 10 သိန်း 8 သောင်း ဆိုတာ ကြားလိုက်ရတော့ )

ကျွန်တော့် မှာ ဖြေရှင်းရခက်တဲ့ ကိစ္စကြီး ဖြစ်လာရပြီပေါ့ဗျာ :-)

ကျွန်တော်တို့ ယခု ပံ့ပိုးနေတဲ့ ကျောင်း 3 ကျောင်းမှာ
တစ်ကျောင်း မှ အဆင်ပြေသော အိမ်သာများ မရှိတာကို တွေ့ရတော့ ဘာဆက်လုပ်ရမယ် မှန်း မသိဘူး ဖြစ်သွားတယ် !

1) သင်္ကန်းပင်ဆိပ်ကျေးရွာ
2) လိန်ကုန်းကျေးရွာ
3) မယင်းချောင်ကျေးရွာ
4) ဘုရား ငုတ္တိုကျေးရွာ ( မြောင်းမြမြို့နယ် )

အော် ဒီကျောင်း 4 ကျောင်းက ကလေးတွေဟာ ပညာရည်နို့သော်စို့ရသလို တရုပ်သိုင်းပညာများကိုလဲ တိတ်တဆိတ်လေ့ကျင့်နေကြပါလားနော် .....

ကလေးများကို သိုင်းမကျင့်စေလိုသူ အိမ်သာ အတွက်
အလှူရှင်များ ရှိလျှင်ဖြင့် ကျွန်တော့်ကို ဆက်သွယ်ပေးကြပါဦးနော် ...



( သင်္ကန်းပင်ဆိပ်ကျောင်းအမှတ်တရ )

ဗလ
12 : 14 P.M
Wed , Now 14 , 2012  ( ရန်ကုန်မြို့ )

http://www.facebook.com/notes/ba

No comments: