အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသ
Wednesday, 14 November 2012 14:56
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့်
အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ
စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင် ကာ မြန်မာနိုင်ငံ၊
ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း
သတင်းရရှိပါ သည်။ အဆိုပါလေယာဥ်များမှာ
နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17 လေ ယာဉ်ြ ဖင့်
ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ ရှိခဲ့သည်ဟု
သိရသည်။
thn-14-11-12-9
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် 
ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့်
စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ်
၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
thn-14-11-12-10
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်
ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်  တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
Black Angle
thn-14-11-12-9
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလ
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်''
thn-14-11-12-10
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆ
ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆ
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
No comments:
Post a Comment