.....ရှေးရှေးတုန်းကတော့ နယ်ချဲ့ တွေက ကျွန်ပြုဖို့ 
ကျနော်တို့ ဆီကိုလာတယ်..
ဒီဖက်ခေတ်မှာတော့ ကျွန်ခံဖို့  ကျနော်တို့ ကိုယ်တိုင်
ခရီးထွက်ရတယ်....
.......
..ကိုယ့်အခွင့်အရေးကိုသိဖို့ နေနေသာသာ
တချို့ သူငယ်ချင်းတွေဆို ကိုယ်အသက်ဘယ်လောက်ရှိမှန်းတောင်မသိရှာဘူး....
..........
.....လူအချင်းချင်းဆိုတဲ့အသိ သူတို့ မှာမရှိဘူး..အမေ
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်.....
......
...ရွှေဆိုတဲ့စကားလုံးက အကုန်လုံးနဲ့ တော့မတန်ဘူး အမေ
သူတို့ ကိုရွှေစာရင်းထဲ က ကျနော်ထုတ်တယ်...
......
လူ့ အဖြစ်ကရခဲတယ်ဆို..
ရခဲတာပဲ ကောင်းပါတယ်အမေ...
ကျနော်လူမဖြစ်ချင်တော့ဘူး
.....
..လူ့ အခွင့်အရေးဆိုတဲ့ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နုတ်ခမ်းမှာ မပွင့်ဘူးအမေ..
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မပပျောက်သေးပါဘူးအမေရယ်....
...........
(ကောင်းကင်ကို)
No comments:
Post a Comment