Published on Wednesday, 14 November 2012 09:55
ကလေးသူငယ်တွေအပေါ် အမြတ်ထုတ်တာတွေ ပိုမိုကြုံတွေ့လာရတဲ့အတွက် အကာအကွယ်ပေးဖို့ လိုအပ်နေတယ်လို့ သိရတယ်။
'ကလေးသူငယ်တွေအပေါ် မတရားအမြတ်ထုတ်တာတွေ၊ မိဘအုပ်ထိန်းမှု မဲ့နေတာတွေ၊ တရား ဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေ၊ နောက် တခြားအားနည်းတဲ့ ကလေးတွေကို အကာအကွယ် ပေးဖို့လိုအပ်နေတယ်' လို့ Unicef Myanmar မှ ဒေါက်တာဖုန်းမြင့်က ကလေးသူငယ်များ အစီရင်ခံစာ သုံးသပ်ချက် ထုတ်ပြန်တဲ့ပွဲမှာ ပြောကြားခဲ့တယ်။
ဒေါက်တာဖုန်းမြင့်ကပဲ 'ကလေးတွေအပေါ် အမြတ်ထုတ်တယ်၊ ရောင်းစားခံရတာ ရှိတယ်၊ အလုပ်လုပ် ရတယ်၊ လခကလဲမကောင်းဘူး၊ ဝင်ငွေကလဲ နည်းနည်းပဲရတယ်' လို့ဆိုပါတယ်။
တရားဥပဒေအရ တားမြစ်မှုရှိပေမဲ့ ပြည့်တန်ဆာလုပ်ငန်းတွေမှာလည
ပြည်တွင်းပြည်ပ လူကုန်ကူးခံရတဲ့ အရေအတွက်တော်တော်များများမှ
အမျိုးသမီးငယ်တွေ တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့အမှု အများစုဟာ အဓမ္မလက်ထပ်စေဖို့အတွက် ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးဖို့အဓိက အကြောင်းရင်းက အိမ်တွင်း အလုပ်၊ စက်ရုံတွေ၊ ငါးလုပ်ငန်း၊ တောင်းစားတဲ့လုပ်ငန်းတွေ၊ လမ်းပေါ်ဈေးရောင်းတာနဲ့ လိင်ကုန်ကူးဖို့ တွေအတွက် ဖြစ်တယ်လို့ ဖော်ပြထားတယ်။
အသက် ၁၇ နှစ်အောက် ကလေးသူငယ်တွေရဲ့ ငါးရာခိုင်နှုန်းခန့်ဟာ မိဘရင်းနဲ့ နေထိုင်တာမရှိဘူးလို့ ဖော်ပြထားတယ်။
'စောင့်ရှောက်မှု ဂေဟာတွေမှာ ရောက်ရှိနေတဲ့ ကလေးသူငယ်တွေရဲ့ သုံးပုံနှစ်ပုံမှာ မိဘတစ်ဦး ဒါမှမဟုတ် မိဘနှစ်ဦးစလုံး အသက်ရှင်လျက်ရှိပါတယ်' လို့ ဒေါက်တာဖုန်းမြင့်က ပြောပါတယ်။
'စောင့်ရှောက်ရေးဂေဟာကို သွားကြည့်ရင် ကလေးငယ်တွေရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ဖြည့်ဆည်း ပေးနိုင်တယ်၊ ကလေးတွေရဲ့ တိုးတက်မှုကို တွေ့ရတယ်' လို့ ဒေါက်တာဖုန်းမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေအပေါ် ကာကွယ်မှုလိုအပ်နေသူတွေ ဆိုတာထက် ပြစ်မှုကျူးလွန်သူတွေ ဆိုးသွမ်းသူတွေအဖြစ် ရှုမြင်နေကြပါတယ်။ အများစုမှ ယောက်ျား ကလေးတွေဖြစ်ပြီး ပြစ်မှုအများစုမှာ ခိုးမှုဖြစ်တယ်လို့ သိရတယ်။
မိန်းကလေးတွေကို ကလေးပြည့်တန်ဆာမှုမှာ အမြဲတွေ့ရှိရပါတယ်။ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ ကလေး၊ ပြိုကွဲနေတဲ့ မိသားစု ဒါမှမဟုတ် အုပ်ထိန်းသူကင်းမဲ့သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေနဲ့ ဆီလျော်တဲ့ဥပဒေဆိုင်ရာ လုပ်ထုံးတွေနဲ့ ပတ်သက်တဲ့စွမ်းဆောင်ရည်နည်း
ကုမုဒြာ သတင်းဂျာနယ်
မောက္ခပညာရေး
No comments:
Post a Comment