Thursday, November 1, 2012
အိပ်မက် တော်လှန်ရေး
အိပ်မက် အိပ်မက်
အိပ်မက်က စတယ်
အရာအားလုံး
အိပ်မက်ကစတယ်
ကျနော်တို့ရဲ့ အိပ်မက်
ငါတို့ သူတို့ရဲ့ အိပ်မက်
အိပ်မက်တွေကပဲ စတယ်။
လူငယ်တွေရဲ့ အိပ်မက်
အိပ်မက်ကပဲ စခဲ့တယ်
ဖတ်ဖူးခဲ့တယ်
မော်စီတုန်း၊ ချူအင်လိုင်း
ဝေးသွားရင် ခွင့်လွှတ်ပါ
သခင်အောင်ဆန်း၊ သခင်ဗဟိန်း
သခင်စိုးနဲ့ သခင်သန်းထွန်း
အိပ်မက်ကပဲစခဲ့တယ်။
တိုက်တွေကိုခြား
ခပ်ဝေးဝေးကိုသွားမယ်
အိပ်မက် ထပ်မက်မယ်
တကယ်လည်း မက်ခဲ့တယ်၊
ရဲဘော်ချေ (သို့မဟုတ်)
ချေဂွေဗားယား
ကက်စရို ကျူဘား
လက်တင်အမေရိက၊ အာရှ၊ အာဖရိက
စစ်အစိုးရ ဆန့်ကျင်ရေး
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး
အိပ်မက်ထဲက တော်လှန်ရေး။
ဝေသွားလွန်းရင် ခွင့်လွှတ်ပါ
ဟိုချီမင်း (ခေါ်) ဦးလေဟို
ငုယင်ဗန်ထရွိုင်း
ပြီးတော့
ဂျိုဆေးရီဇော်
ဖိလစ်ပိုင် သူရဲကောင်း
အိပ်မက်က မက်လို့ကောင်းခဲ့။
ဒီလိုနဲ့ ၈၈
ဗမာပြည်ရဲ့ ရှစ်ဆယ့်ရှစ်
ပြည်သူ့အရေးတော်ပုံ
မက်ခဲ့သမျှအိပ်မက်
ဖတ်ဖူးခဲ့တဲ့ အိပ်မက်
သမိုင်းဂန္ဓဝင်ပုံပြင်
ရာဇဝင် မော်ကွန်းများ
ကျနော်တို့ မက်ခဲ့တယ်။
တကယ်မက်တယ်
ပြတ်ပြတ်သားသားမက်တယ်
ဟုတ်တယ်
အစစ အိပ်မက်ကစခဲ့တာလေ
အိပ်မက်ပြီးမှ ထမယ်
နိုးမယ်
အိပ်မက်ကို တကယ်လုပ်မယ်။
ဒီလိုနဲ့ .. ဒီလိုနဲ့
ဗိုလ်ထီးရဲ့ သီချင်း
ရှည်တဲ့ ဇာတ်လမ်းချုပ်ရရင်
အိပ်မက် အိပ်မက်
အိပ်မက်ကတော့ မက်ကောင်းဆဲ
အိပ်မက်ကောင်းစဉ်
မိုးမလင်းသေးချင်
ဒါ စိုးလွင်လွင်ရဲ့ သီချင်း။
အိပ်မက်လှတယ် ဘဝ က အရုပ်ဆိုးတယ်
ဒါ ဗိုလ်ထီးသီချင်း
အိပ်မက်ကတော့ မက်ရဦးမှာပါပဲ
တော်လှန်ရေးသမား
ကျောင်းသားတပ်မတော် ပဲလေ။
ကိုဆက်
၂၃ အောက်တိုဘာ ၂၀၁၂
Labels:အတိတ်က မြိတ်သမိုင်း
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment