Monday, January 30, 2012
အိမ်အပြန်တဲ့လား
အိမ်အပြန်တဲ့လား
ထွက်လာတုန်းက အသက် ၂၀
ပြန်တော့ ၄၀ ကျော်မှာ
အမေက ကောင်းကင်မှာလား ငရဲမှာလား
အဖေက ကျွတ်တောင် ကျွတ်ရဲ့လား
ရေစက်ချဖို့ဝေးလို့
အရပ်က ဖျာနဲ့ပတ်ချခဲ့ရတဲ့ ဘ၀တွေများ ။
အိမ်အပြန်တဲ့လား
လွမ်းစရာတွေကို ကျောပိုးအိတ်နဲ့လွယ်ပြီ
အထီးကျန်ခြင်းဆိုတဲ့ နတ်စင်မှာ
ဖယောင်းတိုင်ထွန်း
ဆုတောင်းရမယ့် ဘ၀မျိုးကို။
အိမ်အပြန်တဲ့လား
တံဇဉ်တလက်နဲ့ ကောက်ရိတ်နေသေးတဲ့ နိုင်ငံကို
အိုင်ဖုန်းတလုံးကိုင်ပြီး
အမေ့ကို ဆက်သွယ်ဖို့ ကွန်နက်ရှင်စောင့်ရတဲ့ အဖြစ်မျိုး
ကောင်းကင်မှာ အမေရှိပါ့မလား
အဝိဇိမှာကော အမေရှိပါ့မလား
အဲဒါ သားရဲ့ အိမ်အပြန်ပေါ့ အမေ။
မောင်ကြီးငြိမ်းချမ်း
Labels:အတိတ်က မြိတ်သမိုင်း
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment