ဒီကနေ့ခေတ် ကမ္ဘာဂြိုဟ်ပေါ် မှာ လူဦးရေအားဖြင့် တစ်ဘီလီယံ ကျော်စီရှိပြီး အရှိန်အဟုန်နဲ့ တိုးတက် ခဲ့ကြတဲ့ တရုတ် China နဲ့ အိန္ဒိယ India နှစ်နိုင်ငံကို ယှဉ်ကြည့်ချင်ကြ သူတွေက အမည်ချင်း စပ်ဟပ်ပေါင်း စည်းပြီး ချင်ဒီယာ-Chindia လို့ ခေါ် ကြတယ်။
အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ တိုး တက်လာမှုက ကမ္ဘာကြီးတစ်ခုလုံးရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မြင်ကွင်းကို ကျွန်မတို့ရဲ့ မျက်စိအောက်မှာပဲ အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ Robyn Meredith က သူမရဲ့ The Elephant and the Dragon စာအုပ် မှာ ရေးသားဖော်ပြခဲ့တယ်။ Chindia ဝေါဟာရသစ် Neologism ကိုတော့ အိန္ဒိယ နိုင်ငံရေးသမား Jairam Ramesh က ဖန်တီးတီထွင်ခဲ့တာ ပါ။
တရုတ်နဲ့ အိန္ဒိယမှာ လက္ခဏာ နှစ်ရပ်က ဒွန်တွဲလျက်ရှိတယ်။ ဒါမှ မဟုတ်မျက်နှာနှစ်ဘက်ရှိတယ်။ တစ် ဘက်က အမှတ်တရား။ အခြားတစ် ဘက်က ဒဏ္ဍာရီ ပုံပြင်။ စူပါ ပါဝါ အဆင့်ရောက်လုနီးပါး ဖြစ်နေကြတဲ့ ဒီနှစ်နိုင်ငံဟာ မိတ်ဖက်လို့ဆိုရမှာ ထက် ပြိုင်ဖက်လို့ ဆိုနိုင်တယ်။ နှစ် နိုင်ငံရဲ့ စွမ်းဆောင်မှုတွေဟာ အံ့သြ စရာ ကောင်းလောက်အောင် ကြီး မားကြပေမယ့် အလားတူ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့လဲ ရင်ဆိုင်နေကြရ တယ်။ ကမ္ဘာ့လူဦးရေ ခုနစ်ဘီလီယံ ထဲမှာဒီနှစ်နိုင်ငံပေါင်း လူဦးရေက ၄ဝ ရာခိုင်နှုန်းရှိတယ်။
''တရုတ်နိုင်ငံဟာ ကမ္ဘာ့အလုပ် ရုံကြီးဖြစ်တယ်။ အိန္ဒိယကတော့ ပညာရဲ့ဗဟိုချက်မဖြစ်နိုင်တယ်။ အာ ရှတိုက်သားတွေဖြစ်ကြတဲ့ နှစ်နိုင်ငံ ပေါင်းစည်းအလုပ်လုပ်နိုင်ကြမယ် ဆိုရင် ဧရာမအင်အားကြီးတစ်ရပ်ဖြစ် လာနိုင်တယ်''လို့ အိန္ဒိယစက်မှုလုပ် ငန်းရှင် Ratan Tata ကဆိုတယ်။ ဒါပေမယ့် နှစ်နိုင်ငံ လက်တွဲပြီး အလုပ်လုပ်နိုင်ကြပါ့မလား။
ဘာကြောင့်လဲဆိုတော့ တရုတ် နဲ့အိန္ဒိယယဉ်ကျေးမှုချင်း သဟဇာတ မဖြစ်လောက်အောင် ကွာဟမှုရှိတယ် လို့ အချို့က မြင်ကြတယ်။ တရုတ် က အိန္ဒိယနိုင်ငံသားတွေကို ဆင်းရဲ တယ်။ အယူသီးတယ်လို့မြင်တယ်။ အိန္ဒိယကလဲ တရုတ်ပြည်သူတွေကို အင်မတန်ဆိုးရွားသူတွေ၊ ဘုရားမဲ့ဝါဒီ တွေလို့မြင်တယ်။ ဒီလိုအမြင်နှစ်ရပ် ကိုပေါင်းစပ်နိုင်ပါ့မလား။
လင်းလက်ခဲ့တဲ့ အတိတ်ကာလ
ဒါပေမယ့် တစ်ချိန်က တရုတ် နဲ့အိန္ဒိယ နှစ်ပြည်ထောင်ဟာ ရင်းရင်း နှီးနှီး ဆက်ဆံခဲ့ဖူးကြတယ်။ ဖျောက် ဖျက်လို့ မရနိုင်တဲ့ သမိုင်းအထောက် အထားတွေအထင်အရှားရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ လောက် က ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ တရုတ်ပြည်သို့ ပျံ့နှံ့ခဲ့တယ်။
အိန္ဒိယဗုဒ္ဓဘာသာ ဘုန်းတော် ကြီးတစ်ပါးဖြစ်တဲ့ Bodhidharma ဟာ အေဒီ ၅၂ဝ မှာ တရုတ်ပြည်သို့ြ<ွကရောက်လာခဲ့ပြီး လျာန်မင်းဆက် Liang Dynasty ရဲ့ ဘုရင်ဧကရာဇ် ဝူ WU နဲ့တွေ့ဆုံခဲ့တယ်။ ဘုရင်နဲ့ ဘုန်းတော်ကြီး အမေးအဖြေဟာ မဟာယာန ဗုဒ္ဓဘာသာလောကမှာ အင်မတန်ထင်ရှားတယ်။ အဲဒီနောက် ပိုင်း Bodhidharma ဟာ ကျူပင် လေးတစ်ပင်စီးပြီး ယန်စီမြစ် Yangtse ကိုဖြတ်ကျော်ကာ တရုတ် ပြည်မြောက်ပိုင်းသို့ြ<ွကချီပြီး နောက် ဆုံးမှာ စောင်လင်(ရှောင်လင်) Shaolin ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေထိုင်တော်မူခဲ့တယ်လို့ ယုံကြည်ကြ တယ်။ Bodhidharma ဟာ ပထမ ဆုံး တရုတ်ဗုဒ္ဓဘာသာ Zen Buddhism ကို ထူထောင်တော်မူခဲ့တဲ့ ဆရာ တော်ကြီးဖြစ်ပါတယ်။ Budhidharma ကို တရုတ်တို့က Tamo လို့ ခေါ်ပြီး ဂျပန်တို့က Daruma လို့ ခေါ်ကြပါတယ်။
ဒါပေမယ့် Bodhidharma လောက် မကျော်ကြားသော်လဲ အိန္ဒိယ မှ တရုတ်ပြည်သို့ အစောဆုံး အေဒီ ၆၇ မှာ ဗုဒ္ဓဘာသာ သာသနာပြုဖို့ ရောက်လာခဲ့ကြတဲ့ ဘုန်းတော်ကြီး နှစ်ပါးက Kasyapa Matango နဲ့Dharmaraksha ဖြစ်တယ်လို့ အဆို ရှိတယ်။ ဒီဘုန်းတော်ကြီးနှစ်ပါး သီ တင်းသုံးနေထိုင်တော်မူခဲ့ကြတဲ့ ကျောင်းတော် White Horse Monastery ဟာ ဒီကနေ့အထိ တရုတ်ပြည်မှာရှိတယ်။ အဲဒီနောက် ပိုင်း တရုတ်ပြည်မှာ ဗုဒ္ဓဘာသာ ဂိုဏ်း ကြီး ဆယ်ဂိုဏ်းပေါ်ထွက်လာခဲ့ တယ်။ ဂိုဏ်းနှစ်ဂိုဏ်းက အဓိက ဇင်(ဂျပန်က Zen လို့ခေါ်ပြီး၊ တရုတ် က Ch'an လို့ခေါ်သည်) ဗုဒ္ဓဘာသာ ကျင့်သုံးပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းက ထေရဝါဒဗုဒ္ဓဘာသာဂိုဏ်းတွေဖြစ် တယ်။ ထေရဝါဒဂိုဏ်းဟာ နောက် ပိုင်းမှာ ပျောက်ကွယ်သွားခဲ့တယ်။ ကျန်ဂိုဏ်းတွေကတော့ မဟာယာန ဗုဒ္ဓဘာသာဖြစ်ကြတယ်။
တရုတ်ပြည်ကနေပြီး အိန္ဒိယကို ဘုရားဖူးသွားခဲ့သူတစ်ဦးရှိတယ်။ သူ ကတော့ ဘုန်းတော်ကြီး Hsuan-Tsang ဖြစ်ပါတယ်။ အိန္ဒိယမှာ အေဒီ ၆၂၉ မှ ၆၄၅ အထိ သီတင်းသုံးနေ ထိုင်ခဲ့တယ်။ အိန္ဒိယမှ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို ပင့်ဆောင်လာခဲ့ပြီး တရုတ်ဘာသာ ပြန်ဆိုခဲ့တယ်။ တရုတ်ယောဂစာရ ဂိုဏ်းချုပ်အဖြစ် ထင်ရှားတယ်။
၁၇ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ ဟာ ကုန်သွယ်ဖက်နိုင်ငံတွေဖြစ် တယ်။ အဲဒီနောက်ပိုင်းကာလမှာ တရုတ်ဟာ ကံကျွေးစနစ် Feudalism ထဲမှာ စုံးစုံးမြှုပ်သွားပြီး၊ အိန္ဒိယ က ကိုလိုနီစနစ်အောက် ကျဆင်းသွား ခဲ့တယ်။ စစ်ပြီးခေတ်ရောက်ပြန်တော့ တရုတ်ပြည်မှာ တော်လှန်ရေးတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီး အိန္ဒိယကတော့ ဆို ရှယ်လစ်စနစ်နဲ့ နှစ်ပါးသွားခဲ့တယ်။ ဒီကနေ့ခေတ်ကျတော့ နှစ်နိုင်ငံဆက် ဆံရေးဟာ သံသယတွေနဲ့ ပြည့်နှက် နေတယ်။
လောလောဆယ်မှာ တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်ကြီးတွေဟာ ငြိမ်း ချမ်းရေးနှင့် စီးပွားတိုးတက်ရေးကို ကျယ်ကျယ်လောင်လောင်ပြောဆိုနေ ကြပေမယ့် တခြားတစ်ဘက်မှာလဲ နယ်ပယ်အသီးသီးမှာ ပြိုင်ဆိုင်မှုတွေရှိ နေတယ်။
မိတ်ဖက်လား၊ ပြိုင်ဖက်လား
တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒ ရာမှာ အိန္ဒိယကို ဝိုင်းပတ်ပြီးတည် ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင် လျက်ရှိတယ်။ ဒါကို အိန္ဒိယက စိုး ရိမ်တယ်။ အိန္ဒိယကလဲ တရုတ်ပိုင် တယ်လို့ပြောနေတဲ့ တောင်တရုတ် ပင်လယ်ထဲမှာ အရှေ့တောင်အာရှနိုင်ငံ အချို့နဲ့ ပူးပေါင်းပြီး ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးလုပ်ဖို့ ကြိုးပမ်း လျက်ရှိတယ်။ တရုတ်တို့က ဒေါ ကြီးမောကြီးနဲ့ ကန့်ကွက်တယ်။
တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံအကြား ပဋိပက္ခမဖြစ်ပွားရအောင် ဟန့်တား ကာကွယ်နိုင်တဲ့ စီးပွားရေးအရ ပူး ပေါင်းဆောင်ရွက်မှုတွေ မရှိဘူး။ အိန္ဒိယနိုင်ငံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ် နှံမှုဟာ သူ့ရဲ့ကမ္ဘာတစ်လွှား ရင်းနှီးမြှုပ်နှံမှုရဲ့ ဝ.ဝ၅ ရာခိုင်နှုန်းပဲရှိတယ်။ တရုတ်နိုင်ငံမှာ အိန္ဒိယရဲ့ ရင်းနှီးမြှုပ် နှံမှု ဘယ်လောက်အထိ နည်းပါးသ လဲဆိုရင် ဘယ်စာရင်းဇယားမှာမှ ဖော် ပြမခံရဘူး။
နှစ်ဦးနှစ်ဖက် အပြန်အလှန် ကုန် သွယ်မှုကတော့ တိုးတက်လာပါရဲ့၊ ဒါပေမယ့် ဒီလိုကုန်သွယ်မှုကလဲ ၄င်း တို့ရဲ့ ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းနဲ့ နှိုင်းယှဉ်ရင် အချိုးအစားက အင်မ တန်နည်းလွန်းတယ်။ တရုတ်က အိန္ဒိယကို တင်ပို့ရောင်းချမှုကသာ များတယ်။ ၄င်းတို့ရဲ့ပမာဏနဲ့ ခြေရာ တွေကိုကြည့်ပြီးပြောရရင် နှစ်နိုင်ငံဟာ ဘယ်နေရာမှာမှ ရှိသင့်သလောက် အဆက်အသွယ်မရှိကြဘူး။ အံ့သြ စရာကောင်းတာက နှစ်နိုင်ငံရဲ့ မြို့ကြီး တွေအကြားမှာ တိုက်ရိုက်လေယာဉ် ပျံသန်းမှု ခရီးစဉ်မရှိသလောက်ပါပဲ။
အချို့ရဲ့ အမြင်မှာတော့ အချင်း ချင်းယှဉ်ပြိုင်မနေကြဘဲ ကိုယ့်နိုင်ငံ ကိုယ် စီးပွားရေးနဲ့ လူမှုရေးပြုပြင် ပြောင်းလဲမှုတွေကို စူးစိုက်လုပ်ကိုင် သင့်ကြတယ်လို့ မြင်ကြတယ်။ နှစ် နိုင်ငံစလုံးမှာ စီးပွားရေးတိုးတက်မှု နှေးကွေးလာတယ်။ တရုတ်အတွက် တော့ စီးပွားရေးနှေးကွေးလာမှုဟာ ကောင်းတယ်လို့ ဆိုနိုင်တယ်။ ပူချစ် နေအောင် အရှိန်ပြင်းပြင်းနဲ့ စီးပွားရေး တိုးတက်နေမှုကို အေးဆေးသွားစေ နိုင်တယ်။ အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ စလုံးမှာ နိုင်ငံခြားတင်ပို့မှု လျော့နည်း ကျဆင်းလာတယ်။ ငွေဖောင်းပွမှု မြင့် တက်လာတယ်။ ဝင်ငွေမညီမျှမှု တိုး တက်လာတယ်။ အစိုးရနဲ့စီးပွားရေး သမားတွေက မြေယာသိမ်းပိုက်မှု တိုး မြှင့်လုပ်ကိုင်လာကြတဲ့အတွက် ကျယ် ကျယ်ပြန့်ပြန့် ဆန့်ကျင်ဆန္ဒပြကန့် ကွက်နေကြတယ်။ အာဏာပိုင်တွေရဲ့ လက်သင့်ရာ စားတော်ခေါ်မှုတွေက လဲ ဒုနဲ့ဒေး။
နှစ်နိုင်ငံစလုံးဟာ လူပေါင်း မြောက်မြားစွာကိုဆင်းရဲတွင်းနက်နေ မှုမှ ကယ်တင်နိုင်ခဲ့ကြပေမယ့် ကျန် လူပေါင်း မြောက်မြားစွာဟာ မဝရေ စာ စားသောက်ပြီး ဘဝခရီးလျှောက် လှမ်း နေကြရဆဲဖြစ်တယ်။ တရုတ် နိုင်ငံအတွက် လိုက်နာစရာ စည်း ကမ်းဥပဒေတွေ မရှိပေမယ့် အိန္ဒိယ နိုင်ငံအဖို့ လိုက်နာစရာ ဥပဒေ စည်း ကမ်းတွေ အများအပြားရှိတယ်။
တရုတ်နိုင်ငံဟာ အက်ဆက် ပူဖောင်းတွေ၊ ပြန်မဆပ်နိုင်တဲ့ ဘဏ်ြေ<ွကးတွေနဲ့ စီးပွားရေးကို ချိန်ညှိတည့် မတ်ဖို့ ရုန်းကန် လှုပ်ရှားနေရပြီး နိုင်ငံ တော်က ညွှန်ကြားကြပ်မတ်တဲ့ ရင်း နှီးမြှုပ်နှံမှုကနေပြီး စားသုံးသူ ဦး ဆောင်တဲ့ စီးပွားရေး တိုးတက်မှုဆီ ရွှေ့ပြောင်းနိုင်ဖို့ လုပ်ဆောင်နေကြရ တယ်။ အိန္ဒိယနိုင်ငံမှာတော့ ခြစား မှုတွေနဲ့ ဘတစ်ပြန်ကျားတစ်ပြန် နပန်းလုံးနေကြရတယ်။
သဘောတရားအမြင်နဲ့
လက်တွေ့ဘဝ
ကမ္ဘာက အိန္ဒိယရဲ့ ပုံရိပ်ကို တရုတ်ထက် ပိုပြီးလက်ခံနိုင်တယ်။ အိန္ဒိယကို လှမ်းကြည့်လိုက်တာနဲ့ မဟတ္တမဂန္ဒီ၊ ယောဂနဲ့ ဘာသာရေး တွေကို မြင်ကြတယ်။ ယဉ်ကျေးသိမ် မွေ့တဲ့ ဆင်ကြီးတစ်ကောင်လို့ ယူဆ ကြတယ်။ ပြီးတော့ကုန်ပစ္စည်း တွေ ကို မတရားဈေးနှုန်းလျှော့ချပြီး နိုင်ငံ ခြား မတင်ပို့ဘူး။ တရုတ်ကို လှမ်း ကြည့်လိုက်ရင် ဧရာမ နဂါးကြီးလို့ ထင်မြင်ကြရတယ်။ တစ်ချိန်ချိန်မှာ နဂါးမှန်းသိအောင် အမောက်ထောင် ပြနိုင်တယ်။ ပွေ့ဖက်ထားစရာ ကောင်းတဲ့ ပန်ဒါဝက်ဝံလေးတစ် ကောင်မဟုတ်တာ သေချာတယ်။ စီးပွားရေးမှာ ကုန်သည်ဝါဒကျင့်သုံး တယ်။ ပိုင်ဆိုင်မှုတွေအပေါ် ငမ်းငမ်း တက် လိုချင်မက်မောမှုရှိတယ်။ လို အပ်ရင် ခြိမ်းခြောက်မှုလုပ်နိုင်တယ်။
အိန္ဒိယက ဒီမိုကရေစီ စနစ် ကျင့်သုံးတယ်။ တရုတ်က အာဏာ ရှင်စနစ်ကို ပွေ့ပိုက်ထားတယ်။ အိန္ဒိယမှာ ဆန္ဒပြသူတွေနဲ့ ပြည့်နှက် နေတယ်။ တရုတ်မှာက နိုင်ငံရေး သဘောထားကွဲလွဲသူတွေအပေါ် နှိပ် ကွပ်တယ်။ ဒါပေမယ့် ရေရှည်မှာ ဘယ်စီးပွားရေးလမ်းစဉ်က ပိုပြီး အောင်မြင်မှု ရရှိနိုင်မလဲ။ နိုင်ငံတော် အရင်းရှင်ဝါဒလား။ ဒါမှမဟုတ် ပုဂ္ဂလိက လွတ်လပ်မှုလား။ တနည်း ပြောရရင် ချုပ်ကိုင်ထားတဲ့ စီးပွားရေး နဲ့ လွတ်လပ်တဲ့ စီးပွားရေးအကြား ယှဉ်ပြိုင်ပွဲမှာ ဘယ်နိုင်ငံက ဗိုလ်စွဲ နိုင်မလဲ။
အိန္ဒိယရဲ့လွတ်လပ်မှုမဏ္ဍိုင်
ဘောဂဗေဒ ပညာရှင်တွေနဲ့ စီး ပွားရေးသမားတွေက အိန္ဒိယနဲ့ တရုတ်ကို နှိုင်းယှဉ်ပြောဆိုကြတဲ့ နေရာမှာ အလွဲလွဲအမှားမှား ဖြစ်နေ တယ်လို့ အချို့က မြင်တယ်။ တရုတ် ဗျူရိုကရက်တွေဟာ လမ်း ဖောက် တံတားဆောက်တာမှာ ပိုပြီး ကောင်းအောင်လုပ်ဆောင်နိုင်ကြပေမယ့် အစိုးရက အမိန့်ပေးခိုင်းစေပြီး လူ့အ ခွင့်အရေးကို နှိပ်ကွပ်ပိတ်ပင်တဲ့ နိုင်ငံ ရဲ့ စီးပွားရေးဟာ ဘယ်လိုလုပ် ရေ ရှည် တိုးတက်နိုင်မလဲလို့ အချို့က သုံးသပ်ကြတယ်။
နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုး တိုး တက်ရေးဆိုတာက စီးပွားရေး စွမ်း ဆောင်ရှင်တွေရဲ့ စွမ်းပကား၊ တောင့် တင်းခိုင်မာတဲ့ ပုဂ္ဂလိကအခန်းကဏ္ဍ၊ ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရေး ပွင့်လင်း မြင်သာမှုအပေါ် မူတည်တယ်။ အိန္ဒိယမှာ စီးပွားရေး တိုးတက်မှု အတွက် အရေးပါတဲ့ အခြေခံ အုတ် ချပ်တွေ Building Blocks ရှိတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ ပထမတန်းစားထွန်းသစ်စ စီးပွားရေး အဖြစ် တရုတ်ကို ကျော်တက်သွား နိုင်တယ်။
ဟုတ်ပါတယ်။ အိန္ဒိယ စီးပွား ရေးဟာ တရုတ်တို့လောက် တိုး တက်မှု မမြန်ဘူး။ ဆင်းရဲသား အရေ အတွက်ကလဲ တရုတ်ထက် နှစ်ဆ ပိုများတယ်။ ဒီမိုကရေစီရဲ့ မူဝါဒ ရေး ဆွဲရေး အစီအမံတွေကလဲ အချေ အတင် ဆွေးနွေးငြင်းခုံမှု ဝဲသြဃ ထဲက ရုန်းမထွက်နိုင်ဘူး။ ဘေဂျင်း နဲ့ ရှန်ဟိုင်းကို မြန်နှုန်းမြင့် ရထား တွေနဲ့ ဆက်သွယ်ထားတယ်။ ဒါပေ မယ့် နယူးဒေလီနဲ့ မွမ်ဘိုင်းကို ဆက် သွယ်ထားတဲ့ ကားလမ်းတွေက ဖုန် တထောင်းထောင်းနဲ့။ တရုတ် လမ်းမ ကြီးတွေရဲ့ ဝဲယာ တစ်ဘက် တစ် ချက်မှာ ခေတ်မီတိုက်တာအိုးအိမ်တွေ က အစီအရီ။ အိန္ဒိယ လမ်းမကြီး တွေရဲ့ ဘေးမှာတော့ တဲပုတ်၊ တဲ စုတ်တွေ။
ဒါပေမယ့် ဘယ်အရာမဆို အပေါ်ယံကြည့်ပြီးတော့ အဆုံး အဖြတ် ပေးလို့ မရဘူးပေါ့။ အပြင် ပန်းကကြည့်ရင် တရုတ်စီးပွားရေး ဟာ ပြောင်လက် ဝင်းထိန်ပေမယ့် အတွင်းမှာတော့ ဒီလောက်မဟုတ် ဘူး။ အိန္ဒိယ စီးပွားရေးကို အတွင်း နှိုက်ကြည့်ရင် တရုတ်ထက်ပိုပြီး အင် အားကောင်းတာတွေ့မြင်နိုင်တယ်။ တရုတ် စီးပွားရေးဟာ အိန္ဒိယထက် သုံးဆကြီးမားတယ်။ ဒါပေမယ့် တရုတ် စီးပွားရေး တိုးတက်မှုနှုန်းက နှေးကွေးလာတယ်။ တစ်ချိန်မှာ အိန္ဒိယက အမီလိုက်လာနိုင်တယ်။
လူဦးရေ တိုးပွားဆုတ်ယုတ်မှု စာရင်းဇယားတွေကို ကြည့်ရင် တရုတ်က သက်ကြီးရွယ်အိုတွေ တိုး ပွားလာတယ်။ အိန္ဒိယမှာက ပျိုမျစ် တဲ့ လူငယ်လူရွယ်တွေ တိုးမြင့် လာတယ်။ နောင်တစ်ချိန်မှာ တရုတ် ရဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းပြီး အိန္ဒိယက မြင့်တက်လာနိုင်တယ်။ အိန္ဒိယ စီးပွားရေးမှာ တိုးတက်မှု အတွက် ဘက်ညီတဲ့ ရင်းမြစ်တွေ ရှိတယ်။ ပြည်တွင်း ဝယ်လိုအား မြင့် မားမှုကြောင့် ပြည်ပ ရှော့ခ်ကို ခံနိုင် ရည်ရှိတယ်။
တရုတ်စီးပွားရေးက တစ်ဘက် စောင်းနင်းကြီးဖြစ်နေတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ နိုင်ငံခြားတင်ပို့ရောင်းချရေး အပေါ် အားထားမှုအလွန်အကျွံကြီး ဖြစ်နေတယ်။ ဘောဂဗေဒ ပညာရှင် တွေရဲ့ အမြင်မှာ တရုတ်အနေနဲ့ ပြည် တွင်း ပုဂ္ဂလိက စားသုံးမှုကို အခု ထက်ပိုပြီး တိုးမြှင့်ဖို့လိုတယ်လို့ ရှု မြင်ကြတယ်။ ဒါမှပဲ ရေရှည်စီးပွား ရေး တိုးတက်နိုင်မယ်ဆိုပြီး ထောက် ပြကြတယ်။ ၂ဝဝ၈ ခုနှစ် မဟာစီး ပွားရေးကျဆင်းမှုကြီး Great Recession ကာလတုန်းက တရုတ် စီးပွားရေး ဖရိုဖရဲ မဖြစ်ရအောင် ကြီး မားတဲ့ နိုးထရှင်သန်ရေး အစီအမံတွေ Stimulus Plans နဲ့ ကျားကန်ပေးခဲ့ ကြရတယ်။ အိန္ဒိယမှာတော့ ဒီ လောက်ထိ လုပ်ဆောင်ပေးစရာ မလို ခဲ့ဘူး။
တရုတ်ရဲ့ နိုးထရှင်သန်ရေး စီမံ ချက်တွေက တရုတ်ဘဏ္ဍာရေးစနစ် ပီပီပြင်ပြင် မရှိသေးကြောင်း ဖော် ညွှန်းပြသခဲ့တယ်။ တရုတ်မှာရော အိန္ဒိယမှာပါ နိုင်ငံပိုင် ဘဏ်လုပ်ငန်း တွေ ကြီးမားတဲ့အတိုင်းအတာတစ်ခု အထိ ပါဝင်ပေမယ့် တရုတ်ဘဏ် လုပ်ငန်းမှာ ဗျူရိုကရက်တွေ ဝင် ရောက်စွက်ဖက်မှု သိပ်များတယ်။ ဒါကြောင့် တရုတ်ဘဏ်တွေဟာ ရင်း မြစ်တွေ ခွဲဝေသုံးစွဲရာမှာ စွမ်း ဆောင်နိုင်အားပျော့ညံ့တယ်။ အိန္ဒိယ ဘဏ်တွေကတော့ ကူးသန်းရောင်း ဝယ်ရေး အပေါ် အခြေခံပြီး လုပ်ငန်း ဆောင်ရွက်ကြတယ်။
အိန္ဒိယရဲ့ ကော်ပိုရိတ် ကဏ္ဍ ဟာ တရုတ်ထက် တက်ြ<ွကတယ်။ စီမံခန့်ခွဲမှု ပိုကောင်းတယ်။ ဘဏ္ဍာ ရေးအရ ပိုပြီးတောင့်တင်းတယ်။ အမြတ်မာဂျင် ပိုများတယ်။ ရင်းနှီး မှု အပေါ် ပြန်ပေါ်နှုန်း Returns မြင့်မားတယ်။ ဒါပေမယ့် ကော်ပိုရေး ရှင်းတွေဟာြေ<ွကးပိနေကြတယ်။ ၂ဝ၁ဝ စာရင်းအရ ဘဏ်ြေ<ွကးမြီတွေဟာ တရုတ် GDP ရဲ့ ၁၃၉ ရာခိုင် နှုန်းလောက် မြင့်မားတယ်။ အိန္ဒိယ ဘဏ်ြေ<ွကးမြီဟာ အိန္ဒိယ ဂျီဒီပီရဲ့ ၄၉ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။
တရုတ်ရဲ့ စီမံကိန်းအားမာန်
ဘာပဲပြောပြော အခုနေအခါမှာ တရုတ်နိုင်ငံဟာ အမေရိကန် ပြည် ထောင်စုပြီးရင် ကမ္ဘာ့ ဒုတိယ အကြီး မားဆုံး စီးပွားရေးဖြစ်တယ်။ ဒီရာစု နှစ်ရဲ့ ပထမ ဆယ်စုနှစ် အတွင်းမှာ တစ်နှစ် ၁ဝ ရာခိုင်နှုန်းနီးပါးနဲ့ တိုး တက်ခဲ့တယ်။ တစ်ဦးချင်းဝင်ငွေ တိုး တက်မှုနှုန်းက ၂ဝ၁ဝ ပြည့်နှစ်မှာ ကိုးရာခိုင်နှုန်းမြင့်တက်ခဲ့တယ်။ ကုန် ချောထုတ်လုပ်မှုက တစ်နှစ် ၁ဝ ရာ ခိုင်နှုန်းနဲ့ တိုးပွားလျက်ရှိတယ်။ အိန္ဒိယနဲ့ မတူတဲ့အချက်က ပြည်ပ ငွေပေးငွေယူရှင်းတမ်း လက်ကျန်ရဲ့ သာမန်စာရင်း Current Account မှာ ပိုငွေပြနေတယ်။ ပြီးတော့နိုင်ငံခြား အရန်ငွေ Foreign Exchange Reserves က တရုတ်လက်ထဲမှာ အမေရိကန်ဒေါ်လာ သုံးထရီလီယံ ကျော် ကိုင်ထားတယ်။ တရုတ်ရဲ့ ယွမ်ငွေ တန်ဖိုးက တစ်စ တစ်စ မြင့်တက်လာနေတယ်။
တရုတ်နိုင်ငံ တိုးတက်ရေး အတွက် လုပ်ဆောင်ရမယ့် စီမံကိန်း တွေကို တရုတ်အစိုးရက အာဏာ သုံး အမိန့်ပေးစနစ်နဲ့ ညွှန်ကြားစေ ခိုင်းတယ်။ နိုင်ငံပိုင် ဘဏ်တွေကို အမိန့်သြဇာသုံးပြီး မြန်နှုန်းမြင့် ရထား တွေ၊ ဒစ်ဂျစ်တယ်ကွန်ရက်တွေ၊ လေ ဆိပ်တွေ၊ တံတားတွေ၊ မြေအောက် ရထားလမ်းတွေနဲ့ အားကစား အဆောက်အအုံတွေ တည်ဆောက်ဖို့ အတွက် ငွေကြေးစိုက်ထုတ်ချေးငှား ဖို့ အမိန့်ပေးတယ်။ ဒီလိုနဲ့ တရုတ် ပြည်ရဲ့ အခြေခံအဆောက်အအုံတွေ Infrastructure ငွားငွားစွင့်စွင့် ထွက် ပေါ်လာခဲ့တယ်။
ချင်တူး-Chengdu မြို့ကလေး တိုးတက်ဖြစ်ပေါ်လာပုံကို သာဓက ထုတ်ပြနိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း များစွာက တရုတ်အာဏာပိုင် တွေဟာ ဆီချွမ် Sichuan ပြည်နယ် ရဲ့ မြို့တော်ဖြစ်တဲ့ ချင်တူးမြို့ စက်မှု လုပ်ငန်းအခြေခံတွေကို အဆင့်မြှင့် တင်ပေးလိုတဲ့အတွက် လမ်းတွေနဲ့ ရထားလိုင်းတွေကို တည်ဆောက် ပြု ပြင်ခဲ့ပြီး ဧရာမ စက်မှုဇုန်တစ်ခုထူ ထောင်ပေးခဲ့တယ်။ နောက်ဆုံးပေါ် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင် ပေးတယ်။ ဒေသဆိုင်ရာ တက္ကသိုလ် ကြီးတွေ၊ နည်းပညာ အင်စတိကျု တွေ တည်ဆောက်ပေးတယ်။ အီ လက်ထရွန်းနစ်နဲ့ အင်ဂျင်နီယာ သက်မွေးဝမ်းကျောင်း အလုပ်သင် ကျောင်းတွေ ဖြည့်ဆည်းပေးတယ်။ ဒီကနေ့ ချင်တူးမြို့ဟာ ပျားပန်းခတ် မျှ တိုးတက်စည်ကားနေပါပြီ။ တကယ်တော့ တရုတ်နိုင်ငံဟာ အခြားမြို့တွေကိုလဲ ဒီလို စီမံကိန်း တွေနဲ့ တည်ဆောက်ပေးခဲ့တယ်။ အစိုးရရဲ့ စီမံကိန်းတွေ မပါဘဲနဲ့ တရုတ်ပြည်ဟာ အခုလောက်မတိုး တက်နိုင်ဘူး။ အခြေခံ အဆောက် အအုံတွေပြည့်စုံလို့ နိုင်ငံခြားက ကုမ္ပဏီတွေ လာရောက် အလုပ်လုပ် ကိုင်နေကြတာဖြစ်တယ်။ အိန္ဒိယ အစိုးရအနေနဲ့ တရုတ်လို အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ လိုတယ်။ ဒါမှ နိုင်ငံခြားကုမ္ပဏီတွေ အိန္ဒိယ လာရောက်ပြီး ရင်းနှီးမြှုပ်နှံ ကြမှာဖြစ်တယ်။ ဒါပေမယ့် အခြား တစ်ဘက်မှာလဲ အိန္ဒိယနိုင်ငံဟာ အခြေခံအဆောက်အအုံ ကောင်းမွန် လုံလောက်မှုမရှိဘဲနဲ့ တိုးတက်လာခဲ့ တယ်။ တကယ်လို့ တရုတ်လိုသာ အိန္ဒိယမှာ အခြေခံအဆောက်အအုံ ကောင်းမွန်ပြည့်စုံမယ်ဆိုရင် ဒိထက် မက တိုးပြီး စီးပွားရေး တိုးတက် နိုင်တယ်လို့ ထောက်ပြကြတယ်။
အချို့က အိန္ဒိယနိုင်ငံလိုပဲ တရုတ်မှာလဲ ပုဂ္ဂလိကကဏ္ဍ ရှင်သန် နေပါတယ်လို့ ဆိုကြတယ်။ လွန်ခဲ့ တဲ့ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက် ကစပြီး ပုဂ္ဂလိက ကဏ္ဍဟာ ပြည်သူ့ ကဏ္ဍထက် မြန်မြန်ဆန်ဆန် တိုး တက်လာခဲ့တယ်လို့ ထောက်ပြကြ တယ်။ ဘဏ်တွေက အသေးစား လုပ်ငန်းတွေကို ငွေထုတ်ချေးခြင်း မရှိ ပေမယ့် သူတို့ဘာသာသူတို့ ရင်းနှီး မြှုပ်နှံပြီး တိုးတက်လာခဲ့ကြခြင်း ဖြစ် တယ်လို့ ဆိုကြတယ်။
တရုတ်ရဲ့ အားသာချက် တစ်ခု က အစိုးရအနေနဲ့ ပညာရေးကို ဇောက်ချပြီး အားပေးမြှင့်တင်နေခြင်း ဖြစ်တယ်။ တရုတ်ဟာ သူ့ရဲ့ လုပ် သားထု ဒါမှမဟုတ် တစ်ချိန်မှာ လုပ်သားထုထဲ ရောက်လာမယ့် လူငယ်တွေကို ပညာတတ်တွေဖြစ် အောင် အားသွန်ခွန်စိုက် လုပ်ဆောင် လျက်ရှိတယ်။ အနာဂတ်တိုင်းပြည် တိုးတက်ရေးအတွက် အဓိက အရေး ပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်စေချင်တယ်ဆို ရင် နိုင်ငံတော်အနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးကို သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ ကိစ္စအဖြစ် အလေး ထား ရှေ့တန်းတင်ပြီး ဆောင်ရွက်ဖို့ လိုတယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိန္ဒိ ယနိုင်ငံက တရုတ်ပြည်ကိုစီးပွားရေး အရ ကျော်လွှားသွားနိုင်တယ်လို့ တွေး ကြတဲ့ အထဲမှာ ဒီအချက်က အဓိက အခန်းကဏ္ဍမှ ပါဝင်တယ်။ လာမယ့် နှစ် ၂ဝ ကာလမှာ တရုတ်ဟာ သက်ကြီးရွယ်အို လူ့အဖွဲ့အစည်း ဖြစ် သွားနိုင်တယ်။ အဲဒီအချိန် အိန္ဒိယ မှာ လူငယ်လူရွယ်တွေနဲ့ ပြည့်နှက် နေနိုင်တယ်။ ဂျီဒီပီအရ ပြောမယ်ဆို ရင် တိုးတက်ပြီး အလုပ်လုပ်နိုင်တဲ့ အရွယ်လူဦးရေ တိုးပွားမှုဟာ စီးပွား ရေးကို ကြီးကြီးမားမား မြှင့်တင်ပေး နိုင်တယ်။ ဒါပေမယ့် အိန္ဒိယအနေနဲ့ ဒီလူငယ်တွေအတွက် ပညာတတ် အောင် သင်ကြားပေးနိုင်မယ့် အစီ အစဉ်တစ်ရပ် အဆင်သင့်ဖြစ်နေဖို့ လို အပ်တယ်။
တကယ်တော့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ချင်ဒီယာပြိုင်ပွဲဟာ စီးပွားရေး တိုးတက်မှုပြိုင်ပွဲသာ မဟုတ်ဘဲ နောက်ကွယ်က ပါဝင်တဲ့ ပညာ အရည်အသွေး စွမ်းရည်ပြိုင်ပွဲလို့လဲ ဆိုနိုင်မယ်ထင်ပါရဲ့။
မင်းရွှေမောင်
Ref: 1. Michael Schuman: " The case for India: Free to Succeed .
2. Bill Powell:" The case for China: The Power of Planning" Time , Nov 11 2011.
3. The Seeker's Glossary of Buddhism (1998)
No comments:
Post a Comment