ဒေါ်စု ထားဝယ်ကိုခရီးထွက်တဲ့ ပုံတွေကိုမြင်ရတော့ ဘယ်လိုကြည်နူးမိမှန်းမသိ
ထွက်ကြိုတဲ့ လူထုကြီးဟာ လူပင်လယ်တမျှ အဆုံး..အစ… မရှိပါလား
လူထုချစ်တဲ့ ….. လူထုခေါင်းဆောင်ဆိုတာ ဒါပါလားနော်လို့် အံ့သြော မဆုံးဖြစ်မိတယ်
အင်္ဂလိပ်စကားးမှာလည်း A picture is worth a thousand words ဆိုတာရှိပါတယ်
အဟုတ်ပဲ ဒေါ်စု ကိုကြိုနေကြတဲ့ လူထုကြီး ဟာ ကြောက်ခမန်းလိလိ များလိုက်ပါဘိ
ဒါမှ လူထုအစစ်ကွ လို့ ဟစ်ကြွေးမိရင်း အတွေးတစ်ခုဟာ ဖြတ်ခနဲ ဖြစ်ပေါ်လာမိတယ်
ထောင်ကထွက်လာတော့ ဆိုရှယ်လစ် ခေတ်မှာ ဘယ်ဌါနမှာမှ အလုပ်မရနိုင်တာကြောင့် အမေက ရှိတာလေးရောင်းပြီး
အရင်းတည်ပေးတာကြောင့် ပလပ်စတစ်စက်ရုံလေးထောင်မိတယ်။ လက်လှမ်းမှီရာလေးရောင်းရတော့ marketing ဆိုတာဘယ်နားလည်ပါ့မလဲ။
အမေရိကားရောက်တော့ Product ကိုင်ရရုံမက end-to-end ကိုင်ရမှ marketing ကိုနားလည်လာရတော့တယ်။
ဒီကမှ တဆင့် Brand Marketing ကိုကောင်းကောင်း နားလည်လာရတော့တယ်။
အထူးသဖြင့် Consumer goods လို့ခေါ် ကြတဲ့ လူသုံးကုန်ပစ္စည်းမှာ Brand marketing ဟာ သိပ်အရေးကြီးပါတယ်
Super market ၊ ဒါမှမဟုတ် grocery stores တွေသွားရင် စားသုံးသူတွေဟာ မသိစိတ်က နှိုးဆော်လို့ ကိုယ်သိဖူး မြင်ဖူး တဲ့ brand ကိုအရင် (စ)ကိုင်ကြတယ်တဲ့
ဒါငွေအကုန်ခံ ပြီးသုတေသန ပြုထားတာကြောင့် ရလာတဲ့ (အသိ) တွေပါ။
ဒါကြောင့် ထုတ်လုပ်သူတွေဟာ ငွေကြေးအကုန်အကျ ခံပြီး မီဒီယာ တွေမှာ ကျော်ငြာထဲ့ ကြရတာပါ။
ရေဒီယို ၊ တီဗီ ၊ စာဆောင် အိုအကုန် လုံးမှာ မိမိ brand လူသိအောင် ကျော်ငြာ လိုက်ကြရတာ။ ကောင်မလေးလှလှ လေးတွေသုံးကြရတာကြောင့် စူပါမော်တယ် တွေတောင် ပေါ်လာရသေး။
အမေရိကားမှာဆို Super Bowl လို့ခေါ်တဲ့ အမေရိကန် football final ပွဲမှာ (၃) စက္ကန့် ကျော်ငြာခ ဟာ ဒေါ်လာသန်း ချီပေးရပါတယ်။
ဒါကြောင့် ဘေးးမှာ ဘယ်ကျော်ငြာ ဟာအကောင်းဆုံးလည်း ဆိုတာကို ပြိုင်ကြရသေးတယ်။
ဒါပေမဲ့ ကျော်ငြာ ဘယ်လောက်ကောင်းကောင်း Product မကောင်းလို့ လမ်းဘေးရောက်သွားတဲ့ ၊ မြောင်းထဲရောက်သွားတဲ့ ထုတ်ကုန် Product တွေလည်းအများကြီးပါ။
ထုတ်ကုန် မစစ်ရင် (အင်) ကြီးဖြစ်နေရင် ကျော်ငြာ ဘယ်လောက်ကောင်းကောင်း စားသုံးသူတွေက သိကြပါတယ်။
တစ်ခါတစ်ခါ လည်း စားသုံးသူ လူထု ခမြာ label အစစ်ကို အင်ထုတာတွေလည်းတွေ့တတ်ပါသေးတယ်။
မှတ်မိပါသေးတယ်။ အဖေက ကသူ့ငယ်သူငယ်ချင်းကို ကျွေးမွေးချင်တယ်ဆိုတာနဲ့ မြို့ထဲမှာ Johnnie Walker Black Label တစ်လုံးပြေးဝယ် လိုက်ရတယ်။
ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်ခေတ် ၊ ဦးဘငြိမ် လက်စွမ်းပြ လို့ကောင်းနေတဲ့ အချိန်ကာလ။ မြန်မာတွေ လိုသမျှ မှောင်ခို ပြေးဝယ်ရတဲ့ အချိန်ကာလပေါ့။
မောမောနဲ့ အဖေ ပျော်ပါစေတော့ရယ် စေတနာနဲ့ လော်ကွပ်ချော်မိတယ်။
အဖေကလည်း သူ့ ငယ်သူချင်းကို ပြုစုလိုက်မယ်ပေါ့
ဖွင့်လိုက်မှ ဆေးထိုးအပ်နဲ့ Black Label အစစ်ကို စုပ်ထုတ်ပြီး လ္ဘက်ရေချမ်းတွေ ရောထားတဲ့ (အင်) ကြီးဖြစ်နေတော့ ဘယ်လိုစိတ်ဆိုးမိမှန်းမသိ။
Product ဆိုတာ label တစ်ခုထဲနဲ့ မသိ နိုင်ဆိုတာကို ရင်နာနာနဲ့ (သိ) ခဲ့ရတယ်။
ဒီလိုပဲ တချို့က ရှေ့က (လူထု) ထဲ့လိုက်ရင် label တပ်လိုက်ရင် (လူထု) က အားပေးသယောင် ၊ လူထုကထောက်ခံသယောင် ထင်ရာင်ထင်မှားဖြစ်အောင် ပုံမှားရိုက်ကြတယ်လေ။
လျှင်တဲ့ စီးပွားရေးသမားဆွေဆိုရင်လည်း ဒီလိုပုံမှား ရိုက်ကြသဗျှ။ ဦးနု ခေတ်မှာ လူထုစီးကရက်ဆိုတာ ပေါ်လာဖူးတယ်။ မှတ်မိကြမလားတော့မသိကြဖူး။ မကြာဖူး … ပိုင်ရှင် အရှေ့မှာ
(လူထု) ဆိုတဲ့ လေဘယ် ကပ်ပါလာတော့တယ်။ “လူထုဦးချို” တဲ့ ….. ရုတ်တရက်ကြားလိုက်ရင် (လူထု) အတွက် စီးကရက် လိုလို … (လူထု) ကြိုက်တဲ့ … (လူထု) အားပေးတဲ့ စီးကရက်
လိုလို ..အမှန်ကတော့ ပိုက်စံမပေးရတိုင်း (လူထု) ဆိုတဲ့ Label ကြီးကိုယူပြီး ထောင်စကားနဲ့ပြောရ ရင် (တွန်) ရိုက်တာပါ။ လူထုဆိုတဲ့ လေဘယ် ပါတိုင်း အထင်မကြီးလိုက်နဲ့ လူထု ဆိုတဲ့ လူကြီးက အိစံကွားလား ရေမရောတဲ့ ပေါက်ဖေါ်ကြီးကိုး …….
အင်းလေ … (၀) စစ်စစ်ဆိုတော့ ….တော်သေးတယ်ပေါ့ … တချို့ ကတော့ (၀) တွေကိုထိုင်ကန်တော့ နေကြတဲ့ မျိုးချစ်တွေလေ …… ရှင်ကြီးဂေါတမ ထက် … မော် ကြီးကို မှ ဘုရားထင်နေသူတွေပေါ့။
ဒါထက်ဆိုးတာက … လူထု ..ဖေါင်းပွမှု ..ကရှိသေး … စာရေးသူတို့ HP တို့ Cisco တို့လို တကမ္ဘာလုံးက သိကြတဲ့ က Fortune 50 အဆင့်မြင့် ကုမ္ပဏီကြီးတွေမှာ လုပ်ခဲ့တာပါ။ ဘယ်သူကမှ HP Frankie …. Cisco Johnny ဆိုပြီး မိမိအလုပ်လုပ်ရာ ဌါနေကို အမှူးပြုပြီး label မတတ်ကြပါဖူး။ ကိုယ်ရွှေ ဗမာ တွေပဲ … ကဲကိုကဲ လွန်းပါတယ် ….. လူထု မောင်ဘ …. လူထုမောင်မြ … လူထု .. ဖေါင်းပွမှုတွေလေ …. တသက်လုံး တူသဇင် အလံထောင်ပြီး ရဲရဲနီ ပြောရေးဆိုခွင့် ရှိသူကြီးတောင် မကြာသေးမှီက ပဲ အို… ရှေ့မှာ (လူထု) တပ်လာသေးတယ်။ စွာစွာ..စွာစွာ.. နဲ့ ဘ၀င်လေခပ်နေတဲ့ လန်းဒန် က နပုန်သက ပဏ္ဍုပ် တောင် … ကြာရင် (လူထု) ပဏ္ဍုပ် လို့ ကိုယ့်ကိုယ်ကိုကိုယ် ကင်ပွန်းတပ် လေဘယ်ကပ်လေ မလား မသိ။
စာရေးသူ အမြင်အရတော့ ခေတ်သစ် မြန်မာနိုင်ငံ ရာဇ၀င်မှာ (လူထု) က အသဲထဲရင်ထဲ ကနှစ်နှစ်ကာကာ ချစ်မြတ်နိုးလို့ (လူထု) ခေါင်းဆောင်ပါ လို့ အသိအမှတ် အပြုခံရတာ နှစ်ဦးပဲ ရှိပါတယ်။ နှစ်ပေါင်းများစွာ အင်္ဂလိပ်ကျွန်ဘ၀ က တိုင်းပြည် နဲ့ လူမျိုးကို ကယ်တင်ခဲ့တဲ့ လွပ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒုတိယ လွပ်လပ်ရေး အတွက် တိုက်ပွဲဝင်နေတဲ့ တကမ္ဘာလုံးက ဒီမိုကရေစီ ကို တောင့်တ နေကြတဲ့ လူထု ကြီးအတွက် မျှော်လင့်ချက်ပေးနေတဲ့ ဒီမိုကရေစီ မီးရှူးတိုင် ဒီမိုကရေစီ အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် တို့နှစ် ယောက်ပဲ ရှိပါတယ်။ တနည်းအားဖြင့် အင်မတန် ကြီးမားလှတဲ့ (လူထု) ဆိုတဲ့ label နဲ့ ထိုက်တန်တာလို့ဆိုချင်တာပါ။
ထူးခြားတာက (လူထုခေါင်းဆောင်) ဆိုတာ (လူထု) က အသိမှတ်ပြု ကင်မွန်းတပ် တင်စား ခေါ်ဝေါ်ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်း က သူ့ကိုယ်သူ (လူုထု အောင်ဆန်း) လို့ဘယ်တုန်းကမှ မိမိကိုယ်မိမိ တင်စားခဲ့ သည်မရှိပါ။ ထို့နည်းတူ ဒေါ်စုကလည်း မိမိကိုယ်မိမိ လူထုအောင်ဆန်းစုကြည် လို့ တခါမျှ မခေါ်ခဲ့ရှာပါ။ အစစ် မှန်ုရင် လေဘယ်တတ်စရာ မလိုပါ။ ဒေါ်စု အကျယ်ချုပ်ကျစဉ်က အထင်သေး ခဲ့သူတွေရှိကြတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ဖူးဟေ့ …. တချက်ထွက်လိုက်ရုံနဲ့ လူပင်လယ် ပေါ် တာကြည့််ကြ လို့ …သာ .. အသံကုန် ဟစ်လိုက်ချင်တယ်။ တော်လှန်ရေး သူငယ်နာ မဆင်ပဲ ဒေါ်စုကို … မလောက်လေး …မလောက်စား … တိုက်ခိုက်နေကြတဲ့ ၀ဲစွဲ (အက်ဆစ်) တို့ လူစု ဟာ ဘယ်သူတွေလဲ? အနှစ် ၂၀ ထမိန်အနောက် က တူသဇင်ခိုးထောင်ခဲ့ကြ သူတွေပဲမဟုတ်လား။ ခုမှ ဘာလေး ညာလေး အသံကောင်း ဟစ်ချင်သေးတယ်။ ဟိုတုန်းကလည်း အောင်ဆန်းဘယ်လည်း ၊ ဘာလည်း ဆိုတာတွေဟာလည်း ဒီလူအုပ်ပါပဲ။
ဒေါ်စုကို ကြိုနေကြတဲ့ ထားဝယ်က လူပင်လယ် လူထုကြီးကိုကြည်ပြီး … နောင်တချိန် .. တိုင်းပြည်တာဝန် ယူကြရမဲ့ လူငယ်လေးတွေကို အသိ ပေးချင်ပါတယ်။
(အတု နဲ့ အစစ်) နှိုင်းလို့ မရ ပါဖူး …..
ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
ဖေဖေါ်ဝါရီလ (၁)ရက် ၂၀၁၂
No comments:
Post a Comment