Tuesday, April 03, 2012
ဒီမိုဝေယံ
၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်) ဖွဲ့စည်းခြင်း အခမ်းအနား..
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ယခင်ဖွဲ့စည်းခဲ့တဲ့ မန္တလေးခရိုင်၊
မြင်းခြံ၊ မုံရွာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဒဂုံ၊ မအူပင်ခရိုင်များမှာ
မည်သည့် ပြသနာမျှ ပေါ်ပေါက်ခဲ့ခြင်း မရှိပဲ
ဟသာင်္တခရိုင်(ဗကသ)အဖွဲ့ဝင် ကျောင်းသား/သူ (၆)ဦးအား ပါမောက္ခချုပ်
ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့မှ စုံစမ်း၊ စစ်ဆေးနေခြင်းအပေါ်
ဟင်္သာတခရိုင် (ဗကသ)မှ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်.
Monday, April 02, 2012
ဒီမိုဝေယံ
ယနေ့
မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက်နေ ပြည်သူများမှ
မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ် ဂုဏ်ပြု ခဲ့ကြပါတယ်..။
ရပ်ကွက်နေ ပြည်သူများမှ မဖြူဖြူသင်း ရွေးကောက်ပွဲ အောင်နိုင်ပွဲ အထိမ်းအမှတ် လာရောက်သူများအား စတုဒီတာကျွေးမွေး ဧည့်ခံခဲ့ကြပါတယ်..။
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
»
Monday, April 02, 2012
ဒီမိုဝေယံ
ယနေ့
မနက်(၁၁)နာရီက ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ထောင်ချီတဲ့
ပြည်သူလူထုအား ကျေးဇူးတင် အမှာစကားနဲ့ အတူ တခြားအဖွဲ့အစည်းတွေ
စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူ အပြောအဆိုကို မလုပ်ကိုင်ကြဖို့
ထည့်သွင်း ပြောကြားခဲ့ပါတယ်..။
ဓာတ်ပုံ AP,Getty Images,Reuters
ဒီမိုဝေယံကို
ပေးပို့လာတဲ့ ဒီနေ့ရဲ့ အကြိုက်ဆုံးပုံ... စစ်ကိုင်းက မင်းလမ်းရပ်ကွက်..
အမေစု ၁၃၄၀ ကြံ့၁၀၂ သနားတယ်ဟေ့တဲ့ ရဲရဲနီတဲ့ မင်းလမ်းကို
ခွပ်ဒေါင်းလမ်းလို့ ပြောင်းမယ်..။
Sunday, April 01, 2012
ဒီမိုဝေယံ
Sunday, April 01, 2012
ဒီမိုဝေယံ
Sunday, April 01, 2012
ဒီမိုဝေယံ
ကျေးဇူးပါ အမေစု.. (Getty Images)
သို့သော်လည်း တဘက်အဖွဲ့အစည်း၏ စိတ်ထိခိုက် စိတ်မကောင်းဖြစ်စေမည့် အပြောအဆို အမူအရာများ လုံးဝ ရှောင်ရှားကြရမည်..။
Monday, April 02, 2012
ဒီမိုဝေယံ
(ဓာတ်ပုံ) ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက်
ရယူနိုင်ပြီဖြစ်ကြောင်းနှင့် လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ
မဲဆက်လက် ရေတွက်လျှက်ရှိကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ
အောင်နိုင်ရေးမန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။
အန်ကယ်တို့ ၄၃နေရာမှာ
အနိုင်ရရှိတာကို အတည်ပြုချက် ရယူနိုင်ပါပြီ။ နောက်ဆုံးတခု လားရှိုး
အမျိုးသားလွှတ်တော် တခုပဲ မဲဆက်လက် ရေတွက်နေပါတယ်..။ လက်ရှိအနေအထားမှာ
ကျားဖြူပါတီနဲ့ အပြိုင်ရေတွက်နေပြီး အန်ကယ်တို့ NLDက မဲအသာရရှိနေပါတယ်...။
မကြာခင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးမှာ စကားပြောဖို့
ရောက်ရှိလာပါမယ်..။ အဖွဲ့ချုပ်ရုံးရှေ့မှာ ပရိသတ်တွေနဲ့အတူ
သတင်းထောက်တွေလည်း အတော်များများ ရောက်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်..။
(ရန်ကုန် မနက်၉နာရီခွဲ အချိန် ဆက်သွယ်မေးမြန်းချက်) ဖြစ်ပါတယ်..။
ဒီနေ့မနက် ၈နာရီက ရန်ကုန်တိုင်း
ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဝင်ရောက်ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း ၆နေရာစလုံးမှာ
အနိုင်ရရှိကြောင်းကို ကြေငြာချက် ထုတ်ပြန်ပေးပါတယ်...။
၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၈)နေရာ ပြုလုပ်ရန်
စီစဉ်ထားပြီးမှ ကချင်ပြည်နယ်အတွင်း (၃)နေရာမှာ နယ်မြေ လုံခြုံရေးဟူသော
အကြောင်းပြချက်ဖြင့် မဲဆန္ဒနယ် (၄၅)နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။
စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ်(၇) (ဗန်းမောက်-ကောလင်း- ၀န်းသို-
ပင်လယ်ဘူး) အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောလှိုင်အား
နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံခဲ့ရပြီး ဝင်ရောက်
ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ၄၄နေရာသာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။
သတင်း ဒီမိုဝေယံ
ဥရုတံတားဖြတ်သန်းခ ဈေးကြီး
|
ဥရုကြိုးတံတား |
စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့
သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ
ဧပြီ (၁)ရက်နေ့ကစပီး
တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။
ဒီတံတားကို အားထားပီးတော့ နမ်တော-နောင်ပိုအောင် မှ ဟုမ္မလင်းသို့ နေ့စဉ်သွားလာနေ
ရတဲ့ အဓိကတံတားကြီးဖြစ်ပါတယ်။ ဒီဒေသက သွားလာရေးမှာ အဓိက အားဖြင့် ဆိုင်ကယ်
ကိုပဲ အများဆုံးအသုံပြုနေရပါတယ်။
သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာဆိုတာလည်း နှစ်ရွာတစ်ရွာလိုဖြစ်နေပီး
တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အသွားပြန် (၅) ခေါက်လောက် လူမှုရေးကိစ္စ၊
စီးပွားရေးကိစ္စ၊ပညာရေးကိစ္စအတွက်ပါ မသွားမဖြစ်သွားလာဖြတ်သန်းနေရတာဖြစ်
ပါတယ်။
အခု ဥရုတံတား လေလံအဖွဲ့က ဆိုင်ကယ်တစ်စီးကို ဖြတ်သန်းခ (၅၀၀)ကျပ်
ကောက်ခံနေပါတယ်။တစ်နေ့ကို (၅)ခေါက်ထက်မနည်းသွားလာနေရတဲ့ဒေသခံတွေ
ဟာ အသွားပြန်တစ်ခေါက်ဆိုရင်ပဲ (၁၀၀၀)ကျပ်ကုန်နေပီ (၅)ခေါက်ဆိုရင် (၅၀၀၀)ကျပ်
ကုန်နေပါပီ။
ဆိုင်ကယ်ဖြတ်သန်းခ ဈေးကြီးတာကြောင့် ဟိုဘက်ဒီဘက်သွားဖို့တောင် ဆိုင်ကယ်ဖြတ်
သန်းခ(၅၀၀)ကျပ်ဆိုတာကြီးက အပူတစ်ခုလိုဖြစ်နေတာကြောင့် ဒေသခံတွေ
တော်တော်လေးစိတ်ညစ်နေပါတယ်။
ဒီဥရုတံတားဖွင့်စကဆိုရင် ဆောက်လုပ်ရေးဝန်ကြီးမှ တံတားဖြတ်သန်းခ ကောက်ခံဖို့
မသင့်တဲ့ဒေသဆိုပီး တံတားကို အခမဲ့ဖြတ်သန်းစေခဲ့ပါတယ်။ ဥရုတံတားဖွင့်ပီး ၂၀၁၀
ခုနှစ် လောက်ကစကာ နောင်ပိုအောင်ဒေသဖွံ့ဖြိုးရေးရံပုံငွေအတွက်ဆိုပီး
ကြံ့ဖွတ်ပါတီအမတ်ဦးခင်မောင်ဆွေမှ ဦးစီးပီး တံတားဖြတ်သန်းခကို စတင်ကောက်ခံ
ခဲ့ပါသေးတယ်။
အဲဒီတုန်းကလည်း အခုလိုပဲ ဒေသခံတွေစိတ်ညစ်ခဲ့ရပါတယ်။အဓိကပြောချင်တာကတော့
အစိုးရအဖွဲ့မှ လေလံပေးထားတဲ့တံတားမှန်ရင်လည်း ဆိုင်ကယ်ဖြတ်သန်းခ တစ်စီး
(၅၀၀)ကျပ်ကို ပြန်လည်ပီး ပြင်ဆင်ပေးဖို့ ဒေသခံတွေနဲ့ထပ်တူ
သမ္မတဦးသိန်းစိန်နဲ့တကွ
သက်ဆိုင်သူများသိစေရန်တင်ပြအပ်ပါတယ်။
( နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတစ်ဦး)
Myanmar News Now
နယ်စပ်ဘုရားသုံးဆူ ကားလမ်းပေါ် ဗမာ့တပ်မတော်မှ အခမဲ့ဆေးကုခန်းဖွင့်
|
ဘုရားသုံးဆူ |
ဘုရားသုံးဆူမြို့နယ် အနန်းကွင်းကျေးရွာတွင် ဗျုဟာမှုး ဗိုလ်မှုကြီး
အောင်နိုင်ဦးက ဦးစီးပြီး ခရီးသွားပြည် သူများအတွက် အခမဲ့ဆေးကုခန်းကို
ပြီးခဲ့သည့် ရက်သတ္တပါတ်က ဖွင့်လှစ်ပေးခဲ့သည်။
လမ်းခရီးကြမ်းတမ်းသဖြင့် ခရီးသွားနေစဉ်တွင်း ဒါဏ်ရာရရှိသူများ၊ မူးမော၍
မကျန်းမမာဖြစ်နေသည့် ခရီးသွားများကို အချိန်မှီကုသပေးနိုင်ရန်
ရည်ရွယ်ချက်ဖြင့် အခမဲ့ဆေးကုခန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
ဗျုဟာမှုး၏အဆိုကို စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်း ဆရာဇေယျာလွင်က ပြောသည်။
ခရီးသွားဧည့်သည်များ ခရီးလမ်းအတွင်း ဆေးကုသမှုကြုံလာပါက အချိန်မှီကုပေးနိုင်ခဲ့သည်ဟု ဆရာ ဇေယျာလွင် က ပြောသည်။
“ခရီးသွားနေတဲ့သူတွေ
ထိမိရှမိလို့ ဒါဏ်ရာ ရသွားတဲ့သူတွေ၊ ခေါင်းမူးခေါင်းကိုက်တာတွေ၊
ကျနော်တို့က တတ်နိုင်သလောက် အခမဲ့ ကုပေးပါတယ်” ဟု ဆရာ ဇေယျာလွင်က ပြောသည်။
အနန်းကွင်းကျေးရွာသည် သံဖြူဇရပ်မြို့မှ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ သွားသည့် ကားလမ်းမပေါ် တွင်ရှိသည်။
ထိုင်းနိုင်ငံသို့
ဝင်ရောက်ရန်အတွက် သံဖြူဇရပ်မြို့မှလာသည့် ခရီးသွားတစ်ဦးက
ဒါဏ်ရာအပြင်းအထန်ရရှိရာ ၄င်းဆရာဇေယျာလွင်မှ အချိန်မှီ
ခွဲစိတ်ကုသပေးခဲ့သည်ဟု ဆေးခန်းအနီးရှိ ဈေးဆိုင်ခန်းပိုင်ရှင်က ပြောသည်။
လက်ရှိ
အနန်းကွင်းကျေးရွာတွင် မြန်မာစစ်တပ်မှ အမှတ် (၅)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံ နည်းဗျူဟာ (၁) မှ
အလှည့်ကျရှေ့တန်းစစ်ဗျူဟာရုံး အခြေစိုက်ထားသည်။
ပြီးခဲ့သည့်
ဇန်နဝါရီလ ရ ရက်နေ့ ပြာသိုလပြည့်နေ့တွင် အနန်းကွင်းရွာ
ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၅၁) ဦး
ထိခိုက်ဒဏ်ရာရရှိကာ ၄ ဦး သေဆုံးသွားခဲ့သည်။
သံဖြူဇရပ်မြို့ -
အနန်းကွင်း - ဘုရားသုံးဆူမြို့ ကားလမ်းမတလျှောက်၏ သုံးပုံ နှစ်ပုံခန့်ကို
ကေအဲန်ယူ တပ်မဟာ (၆) မှ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။
မွန်အေဂျင်စီ
ကော့မှူးမြို့နယ် မှ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် နေအိမ်
ကောမှူးမြို့နယ် ဝါသိင်္ခကျေးရွာ မှ ကြားဖြတ်ရွေးကောက်ပွဲ အကြိုညတွင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့်
နေအိမ်။
သတင်း-ဓါတ်ပုံ ။ ။ ဘားမားဗီဂျေ
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို
အနိုင်ရအောင်မဲပေးခဲ့ကြတဲ့ ပြည်သူ လူထုကို ဒေါ်အောင်ဆန်းစုကြည်က
ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက်က ရန်ကုန်မြို
့အန်အယ်လ်ဒီ ဌာနချုပ်မှာ (၅)မိနစ်ကြာမိန့်ခွန်း ပြောကြားရာမှာ ပြည်သူ
လူထုတွေ ထောက်ခံအားပေးတဲ့အတွက် အနိုင်ရရှိတာဖြစ်တဲ့ အကြောင်း
အောင်ပွဲခံနေရုံနဲ့ မပြီးသေးဘဲ ရှေ့ဆက်ပြီး ဒီထက်ပိုပြီးလုပ်ဆောင်စရာတွေ
ရှိသေးတယ်လို့ ပြောပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ
(၄၄)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ( ၄၃) နေရာမှာ အနိုင်ရတယ်လို့ 
အန်အယ်လ်ဒီက ကြေညာထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် အမှတ် (၃) မှာတော့ မဲစာရင်းတွေ အပြည့်အစုံမရသေးလို့
ရလဒ်မသိရသေးပါဘူး။
ဒီဗွီဘီ
No comments:
Post a Comment