အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ 
ဗိုလ်မှူးစိုးသီဟကျော်နေရာမှာ အစားထိုးပေးခဲ့တဲ့ ဒု-ဗိုလ်မူးကြီး
အောင်ကျော် တပ်မ(၇၇) က ဖြစ်ပါတယ်..သံဃာ့ သွေးစက်တွေ လက်မှာ မခြောက်သေးတဲ့ လူတစ်ယောက်
လွှတ်တော်ထဲရောက်လာပါပြီ..
ဓာတ်ပုံ ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်..
ဓာတ်ပုံ ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်..
သွေးစွန်းသောလက်
လွှတ်တော်တက်
တိုင်းပြည်အကျိုး ကိုယ့်လူမျိုးအတွက်
ဘက်စုံတူညီ မကူညီဘဲ
လက်ထဲကအာဏာ ကိုင်စွဲလာပြီး
ရွှေဝါရောင်တော်လှန်ရေး
သံဃာတော်တွေရဲ့သွေးတွေကို
ခြေဆေးလက်ဆေး စတေးခဲ့တဲ့
လူစိတ်ကင်းဝေးသူတယောက်
လွှတ်တော်သို့ရောက်လာပါပြီတဲ့…။
တမတ်သားစစ်သား
အခန့်သားခန့်ထားနိုင်တဲ့ဥပဒေ
အခြေခံကိုက မှားနေပါပြီဗျ…။
အခြေမခိုင်တဲ့ ဥပဒေတိုင်ကို
မဏ္ဍိုင်လုပ်ထား အုပ်ချုပ်သွားရင်
ဗရုတ်ဗရဲ မခိုင်မမြဲဘဲ
ယိုင်လဲမြေခ ပြိုကျလာမည်။
ဘာမဟုတ်ညာမဟုတ်
အရေးလုပ်နေတဲ့ကျမ်းကျိန်စကား
အရေးထားပြီး ဒေါ်စုတို့အား
ဘေးဖယ်ထားရင် အမှားပေါ်အမှား
ထပ်ဆင့်ပွားမည် တည်ကြည်အရေးထား
လေးစားကြပါ။
ကိုယ့်ပေါင်ကိုယ်ပြောင်ပြောင်
မလှန်ထောင်လို့မရ
အမှန်ဖက်က ရပ်တည်ပါမှ
တိုင်ပြည်ကရှေ့တိုး
အကျိုးများလိမ့်မှာ။
တိုင်းပြည်ကို ကြိတ်ကာမရ
သိက္ခာကျအောင်
ဘယ်သူကလုပ်ဆောင်နေတာလဲ
အမှန်ကိုစွဲမြဲ မလွဲဘဲဖေါ်ပြလိုက်သူလား
မမှန်တာကို တကဲကဲ စွဲမြဲလုပ်ကိုင်နေတဲ့သူလား
ခွဲခြားမြင်သိကြပါ။
အမှန်ကိုဖေါ်ပြသူမှာ ကိုယ်ကျိုးမပါ
မမှန်တာလုပ်ကိုင်သူမှာ အတ္တအပြည့်ပါ
ဤအရာဤအဖြစ်မျိုး နှိုင်းယှဉ်ကာထိုး
အကျိုးဘယ်ဖက်က ထွက်လာမလဲ။
အမှားကိုမြင်မှ အမှန်သို့ပြင်နိုင်
ဆင်ခြင်နိုင်အောင် ပေါင်ထောင်ပြီးပြရပြရ
ပြသူမှာစေတနာအပြည့်မို့
ဝေဒနာငြိလဲ မတတ်နိုင်
ဒီမိုကရေစီပန်းတိုင် လှမ်းကိုင်ဖို့ရာ
အာဏာကိုဖျောက် အမှန်တရားရောက်အောင်
စိတ်အကြံပေါက်မှ ရောက်နိုင်မယ့်အကြောင်း
မီးမောင်းထိုးပြလိုက်ပါကြောင်း။
တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၂၇ ၂၀၁၂)
No comments:
Post a Comment