ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ
ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။
ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့တပ်မတော်လက်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်သည်။
တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။
သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲအခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။
တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်ကဆိုသည်။
By KNG
ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင်
ဓါတ်ပုံ-နိရဉ္စရာ |
ရခိုင်ပြည်နယ်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်
မဟာဓါတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများကပြောသည်။
ဧပြီ ၂၆ ရက်က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုဝန်ကြီးလာရောက်၍
သံတွဲခရိုင်အတွင်း တည်ဆောက်မည့် ဓာတ်အားခွဲရုံများအတွက် မြေနေရာများ
လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
“မြေနေရာ အတည်ပြုပြီးတာနဲ့ဓာတ်အားခွဲရုံတွေ
စဆောက်မယ်၊တိုင်တွေစိုက်မယ်၊ပထမအဆင့်မှာ သံတွဲနဲ့တောင်ကုတ်မှာ
ဆောက်မှာဖြစ်ပါ တယ် ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာများအား သက်ဆိုင်ရာ
ပိုင်ရှင်များထံမှ ၀ယ်ယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်းနှင့်
လိုင်းတည်ဆောက်ရေးစီမံကိန်းအဖွဲ့၏ ကွင်းဆင်းလေ့လာမှုများမှာ ဧပြီ ၁ ရက်
ကပင် စတင်နေပြီဖြစ်ကြောင်းလည်း၎င်းက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် ၂၃၀/၆၆ kV ဓာတ်အားခွဲရုံတစ်ရုံနှင့် ၆၆/၁၁ kV
တစ်ရုံ၊သံတွဲမြို့နယ်တွင် ၆၆/၁၁ kV တစ်ရုံ တည်ဆောက်မည်ဖြစ်သည်။
ယင်းစီမံကိန်းများအား ၂၀၁၄ နောက်ဆုံးထား၍
ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု အပေါ်မူတည်ကာ
ထို့ထက်လည်းစောပြီး လျှပ်စစ်မီးရရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြောသည်။
လက်ရှိတွင် ထားဝယ်အခြေစိုက် ဖိုးသီးချို ကုမ္ပဏီက သံတွဲမြို့နယ်အား ၂၄
နာရီ မီးပေးလျက်ရှိပြီး ဓာတ်အားသုံးစွဲခမှာ ပထမ ၁၀ ယူနစ်အတွက် ၃၅
ကျပ်နှုန်းနှင့် ကျန်ယူနစ်များအတွက် ၄၈၀ ကျပ်နှုန်း ဖြစ်သည်။
“ မဟာဓါတ်အားလိုင်း မြန်မြန်ပြီးဖို့ မျှော်လင့်ပါတယ်၊ အခုမီတာခတွေက
ဈေးကြီးလွန်းလို့ ” ဟုသံတွဲ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် စွမ်းအင်ဝန်ကြီးဌာနကလည်း
ဆောင်ရွက်မည်ဖြစ်ပြီးယင်း စီမံကိန်းမှာ ၂၀၁၅ တွင်မှ
ပြီးစီးနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်ဖော်ပြထားသည်။ ။
Yangon Press International
ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည် ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်
မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ
ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။
“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့
အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေ
မြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်
သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။
၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ
၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးက
ယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်
ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံ
မတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။
၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြား
တိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်
အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။
ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီး
အပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာ
ကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ။
Yangon Press International
ဘုရားကျောင်းပြင်ရန်ဟုဆိုကာ ရွာသားလေးဦးအား KIO မှခေါ်ဆောင်သွား
ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်ယမန်နေ့ နေ့လည် ၂ နာရီခန့်က မိုးကောင်းမြို့နယ် လွဲလော်ကျေးရွာ အရှေ့တောင်ဘက် ငါးမိုင်အကွာရှိတောထဲတွင် ထင်းခုတ်နေသော ရွာသားလေးဦးကို ဘုရားကျောင်းပြုပြင်ရန်ဟုဆိုကာ KIO စစ်သားများက ခေါ်ဆောင်သွားသည်။
မိုးရာသီမရောက်မီ KIO စခန်းရှိ ဆားမော်ဆွတ်လျန် ဘုရားကျောင်းကိုပြုပြင်ရန်လိုအပ်သော သစ်များခုတ်ယူခိုင်းစေရန် နွားလှည်းသုံးစီးနှင့်အတူ လွဲလောရွာသားသုံးဦးနှင့် လွဲဆန်ရွာသားတစ်ဦးတို့ကို ခေါ်ယူသွားခဲ့ပြီး ဘုရားကျောင်းပြုပြင်ပြီးလျှင် ပြန်လွှတ်ပေးမည်ဟုဆိုသည်ဟု လွဲလော ရွာသားတစ်ဦးကပြောသည်။
“ ကျွန်တော့်ကိုလည်းခေါ်တယ်။ ကျွန်တော့်မှာက ကလေးတွေမိသားစုတွေလည်းပါတယ်ဆိုတော့ ကျန်တဲ့ လေးယောက်ကို ခေါ်သွားတယ်။ နှစ်ရက်လောက်ပဲကြာမယ်လို့တော့ပြောတယ် ” ဟု ထင်းသွားခုတ်ခဲ့သည့် လွဲလော်ရွာသားတစ်ဦးကပြောသည်။
ပြီးခဲ့သောမတ်လက လွဲလောရွာသား အသက်နှစ်ဆယ်ဝန်းကျင်ရှိ ထွန်းမြန်ကို KIO မှ တပ်သားသစ်စုဆောင်ရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။
ယခုခေါ်ဆောင်သွားသောရွာသားများကိုမူ ပြန်လွှတ်ပေးလိမ့်ဟု မျှော်လင့်ရကြောင်း လွဲလော ရွာသားများကပြောသည်။
“ ငယ်တဲ့သူတွေကိုတော့ စစ်သားစုဆောင်းတယ်ဆိုပြီး ပြန်မလွှတ်တော့ဘူး။ အခုပါသွားတဲ့သူတွေက အသက်ကြီးပြီဆိုတော့ ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ် ” ဟု လွဲလောရွာသားတစ်ဦး ကပြောသည်။ ။
Yangon Press International
KIA တပ်ဖွဲ့ဝင်များက စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး ကို ၀င်ရောက်တိုက်ခိုက်ရာလေးဦးသေဆုံး
မြန်မာအစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ကချင် လက်နက်ကိုင်အဖွဲ့ KIA တပ်ဖွဲ့ဝင်များက ဝိုင်းမော် မြို့နယ် စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့နံနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦး သေဆုံးခဲ့သည်ဟု The Voice Weekly က စုံစမ်းသိရှိရသည်။
ဆော့လော် တောင်တန်းများပေါ်တွင် KIA တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။
The Voice Weekly
ဧပြီ(၂၇)ရက်၊၂၀၁၂ခုနှစ်။
ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ (KIO)နှင့် မြန်မာအစိုးရတပ်ဖွဲ့များအကြား နှစ်ဖက်ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် နေရာ၊ဒေသများအား နှစ်ဖက်အကြားညှိနှိုင်းနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံက သိရှိရသည်။
“ဦးအောင်သောင်းတို့နဲ့က ပြောတဲ့အတိုင်း မဖြစ်လာတော့ ရှေ့ဆက်ပြီး သိပ်အဆင်မပြေဘူး။ ကျွန်တော်တို့က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ချင်တယ်။ ဆွေးနွေးချင်တယ်။” ဟု ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များ စစ်ပွဲဖြစ်နေသည်မှာ ယမန်နှစ် ဇွန်လမှစတင်လျှင် ယခုအချိန်တွင်(၁၁)လ ကြာမြင့်နေပြီဖြစ်သည်။
နှစ်ဖက်ကြားငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲမှာ ယခင်ထက် ပိုမို ပြင်းထန်နေသည်။ မြန်မာအစိုးရစစ်အင်အား (၁၀၀)ရှိသည့် နာဖော့်ကျေးရွာတွင်လည်း ယခုအချိန်တွင် စစ်အင်အား (၁၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး ကချင်ပြည်နယ်တွင် အစိုးရတပ်မ(၁၃)ခု အခြေစိုက်ထားရှိကြောင်း ၄င်းတို့ထံက သိရှိရသည်။
ဧပြီ (၂၀)ရက်နေ့ အစိုးရဘက်က မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အား ကေအိုင်အေ က ငြင်းပယ်ထားသဖြင့် ဧပြီ (၂၄)ရက်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဗန်မော်မြို့တွင် တွေ့ဆုံရန် ထပ်မံစာရေးသားပေးပို့ခဲ့သည်။
“ဗန်မော်ဆို ပိုလို့တောင် မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုပြီး ထိုးစစ်ပဲ ဆင်နေတာ။ ဌာနချုပ်တွေ ကိုတောင် ထိုးစစ်ဆင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ပြည်တွင်းမှာ ဆွေးနွေးမယ်ဆိုတာ မဖြစ် သေးဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အမြဲတွေးနေပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေသေးတော့ တခြားလုံခြုံတဲ့နေရာမှာတွေ့ရင် ပိုပြီးအဆင်ပြေလိမ့်မယ်ထင်တယ်။” ဟု အင်ရှန်ဆန်အောင် က ဆက်ပြောသည်။
ကေအိုင်အိုကလည်း ငြိမ်းချမ်းရေးကိစ္စအား အကောင်အထည်ဖော်ဆောင်ရွက်လိုသဖြင့် ဧပြီ(၂၅) ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဆွတ်လွတ်ဂမ်ကို ခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ လဂျာယန်ကျေးရွာ၊ ဒေါ့ဖုန်းယန်တို့တွင် နေ့စဉ် လက်နက်ကြီးများဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် မလိရေအားလျှပ်စစ် တည်ရှိရာ နေရာဒေသ တွင်လည်း ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံတို့ကဆိုသည်။
ယင်းတို့ တိုက်ပွဲများဆက်တိုက် ပစ်ခတ်နေခြင်းနှင့်ပတ်သက်၍ စစ်ရေးသည် ၎င်းနှင့် မဆိုင်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆိုထားသဖြင့် ဦးအင်ရှန်ဆန်အောင်က အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“စစ်အင်အား အလုံးအရင်း တိုးလာနေတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ သူတို့မလုပ်ကြဘူး။ အစိုးရက သက်သက်၊ စစ်တပ်ကလည်း သက်သက်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ စစ်နဲ့ပတ်သက်ပြီး၊ နိုင်ငံရေးကို အခါတည်း ဆွေးနွေးချင်နေတာ။” ဟု ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရွှေလီမြို့၌ ကေအိုင်အိုနှင့် မြန်မာအစိုးရတို့ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေး ရာတွင် ကေအိုင်အေက “အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးတပ်က တပ်ပိုင်းဆိုင်ရာမှာ လွတ်လွတ် လပ်လပ် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။
နောက်လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲလည်း ဖြစ်တယ် ဆိုတော့။ သူသဘောမတူရင် သမ္မတ အမိန့်ကဘာပဲဖြစ်ဖြစ် မနာခံဘူးဆိုတဲ့ သဘောလား။ အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးမှာ အားနည်းချက်ရှိလား။” ဟု ကေအိုင်အေတာဝန်ရှိသူ တစ်ဦးက မေးမြန်းခဲ့သည်။
ထိုမေးမြန်းချက်နှင့်ပတ်သက်၍ “သမ္မတကြီးရဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ကျတော်ပြောချင်ပါတယ်။ သမ္မတ လုပ်ပိုင်ခွင့်နှင့် ညွန်ကြားချက် အမိန့် လုပ်ပိုင်ခွင့်တွေနဲ့ ကျတော်တို့ တချို့ ကိစ္စတွေမှာ လွှတ်တော်ထဲက လုပ်ရမယ့်လုပ်ငန်းတွေ ပါတယ်။ ဥပဒေနဲ့ ပတ်သက်လာရင် သမ္မတနဲ့ ပတ်သက်တာ နည်းပါတယ်။
သမ္မတက နောက်ဆုံးကျတော်တို့ လွှတ်တော် နှစ်ရပ်က တင်ပြတာကို (၁၄)ရက်အတွင်း လက်မှတ်ထိုးရင် ထိုး ၊ မထိုးရင် လက်မှတ်ထိုးပြီးပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် ဥပဒေအရ သမ္မကလက်မှတ်မထိုးရင်တောင်မှ ကျော် သွားလို့ရတယ် သဘောရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်သည် ဒုတမ္မတအဆင့်ရှိတဲ့အတွက် ဝန်ကြီးဌာနဖြစ်တဲ့ အတွက် ကာကွယ်ရေးဝန်ကြီးထက် ပိုမြင့်ပါတယ်။ ကျွန်တော်တို့ ညွန်ကြားတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ညွန်ကြားတာဖြစ်ပါတယ်။ ” ဟု အစိုးရဘက်က ပြန်လည်ဖြေဆိုခဲ့သည်။
ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတအားနေပြည်တော်တွင် တွေ့ဆုံရန် ဧပြီ(၉) ရက်နေ့က စာရေးသားပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းကြားခြင်းမရှိသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။
Shwe Myitmakha Media Group
ဖားကန့် - အင်းတော်ကြီးလမ်း ပိတ်ပင်
အင်းတော်ကြီးအိုင်မှ စက်လှေဆိပ်(ဓါတ်ပုံ-Google Images) |
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိရာ ဒေသသို့ အဓိက ဝင်ထွက် သွားလာရေး လမ်းကြောင်း တစ်ခု ဖြစ်သော ဖားကန့် - အင်းတော်ကြီး ကားလမ်းမကြီးကို အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများကြောင့် ပိတ်ပင်ထားကြောင်း ဧပြီ ၂ရ ရက်နေ့တွင် ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား အင်တော်ကြီး ဒေသ တုံပင်ကျေးရွာ အနီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ကေအိုင်အေဘက်မှ အထက်ပါလမ်းကို သွားလာခွင့် မပြုတော့ခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။
"မနေ့ည ဝှေ့ခါ အောက်နားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ သေနတ်သံတွေ ကြားရတယ်" ဟု ဝှေ့ခါ ကျေးရွာ အုပ်စု မှော်သစ်ကုန်း မှော်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ဖားကန့် - အင်းတော်ကြီးလမ်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သော်လည်း ဖားကန့် မြို့နယ်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း မရှိပေ။ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖားကန့် ဒေသသို့ ဝင်ထွက် သွားလာသည့် လမ်းကြောင်းများကို ကေအိုင်အေဘက်မှ ပိတ်ပင်လိုက်သည့်အခါ ဆန်တစ်အိတ် ဈေးနှုန်း (၁၆ပြည်) မှာ ရ သောင်းထိပင် မြင့်တက်ခဲ့ဖူးသည်။
"လမ်းပိတ်တာက ခဏပဲ ဖြစ်မယ် ထင်တယ်" ဟု မိုးညှင်းမြို့နယ် ဘီလူးကျေးရွာမှ ဖားကန့်သို့ သွားရန် အတွက် စောင့်နေသူ အမျိုးသား တစ်ဦးက ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ကေအိုင်အေနှင့် ရွှေလီမြို့တွင် ၃ ကြိမ် တွေ့ဆုံပြီးသော်လည်း သဘောတူညီမှု မရရှိသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ကုန်းပိတ်ဒေသ တစ်ခု ဖြစ်နေသော ဖားကန့် မြို့သည် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ ထိန်းချုပ်နယ်မြေ ဆက်စပ် နေသည့်အတွက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ အများစု လုပ်ငန်းခွင်များကို ရပ်နားထားကြကြောင်း ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များက တူညီစွာ ပြောဆိုကြသည်။
The Voice Weekly
၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး
အခု
၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့
ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု
တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေးဆွဲမှုတွေ ကိုလည်း
ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။ MRTV-4
တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေးဆွဲမှုတွေ ကိုလည်း
ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။ MRTV-4
ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း အချို့တွင် ကိုရီးယား နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသွားရန် ရှိ
ကိုရီးယား
စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra
မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ်
စက်ရုံများ၊
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။
MRTV-4
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။
MRTV-4
ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်မှု အတွက် မတည် ရင်းနှီးငွေ
ပုဂ္ဂလိက
အာမခံ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ
လုပ်ကိုင်ခွင့် ရရှိသူများဟာ အာမခံ ကုမ္ပဏီ လုပ်ကိုင်ဖို့ အတွက် မတည် ရင်းနှီးငွေ များကို မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီ တွေဟာ မိမိတို့ လုပ်ကိုင်မယ့် လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေ များကို ပေးသွင်း ရမှာ ဖြစ်ပါတယ်။
ဒီလိုပေးသွင်း ရာမှာ အသက် အာမခံ လုပ်ငန်း တစ်မျိုးကိုသာ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ မြန်မာငွေကျပ် သန်း ၆ ထောင်ပေး သွင်းရမှာ ဖြစ်ပြီး အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာ ငွေကျပ် သန်းပေါင်း လေးသောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် အာမခံ လုပ်ငန်းနဲ့၊ အထွေထွေ အာမခံ လုပ်ငန်းကိုပါ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာငွေကျပ် သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မတည် ရင်းနှီးငွေတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနက အတည်ပြုချက် ရရှိပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် လုပ်ပြီးသား ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကသာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ လောက်မှာ ပေးသွင်း ရမယ့်ငွေများကို တစ်ခါတည်း ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လုပ်ကိုင်ခွင့် ရရှိသူများဟာ အာမခံ ကုမ္ပဏီ လုပ်ကိုင်ဖို့ အတွက် မတည် ရင်းနှီးငွေ များကို မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီ တွေဟာ မိမိတို့ လုပ်ကိုင်မယ့် လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေ များကို ပေးသွင်း ရမှာ ဖြစ်ပါတယ်။
ဒီလိုပေးသွင်း ရာမှာ အသက် အာမခံ လုပ်ငန်း တစ်မျိုးကိုသာ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ မြန်မာငွေကျပ် သန်း ၆ ထောင်ပေး သွင်းရမှာ ဖြစ်ပြီး အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာ ငွေကျပ် သန်းပေါင်း လေးသောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် အာမခံ လုပ်ငန်းနဲ့၊ အထွေထွေ အာမခံ လုပ်ငန်းကိုပါ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာငွေကျပ် သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မတည် ရင်းနှီးငွေတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနက အတည်ပြုချက် ရရှိပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် လုပ်ပြီးသား ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကသာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ လောက်မှာ ပေးသွင်း ရမယ့်ငွေများကို တစ်ခါတည်း ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images) |
ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်
ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
"နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ယင်းက ဆိုသည်။
ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
"ဂျပန် ၀င်လာမယ်ဆိုတော့ ၀မ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာဌာနအကြီးအကဲ Ms.Catherine Ashton နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှာတွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် အီးယူ နိုင်ငံခြားရေးရာအကြီးအကဲမှာ မိမိအနေဖြင့် မြန်မာနိုင် ငံသို့ လာရောက်ခဲ့ရာတွင် သတင်းအချက်အလက် ၃ခုယူဆောင်လာခဲ့ကြောင်း ၊ ယင်းတို့မှာလက်ရှိဖြစ်ပေါ် လျှက်ရှိသည့် မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုများကိုလက်ခံကြောင်း၊ ယင်းနိုင်ငံရေးတိုးတက်မှုများဆက် လက်ပေါ်ပေါက်နိုင်အောင် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အပေါ်ယခုထက်ယုံကြည်မှုရရှိရန် မြန်မာပြည်သူများနှင့် ပူးပေါင်းလက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံသို့ ယူရိုငွေသန်း၁၅၀နှင့်အတူ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင်အ ကူအညီပေးအပ်သွားမည်ဖြစ်ပြီး ၄င်းတို့၏ရုံးခွဲကို အဆိုပါနေ့ နေ့လယ် ၃ နာရီတွင် အင်းယားမြိုင်လမ်း အမှတ် ၄၅ တွင်ဖွင့်လှစ်သွားမည်ဖြစ်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
မကွေးမြိ့  Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား၊လူတစ်ဦးသေဆုံး
၂၀၁၂၊မတ်လ(၂၈)ရက်၊ညနေ(၆း၀၅)
နာရီတွင် မကွေးမြို့ ASIA WORLD Co.,Ltd ပိုင် Green Luck
စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ယင်းမီးေ လာင်မှုတွင် ဦးကျောက်ခဲ(ခ)ဦးမောင်ပု၊၈/ မကန(နိုင်)၁၈၅၁၈၈ (ဘ)ဦးဘဆန်း၊ချမ်းမြေ့သာယာရပ်ကွ က်(ဂ)အုပ်စု၊၅-လမ်း၊မကွေးမြို့ (သ) ၅၉ နှစ်ရှိ သန့်ရှင်းရေးဝန်ထမ်း ခန္ဓာကိုယ်အားမီးလောင်မှုဖြစ်ပွားခဲ့ ပါတယ်။
သို့သော်
ဆိုင်တာဝန်ရှိသူများသည် မကွေးမြို့ Green Luck ဓါတ်ဆီဆိုင်တွင်
မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးမီးလောင်မှုကိုဖုံးဖိလိုသဖြင့်
ဦးကျောက်ခဲအား ကြိတ်၍ မီးငြိမ်းသတ်ပြီး ည(၉း၃၀)အချိန် ခန့်မှ မည်သည့်ဆေးခန်း၊ပုဂ္ဂလိကဆေးရုံများမှ
လက်မခံသဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ဦးကျောက်ခဲဧ။် မူရင်းလိပ်စာကို
လိမ်ညာပြီး တပင်ရွာ၊မင်းဘူးဟု လိပ်စာလိမ်လည်ပြီးတင်ပို့ခဲ့ပါ တယ်။
သို့သော် မီးလောင်မှုအား မီးလန့်မှုသဘောမျိုးအမှုမဖွင့် ဆေးစာမယူဘဲ ဆေးကုသခဲ့ကြပါတယ်။
ထိုသို့အကြောင်းအအရာများကို တာဝန်သိလူငယ်များမှ သိရှိf၍ သွားရောက်ကြည့်ရှု့ခဲ့သော်လည်း မလိုအပ်ကြောင်း၊ဘာမှမဖြစ်ကြောင်း အားလုံးသော အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြေလည်ပြီးဖြစ်ကြောင်း ဆိုင်တာဝန်ခံများမှ ပြောဆိုငေါက်ငမ်းလွှတ်ခဲ့ကြပါတယ် ။
၂၀၁၂၊ဧပြီလ
(၂၃)ရက်၊ည (၁၁း၄၀)အချိန်ခန့်တွင် ဦးကျောက်ခဲ(သ)၅၉ နှစ်မှာ မီးလောင်မှု
ဝေဒနာများဖြင့် မကွေးပြည်သူ့ဆေးရုံကြီးပေါ်တွင်
သေဆုံးသွားခဲ့ပါတယ်။၂၃.၄.၂၀၁၂ ညတွင် သေဆုံးသော်လည်း ၂၄.၄.၂၀၁၂နေ့အထိ
အမှုဖွင့်အရေးယူထားခြင်းမရှိပါ။ (၂၅) ရက် နေ့လည် (၁၁း၃၀) အချိန်မှ မြို့နယ်မှူး၊စခန်းမှူး၊ဒုရဲအု ပ် များလာရောက်စစ်ဆေးခဲ့ပါတယ်။
Green
Luck စက်သုံးဆီဆိုင် တာဝန်ရှိသူများသည် ဦးကျောက်ခဲဧ။် ဇနီးအား
လိမ်ညာချော့မော့ပြီးအမှု မဖွင့်လိုကြောင်း အတင်းအကြပ်လက်မှတ်ရေးထိုးစေခဲ့ ပါတယ်။ ဤအကြောင်းအရာများတွင် ASIA WORLD ၀န်ထမ်းများသည် အထက်အာဏာပိုင်အဖွဲ့အစည်းများကို ပိုင်လျှင် သာမာန်ဆင်းရဲသား၊ပညာမတတ်သောလူများ၊၀န်းထမ်းများ၊လူပုဂ္ဂိုလ်များ ဧ။် အသက်တစ်ချောင်းကိုပင်လျှင် တရားဥပဒေကို မထီမဲ့မြင်ပြုကာ ငွေပေးဖုံးကွယ်ပြီးရနိုင်သည်ဟု ယူဆပြီး လုပ်ဆောင်ခဲ့ပါသည်။
မကွေးမြို့ရဲ တပ်ဖွဲ့များမှလည်း အမှုအား မသိကျိုးကျွံပြုကာ သေဆုံးပြီးမှ အမှုဖွင့်အရေးယူပါသည်။မကွေးပြည် သူဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီး ဦးကျော်ကျော်နှင့်တာဝန်ကျဆရာ ၀န်များသည်လည်း မီးလောင်မှုဖြစ်သော ဦးကျောက်ခဲအား ရဲဆေးစာမပါဘဲ လူသားချင်းရိုင်းပင်းကူညီကာ ကုသပေးခဲ့ပါတယ်။
သေဆုံးကြောင်းေ ဆးစာတွင်လည်း ဦးကျောက်ခဲဧ။် အသက်အား (၅၉)နှစ်အစား (၇၅)နှစ်ဟု မှားယွင်းရေးသားထားကြပါတယ်။ယခု ကဲ့သို ကိစ္စရပ်များ နောက်နောင်မဖြစ်ပေါ်စေ ရန် နိုင်ငံတော်အကြီးအကဲများ၊သက်ဆို င်ရာဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
Myanmar News Now
No comments:
Post a Comment