မီးများလောင်နေတာလား
မတူညီသော၊ ကွဲပြာသောအမြင်များကို လက်လှမ်းမှိသလောက်စုစည်းတင်ပြမှုတခုသာဖြစ်ပါသည်။
ကိုယ်ပိုင်ဥာဏ်ဖြင့်ဆင်ခြင်ကြပါကုန်။
လေးစားစွာဖြင့်
Blogger
“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ
“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ
တူမောင်ညို။ ဧပြီ ၂၁၊ ၂၀၁၂
“လေးစားလိုက်နာ” လို့ ပြင်မပေးရင် လွှတ်တော်ထဲ မဝင်သေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ခဲ့ပြီ။
“ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုလေး” ကို ကပ်နေတယ်၊ ရမယ်ရှာနေတယ် တဲ့။
“ဘာမဟုတ်တဲ့ကားလေး၊စကားစုလေး”ကိုဘာကြောင့်လွယ်လွယ်ကူကူ၊ကြည်ကြည်သာသာ၊
ပြင် မပေးချင်ရတာလဲ/ ဘာကြောင့်ပြင်မပေးနိုင်ရတာလဲ ဆိုတဲ့
မေးခွန်းကိုဘယ်လိုဖြေကြ မလဲ။
ပုဒ်မ။
၆ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး “ဦးဆောင်မှု” အခန်းကဏ္ဍတွင်
တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”
အထက်ပါစာပိုဒ်ထဲက
“ဦးဆောင်မှု” ဆိုတဲ့စကားလုံး က ဘာမဟုတ်တဲ့ စကားလုံး လား။ အဲဒီ
စကားလုံးပြင်ပေးပါလို့တောင်းဆိုလာရင်အဆိုပြုလာရင်ဘာမဟုတ်တဲ့စကားလုံးပဲဆိုပြီးအလွယ်တ
ကူပြင်ပေးနိုင်ပ့ါမလား။
“နိုင်ငံရေးအရေးအကျဉ်းသား”၊“ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူ”
ဆိုတာတွေကို ဦးသိန်းစိန် အစိုးရက လက်မခံတာ ဟာ ဘာမဟုတ်တဲ့ စကားလုံး၊
စကားစုတွေမို့လား။
စကားကပ်ပြီးသက်သက်မဲ့ငြင်းခုန်နေတာလား။
မတူတာတွေဆိုပြီး ဘေးဖယ်ထားရ မှာလား။
-----------------------------------------------------------------------------------------
ယခုကိစ္စသည်စကားလုံးသက်သက်ကိုအငြင်းပွားနေခြင်းမဟုတ်
ပါ။အဲဒီစကားလုံးကဖေါ်ပြနေတဲ့နိုင်ငံရေးပြဿနာကိုပြောနေကြရတာဖြစ်
ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလဟောပြောချက်မှာဖေါ်ပြခဲ့တဲ့
NLDပါတီရဲ့ထိပ်တန်းတာဝန်၃ရပ်(တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်း
ချမ်းရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး)နဲ့ထဲထဲဝင်ဝင်ဆက်နွယ်
ပတ်သတ်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်။
------------------------------------------------------------------------------------------
“စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့စကားရပ်ထဲက “စည်းကမ်းပြည့်ဝသော” ဆို တဲ့
စကားလုံးနဲ့စကားရပ်က ဘာမဟုတ်တဲ့စကားလုံးကို ကပ်သီးကပ်သပ်အပိုထည့်ထားတာလား။
ဥပဒေဆိုတာကိုလူတွေကစကားလုံးတွေစကားစုတွေကို
သဒ္ဒါသတ်ပုံနည်းကျစွာနဲ့ရေးသား ထားတာ
ပဲ။လူတွေရေးထားတာကိုလူတွေကပြင်ပေးဖို့ဖြည့်စွက်ဖို့တောင်းဆိုတာဟာဘာမှပြဿနာမရှိပါ
ဘူး။ ဆွေးနွေးငြင်းခုန်တယ်ဆိုတာ စကားလုံးကို မသုံးဘဲ၊ အမူ
အယာနဲ့ငြင်းခုန်ကြရမှာလား။
ကျနော်မြင်တာတော့
စကားလုံး၊ စကားစုတွေထက် ပိုအရေးကြီးတာက ပြင်ဆင်ပေးလိုတဲ့ဆန္ဒနဲ့
သဘောထားရှိ/မရှိ ဆိုတဲ့ အချက်က ပိုပြီးအရေးကြီးပါတယ်။
အဆုံးအဖြတ်ကပြည်ထောင်စုလွှတ်တော်(ပြည်သူ့လွှတ်တော်+အမျိုးသားလွှတ်တော်)ထဲမှာအများ
စုဖြစ်တဲ့ ကြံ့ဖွံ့ပါတီ (USDP) က
လွှတ်တော်အမတ်များနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင် လှိုင် ရဲ့
(၁၆၆)ဦးသော စစ်သားအမတ်တွေ အပေါ်မှာ မူတည် နေပါတယ်။ သူတို့တတွေ မှာ ပြင်
ဆင်ပေးလိုတဲ့ ဆန္ဒနဲ့သဘောထားမရှိ ရင် ပြင်ဆင်ပေးရေးတောင်း ဆိုချက် လက်တွေ့
ဖြစ်မလာ နိုင်ပါဘူး။
ဒေါက်တာအေးမောင်(RNDP-ပါတီဥက္ကဋ္ဌ)ကဲ့သို့
“ပြင်ဆင်ပေးဖို့ကျနော်တို့ လွှတ်တော်မှာ တာဝန်ရှိ တယ်” ဆိုတဲ့ ဆန္ဒသဘော
ထားမှန်သူတွေ လွှတ်တော်ထဲမှာ အများစုဖြစ်နေမယ်ဆို ရင် ပြင်ဆင်ရေး ဟာ
လက်တွေ့ဖြစ်မြောက်လာနိုင်ပြီး၊ ဦးသန်းမောင် (ပြည်သူ့
လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့
လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်)ကဲ့သို့“ဘာမဟုတ်တဲ့အငြင်းပွားမှု”လို့ကြည့်မြင်ပြီးပေါ့ပေါ့တန်တန်
သဘောထားရှိသူတွေသာအများစုဖြစ်နေရင်တော့ပြင်ဆင်ရေးဟာလက်တွေ့ ဖြစ်မြောက်
မလာနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး
(NLD)ပါတီကို ဝန်းရံကြမယ်ဆိုတဲ့ (ပြည်တွင်း/ပြည်ပ) လွှတ်တော်ပြင်ပအင်
အားစုတွေရဲ့အသံသိပ် မကြားရတာလည်း ထူးခြားတယ်။
ယခုကိစ္စသည်
စကားလုံးသက်သက်ကို အငြင်းပွားနေခြင်းမဟုတ်ပါ။ အဲဒီစကားလုံး ကဖေါ်ပြနေ တဲ့
နိုင်ငံရေးပြဿနာကို ပြော
နေကြရတာဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလဟောပြောချက်မှာဖေါ်ပြခဲ့တဲ့
NLDပါတီရဲ့ထိပ်တန်းတာဝန်၃ရပ်(တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်
ဆင်ရေး )နဲ့ထဲထဲဝင်ဝင်ဆက်နွှယ် ပတ်သတ်နေ တဲ့ကိစ္စ လည်းဖြစ် ပါတယ်။
အခုနောက်ထပ်ခြေလှမ်း ကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ထံ (NLD)
ပါတီ က စာရေးတင်ပြမယ်လို့ဆိုပါ တယ်။
ဖြစ်စဉ်တွေကိုအခုလိုစီပြီး ကြည့်တော့ –
၁၁ ဧပြီမှာ (NLD) ဥက္ကဋ္ဌ ၊ နေပြည်တော်သွားပါတယ်။ သမ္မတနဲ့ ဒုတိယအကြိမ်တွေ့ပါတယ်။
သတိပြုမိတဲ့အချက်က
ပထမတစ်ကြိမ်(၁၉ သြဂုတ်၂၀၁၁) တွေ့ဆုံစဉ်ကလို ဥက္ကဋ္ဌနဲ့ သမ္မ တ
တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့သတင်း လည်း
အစိုးရသတင်းစာတွေမှာဖေါ်ပြတာမတွေ့မိပါဘူး။
၁၄ဧပြီမှာ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နေပြည်တော်သွားပြီး သမ္မတ ထံ “အကြံပြု စာ ” တင်ပါတယ်။
၁၉ဧပြီမှာနေပြည်တော်ဖွဲ့စည်းပုံခုံရုံးကဖိတ်လို့ဆိုပြီးဦးဉာဏ်ဝင်းနေပြည်တော်သွားပါတယ်။ နေပြည်တော်
ခုံရုံးက လက်ချာ ရိုက်လွှတ်လိုက်တဲ့ပုံပါပဲ။
၂၃ ဧပြီ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်း အခုလိုရင်ဖွင့်ပါတယ်။
“
— သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင်
ကျွန်တော်တို့ကအမှုတစ်ခုကြားနာနေတာမဟုတ်ဘူး။အမှုတစ်ခုဆိုရင်တော့
ကျွန်တော်ရှေ့နေပါ။ လျှောက် လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”လို့
ပြောပါတယ်။
ဖြစ်စဉ်အပေါ် အကြမ်းဖျင်း ခြုံငုံသုံးသပ်ရရင် သမ္မတထံအကြံပြုစာတင်တယ်။ သမ္မတ မတတ်နိုင် ဘူးဆိုတဲ့ အချက် ပေါ်လွင်ပါ တယ်။
သမ္မတက
“လွတ်ငြိမ်းချမ်းသာခွင့်”ပေးနိုင်တဲ့သမ္မတမဟုတ်ဘူး။
“လွှတ်ငြိမ်းသက်သာခွင့်” လောက် သာပေးနိုင်တဲ့ သမ္မတဖြစ် ပါတယ်။ အခုကိစ္စက
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့ပြည်ထောင်စုလွှတ်တော် တို့က
အရေးပိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ခုံရုံးကခေါ်လို့သွားရတယ်၊ခုံရုံးက“ရှင်းပြ”(လက်ချာပေး)
တာတွေနားထောင်ခဲ့တယ်။ ရှင်းပြချက်တွေ ထဲမှာသဘောမတူတာ တွေရှိတယ်။ ဒါကြောင့်
နောက်ထပ်ကြိုးစားမှုအဖြစ် ပြည်သူ့လွှတ်တော်နဲ့အမျိုးသား
လွှတ်တော်ထံ(NLD)ပါတီက စာရေးတင်ပြတာဖြစ် ပါလိမ့်မယ်။ အကယ်၍
ပြည်သူ့လွှတ်တော်နဲ့ အမျိုး သား လွှတ်တော်ဥက္ကဋ္ဌတွေကလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ခေါ်ပြီး ရှင်းပြသလို “ရှင်းပြ” (လက်
ချာထပ်ပေး) နေရင် (NLD)ပါတီ ဘာဆက်လုပ်မလဲ။
ညွန်း
- (ဧပြီ ၁၁ မှ ၂၁ အထိ )ပြည်တွင်း/ပြည်ပ မီဒီယာသတင်းများ
- Photo from : Time – Picurte of Thein Sein from Time’s The 100 Most Influential People in the World
မိုးမခ မှကူးယူဖော်ပြသည်။
ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံကို အိပ်မက်မက်ခြင်းမျိုးနဲ့ 
စင်စစ်အားဖြင့် -၂၀၁၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိ
စင်စစ်အားဖြင့် -၂၀၁၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိ
ု ပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပင်
ကမ္ဘာသိဖြစ်သွားတော့သည်။ ရွေးကောက်ပွဲပြုလုပ်ပေးသူ သမတဦးသိန်းစိန် အစိုးရ၏
နိုင်ငံရေးအမြတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င်
အခြားကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော ပါတီများ၏
နိုင်ငံရေးအမြတ်ကို တွက်ချက်ကြည့်ဖြစ်သည် ။ မဲဆွယ်စည်းရုံးစဉ်က ကြေငြာခဲ
့သည့်အတိုင်း ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးမည်လား
ဆိုသည်ကို မကြုံဆုံရမှီမှာပင် ပြသနာက စိန်ခေါ်ထားပြီးပြီ ။ ယင်းမှာ
လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံရသော
လွှတ်တော်ကိုယ်စားလှယ်များမှာ ကျမ်းသစ္စာကျိန်ဆိုရသည့်အခါ -၂၀၀၈-၏
နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေကို
ကာကွယ်စောင့်ရှောက်လေးစားလိုက်နာပါမည် ဆိုသော စကားရပ်ကို
ပြင်ဆင်ပေးပါရန်ဆိုသောအချက်က ပြသနာတပါးဖြစ်နေပြီ ။ တိတိကျကျ ပြောရလျှင်
ယင်းစကားရပ်တလုံးကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက်
ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက် ပြုလုပ်သောအခါ စီစစ်ကြည့်ခဲ
့ရမည်ဖြစ်သည် ။ ခုတော့ ယင်းစကားတလုံးကပင် စိန်ခေါ်နေသည်လားမပြောတတ်တော့ ။။
အကယ်၍ ယင်းကျမ်းသစ္စာစကားရပ်ကို ဘာမျှမပြင်ဆင်နိုင်ဟု ဆိုလျှင် လွှတ်တော်ထဲကို ၀င်ရောက်မသွားပါဟုဆိုက ပြည်သူလူထုများ၏ မဲဆန္ဒကို တလေးတစား ပြန်လည်စောင်းငဲ့ကြည့်စရာဖြစ်လာသည်။ ယင်းစကားရပ်မှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အသက်သွေးကြောလားဆိုသည်ကို စဉ်းစားရန်လိုနေသည်ဟု ထင်သည် ။ ယင်းအပိုဒ်ထက် ကြီးကျယ်သော ဥပဒေအချက်အလက်များ ပြင်ဆင်စရာမရှိပေဘူးလားဆိုသည်ကို ကြည့်ရန်လိုနေသေးသည် ။ တစ်ကစ၍ မကြည့်ခဲ့ သောကြောင့် ရွေးကောက်ပွဲအနိုင်ရသည်နှင့် ဤကျမ်းသစ္စာစကားရပ်ကို အသေဆုပ်ကိုင်မည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စဉ်က ပြောဆိုကြေညာခဲ့ သည်များ ရှိလျှင် ဘာမျှ မပြောသာလိုတော့ ။
အဓိကအားဖြင့် လွှတ်တော်ထဲကို ရောက်ရှိရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခဲြ့ပီးနောက် လွှတ်တော်ကို ၀င်ရောက်သွားရုံမှအပ အခြားမရှိတော့ဟု မြင်သည် ။ သာမန်အရပ်သားစကားအတိုင်း ပြောရလျှင် သူ့ ဆန်စား ရဲပေးရန်သာ ရှိတော့သည်။ နောက်တချက်မှာ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်တွေက ပြည်သူလူထုတွေက မဲတပြားမှ မပေးခဲ့ ရဘဲ လွှတ်တော်ကုလားထိုင်များတွင် အခန့် သားနှင့် ထိုင်နေသည်ကိုလည်း သိရှိထားပြီးသူများဖြစ်ရာ ယင်းတပ်မတော်ကိုယ်စားလှယ်တွေနှင့် အတူတူ လက်တွဲ လုပ်ဆောင်ရမည်လား သို့ မဟုတ် သူတို့ အား ဥပဒေကို ပြင်ဆင်ပြီး မောင်းထုတ်ရမည်လား ဆိုသည်ကလည်း ရှိနေသေးသည် ။ အနည်းဆုံးအားဖြင့်တော့ လွှတ်တော်ညီလာခံဆိုသည်မှာ ပြည်သူလူထုများက အသည်းကြားမှ မဲတပြားနှင့်ရွေးချယ်ခန့် အပ်သူများသာဖြစ်ရာ မည်သို့ ပင်ဆိုစေ ယင်းစစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေကိုမူ လွှတ်တော်အတွင်း လက်မခံသင့်။ အခြားဥပဒေများကို ပြင်ဆင်ပေးရန် ဆိုသည်ထက် နိုင်ငံတကာ ရွေးကောက်ပွဲ ဥပဒေများနှင့် အမြီးအမောက် မတည့်သော ၄င်းစစ်တပ်ကိုယ်စားလှယ်များနှင့်တော့ တန်းတူမထိုင်သင့်ဟု နားလည်သည်။
ယေဘူယျသုံးသပ်ကြည့်လျှင် ကျမ်းသစ္စာကျိန်ဆိုခြင်း၌ စကားရပ်များကို ဖယ်ရှားရေးနှင့် လွှတ်တော်အတွင်း စစ်တပ်ကိုယ်စားလှယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် စိန်ခေါ်နေသော ပြသနာကြီးတရပ်ဖြစ်သည် ။ အခြားသော ဥပဒေပြင်ဆင်ချက်များမှာ တင်ပြခြင်းနှင့် ဆုံးဖြတ်ခြင်းများဖြင့် ခရီးဆက်သွားကြမည်သာဖြစ်ရာ ယင်းပြသနာတွေမှာ ရှည်လျှားထွေပြားနေမည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါးနပ်မှူများနှင့် နိုင်ငံတကာအစိုးရ၏ နိုင်ငံရေးကစားကွက်မှာ လွှတ်တော်အတွင်း တိုက်ပွဲကစမည်ဖြစ်သည်။ ၂၀၀၈- ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများကို လက်မခံပါဟု တချိန်က ကြေညာခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယင်းဥပဒေများကို ပြင်ဆင်ရန် လွှတ်တော်အတွင်းသို့  ၀င်သွားမည်ဖြစ်နေသည် ။
တချိန်တည်းမှာပင် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စာ်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံနိုင်ဟု တွင်တွင် ငြင်းဆိုဖယ်ရှားနေခဲ့ ကြသော ပြည်ပရောက် အင်အားစုများမှာမူ လွှတ်တော်ပြင်ပနိုင်ငံရေးစင်မြင့် တခုကို ဖန်တီးကာ ဥပဒေကိုပြင်ဆင်ရေးအတွက် တမျိုးသားလုံးဆိုင်ရာညီလာခံင်္ကြီးအား ခေါ်ယူလိုသည်ဟု မနေ့ က ကြေညာချက်ထုတ်ပြန်သည်ကို ကြားရသည်။ UNFC- ဟုခေါ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီမှ ယခုလိုပြည်ထောင်စုအစိုးရအပါအ၀င် တမျိုးသားလုံးဆိုင်ရာညီလာခံကြီးအား ခေါ်လိုကြောင်း ထုတ်ဖေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုအခါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှာ ပြည်ထောင်စုအစိုးရအပါအ၀င် တမျိုးသားလုံး ညီလာခံကို ကျင်းပလိုသည်ဟု ကြေညာလိုက်ရာ ဤအကြောင်းအရာကို တွေးတောမိလာသည် ။
ဤအဖွဲ့ ၏ တချို့ အဖွဲ့ ဝင်များမှာ သမတဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ထားရာ တမျိုးသားလုံးဆိုင်ရာ ညီလာခံမှာ ဖြစ်နိုင်စရာအကြောင်းမရှိဟုမြင်မည်မှာသေချာသည်။ ဤကြေညာချက်ကို သမတဦးသိန်းစိန်သာ ကြားပြီဆိုသည်နှင့် လက်ခုပ်လက်ဝါးတီးကာ အထူးကြေနပ်နှစ်သိမ့်မိမည်မှာ သေချာလွန်းလှပါသည် ။ အဘယ့်ကြောင့်ဆိုသော် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သောအခါ နိုင်ငံတကာအစိုးရများက ယင်းအချက်ကို စောင့်ကြည့်နေခဲ့ ကြပါသည်။ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝင်များက မှီရာကားဖြင့်သွားကြပြီးဖြစ်ရာ ကြားကဆွဲထားသူများပင် လက်မောင် ပြုတ်ကျန်ရစ်ခဲ့ ကြသေးသည် ။ သူ့ မခေါ်ရကောင်းလားဆိုသောအသံများကိုလည်း စိတ်ဆိုးမန်ဆိုး ပြောဆိုသံများကိုလည်း ကြားရသေးသည်။ အပြေးအလွှားဝင်ရောက်သွားသူများကလည်း လေဆိပ်မှာပင် ကြိုဆိုသူမရှိသော်လည်း သွားလိုက်ကြသည်မှာ ကြည့်ရက်စရာမရှိ ။ အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ ပြီးသော ကချင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ မှာမူ ခုအချိန်တွင် ပြန်လည် တိုက်ခိုက်နေရပြီဖြစ်သည် ။
ယခုညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ တမျိုးသားလုံးညီလာခံ ခေါ်ယူလုပ်ပေးရန် သမတဦးသိန်းစိန်အစိုးရကို တိုက်တွန်းသောအခါ ယခုအခေါက်မှာမူ ကြိုဆိုမည့်သူများ တပုံတပင် ရှိကြတော့မည်ဖြစ်သည် ။ တမျိုးသားလုံး ညီလာခံ၏ မဟာဗျူဟာမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပက ကြိုးပမ်းလို၍ ဖြစ်သည်ဟု ဆိုသည်။ အခြားတဖက်မှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အတွင်းက ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း ၀င်ရောက်သွားခြင်းဖြစ်ရာ မည်သည့်နည်းနှင့်နှင့်မျှ သဟဇါတ ဖြစ်ကြမည်ကို မမြင်မိပေ။ ယုံကြည်ချက်များအတိုင်း နိုင်ငံရေးကို ဆောင်ရွက်နေကြသူများဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်အတွင်း ၀င်ရောက်လှုပ်ရှားခြင်းကို လက်ခံသွားပြီဖြစ်၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်အပေါ် အထောက်အကူပြုမည့် အချက်ဆိုသည်မှာ မည်သို့ မျှ မဖြစ်နိုင်ချေ ။ အကယ်၍ ပိုမိုအထောက်အကူ ဖြစ်လိုလှပါသည်ဟုဆိုလျှင် ဒေါ်စုနှင့်အတူ လွှတ်တော်ထဲကို ၀င်သွားရုံသာ လိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများမှာ မည်သည့်အခါမှ လွှတ်တော်ပြင်ပက အတည် ပြုလုပ်ခဲ့ သည်များကို နိုင်ငံရေးသမိုင်းထဲတွင် မတွေ့ ဖူး ။ -၁၉၄၇-ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ပြုလုပ်ရေးဆွဲခဲ့ သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို မြန်မာနိုင်ငံလွပ်လွပ်ရေးရလာသောအချိန် အတည်ပြု ပေးသည်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံသာဖြစ်သည် ။ တော်လှန်ရေးကောင်စိလက်ထက် ဗိုလ်ချုပ်ကြီးနေ၀င်းက -၁၉၇၄-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပေးသည်မှာလည်း လွှတ်တော်မှသာဖြစ်သည် ။ ၂၀၁၂-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလည်း လွှတ်တော်မှသာ အတည်ပြု ခြင်းဖြစ်သည် ။ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံတခုကို ရေးဆွဲပြီး ပြည်သူလူထုက ယင်းဥပဒေကို မဲပေးရွေးချယ်ရန် ရွေးကောက်ပွဲ ပြုလုပ်လျှင်မူ ညီလာခံတခုကို ပြုလုပ်လိုက ပြုလုပ်နိုင်သည် ။၂၀၀၈-ခုနှစ် -နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံသည် ညောင်နှစ်ပင်ဟုခေါ်သော အမျိုးသားညီလာခံကို -၁၉၉၃-ခုနှစ်က စတင်ကျင်းပပြီး အကောင်အထည် ဖေါ်နေခဲ့ခြင်းဖြစ်သည် ။
ယခုလည်း လွှတ်တော်ပြင်ပက နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံကို ပြန်လည် အသစ်ရေးဆွဲလိုသည်ဟုဆိုလျင် ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံ ကို ကျင်းပရန်သာဖြစ်နေသည် ။ ဤအချက်ကို သမတဦးသိန်းစိန် အစိုးရမှ မည်သို့ မျှ လက်ခံမည်မဟုတ်ချေ ။ သူတို့ ၏ သက်ဆိုးရှည်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိတိကျကျ လုပ်ထားပြီးဖြစ်ရာ ကာကွယ်ရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တသွေမတိမ်းလိုက်နာမည်မှာ ပြောစရာ မလို ။ ကုန်ခဲ့သော တပ်မတော်နေ့ က မင်းအောင်လှိုင် မိန့် ခွန်းမှာ ထင်ထင်ရှားရှား ပြောဆိုထားပြီးဖြစ်သည်။
ဆိုရလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် နိုင်ငံရေးအမြတ်ရရှိသွားသူမှာ သမတဦးသိန်းစိန်ထက် မည်သူမျှ ပိုမရ ။ ယုတ်စွအဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်ပင် ဦးသိန်းစိန် နာမည်ကောင်းလေ သူ့ ခမြာနာမည်ဆိုးနှင့် ကျော်ကြားလေဖြစ်နေတုံး ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်အောင် ဖိတ်ခေါ်နိုင်ခဲ့ သော သမတ ဦးသိန်းစိန်၏ လုပ်ရပ်ကြောင့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးရေးဝန်ကြီး မစ္စကလင်တန်က လူထုခေါင်းဆောင်မှ လွှတ်တော်ထဲရောက်သွားသော နိုင်ငံရေးသမားအဖို့  အထူး လုပ်စရာတွေကို ဆောင်ရွက်ရတော့မည်ဟု ပြောဆိုသွားသည် ။ ယင်းစကားမှာ အတိုက်အခံခေါင်းဆောင် မဟုတ်နိုင်တော့ပြီ ဆိုသည်ကို သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည် ။ သို့ ကြောင့် အတိုက်အခံမဟုတ်တော့ဘဲ လွှတ်တော်အတွင်း လှုပ်ရှားကြမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ နိုင်ငံရေးဆောင်ရွက်ချက်များကို လွှတ်တော်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများမှအပ ထောက်ခံမည့်သူ အခြားမရှိ ။ လွှတ်တော်ပြင်ပ ဆိုသောစကားမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခိုင်းဘဲ မြေအောက်လှုပ်ရှားကြရသော သူများအတွက် အခင်းအကျင်းစကားရပ်သာဖြစ်ပြီး မြေအောက်နိုင်ငံရေးလှုပ်ရှားခြင်းများ လုပ်ကြမည်ဆိုလျှင် လွှတ်တော်ပြင်ပဆိုသော စကားအတိုင်း ဖြစ်မည်သေချာလွန်းလှသည် ။ သည်တော့ ဒုတိယအကြိမ်အမျိုးသားညီလာခံမှာ နှစ်လတာရှည်ဖြစ်လာမည့် နိုင်ငံရေးပြသနာဖြစ်လာနိုင်သလို -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မလေးစား မလိုက်နာ လက်မခံ ပယ်ချ- အသိအမှတ်မပြုခြင်းဆိုသည့် ပိုမိုထိရောက်သော နိုင်ငံရေးအိပ်မက်မျိုးသာ မက်ရမည်ဖြစ်သည် ။ ဒုတိယအကြိမ်အမျိုးသားညီလာခံ အိပ်မက်မျိုးနဲ့ တော့ အလုပ်မဖြစ်တော့လို့  ပြောချင်ပါသည် ။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

__._,_.___
Reply to sender ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ
af Ko Baloi den 21. april 2012 kl. 10:34 ·
Dine ændringer er blevet gemt.
မိမိနိုင်ငံတွင် အုပ်ချုပ်နေသူလူတန်စားကို ဖြုတ်ချမှုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲနေ၍ ပြုပြင်ပြောင်းလဲရေး
အသွင်သဏ္ဍန်နဲ့
အုပ်ချုပ်သူအစိုးရနှင့် နိုင်င်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို လုပ်မည်ဆိုလျှင်
အပေး- အယူလုပ်သည့် နိုင်ငံရေးအခင်းအကျင်းဆီသို့ လျှောက်လှမ်းကြရမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏
အသွင်သဏ္ဍန်မှာ အပေး- အယူ၊ အလျှော့- အတင်းရှိသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များလုပ်စဉ် ကနဦးကာလအစမှာ
အပေး- အယူ၊ အလျှော့- အတင်းလုပ်သည့်နေရာမှာ၊ တဘက်စောင်းနင်းကျမှု မျိုးဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒီလို တဘက်စောင်း
နင်းကျသည့် အပေး- အယူတွေကို ဖြစ်ပေါ်လာတဲ့အခါမှာ ခေါင်းဆောင်ပိုင်းလုပ်သူတွေက ခေါင်းအေးအေးထားပြီး ဖြေရှင်း
ကိုင်သွယ်တတ်ဖို့လိုသလို၊ စိတ်ရှည်သီးခံမှုရှိဖို့လည်းလိုပါတယ်။ မိမိဘက်ကအပေး- အယူလုပ်တဲ့နေရာမှာ အချိန်ကာလ
အတိုင်းတာတခု ချမှတ်ထားရှိဖို့လိုပါတယ်။ အချိန်အတိုင်းတာတခု မိမိဘက်ကမချမှတ်ထားပဲ၊ အပေး- အယူလုပ်မည်ဆိုလျှင်၊
မလိုလားအပ်တဲ့အချိန်တွေကို တဘက်ကဆွဲယူထားနိုင်ပါတယ်။ ဆိုလိုတာကမလိုလားအပ်ပဲ အချိန်တွေမကုန်ဆုံးစေရန်
ရည်ရွယ်သည်။ဘယ်နိုင်ငံမဆို အသွင်ကူးပြောင်စကာလတွေမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ အခက်ခဲ အတားအဆီး၊
အနှောက်အယှက်များ မလွဲမသွေရှိလာမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပေါ်လာတဲ့ အခက်အခဲအတားအဆီး၊ အနှောက်အယှက်တွေ
ဖြစ်ပေါ်လာတဲ့အခါ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေက စိတ်ဓါတ်ကြံခိုင်ဖို့နဲ့ စိတ်ရှည်သီးခံပြီး သဘောထားကြီးကြီးထားကာ၊
ထို- အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သန်းနိုင်ရပါ့မယ်။
ပြုပြင်ပြောင်းလဲမှုများလုပ်နေစဉ်ကာလအတွင်း သူ့ဘက် ကိုယ့်ဘက် အားပြိုင်အကဲစမ်းမှုများဖြစ်ပေါ်လာနိုင်သလို၊ သူ့ဘက်
ကိုယ့်ဘက် အားနည်းချက်၊ အားသာချက်တွေ ရှိလာမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး သူ့ဘက် ကိုယ့်ဘက် အားပြိုင်လွန်ဆွဲ အကဲစမ်း
မှုများနဲ့
သူ့ဘက် ကိုယ့်ဘက် အားနည်း အားသာချက်များဖြစ်ပေါ်လာတဲ့အခါ၊ နှစ်ဖက်
ခေါင်းဆောင်တွေက ခေါင်းအေးအေးထားပြီး
အပြုသဘောနဲ့ တွေ့ဆုံ
ညှိ့နှိုင်းအဖြေရှာ ဖြေရှင်းတတ်ဖို့အရေးကြီးပါတယ်၊ အဲဒီလို
တွေ့ဆုံဆွေးနွေးမှုနဲ့ ညှိ့နှိုင်းဖြေမရှင်း
မဆွေးနွေးပဲ
သဘောထားတွေတင်းမာနေကြမည်ဆိုလျှင်
မလိုလားအပ်တဲ့ပြဿတွေဖြစ်ပေါ်လာနိုင်ပြီး၊ အပေး- အယူမမျှ
မတဖြစ်ကာ
မိမိတို့တည်ဆောက်ခဲ့သည့် ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေသော
နိုင်ငံရေးအခင်းအကျဉ်းနဲ့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု
လုပ်ငန်းများ ထိခိုက်ပျက်ဆီးဆုံးရှုံးစေနိုင်သည်ကို ဒီနေရာမှာ အထူးသတိချပ်ရန်လိုအပ်ပါသည်။ ထိုသို့- ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်
နှစ်ဦး နှစ်ဖက် သဘောထားကြီးကြရမည်။ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေမယ့် မလိုလားအပ်တဲ့ ထိပ့်တိုက်ရင်ဆိုင်မှုတွေကိုလည်း
နှစ်ဖက်စလုံးက ရှောင်ကျဉ်ရပါ့မယ်။ ဒါမှသာ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ လုပ်ငန်းစဉ်များကို မထိခိုက်မှာဖြစ်ပါတယ်။ ပြုပြင်
ပြောင်းလဲမှုအားကောင်းလာရန်နှင့် ယုံကြည်မှုများခိုင်မာလာစေရန် လွှတ်တော်အတွင်းမှာကော၊ လွှတ်တော်ပြင်ပမှာပါ တွေ့ဆုံ
ဆွေးနွေးမှုများပြုလုပ်ရန်လိုအပ်ပါသည်။ ဒါ့အပြင်- ချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိလာအောင် သက်ဆိုင်သူများမှ ညစာစားပွဲပြု
လုပ်၍လည်းကောင်း၊ ပါတီအခမ်းအနားပြုလုပ်သည့်အခါတွင်လည်းကောင်း၊ ရံဖန်ရံခါ တယ်လီဖုန်းလိုင်းမှတဆင့် ပြောဆို
ဆွေးနွေးမှုများပြုလုပ်၍သော်လည်းကောင်း၊ အင်တာနက် အွန်လိုင်းမှတဆင့်လည်းကောင်း၊ အီးမေးများမှသော်လည်းကောင်း
ချစ်ကြည်ရင်းနှီးမှုများပိုမိုအားကောင်းလာအောင် ဆက်သွယ်မှုများပြုလုပ်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုများ
ပိုမိုအားကောင်းလာပြီး၊ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု၊ ချစ်ခင်မှုတွေပိုမိုရရှိလာလိမ့်မည်ဟု စာရေးသူအနေနဲ့ ယုံကြည်မိပါသည်။
သည်နေရာမှာ
အင်အားချိန်ခွင်မျှတလာအောင်နှင့် ပြုပြင်ပြောင်းလဲမှုများအားကောင်းလာစေရန်၊
နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့
ဖိအားပေးမှုနဲ့ လွှတ်တော်ပြင်ပ လူထုရဲ့
ဖိအားပေးမှုတွေလည်း များစွာလိုအပ်သလို၊ ပြည်ပတွင်ရောက်ရှိနေတဲ့
ဒီမိုကရေစီ
အင်အားစုများရဲ့ ဖိအားတွေလည်း အမှန်တကယ်လိုအပ်ပါတယ်။ အဓိကကတော့ အင်အားချိန်ခွင်မျှတမှုရှိလာရင် ပြုပြင်ပြောင်း
လဲရေးဟာလည်း အရှိန်အဟုန်ကောင်းလာမှာဖြစ်ပါတယ်။
ယနေ့- ဖြစ်ပေါ်ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျဉ်းသည် တစ်ဦးတစ်ယောက် လွှမ်းမိုးမှုအုပ်ချုပ်ရေးစနစ်
ကနေ၊ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့် အဆိုးထဲက အကောင်းလို့ပြောရမည်ဖြစ်သည်။ အခုဖြစ်ပေါ်ပြောင်းလဲလာ
သော နိုင်ငံရေးအခင်းအကျဉ်းကြောင့်၊ နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များ၏ ထောက်ခံမှုများကို ရရှိလာသလို၊ မြန်မာနိုင်ငံတွင်
အနောက်နိုင်ငံများမှ ပိတ်ဆို့မှုများပြုလုပ်ထားသည်များကိုလည်း ယာယီ- ယပ်ဆိုင်းမှုများ ပြုလုပ်မယ့် အရိပ့်လက္ခဏာများကို
ပြောဖိုခဲ့သလို၊
ပိတ်ဆို့မှုအချို့တွေကိုလည်း ပြန်လည်ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ဒါဟာ- သံတမာန်နည်းအရ အပေး- အယူ
လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုရဲ့
အကျိုးရလဒ်တွေပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာဖို့အတွက်
လက်ရှိ- အစိုးရကို နိုင်ငံ
တကာအသိုင်းအဝိုင်းမှ သံတမာန်အည်းအရ နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ပြီး၊ အပေး- အယူလုပ်ကာ ဖိအားပေးမှုများပြုလုပ်
သွားရန်လိုသလို၊ လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေးကိုလည်း ဟန်ချက်ညီညီနဲ့ လိမ်မာပါးနပ်စွာ ကစားသွားဖို့ကလည်း
ဒီနေရာမှာ အရေးကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ကနေ့- မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် နောက်ကြောင်းကို ပြန်မလှည့်နိုင်ဘူးလို့ပြော
ဆိုရန်ခက်နေသေး၍ လက်ရှိ- ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျဉ်းတွေကို နှစ်ဦး နှစ်ဘက်လုံးမှ ဆက်လက်ထိမ်း
သိမ်းထားပြီး၊ ရှေ့- နိုင်ငံရေးလုပ်ငန်းစဉ်များကို အပြုသဘောဘောင်အတွင်းကနေ ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။
ဒီနေရာမှာ
ကျနော့်အနေနဲ့ အထူးသတိပေးလိုတာက၊
ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်သွားရင်း ကြားကာလမှာ အကယ်၍
အနောက်နိုင်ငံများမှစီးပွါးရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖြစ်ခဲ့ရင်၊
စီးပွါးရေးရင်းနှီးမြှပ်သူတွေရဲ့ အကျိုးစီးပွါးရေးကိုမကြည့်ပဲ၊
အမျိုးသားအကျိုးစီးပွါးရေးကိုသာ ကြည့်စေလိုကြောင်း နိုင်ငံခေါင်းဆောင်များအား ဒီနေရာက တိုက်တွန်းပြောကြားလိုပါတယ်။
နိဂုဏ်းချုပ်အနေနဲ့ ရေးလိုတာကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံနဲ့ လူမျိုး
အကျိုးကို ဦးထိပ့်ထားပြီး၊ သဘောထားကြီးစွာထားကာ ယုံကြည်မှုတွေကို ခိုင်မာလာအောင် အပြန်အလှန်တည်ဆောက်သွားပြီး
အပေး- အယူ၊ အလျှော့- အတင်းတွေကို တဘက်နဲ့ တဘက် သူမနာ ကိုယ်မသာဟန်ချက်ညီစွာလုပ်ဆောင်သွားကြရင်း ခေတ်မှီ
ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို လျှောက်လှမ်းနိုင်ကြပါစေလို့ ကျနော့်အနေနဲ့ ဆန္ဒပြုလိုက်ပါတယ်။
( ကိုဗလိုင် )
No comments:
Post a Comment