(စစ်မုန်းသူများ စစ်ကိုတားဆီးကြစို့)
စစ်ဆိုတဲ့စကား လုံးဝမကြားချင်
စစ်ဆိုရင်မုန်း
အဆုံးသတ်စေချင်
စစ်မီးလောင်ရင် ပစ္စည်းပြောင်စင်
စစ်အမှောင်တတွင်တွင်ဖုံးအုပ်
စစ်သားကောင်တွေအသွင်ပြင်ပြုန်းစုတ်
စစ်နဲ့လုပ်စား လက်နက်တွေဖေါက်ကားရောင်းစား
စစ်သားတတွေ စစ်မြင်ပြင်မှာသေ
စစ်အမွေတွေကိုခံ စစ်မာန်တွေတက်
စစ်လက်နက်တွေအားကိုး အကျင့်တွေဆိုး
စစ်ကအကျိုးမပေး စစ်ဘေးရန်ကပြေး
စစ်ရေးစစ်ရာ စစ်နည်းဗျူဟာတွေထွင်
စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်
စစ်လေယာဉ်တွေထုတ် စစ်သင်္ဘောတွေလုပ်
စစ်မူရုပ်နဲ့ လူလုပ်ခဲ့ရင်
စစ်အနုံအစုတ်သာ ကမ္ဘာကိုဖျက်စီး
စစ်မီးတွေငြိမ်း စစ်နည်းတွေသိမ်းပြီး
စစ်နဲ့ငြိမ်းချမ်းရေး လမ်းတလမ်းသာရွေး
စစ်ရေးပယ်ဖျောက် ငြိမ်းချမ်းရေးလမ်းသာလျှောက်
စစ်ကြောက်တဲ့သူများ စစ်ကိုတားဆီးကြစို့လား။
တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၂၁ ၂၀၁၂
No comments:
Post a Comment