by Kyaw Gyi AB on Tuesday, 24 April 2012 at 16:13 ·
သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်များအပေါ်မှာ အမြဲတမ်းကူညီအားပေးတတ်သူ၊
အချိန်တွေကြာပေမယ့်လည်း မင်းရှိနေသေးတယ်။ မင်းကို တို့အားလုံးက ဂုဏ်ယူပါတယ် . . .
အာဏာသိမ်းချိန်မှာတော့ အစောဆုံးအဖြိုခံရတဲ့ သပိတ်စခန်းဖြစ်တဲ့ အသံလွှင့်ရုံလုပ်ခဲ့တဲ့ မင်းတို့ (GTI) အုပ်စုကြီးထဲကမင်းနဲ့ငါတို့တွေ မန္တလေးထောင်ထဲမှာ ဆုံကြတော့ .....
.မင်းကကြိုးတိုက်(၃) ငါကကြိုးတိုက်(၁)
အထက်ဗမာပြည် ကျောင်းသားသမဂ္ဂက ကိုအောင်မြင့်ထွန်းက ကြိုးတိုက်(၆)၊
တို့တတွေဟာ မနက်တိုင်း မနက်တိုင်း မျက်နှာသစ်ချိန်မှာ တစ်ခန်းနဲ့တစ်ခန်း မင်းပြောခဲ့တဲ့ သူငယ်ချင်း နေကောင်းရဲ့လား စိတ်ဓာတ်မကျနဲ့ တို့တွေအားလုံး ဒီမိုကရေစီအတွက် အားတွေမွေး ထားစမ်းပါလို့ မကြာမကြာ မင်းပြောခဲ့တဲ့အသံတွေ တို့တွေကြားယောင်ဆဲပါ သူငယ်ချင်းရာ . . .
သူငယ်ချင်း မင်းမသေဘူး ထွန်းအောင်ကျော်ဆိုတာ ရှိနေသေးတယ်၊
အမြဲတမ်း မင်းရှင်သန်နေသေးတယ် ၊ မင်းအတွက် တို့ဆုတောင်းပေးပါတယ်
၊ မြင့်မြတ်သောဘုံဘ၀မှာ အနားယူနိုင်ပါစေ . . .
သူငယ်ချင်း (ကိုထွန်းအောင်ကျော်)နဲ့ ကိုဇော်မင်း(ရှေ့နေ)တို့ မန္တလေးနန်းတွင်း အကျဉ်းထောင်တွင်း စပ်ဆိုခဲ့တဲ့ သီချင်း (၁၉၈၈-ခုနှစ်) လေးကို သတိရနေတယ်။
မန်းထောင် ××× အုတ်တံတိုင်းချာချာလည် ××× နန်းတွင်းရဲ့ရာဟုထောင့် ×××
ထိန်းသိမ်းပါတယ်ကွယ် ××× ဒို့များတွေကိုကွယ် ××× ခဏလောက်ဆိုကာ ××× တစ်လလောက်ထိရက်တွေကြာလာတယ် ××× မိဘတွေကိုလဲ၊
ဒို့လည်းလွမ်းရတယ် ××× ရက်စက်လှတဲ့ ××× စစ်မင်းအစိုးရရယ်။
တို့တတွေ အိပ်ယာထနဲ့ ညနေချိန်လေးတွေမှာ သံပြိုင်ဆိုခဲ့ကြတာ မမေ့ပါသူငယ်ချင်း . . .
အတူနေအခန်းကွဲသူငယ်ချင်း
လင်းပြာ ( UBSOS )
No comments:
Post a Comment