ငါ့ဝန်တာ
ငါ့ကိုယ်ငါမေး
တိုင်ပြည်ရေး
လူမျိုးရေးတွက်
ငါပေးနိုင်တာ ဘာတွေလဲ…။
လူမျိုးဒုက္ခ အ၀၀ကို
ဖွင်ဟမနှေး
တောင်းဆိုပေးတာ ငါ့ဝန်တာပါ။
ကိုယ့်တိုင်းကိုယ့်ပြေ(ပြည်)
အခြေနေကို
အမှန်မနှေး
ထုတ်ဖေါ်ရေးတာ ငါ့ဝန်တာပါ။
ငါကသေးနုတ်
ဘာမဟုတ်လည်း
လုပ်နိုင်သမျှ ငါလုပ်သွားမည်
ငါ့မှာတာဝန်ရှိပါသည်။
ဘယ်သူကောကော
ဘာတွေပြောပြော
မှန်သောအကွက်
ယုံကြည်ချက်နှင့်
ရှေ့ဆက်အတည် ချီတက်မည်။
တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ
၂၆ ၂၀၁၂)
နိုင်/ကျဉ်းသား လွှတ်ပေးပါတော့လား
နယ်ချဲ့ဖက်ဆစ် တွန်းလှန်ပစ်လို့
ကျွန်ဖြစ်တဲ့ဘဝ
လွတ်မြောက်ခဲ့ရ။
ထိုမှတဖန် ဦးစောအကောက်ကြံဖေါက်ပြန်လို့
အဖိုးတန် မီးရှူးတန်ဆောင်
ဒို့ခေါင်းဆောင်တွေသွေးမြေကျ
ကျဆုံးခဲ့ရ။
တဖန်ရှေ့ဆက်
ချီတက်ခဲ့ရာ
သူခိုးလက်က
တဝက်လုပြန်
ဗြောင်းဆန်တဲ့
ဒို့တိုင်းဒို့ပြည်
ဖွတ်ဖွတ်ကိုကျေ
အခြေနေတကယ်ဆိုး
ဘယ်လိုအမြင်မျိုးမှမြင်လို့မရ
နာတာရှည်ရောဂါထ
ဆေးကုလို့မရ
ရာစုတ၀က်ပင်ကျိုးကျ။
ကျီးကန်းက ပက်လက်ပျံ
ငါးဒန်က ကောင်းကင်တက်
ပိုးဆိုးပက်စက်
သူခိုးမျိုးနန်းတက်
အမျိုးမျိုးအကြမ်းဖက်နေတဲ့ခုချိန်မှာ
ပြည်သူ့ဘဝဆိုတာ
နုံချာလှ
ပုံပမာပြရရင် ကျွန်စုပ်တဲ့သရက်တောင်
သူတို့ထက်တောက်ပြောင်။
၎-ရက်ဇန္န၀ါရီ လွန်ခဲ့ပြန်ပြီ
နှစ်ချီကျင်းပပေးခဲ့ လွတ်လပ်ရေးနေ့တဲ့
မလွပ်လပ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား
လွှတ်ပေးမှာလား ပြောသံသာကြား
အမှန်တရားက ဘယ်အနားရောက်နေမှန်း
လမ်းမမြင် ကမ်းမမြင်လေတော့
လည်တမော့မော့နဲ့ စောင့်မျှော်ကြရုံပေါ့။
လွတ်လပ်ရေးနေ့မှာ မလွတ်သေးပါ
ဘယ်အချိန် ဘယ်အခါတိုင် လွတ်လပ်ရေးမဏ္ဍိုင်
အရောက်လှမ်းနိုင်ပါ့မလဲ အိပ်မက် မက်သလိုပဲ
နတ်သုဒ္ဓာထဲမှာ မစင်တစက်ပါရုံ
နတ်သုဒ္ဓာပစ်လိုက်ရမဲ့ပုံ…ယုံကြပေတော့။
တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၂၆ ၂၀၁၂)
လွှတ်တော်ထဲက ဆင်ခြင်တုံတရား
သမ္မတက ၀င်လာပါ
ပြင်ချင်တာတွေပြင်ပေးမှာ
အ၀င်ကလေးမှာ ဘ၀င်အေးစရာ
ကျိန်ဆိုရမယ့်ကျမ်းသစ္စာမှာ
ကာကွယ်စောင့်ရှောက်ရမယ့်အစား
လေးစားလိုက်နာပါမယ်
လွယ်လွယ်လေးနဲ့ အဖြေပေးပြီး
ကြားဖြတ်ရွေးကောက်ပွဲ
ဆင်နွှဲရန် အင်အယ်လ်ဒီကိုဖတ်ခေါ်ခဲ့တာ။
အင်အယ်လ်ဒီပါတီအနိုင်ရ
လွှတ်တော်ထဲ ၀င်ရန်အကြွ
ဖွင့်သွားတဲ့တံခါးမ (ဂျောက်ကနဲ)
သော့ခလောက်ပြန်ချ
တံခါးမကြီး ပြန်ပိတ်သွားရ
လွှတ်တော်ကမှ ပြန်ဆုံးဖြတ်ရ..မတဲ့။
ဗလောင်းဗလဲနဲ့ အပြောင်းလဲလုပ်တာ
ကြံ့ဖွံ့အစိုးရ အကျိုးအတွက်သာ
ပိတ်ထားရှာတဲ့စီးပွားရေးပိတ်ဆို့မှု
ကျွတ်လွတ်သမှု ပြုရန်သာအားထား
အကြံသမား ဥာဏ်များလိုက်တာ
အမှန်တရား မလိုက်စား
ဆင်ခြင်တုံတရားခေါင်းပါး
အကြောင်းတရားအမျိုးမျိုးပြစားပြီး
အဖိုးအဖတွေချထားခဲ့တဲ့လမ်းစဉ်
ပြင်ပေးစရာမလို အမတ်တိုင်းလိုလို
ကျမ်းသစ္စာကျိန်ဆိုခဲ့တာကို
အင်အယ်လ်ဒီ၄၃ယေက်ကျမှ
ပြင်ပေးရမယ်ဆိုရင် ဒီမိုကရေစီမကျဘူးထင်
ဒီအမြင်နဲ့ ဒီလိုဆင်ခြင်ပြီး
အင်အယ်လ်ဒီကို တံခါးအပြင်တွင် နှင်ထားလိုက်ပြီ။
အပြောနဲ့အလုပ် တထပ်တည်းမဟုတ်
အညစ်ပတ်နည်းနဲ့ ယုတ်မာနေရင်
အပုပ်သာ ကမ္ဘာတွင်တော့မှာ
ဖွင့်ပေးလတ္တံ့သော ဆိုင်းငံ့ထားသော
စီးပွားရေးပတ်ဆို့မှုမှန်သမျှ
ပြန်ပိတ်သွားနိုင်ပါသဗျ
ဒီတဖက်က ဖြစ်နိုင်သမျှ အဖြစ်တရား
ပြန်စဉ်းစားပေးပါ။
၂၀၀၈-အခြေခံဥပဒေတရားမျှတရေး
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့
တရားဥပဒေစိုးမိုးရေးအတွက်
ပြည်သူ့ဖက်ကရပ်တည်ခဲ့တဲ့အင်အယ်လ်ဒီကို
တညီတညာ မပလီ မပလာဘဲ
အတည်ကြည်သာစွာလက်တွဲပြီး
ဒီမိုကရေစီအစစ်အမှန်ပွဲကို
ဆင်နွှဲခင်းကျင်းပြသသွားကြပါစို့လား...။
လေးစားစွာမြော်ကိုးလျက်..။
တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၂၄ ၂၀၁၂
No comments:
Post a Comment