We Generationလူမှုရေးအဖွဲ့ အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ်
လှိုင်သာယာမြို့နယ်၊အောင်မြေသာယာဘုရားဂေါပကအတွင်းေ
ရးမှူး၊ပြည်ခိုင်ဖြိုး
ပါတီဝင်ဖြစ်သူမှဘုရားသန်းရှင်းရေးလုပ်ကိ
ုင်နေသော We Generationလူမှုရေးအဖွဲ့
အား ၄င်းအဖွဲ့၏တူညီဝတ်စုံအားဝတ်ဆင်ြ
ပီးဘုရားသန့်ရှင်းရေး မလုပ်ရန်နှင့်
၎င်းအဖွဲ့ အမည် We Generationအားပြောင်းလဲရန်တားမြစ်ဟန့်တားခဲ့ကြောင်း
သိရပါသည်။
အခြားသောဂေါပကအဖွဲဝင် လူကြီးများနှင့်မြို့ခံလူထုက အောင်မြေသာယာဘုရား
အား We Generation အဖွဲ့မှ ထိုသို့သန့်ရှင်းရေး လုပ်ဆောင်ခြင်း အလွန်သဘော
ကျနှစ်ခြိုက်သော်လည်း အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်ဘု
ရား ဂေါပကအတွင်းရေးမှူး
တစ်ဦးတည်းကသာ ဟန့်တားနှောက်ယှက်ခဲ့ကြောင်းသိ
ရပါသည်။
အဆိုပါ We Generation အဖွဲ့အား ဗကသ ကျောင်းသားခေါင်းဆောင်
ကိုနန္ဒာ
စစ်အောင်နှင့်လှိုင်သာယာမြို့ခံလူငယ်များမှ သာရေး၊နာရေး၊ လူမှုရေး
လုပ်ငန်းများလုပ်ဆောင်
ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
We Generation အဖွဲ့မှ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာဘုရားတွင်
နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ တနင်္ဂနွေနေ့တိုင်း ဘုရားသန့်ရှင်းရေးနှင့်
ရောင်တော်ဖွင့်ခြင်းကုသိုလ်ပြုလုပ်ကိုင်ခြင်းဖြစ်သည်။
န်သည် နိုင်ငံတော် သမ္မတကိုယ်တိုင် အရပ်ဖက်လူအဖွဲ့အစည်းများ
ပေါ်ပေါက်လာရန် အတိအလင်းအားပေး နေချိန်ဖြစ်ပြီး ၊မြို့ခံလူထုက လူငယ်များ၏
သာသနာရေးလုပ်ရပ်အားကြည်နူးပီတိဖြစ်နေချိန်တွင် အဆိုပါပြည်ခိုင်ဖြိုး
ပါတီဝင်သည် သာသနာအရေခြုံကာ ထိုသို့ဟန့်တား
ခြင်းမှာမသင့်တော်သောလုပ်ရပ်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့်
သာသနာရေးဝန်ကြီးဌာနအနေနှင့် အထက်ပါ ပါတီဝင်ကာဘာသာရေးခုတုံးလုပ်နေ
သူ
အားထိရောက်စွာအရေးယူသင့်သည်ဟု We Generation အဖွဲ့မှ ပြောကြားပါသည်။
Myanmar News Now
ကျေးဇူးရှင်များ
ကျွန်တော်တို့ ၈၈ မှာအကြီးအကျယ်ဆန္ဒပြခဲ့ကြတယ်-
ဘာဘဲပြောပြော ဦးနေဝင်းတော့ ပြုတ်သွားခဲ့တာဘဲ။
ကျွန်တော်တို့ ဦးနေဝင်းထက် ပိုပို ဆိုးဝါးတဲ့သူတွေ အုပ်ချုပ်ခံခဲ့ရတယ်။
လူတွေအများကြီး တော်လှန်ရေးလုပ်ကြတယ်-တောထဲရောက်တဲ့သူတွေရောက်ကြ-ထောင်ထဲရောက်
သူတွေရောက်ကြ ဖြစ်ကုန်ကြတယ်။
ဘာတွေဘဲဖြစ်ဖြစ် ကိုယ်ကျိုးမရှာဘဲ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ သူမှန်သမျှ ဟာ ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေပါဘဲ။
အခက်အခဲအမျိုးမျိုး အကြောက်တရားအမျိုးမျိုးကြားထဲက ကျွန်တော်တို့အတွက်
ကောင်းကျိုးချမ်း သာဆောင်ကျဉ်းပေးနိုင်လိမ်.မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့
၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ဆန္ဒပြပွဲကြီးပုံစံမျိုးနဲ့ မဲပေးခဲ့ကြတယ်။
အဲ့ဒီမျှော်လင့်ချက်က နှစ်ပေါင်း ၂၀ ကြာခဲ့တယ်။ဘာမှဖြစ်မလာဘူး။
လူတွေအများကြီး တော်လှန်ရေးလမ်းကြောင်းပေါ်ရောက်ကုန်ကြတယ်။
တစ်ချို့ တောခိုကြတယ်-တစ်ချို.ထောင်ထဲရောက်ကုန်ကြတယ်။
တစ်ချို့ တိုက်ပွဲကျကုန်ကြတယ်။တစ်ချို့ထောင်ထဲသေကုန်ကြတယ်။
ဘာတွေဘဲဖြစ်ဖြစ် ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့သူမှန်သမျှဟာ ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေပါဘဲ။
အခုတခါ ၂၀၁၂မှာ ကြားဖြတ်ရွေးကောက်ပွဲရောက်လာပြန်တယ်။
ရွေးတဲ့နေရာနဲပေမဲ့ အမေသွားတဲ့နေရာတိုင်းမှာရော အမေမရောက်ခဲ့တဲ့ နေရာတွေမှာရော-
ပြည်သူက ဆန္ဒပြလိုက်တာ ချိမ့်ချိမ့်သဲပါဘဲ-ရွေးချယ်ပွဲ အဖြေထွက်လာတော့ ကမ္ဘာကတောင်
အံ့အားသင့်ရတယ်။
အမေနဲ့အဖွဲ့ လွှတ်တော်ထဲရောက်ပြီ-ဒို့ဆန္ဒတွေအတွက်အလုပ်လုပ်ပေးကြတော့မှာလို့ သားသမီး တွေကိုကြွားမိတယ်။
အခုအခြေအနေကတမျိုးပြောင်းနေပြန်ပြီ-လွှတ်တော်ထဲကို အမေတို့ ဝင်ဖို့ မသေချာဘူးဆိုလား။
ကိုယ်ကတော့ ဘယ်သူကိုမှမမေးဖြစ်ပါဘူး။အပြင်မှာ အရပ်ထဲမှာ Facebook ထဲမှာပြောနေကြတာ
တွေ့လာရတယ်။
စောစောပိုင်းကကျေးဇူးရှင်တွေအများကြီးရှိပါတယ်လို့ပြောခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။
အဲ့ဒီကျေးဇူးရှင်တွေနေမှာပေါ့ဗျာ- ဒါမှမဟုတ်လဲ ကျေးဇူးရှင်တွေရဲ့ သားသမီးတွေနေမှာပေါ့ဗျာ-
ဒါမှမဟုတ်လဲ နောက်ဖြစ်လာမဲ့ကျေးဇူးရှင် အသစ်တွေဖြစ်မှာပေါ့ဗျာ-တုန့်ပြန်ပြောဆိုလာကြတာများ ကြောက်စရာကောင်းတယ်-ပြောမိမေးမိတဲ့သူ အိမ်ထဲက အိမ်ပြင် ထွက်ဖို့တောင်ကြောက်နေရမဲ့ပုံစံမျိုး-သူတို့ဘဲတတ်-သူတို့ဘဲနားလည်-သူတို့ဘဲအတွေ့အကြုံရှိ-
သူတို့ဘဲတိုင်းပြည်ကိုချစ်တဲ့ပုံစံမျိုးတွေနဲ့ တုန့်ပြန်ကြ ရေးကြချေပကြတာတွေ့ရတယ်။
ကျွန်တော်ကတော့ ဘာမှ လုပ်ခဲ့ဘူးတာမဟုတ်တော့ ဘာမှမမေးရဲပါဘူး။ဘာမှလဲမပြောရဲပါဘူး-ဆရာလူထု ဦးစိန်ဝင်းလို လူမျိုးတောင် ကော်အတုပ်ခံနေရတာဆိုတော့ ပါးစပ်မဟရဲပေါင်။
အမေ.ကိုတော့ မကြောက်ပါဘူး ၊ယုံလဲယုံပါတယ်-အမေ.ဘေးကလူတွေကြောက်တယ်၊
အယင်ကလည်း အမေ့ကိုထောက်ခံခဲ့တာပါ၊အခုလဲ အမေ့ကိုထောက်ခံခဲ့တာဘဲ၊နောက်နောင်လဲ အမေ ဘယ်လိုလမ်းမျိုးကိုရွေးချယ်လျှောက်လှမ်းလျှောက်လှမ်း အမေ့ကိုထောက်ခံနေမှာပါ။
တခုတော့ အမေ့ကိုမေတ္တာရပ်ခံလိုပါတယ်-
အမေရယ် ကျွန်တော်တို့မှာလေ-
မြန်မာပြည်သူပြည်သားတွေမှာလေ-
ကျေးဇူးရှင်တွေ တအားများနေပြီအမေ-
နောက်ထပ်-ကျေးဇူးရှင်စာရင်း ထပ်မတိုးပါရစေနဲ့တော့ အမေ။
အမည်မသိ ရေးသူမသိတဲ့ကဗျာတစ်ပုဒ်
ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ကူသူမဲ့ လို့ ခံစားနေရရင် တယောက်ယောက်ကို ကူလိုက်ပါ
ခွေတောင်လျော့မတွက်နဲ့နော်ကုသိုလ်ရတဲ့အလုပ်ကိုလုပ်တာနော်
လူကြီး ကြိုက်
အန်ကယ်တို့က မှန်းချက်နဲ့ ကိုက်ညီတဲ့အရည်အချင်းဆို ချက်ချင်းခန့်ပလိုက်တယ်...
လူတိုင်းမှာ ဘ၀အမောတွေ ကိုယ်စီရှိတယ်..အဟုတ်ပဲ
ရော့ အင့် ဒီမိုကရေစီ
တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်
တရုတ်ပြည်မကြီးနဲ့ ကိုရီးယားနိုင်ငံ ကျွန်းဆွယ်အကြားက ပင်လယ်ဝါအတွင်း
တရုတ်နဲ့ ရုရှားရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဒီကနေ့ စတင်
ကျင်းပပါတယ်။
၆ ရက်ကြာ ကျင်းပမယ့် ဒီရေတပ် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က စစ်သင်္ဘော
၁၆ စင်း၊ ရေငုပ်သင်္ဘော ၂ စင်းနဲ့ ရုရှားဘက်က စစ်သင်္ဘော ၄ တို့ ပါဝင်ကြမှာ
ဖြစ်ပါတယ်။
ဒီ စစ်ရေးလေ့ကျင့်မှုအတွင်း လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘောရန်
ကာကွယ်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ပြန်ပေးဆွဲခံရတဲ့သင်္ဘောတွေ ကယ်ဆယ်ရေးနဲ့
အကြမ်းဖက်သမား ဆန့်ကျင်ရေးဆိုင်ရာ ရေကြောင်း လေ့ကျင့်မှုတွေ ပါဝင်မှာ
ဖြစ်ပါတယ်။
စစ်အေးခေတ်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ၂၀၀၅
ခုနှစ်ကစပြီး အခုလို နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပေါင်း ၎
ကြိမ်တိုင်တိုက် ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီနှစ်နိုင်ငံစလုံးဟာ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် အဆုံးသတ်ရေး ၆
နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှာ ပါဝင်ကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
No comments:
Post a Comment