ချီတက်ရမဲ့ကောဇာသက္ကရာဇ်၁၃၇၄ခုနှစ်
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေပြီ
ဒို့တတွေလည်းတနှစ်တခြား
အသက်တွေကြီးကြီးသွားပြီ။
လိုချင်တာတွေမရသေး
ကျန်ရှိသေးတဲ့နိုင်ငံရေးအကျဉ်းသားများ
ခုထိလွတ်မသွားသေး
ငြိမ်းအေးတဲ့ပြည်တွင်းငြိမ်းချမ်းရေး
ခုထိမပေးသေး
ဒီမိုကရေစီဆိုတာ ဝေလာဝေး
အတွေးကချာချာလည်
အဆွေးကအခါခါကြွယ်
ခွေးကအစ အစာရှာတာမလွယ်။
နှစ်ဟောင်းကအမှိုက်သရိုက်နဲ့ဒိုက်တွေ
မကြိုက်မနှစ်သက်
ဆိုးညစ်တဲ့ အဖြစ်ပျက်တွေကို
မကွယ်မဝှက် တကယ်ရှက်ပြီး
ပယ်ဖျက်သွန်မှောက်
လူထုမက်လောက်တဲ့
မှတ်ကျောက်တင်ခံ ဒီမိုကရေစီထံ
အသံညီညီ စိတ်ညီညီနဲ့
၁၃၇၄ဆီသို့ အပြိုင်ချီတက်ကြပါစို့။
တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၁၆ ၂၀၁၂
မလေးရှားရှိ အိမ်ဖေါ်ဘဝ
နိုင်ငံခြားကို
အထင်ကြီး
အိမ်နီးနား
မလေးရှား
အိမ်ဖေါ်လုပ်ဖို့သွား
အသွားမတော်တလှမ်း
အေဂျင်စီ
လူပွဲစားတွေကရမ်း
ငန်းငန်းတက်အောင်
လစာနေစရာ
အဖြာဖြာနဲ့ဆွယ်
အမယ်မယ်နဲ့
မစားရ ၀ခမန်း
သွယ်တန်းခဲ့တဲ့စနက်ကြောင့်
ထောင်ချောက်ထဲတိုးဝင်လာ
အမျိုးရင်ခွင်ခွာခဲ့တဲ့သားကောင်များမှာ
ကမ္ဘောဒီယားနဲ့
အင်ဒိုနီးရှားကပါ
တဖွားဖွားနဲ့
မလေးရှားသို့ရောက်လာ
သဘောက်ကျွန်ပမာ
နွံနစ်ရှာ
ကျွန်စစ်စစ်ကြီးကိုဖြစ်
ကျွန်ခေတ်ကိုတထောက်မနား
အရောက်သွားခဲ့ရ
နေထွက်ကနေ
နေ၀င်သည့်တိုင်
အနိုင်နိုင်အလုပ်လုပ်
စက်ရုပ်လို
သော့ပေးပြီးခိုင်း
ရိုင်းလိုက်တဲ့အိမ်ရှင်တွေ
နားရက်ကိုပင်
မပေးခဲ့ပေ။
နေ့မနား
ညမအား
အစားမမှန်
အအိမ်မမှန်
ပင်ပန်းနွမ်းနယ်လို့အိပ်ရာဝင်နောက်ကျ
နောက်တနေ့
စောစောမထ်
တဝေါဝေါနဲ့
ရေအေးအပက်ခံရ
လစာလည်း
မှန်မှန်မရ
အစေခံဘဝ
လူကမွေးတယ်လို့မထင်
တိရစ္ဆာန်လိုပင်
မောင်းနှင်
အကြောင်းမထင်ရင်
နားရွက်ပင်လိမ်ဆွဲ
ဆဲချင်လည်းဆဲ
ရိုက်ချင်လည်းရိုက်
ပြန်ခံပက်မိရင်
သေဖို့သာပြင်
ခြေတော်တင်ခံသူ
ခံရ
အတင်းအဓမ္မ
မုဒိန်းအကျင့်ခံသူ ခံရ
အစိုးရကလည်း
ဂရုမစိုက်
မြေနိမ့်ရာလှံစိုက်
သေတိုက်ကမနှေး
အတင်းပြေးလာသူများက
ကိုယ့်ဘ၀ဖြစ်စဉ်ကို
အမှန်တိုင်းတင်ပြ
ကမ္ဘောဒီယားအစိုးရကလည်း
မလေးရှားအစိုးရကို
အခွင့်ရေးနဲ့ကာကွယ်ပေးရန်
တောင်းခံပါသော်လည်းမထူးခြား
ဤသတင်းများကိုနယ်အနှံ့
ကျယ်ပြန့်အောင်ဖြန့်လာတဲ့အတွက်
အချက်လက်အပြည့်အစုံနဲ့
လူကြုံစကားပါးလိုက်ပါရစေ
ဗမာ့မိတ်ဆွေတွေလည်း
အခြေနေသုံးသပ်ပြီးမှ
မလေးရှားမှာ
အိမ်ဖေါ်သွားလုပ်သင့်မသင့်ဆုံးဖြတ်ကြပါလို့
စေတနာကောင်းနဲ့
ကြေငြာမောင်းခတ်လိုက်ရပါကြောင်း။
တက္ကသိုလဘ်ဘုန်းကြွယ်
ဧပြီ ၁၆
၂၀၁၂
· · Share
မျက်နှာအမူအရာ နှိုင်းယှဉ်ပါ
သင်မလိမ္မာ လိမ်ညာကာနှော
ချိုသောစကား အပြောများကို
ပါးစပ်ကညာ ကူညီပါလည်း
မျက်နှာမှာမူ ဘယ် မကူ အမှန်ထူမည်
ညီတူကြေးမုံပမာတည်း။
ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်း
တရွန်းရွှန်းရောက်တုံ
ဒေါ်စုနှင့်ကြုံ တွေ့ဆုံပြောစဉ်
ၾကည္လင္ရႊင္ပ်
ဖေါ်ပြသည့်မျက်နှာ
တခါတွေ့ရ
သိန်းစိန်သမ္မတနှင့်
ပြောကြသည့်မျက်နှာ
နှိုင်းယှဉ်ကြည့်ပါ
အဘယ်နေရာမှာ
ကွာပါသလဲ။
ဒေါ်စုနှင့်တွေ့
စိတ်ပျော်မွေ့၍
ချမ်းမြေ့ဘွယ်ရာ
သူ့မျက်နှာမှာ
အကြည်တသာ
ထွက်ပေါ်လာ
ဟက်ဟက်ပက်ပက်ပါ။
သိန်းစိန်ကိုမသွေ တွေ့တဲ့အခါမလေ
ဝတ်ကြေတန်းကြေ မျက်နှာသေနှင့်
ခတ်ထွေထွေသာ တွေ့ခဲ့တာ။
သိန်းစိန်နှင့်ကြုံ
ရင်တွေခုန်ပြီ
မြင်ရုံနှင့်ထောင်း
ခွင့်ရေးတောင်းပြီ
လမ်းကြောင်းရှေးရှု
စီပွားရေးပိတ်ဆို့မှု
မခုမကြာ ဖွင့်ပေးပါတဲ့။
ခွေးဝမ်းသာအောင်
သံယောင်မနှေး
စားခွက်ခေါက်ပေးလိုက်၏။
ပေးတဲ့ကတိစကား အတည်ဖြစ်ပွားက
ပြောထားတဲ့အတိုင်း မသွေမဆိုင်းဘဲ
ရေလှိုင်းလို ဖွင့်ပေးလိုက်မယ်တဲ့။
တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၁၅ ၂၀၁၂)
No comments:
Post a Comment