ဒီနေ့ ည ၁၁း၁၂ မိနစ် တွင် ယခင် ဗိုလ်ချူပ်မှုးကြီးဟောင်း
ဦးသန်းရွှေဟာ နေပြည်တော်ရှိ သူ၏ အိမ်မှာ ရွှေကောက်ပွဲ ဆိုင်ရာ သတင်းများ ကြည့်နေရင်..
ရုတ်တရက် ဟက်အတက် ဖြစ်လာပီ..သေဆုံးသွားကြောင်း..ဗိုလ်ချူပ်ကြီးဟောင်၏ အသိုင်း အ၀ိုင်းမှ
တစ်ဆင့်ကြားသိရပါတယ်.. ဒီ သတင်းပေးသူဟာ.. ဗိုလ်ချူပ်ကြီးဟောင်းနဲ့
နီစပ်တဲ့လူဖြစ်ပါတယ်.. ဒီသတင်းကို အတည်ပြုပေးဖို့ မကြာမိ ဆက်လက်ကြောငြာသွားပါမယ့် ခင်မျာ..(အခု
ဗိုလ်ချူပ်ကြီးဟောင် နေအိမ်မှာ မိသားစု ဆရာဝန်များဖြင့်.. နှလုံး လျှော့ရိုက်ပီ အရေပေါ်
ကုသနေပါသော်လည်း အသက်ဆက်လက်ရှင်သန်နိုင်ခြင်းမရှိနိုင်တော့ဘူးလို့ ယူဆရပါသည်ခင်မျာ).
ဒေါင်းရုပ်ကိုအကောင်းမလုပ်တဲ့
ဖွတ်လောင်းအုပ်တွေ
နောက်ဆုံးတော့ ခေါင်းလဲငုံ့
မောင်းလဲထုတ်ခံလိုက်ရပြီ။
မသမာနည်းနဲ့
အပိုင်စီးချင်တဲ့ဖွတ်လောင်းတတွေ
ဂနိုင်ခရီးမှာခွပ်ဒေါင်းခွပ်လို့သေ
ဖွတ်လောင်းအမွေးကောင်းတဲ့
သူဌေးလောင်း သန်းရွှေ
အရေးမကောင်းလို့သွေးပန်းပြီးသေ
ဟုတ်လေလား မဟုတ်လေလား
အသေချာ မသိပေငြား
သတင်းတွေကတော့ ပြန့်လို့ကား
ယတြာချေသလား အမှန်ပေလား
တခုခုတော့ ဖြစ်နိုင်သား။
ယတြာချေက သေဘေးမှ
ကြေအေးအောင်လုပ်ကြ
မဟုတ်က ဟုတ်က ယတြာချေပွဲ
အဖန်သလဲလဲ လုပ်တတ်သည်ပဲ။
ယတြာမလုပ် တကယ်ဟုတ်
ဗိုလ်ချုပ်တွေအားလုံး အမှန်တုန်လှုပ်
ရုပ်သေးကြိုးဆွဲ ပြတ်ရင်ပဲ
ရုပ်သေးအားလုံးခွေယိုင်လဲ
ခေါင်းတွဲပြုတ်နေတဲ့ရထားတွဲ
တဂျိုပ်ဂျိုပ်နဲ့ ဆက်မဆွဲ
ရထားတွဲအားလုံးရပ်ပြီပဲ။
ဤသို့အချင်းရာ ရောက်တဲ့အခါ
အာဏာကိုသာ သွေမကွာ
ပြည်သူတွေထံ ပြန်အပ်ပါ
ဆက်ခါအကြိုက်ဆွဲ မမိုက်မဲ
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ
ပြည်သူ့အလို ဒေါ်စုကို
ရွှင်ချိုအပ်နှင်း အန္တရာယ်ကင်း
မငြင်းမဆန် အမြင်မှန်
ဧကန်မြင်စမ်း ထွက်ပေါက်လမ်း
ကမ္ဘာတ၀န်းမှအာဏာရှင်
နေ၀င်ချိန်ကျ ကျဆုံးရ
ဒါကိုအဓိက မြင်ပါစ။
တက္ကသိုလ်ဘုန်းကြွယ်
(ဧပြီ ၀၂ ၂၀၁၂)
အောင်ပွဲမှသည် ထပ်ဆင့်အောင်ပွဲဆီသို့
ခွပ်ဒေါင်းအလံ
အခေါင်ဝဲပျံ
NLD တွေအောင်ပွဲခံ
နက်ဖြန်အရေး
မှန်းမြော်တွေး
လင်းရောင်ခြည်တွေ တဖွေးဖွေး
ဒို့ရေးဒို့ရာ အောင်ဖို့ရာ
ရှေ့ဆက်ညီညာ လျှောက်ရမှာ
ရလာလမ်းစ အသုံးချ
စည်းရုံးရေးအတွက်ကွင်းဆင်းကြ
လွှတ်တော်တွင်းက အမတ်တွေ
အမှန်တရားဖက်လိုက်အောင်လေ
အသွေမုချ လမ်းဆောင်ပြ
လမ်းမှောင်ကိုခွာကြ။
တက္ကသိုလ်ဘုန်းကြွယ်
ဧြ့ပီ ၂ ၂၀၁၂
No comments:
Post a Comment